×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 07 September 2020

Upgrade Your Career

Upgrade Your Career

 

၁။ ဆက်သွယ်ပြောဆိုခြင်း (Communication Skills)
အဖွဲ့အစည်းတစ်ခုထဲကို ဝင်ရောက်လာပြီဆိုရင် ကိုယ့်ရဲ့အထက်လူကြီး လုပ်ဖော်ကိုင်ဖက်တွေ၊ ဖောက်သည်တွေ အစရှိတဲ့ လူအမျိုးမျိုး၊ အဖွဲ့အစည်းအမျိုးမျိုးကို စကားဖြင့်သော်လည်းကောင်း၊ စာရေးသားခြင်းသော်လည်းကောင်း အစရှိတဲ့ ပုံစံပေါင်းစုံနဲ့ ဆက်သွယ်ပြောဆိုရမှာမဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နံှမှုလုပ်ငန်း အဖွဲ့အစည်းတွေ အများကြီး ဝင်ရောက်လာတဲ့အတွက်ကြောင့် ပြည်တွင်းကုမ္ပဏီမှာ အလုပ်လုပ်သည်ဖြစ်စေ၊ နိုင်ငံတကာ အခြေစိုက် ကုမ္ပဏီတွေမှာ အလုပ်လုပ်သည်ဖြစ်စေ အလုပ်လိုအပ်ချက်အမျိုးမျိုးကြောင့် ဘာသာစကား မတူညီတဲ့ လူမျိုးပေါင်းစုံနဲ့ ဆက်သွယ်ပြောဆိုရတဲ့အခါမှာ စီးပွားရေးနယ်ပယ်ရဲ့ Global Language တစ်ခုဖြစ်တဲ့ English စကားကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်တဲ့သူတွေကို ကုမ္ပဏီတွေက ပိုလိုအပ်ပါတယ်။

 

 

၂။ သင်ယူလိုစိတ် ပြင်းပြမှု (Willingness to Learn)
စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲလာတဲ့ခေတ်ကြီးထဲမှာ တစ်ခဏလောက် လေ့လာမှုတွေနဲ့ ကင်းကွာလိုက်တာနဲ့ ကွာဟမှုတွေ အများကြီး ဖြစ်ပေါ်လာနိုင်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့လည်း ဝန်ထမ်းတွေကို စတင်ခေါ်ယူရွေးချယ်တဲ့အခါမှာ လုပ်ငန်းနယ်ပယ် ပေါင်းစုံက လုပ်ငန်းအတွေ့အကြုံရှိသူတွေနဲ့ ကြုံတွေ့ရသလို လုပ်ငန်းခွင် စတင်ဝင်ရောက်မယ့် လုပ်သက်အတွေ့အကြုံ လုံးဝမရှိတဲ့သူတွေနဲ့လည်း ကြုံတွေ့ရနိုင်ပါတယ်။ လုပ်ငန်းအတွေ့အကြုံရှိတဲ့သူတွေနဲ့ တွေ့တဲ့အခါမှာလည်း သူတို့လာခဲ့တဲ့ လုပ်ငန်းနယ်ပယ်က ကိုယ့်ကုမ္ပဏီရဲ့ လုပ်ငန်းနယ်ပယ်နဲ့မတူတဲ့အခါမှာ ဒီလိုအပြောင်းအလဲတွေကို လိုက်လျောညီထွေဖြစ်ပြီး တက်တက်ကြွကြွနဲ့ လေ့လာသင်ယူလိုစိတ်ရှိသူကို ဦးစားပေး ရှာဖွေပါတယ်။ အခုမှ လုပ်ငန်းခွင် စတင်ဝင်ရောက်မယ့်သူတွေအနေနဲ့လည်း ကိုယ့်မှာလုပ်ငန်းပိုင်းဆိုင်ရာ အတွေ့အကြုံမရှိတဲ့သူတွေဆီကနေ အလုပ်ခေါ်ယူနေသူတွေ ရှာဖွေနေတာတစ်ခုပဲရှိပါတယ်။ အဲ့ဒါကတော့ သူတို့ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့သင်ယူလိုစိတ် ဘယ်လောက်တောင်ပြင်းပြသလဲဆိုတာပါပဲ။ အခုဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ ကုမ္ပဏီအများစုက သူတို့ရဲ့ စီးပွားရေးလုပ်ငန်း ဖွဲ့စည်းမှုတွေကို အချိန်တိုတိုအတွင်းမှာ လွယ်ကူလျင်မြန်စွာ ပြီးစီးဖို့ နည်းပညာတွေကို အသုံးချလာတဲ့အတွက်ကြောင့် ကိုယ်သွားချင်တဲ့ အလုပ်အကိုင် လမ်းကြောင်းမှာ လိုအပ်တဲ့နည်းပညာပိုင်းဆိုင်ရာ အရည်အသွေးတွေကို အဆက်ပြတ် လေ့လာနေဖို့ လိုအပ်ပါတယ်။

