×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 10 September 2020

စကားလုံးများ၏အဓိပ္ပာယ်

စကားလုံးများ၏အဓိပ္ပာယ်


HOT DOG
အမေရိကန်နိုင်ငံ ဝက်အူချောင်း (Sausage) ကို ပေါင်မုန့်လုံးရှည်များ (Bread Roll) ညှပ်ထားတဲ့ သွားရည်စာကို Hot Dog ဟု ခေါ်ကြသည်။
ဒီနာမည်က ဂျာမာန်ခွေးကြီးတွေ (Dachshunds) ကို ညွှန်းပြီးဖြစ်လာတဲ့ နာမည်ပါပဲ၊ ဂျာမာန်ခွေးကြီးတွေက ကိုယ်လုံးကိုယ်ထည်သေးရှည်ပြီး ခြေတံတိုကြတယ်။ အဲ့ဒီခွေးကြီးတွေကို Sausage Dogs လို့ခေါ်ကြတယ်။
19 ရာစုနှစ် ကာလအစလောက်မှာ ဝက်အူချောင်းရှည်ကြီးများ ရောင်းရတွင်ကျယ်လာတယ်။ အဲ့ဒီ့ပေါင်မုန့်ကြားမှာ ဝက်အူချောင်းတောင့်ညှပ်ပြီး ရောင်းတဲ့အစာကို Hot Dogs လို့ ခေါ်တယ်။ အစဦးဆုံး ခေါ်လိုက်သူကတော့ ကာတွန်းဆရာကြီး “တက်ဒ်-ဒေါရ်ဂန်” (Tad Dorgan) ဖြစ်တယ်။ သူက အဲ့ဒီအစာကိုရောင်းတဲ့လူကို ကာတွန်းရေးဆွဲပြလိုက်တယ်။ ဝက်အူချောင်း ပေါင်မုန့်လုံးညှပ်ရောင်းရာမှာ ဝက်အူချောင်းကို ရေနွေးအိုးထဲမှ ပူပူလောင်လောင်ပေးတာကိုစွဲပြီး Hot Dog လို့ Tad Dorgan က စခေါ်လိုက်ရာမှ လူအများကဝိုင်းခေါ်ကြလို့ ဝက်အူချောင်း ပူပူနွေးနွေးပေါင်မုန့်ညှပ်ကို Hot Dog လို့ ခေါ်ကြတာပဲဖြစ်ပါတယ်။

 

 

LORD
“Lord” သည် အင်္ဂလိပ်ဘာသာစကား၌ အလွန်ခံ့ညားပေသည်။ “သခင်” ဟုအဓိပ္ပာယ်ရသည်။ ထို Lord ဟူသောစကားသည် အစက သာမာန်ပုဂ္ဂိုလ်မျှသာဖြစ်သည်။
ကျွန်တော်တို့မြန်မာနှင့်အခြားအာရှတိုက်သားအများစုတို့တွင် “ဆန်” သည် အသက်သခင်ဖြစ်သည်။ အနောက်နိုင်ငံများတွင်မူ ဂျုံ (သို့) ပေါင်မုန့်သည် အသက်သခင်ဖြစ်သည်။
အိမ်ထောင်တစ်ခု၌ မိသားစု စားဝတ်နေရေးအတွက် စီးပွားရှာဖွေသူ၊ အိမ်ထောင်ဦးစီးအား အင်္ဂလိပ်ဘာသာစကား၌ “Bread Winner” (ပေါင်မုန့်ပိုင်ဆိုင်သူ) ဟု ခေါ်ဆိုကြသည်။ အင်္ဂလိပ်ဘာသာစကား၌ ပေါင်မုန့်လုံးကို “Loaf” ဟုခေါ်သည်။ နှောင်းခေတ် အင်္ဂလိပ်ဘာသာဖြင့် အိမ်ထောင်ဦးစီးကို “Loaf Keeper - ပေါင်မုန့်ထိန်း” ဟု ခေါ်ဆိုကြသည်။
အိမ်ထောင်ဦးစီး၊ အရှင်သခင်၊ အကြီးအကဲဟု အဓိပ္ပာယ်ရသည့် Loaf Keeper မှာ ကာလာရွေ့လျားလာသောအခါ Lord ဟူ၍ ဖြစ်လာသည်။ My Lord ဟူသော အာလုပ်စကားသည် အရှင်ဘုရားဟူ၍ ဖြစ်သည်။

 

(ဆရာကြီးတက်တိုး)

 

 