 

၃။ အကောင်းမြင်စိတ်ထားနဲ့ အသင်းအဖွဲ့စိတ်ဓာတ် (A Good Attitude and Team Spirit)
ဒီအရာနှစ်ခုဟာ အသင်းအဖွဲ့နဲ့ အလုပ်လုပ်ရတဲ့ ဘယ်နေရာမှာမဆို အရမ်းကို အရေးပါပါတယ်။ ဝန်ထမ်းတစ်ယောက်မှာ လုပ်ငန်းပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ အရည်အသွေးတွေကို လိုအပ်နေတယ်ဆိုရင် ဒါကို ပြည့်စုံလာအောင် လေ့ကျင့်သင်ကြားပေးလို့ရပါတယ်။ အဲ့ဒီလို လေ့ကျင့်သင်ကြားတဲ့နေရာမှာ အကောင်းမြင်စိတ်ရှိတဲ့သူကို လေ့ကျင့်သင်ကြားရတာက ပိုပြီးတော့ လွယ်ကူပါတယ်။ အဲဒီလိုလူမျိုးတွေဟာ လုပ်ငန်းထဲမှာ အဖွဲ့ထဲမှာ အခက်အခဲတွေ တွေ့ကြုံလာရင်လည်း ဒါတွေကို သူတို့ရဲ့တိုးတက်မှုအတွက် စိန်ခေါ်မှုတွေလို့မှတ်ယူပြီး ကြိုးစားကြတဲ့အတွက်ကြောင့် အောင်မြင်မှုတွေကိုလည်း မကြာခဏ ရရှိတတ်ကြပါတယ်။ အဲ့ဒါကြောင့် အလုပ်ခေါ်ယူနေသူတွေဟာ ဒီလိုစိတ်ဓာတ်ပိုင်းဆိုရာ အရည်အချင်းရှိသူတွေကို ရှာဖွေကြပါတယ်။

 

၄။ ဆက်စပ်တွေးခေါ်နိုင်မှုနဲ့ ပြသနာများ ဖြေရှင်းနိုင်စွမ်း (Critical Thinking and Problem Solving Skills)
လုပ်သက်အတွေ့အကြုံမရှီတဲ့သူဖြစ်စေ၊ လုပ်ငန်းအတွေ့အကြုံတွေရှိသူဖြစ်စေ အဖွဲ့အစည်းတစ်ခုထဲကို ဝင်ရောက်လာပြီဆိုတာနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကို ရာထူးအဆင့်အလိုက် သူ့ဟာနဲ့သူ အထိုက်အလျောက်တော့ ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ ယနေ့ခေတ်လိုမျိုး ပြိုင်ဆိုင်မှုပြင်းထန်ပြီး အပြောင်းအလဲများတဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်မှာ အလုပ်ရှင်တွေဟာ သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေထဲမှာ ဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုတွေကို ဝေဖန်ပိုင်းခြား ဆက်စပ်တွေးခေါ်ပြီး ဖန်တီးနိုင်မှုစွမ်းအားကောင်းကောင်းနဲ့ ဖြေးပေးနိုင်မယ့် သူတွေကို အရမ်းလိုအပ်နေပါတယ်။

 

၅။ လိုက်လျောညီထွေ ပြောင်းလဲနိုင်စွမ်း (Flexibility)
တိုးတက်လာတဲ့စီးပွားရေးလုပ်ငန်းတွေကြောင့် မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်ဈေးကွက်ဟာ နေ့စဉ်ဆိုသလို အချိန်တိုင်း ပြောင်းလဲမှုတွေ ဖြစ်လာသလို ကုမ္ပဏီအဖွဲ့အစည်းတွေရဲ့ တည်ဆောက်ပုံကလည်း ပြောင်းလဲလာပါတယ်။ အဲဒီလု အရှိန်အဟုန်နဲ့ ပြောင်းလဲလာတဲ့ ရေစီးကြောင်းတွေနဲ့အတူ လိုက်လျောညီထွေဖြစ်နိုင်ဖို့လည်း အရမ်းကို အရေးကြီးလာပါတယ်။ ယခင်ကလိုမျိုး ဝန်ထမ်းတွေအနေနဲ့ တစ်ခုတည်းကို အာရုံစိုက်လို့ မရတော့ပါဘူး။ ဝန်ထမ်းတွေအနေနဲ့ ကနဦးအလုပ်ခန့်အပ်မှုစာချုပ်မှာ သဘောတူညီထားတဲ့ အလုပ်တာဝန်တွေအပြင် ပြောင်းလဲလာတဲ့ အလုပ်လိုအပ်ချက်တွေကို လိုက်လျောညီထွေဖြစ်ပြီး လုပ်ကိုင်နိုင်စွမ်း ရှိရပါမယ်။

အခုဖော်ပြပေးခဲ့တဲ့ အချက်အလက်တွေကို သင့်အနေနဲ့ Upgrade အမြဲလုပ်နေရမှာပဲဖြစ်ပါတယ်။ ဒီလိုအချက်အလက်တွေကိုသာ လိုက်နာမယ်ဆိုရင် လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်အကိုင်၊ နောက်လုပ်မယ့်အလုပ်အကိုင်တွေအပေါ်မှာ ပိုမိုတိုးတက်ကောင်းမွန်တဲ့ အခွင့်အလမ်းတွေကို သင့်အနေနဲ့ ဖန်တီးနိုင်မယ်ဆိုတာ မလွဲဧကန်ပါ။

 

 

 

Upgrade Your Career

 

၁။ ဆက္သြယ္ေျပာဆိုျခင္း (Communication Skills)
အဖြဲ႕အစည္းတစ္ခုထဲကို ၀င္ေရာက္လာၿပီဆိုရင္ ကိုယ့္ရဲ႕အထက္လူႀကီး လုပ္ေဖာ္ကိုင္ဖက္ေတြ၊ ေဖာက္သည္ေတြ အစရွိတဲ့ လူအမ်ိဳးမ်ိဳး၊ အဖြဲ႕အစည္းအမ်ိဳးမ်ိဳးကို စကားျဖင့္ေသာ္လည္းေကာင္း၊ စာေရးသားျခင္းေသာ္လည္းေကာင္း အစရွိတဲ့ ပံုစံေပါင္းစံုနဲ႔ ဆက္သြယ္ေျပာဆိုရမွာမျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ ႏိုင္ငံျခားတိုက္ရိုက္ ရင္းႏွီးျမွဳပ္ႏံွမႈလုပ္ငန္း အဖြဲ႕အစည္းေတြ အမ်ားႀကီး ၀င္ေရာက္လာတဲ့အတြက္ေၾကာင့္ ျပည္တြင္းကုမၸဏီမွာ အလုပ္လုပ္သည္ျဖစ္ေစ၊ ႏိုင္ငံတကာ အေျခစိုက္ ကုမၸဏီေတြမွာ အလုပ္လုပ္သည္ျဖစ္ေစ အလုပ္လိုအပ္ခ်က္အမ်ိဳးမ်ိဳးေၾကာင့္ ဘာသာစကား မတူညီတဲ့ လူမ်ိဳးေပါင္းစံုနဲ႔ ဆက္သြယ္ေျပာဆိုရတဲ့အခါမွာ စီးပြားေရးနယ္ပယ္ရဲ႕ Global Language တစ္ခုျဖစ္တဲ့ English စကားကို ကၽြမ္းက်င္ပိုင္ႏိုင္စြာ အသံုးခ်ႏိုင္တဲ့သူေတြကို ကုမၸဏီေတြက ပိုလိုအပ္ပါတယ္။

 