စကားလံုးမ်ား၏အဓိပၸာယ္


HOT DOG
အေမရိကန္ႏိုင္ငံ ၀က္အူေခ်ာင္း (Sausage) ကို ေပါင္မုန္႔လံုးရွည္မ်ား (Bread Roll) ညွပ္ထားတဲ့ သြားရည္စာကို Hot Dog ဟု ေခၚၾကသည္။
ဒီနာမည္က ဂ်ာမာန္ေခြးႀကီးေတြ (Dachshunds) ကို ညႊန္းၿပီးျဖစ္လာတဲ့ နာမည္ပါပဲ၊ ဂ်ာမာန္ေခြးႀကီးေတြက ကိုယ္လံုးကိုယ္ထည္ေသးရွည္ၿပီး ေျခတံတိုၾကတယ္။ အဲ့ဒီေခြးႀကီးေတြကို Sausage Dogs လို႔ေခၚၾကတယ္။
19 ရာစုႏွစ္ ကာလအစေလာက္မွာ ၀က္အူေခ်ာင္းရွည္ႀကီးမ်ား ေရာင္းရတြင္က်ယ္လာတယ္။ အဲ့ဒီ့ေပါင္မုန္႔ၾကားမွာ ၀က္အူေခ်ာင္းေတာင့္ညွပ္ၿပီး ေရာင္းတဲ့အစာကို Hot Dogs လို႔ ေခၚတယ္။ အစဦးဆံုး ေခၚလိုက္သူကေတာ့ ကာတြန္းဆရာႀကီး “တက္ဒ္-ေဒါရ္ဂန္” (Tad Dorgan) ျဖစ္တယ္။ သူက အဲ့ဒီအစာကိုေရာင္းတဲ့လူကုိ ကာတြန္းေရးဆြဲျပလိုက္တယ္။ ၀က္အူေခ်ာင္း ေပါင္မုန္႔လံုးညွပ္ေရာင္းရာမွာ ၀က္အူေခ်ာင္းကို ေရေႏြးအိုးထဲမွ ပူပူေလာင္ေလာင္ေပးတာကိုစြဲၿပီး Hot Dog လို႔ Tad Dorgan က စေခၚလိုက္ရာမွ လူအမ်ားက၀ိုင္းေခၚၾကလို႔ ၀က္အူေခ်ာင္း ပူပူေႏြးေႏြးေပါင္မုန္႔ညွပ္ကို Hot Dog လို႔ ေခၚၾကတာပဲျဖစ္ပါတယ္။

 

 

LORD
“Lord” သည္ အဂၤလိပ္ဘာသာစကား၌ အလြန္ခံ့ညားေပသည္။ “သခင္” ဟုအဓိပၸာယ္ရသည္။ ထို Lord ဟူေသာစကားသည္ အစက သာမာန္ပုဂၢိဳလ္မွ်သာျဖစ္သည္။
ကၽြန္ေတာ္တို႔ျမန္မာႏွင့္အျခားအာရွတိုက္သားအမ်ားစုတို႔တြင္ “ဆန္” သည္ အသက္သခင္ျဖစ္သည္။ အေနာက္ႏိုင္ငံမ်ားတြင္မူ ဂ်ံဳ (သို႔) ေပါင္မုန္႔သည္ အသက္သခင္ျဖစ္သည္။
အိမ္ေထာင္တစ္ခု၌ မိသားစု စား၀တ္ေနေရးအတြက္ စီးပြားရွာေဖြသူ၊ အိမ္ေထာင္ဦးစီးအား အဂၤလိပ္ဘာသာစကား၌ “Bread Winner” (ေပါင္မုန္႔ပိုင္ဆိုင္သူ) ဟု ေခၚဆိုၾကသည္။ အဂၤလိပ္ဘာသာစကား၌ ေပါင္မုန္႔လံုးကို “Loaf” ဟုေခၚသည္။ ေႏွာင္းေခတ္ အဂၤလိပ္ဘာသာျဖင့္ အိမ္ေထာင္ဦးစီးကို “Loaf Keeper - ေပါင္မုန္႔ထိန္း” ဟု ေခၚဆိုၾကသည္။
အိမ္ေထာင္ဦးစီး၊ အရွင္သခင္၊ အႀကီးအကဲဟု အဓိပၸာယ္ရသည့္ Loaf Keeper မွာ ကာလာေရြ႕လ်ားလာေသာအခါ Lord ဟူ၍ ျဖစ္လာသည္။ My Lord ဟူေသာ အာလုပ္စကားသည္ အရွင္ဘုရားဟူ၍ ျဖစ္သည္။

 

(ဆရာႀကီးတက္တိုး)

Read times
Rate this articles
(0 votes)