၂။ သင္ယူလိုစိတ္ ျပင္းျပမႈ (Willingness to Learn)
စဥ္ဆက္မျပတ္ တိုးတက္ေျပာင္းလဲလာတဲ့ေခတ္ႀကီးထဲမွာ တစ္ခဏေလာက္ ေလ့လာမႈေတြနဲ႔ ကင္းကြာလိုက္တာနဲ႔ ကြာဟမႈေတြ အမ်ားႀကီး ျဖစ္ေပၚလာႏိုင္ပါတယ္။ လုပ္ငန္းရွင္ေတြအေနနဲ႔လည္း ၀န္ထမ္းေတြကို စတင္ေခၚယူေရြးခ်ယ္တဲ့အခါမွာ လုပ္ငန္းနယ္ပယ္ ေပါင္းစံုက လုပ္ငန္းအေတြ႕အႀကံဳရွိသူေတြနဲ႔ ႀကံဳေတြ႕ရသလို လုပ္ငန္းခြင္ စတင္၀င္ေရာက္မယ့္ လုပ္သက္အေတြ႕အႀကံဳ လံုး၀မရွိတဲ့သူေတြနဲ႔လည္း ႀကံဳေတြ႕ရႏိုင္ပါတယ္။ လုပ္ငန္းအေတြ႕အႀကံဳရွိတဲ့သူေတြနဲ႔ ေတြ႕တဲ့အခါမွာလည္း သူတို႔လာခဲ့တဲ့ လုပ္ငန္းနယ္ပယ္က ကိုယ့္ကုမၸဏီရဲ႕ လုပ္ငန္းနယ္ပယ္နဲ႔မတူတဲ့အခါမွာ ဒီလိုအေျပာင္းအလဲေတြကို လိုက္ေလ်ာညီေထြျဖစ္ၿပီး တက္တက္ၾကြၾကြနဲ႔ ေလ့လာသင္ယူလိုစိတ္ရွိသူကို ဦးစားေပး ရွာေဖြပါတယ္။ အခုမွ လုပ္ငန္းခြင္ စတင္၀င္ေရာက္မယ့္သူေတြအေနနဲ႔လည္း ကုိယ့္မွာလုပ္ငန္းပိုင္းဆိုင္ရာ အေတြ႕အႀကံဳမရွိတဲ့သူေတြဆီကေန အလုပ္ေခၚယူေနသူေတြ ရွာေဖြေနတာတစ္ခုပဲရွိပါတယ္။ အဲ့ဒါကေတာ့ သူတို႔ရဲ႕လုပ္ငန္းနဲ႔ပတ္သက္ၿပီး ကိုယ့္ရဲ႕သင္ယူလိုစိတ္ ဘယ္ေလာက္ေတာင္ျပင္းျပသလဲဆိုတာပါပဲ။ အခုဆိုရင္ ျမန္မာႏိုင္ငံမွာရွိတဲ့ ကုမၸဏီအမ်ားစုက သူတို႔ရဲ႕ စီးပြားေရးလုပ္ငန္း ဖြဲ႕စည္းမႈေတြကို အခ်ိန္တိုတိုအတြင္းမွာ လြယ္ကူလ်င္ျမန္စြာ ၿပီးစီးဖို႔ နည္းပညာေတြကို အသံုးခ်လာတဲ့အတြက္ေၾကာင့္ ကိုယ္သြားခ်င္တဲ့ အလုပ္အကိုင္ လမ္းေၾကာင္းမွာ လိုအပ္တဲ့နည္းပညာပိုင္းဆိုင္ရာ အရည္အေသြးေတြကို အဆက္ျပတ္ ေလ့လာေနဖို႔ လိုအပ္ပါတယ္။

 

၃။ အေကာင္းျမင္စိတ္ထားနဲ႔ အသင္းအဖြဲ႕စိတ္ဓာတ္ (A Good Attitude and Team Spirit)
ဒီအရာႏွစ္ခုဟာ အသင္းအဖြဲ႕နဲ႔ အလုပ္လုပ္ရတဲ့ ဘယ္ေနရာမွာမဆို အရမ္းကုိ အေရးပါပါတယ္။ ၀န္ထမ္းတစ္ေယာက္မွာ လုပ္ငန္းပိုင္းဆိုင္ရာန႔ဲပတ္သက္တဲ့ အရည္အေသြးေတြကို လိုအပ္ေနတယ္ဆိုရင္ ဒါကို ျပည့္စံုလာေအာင္ ေလ့က်င့္သင္ၾကားေပးလို႔ရပါတယ္။ အဲ့ဒီလို ေလ့က်င့္သင္ၾကားတဲ့ေနရာမွာ အေကာင္းျမင္စိတ္ရွိတဲ့သူကို ေလ့က်င့္သင္ၾကားရတာက ပိုၿပီးေတာ့ လြယ္ကူပါတယ္။ အဲဒီလိုလူမ်ိဳးေတြဟာ လုပ္ငန္းထဲမွာ အဖြဲ႕ထဲမွာ အခက္အခဲေတြ ေတြ႕ႀကံဳလာရင္လည္း ဒါေတြကို သူတို႔ရဲ႕တိုးတက္မႈအတြက္ စိန္ေခၚမႈေတြလို႔မွတ္ယူၿပီး ႀကိဳးစားၾကတဲ့အတြက္ေၾကာင့္ ေအာင္ျမင္မႈေတြကိုလည္း မၾကာခဏ ရရွိတတ္ၾကပါတယ္။ အဲ့ဒါေၾကာင့္ အလုပ္ေခၚယူေနသူေတြဟာ ဒီလိုစိတ္ဓာတ္ပိုင္းဆိုရာ အရည္အခ်င္းရွိသူေတြကို ရွာေဖြၾကပါတယ္။

 

၄။ ဆက္စပ္ေတြးေခၚႏိုင္မႈနဲ႔ ျပသနာမ်ား ေျဖရွင္းႏိုင္စြမ္း (Critical Thinking and Problem Solving Skills)
လုပ္သက္အေတြ႕အႀကံဳမရွီတဲ့သူျဖစ္ေစ၊ လုပ္ငန္းအေတြ႕အႀကံဳေတြရွိသူျဖစ္ေစ အဖြဲ႕အစည္းတစ္ခုထဲကို ၀င္ေရာက္လာၿပီဆိုတာနဲ႔ လုပ္ငန္းပိုင္းဆိုင္ရာ စိန္ေခၚမႈေတြကို ရာထူးအဆင့္အလိုက္ သူ႔ဟာနဲ႔သူ အထိုက္အေလ်ာက္ေတာ့ ရင္ဆိုင္ရမွာပဲဲျဖစ္ပါတယ္။ ယေန႔ေခတ္လိုမ်ိဳး ၿပိဳင္ဆိုင္မႈျပင္းထန္ၿပီး အေျပာင္းအလဲမ်ားတဲ့ လုပ္ငန္းခြင္ပတ္၀န္းက်င္မွာ အလုပ္ရွင္ေတြဟာ သူတို႔ရဲ႕စီးပြားေရးလုပ္ငန္းေတြထဲမွာ ျဖစ္ေပၚေနတဲ့ စိန္ေခၚမႈေတြကို ေ၀ဖန္ပိုင္းျခား ဆက္စပ္ေတြးေခၚၿပီး ဖန္တီးႏိုင္မႈစြမ္းအားေကာင္းေကာင္းနဲ႔ ေျဖးေပးႏိုင္မယ့္ သူေတြကို အရမ္းလိုအပ္ေနပါတယ္။

 

၅။ လိုက္ေလ်ာညီေထြ ေျပာင္းလဲႏိုင္စြမ္း (Flexibility)
တိုးတက္လာတဲ့စီးပြားေရးလုပ္ငန္းေတြေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ အလုပ္အကိုင္ေစ်းကြက္ဟာ ေန႔စဥ္ဆိုသလို အခ်ိန္တိုင္း ေျပာင္းလဲမႈေတြ ျဖစ္လာသလို ကုမၸဏီအဖြဲ႕အစည္းေတြရဲ႕ တည္ေဆာက္ပံုကလည္း ေျပာင္းလဲလာပါတယ္။ အဲဒီလု အရွိန္အဟုန္နဲ႔ ေျပာင္းလဲလာတဲ့ ေရစီးေၾကာင္းေတြနဲ႔အတူ လိုက္ေလ်ာညီေထြျဖစ္ႏိုင္ဖို႔လည္း အရမ္းကို အေရးႀကီးလာပါတယ္။ ယခင္ကလိုမ်ိဳး ၀န္ထမ္းေတြအေနနဲ႔ တစ္ခုတည္းကို အာရံုစိုက္လို႔ မရေတာ့ပါဘူး။ ၀န္ထမ္းေတြအေနနဲ႔ ကနဦးအလုပ္ခန္႔အပ္မႈစာခ်ဳပ္မွာ သေဘာတူညီထားတဲ့ အလုပ္တာ၀န္ေတြအျပင္ ေျပာင္းလဲလာတဲ့ အလုပ္လိုအပ္ခ်က္ေတြကို လိုက္ေလ်ာညီေထြျဖစ္ၿပီး လုပ္ကိုင္ႏိုင္စြမ္း ရွိရပါမယ္။

 

အခုေဖာ္ျပေပးခဲ့တဲ့ အခ်က္အလက္ေတြကို သင့္အေနနဲ႔ Upgrade အၿမဲလုပ္ေနရမွာပဲျဖစ္ပါတယ္။ ဒီလိုအခ်က္အလက္ေတြကိုသာ လိုက္နာမယ္ဆိုရင္ လက္ရွိလုပ္ကိုင္ေနတဲ့ အလုပ္အကိုင္၊ ေနာက္လုပ္မယ့္အလုပ္အကိုင္ေတြအေပၚမွာ ပိုမိုတိုးတက္ေကာင္းမြန္တဲ့ အခြင့္အလမ္းေတြကို သင့္အေနနဲ႔ ဖန္တီးႏိုင္မယ္ဆိုတာ မလြဲဧကန္ပါ။

Read times
Rate this articles
(0 votes)