Knowledge

Monday, 14 September 2020

ကမ္ဘာကျော်သူများအကြောင်း (1)

ကမ္ဘာကျော်သူများအကြောင်း (1)

 

အိုင်းစတိုင်း

အိုင်းစတိုင်း
အိုင်းစတိုင်း(Albert Einstein)
မွေးသက္ကရာဇ် ၁၈၇၉ ခုနှစ် မတ်လ (၁၄) ရက်နေ့
နိုင်ငံ ဂျာမနီ၊ အမ်းမြို့
ငယ်အမည် Albert Einstein
အလုပ်အကိုင် သိပ္ပံပညာရှင်
ဆောင်ရွက်ချက်များ ရီလေတီဗတီ သီအိုရီ (Relativity Theory)
ကျော်ကြားခဲ့သော သီအိုရီ E=mc2

 

Albert Einstein


အိုင်းစတိုင်း (Albert Einstein) ကို ဂျာမနီနိုင်ငံ၊ အမ်းမြို့မှာ ၁၈၇၉ ခုနှစ် မတ်လ (၁၄) ရက်နေ့က ဖွားမြင်ခဲ့ပါသည်။ သူ၏ မိဘများသည် ရေဝတီ (ဂျူးလူမျိုး) နွယ်ဖွားများဖြစ်ပြီး လျှပ်စစ်ပစ္စည်း အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်ကြပါသည်။ အိုင်းစတိုင်း၏ ဖခင် Hermann Einstein သည် အောင်မြင်သော စီးပွားရေးသမားတစ်ယောက် မဟုတ်ခဲ့သော်ငြားလည်း ဂျာမန် ဂန္တဝင်မြောက် စာပေများ၊ ဒဿနကျမ်းများနှင့် ကဗျာစာပေများကို မြတ်မြတ်နိုးနိုး နှစ်သက်တတ်သူ ဖြစ်သည်။ ထို့ကြောင့် သူ၏ အိမ်တွင် ခံ့ညားသည့် စာကြည့်ခန်းတစ်ခုကို ထားရှိပြီး အိမ်ကိုအလည်လာသော ဧည့်သည်များနှင့်လည်း စာပေအကြောင်း၊ ဒဿနအကြောင်း ပြောဆိုဆွေးနွေးတတ်သူ ဖြစ်သည်။ အိုင်းစတိုင်း၏ မိခင် Pauline Koch သည် ဂီတအနုပညာကို နှစ်သက်သူဖြစ်ပြီး စန္ဒယားတီးကောင်းသူ ဖြစ်သည်။ အိုင်းစတိုင်းတွင် မွေးချင်းညီမတစ်ဦးရှိပြီး Maja ဟု ခေါ်သည်။

 

ငယ်ဘဝ
အိုင်းစတိုင်းသည် ငယ်စဉ် ကလေးဘဝမှာ အလွန်ထုံထိုင်းလေးလံရုံသာမက စကားလည်း နည်းလှသည်။ အခြားကလေးများလို ဆော့ကစားခြင်း မရှိဘဲ တစ်ယောက်တည်း တွေးနေ ငေးနေတတ်သည်။ မူလတန်း စတတ်သည့်အခါတွင်လည်း ဉာဏ်ထိုင်းသည်ဟု ဆရာများက မှတ်ချက်ပေးခြင်းခံရသည်။ ဒါပေမယ့် သူသည် အသက် ခြောက်နှစ်သားအရွယ်မှာ တယောထိုးခြင်းကို စတင်သင်ကြားနေပြီဖြစ်ပြီး ဂီတကိုလည်း မြတ်နိုးတန်ဖိုးထားတတ်နေပြီဖြစ်သည်။ အသက်(၁၀)နှစ်အရွယ်တွင် ကျောင်းမနေချင်တော့ဘူးဟု မိဘများကို ပြောခဲ့ဖူးပါသည်။

 

အိုင်းစတိုင်းနှင့် သင်္ချာ

သူသည် သင်္ချာဘာသာရပ်တွင် အလွန်ညံ့ဖျင်းသည်။ ထို့အပြင် ခေါမနှင့် လက်တင်ဘာသာရပ်ဆိုင်ရာ သဒ္ဒါသင်ကြားရာမှာလည်း စိတ်ပါဝင်စားမှုမရှိခဲ့ချေ။ သူ့ကို ဦးလေးဖြစ်သူ Jakob က အက္ခရာသင်္ချာနှင့် ဂျီသြမေတြီ သဘောတရားများကို နားလည်အောင် ရှင်းလင်းပြသပေးခဲ့သည့်အတွက် အိုင်းစတိုင်းသည် သင်္ချာပညာတွင် ဆရာများအံ့သြလောက်အောင် ထူးချွန်လာခဲ့ပြီး ပညာဆက်သင်နိုင်ခဲ့လေသည်။

 

ပထမကမ္ဘာစစ် စတင်ရန် နီးကပ်လာသည့်အချိန်တွင် ဂျာမန်လူမျိုးကြီးဝါဒ ကြီးထွားလာနေပြီး ပညာရေးစနစ်ကလည်း တင်းကျပ်ပြင်းထန်လွန်းနေလေသည်။ အိုင်းစတိုင်း၏ မိဘများလည်း စီးပွားရေး အဆင်မပြေသည့်အတွက် ဂျာမနီမှာ ဆက်နေရန် ခက်ခဲလာသည့်အတွက် မြူးနစ်မြို့က မိတ်ဆွေတစ်ဦးဆီမှာ အိုင်းစတိုင်းကို အပ်ထားခဲ့ပြီး သူတို့က အီတလီနိုင်ငံ မီလန်မြို့ကို ပြောင်းရွှေ့သွားကြသည်။ သို့သော် အိုင်းစတိုင်းသည် အထက်တန်းပညာ မပြီးဆုံးခင် (၁၅)နှစ်သားအရွယ်မှာ ကျောင်းထုတ်ခံခဲ့ရပြီး ဂျာမနီနိုင်ငံကနေ ထွက်ခွာပြီး မိဘများရှိရာ မီလန်ကို လိုက်သွားခဲ့လေသည်။

 

အိုင်းစတိုင်း၏ မိဘများသည် စီးပွားရေး အခြေအနေမကောင်းလှသော်လည်း သားဖြစ်သူကို ပညာတတ်ကြီး ဖြစ်စေချင်သည့်အတွက် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့က သိပ္ပံကျောင်းတိုက်တွင် ပညာဆက်သင်နိုင်အောင် ပို့ပေးခဲ့လေသည်။ ဇူးရစ်သိပ္ပံကျောင်းကို ဝင်ခွင့်ရရန် စာမေးပွဲဖြေဆိုရာမှာ အိုင်းစတိုင်းသည် သင်္ချာဘာသာတွင် အမှတ်ကောင်းသော်လည်း နိုင်ငံခြားဘာသာ(ခေါမ၊ လက်တင်)၊ ရုက္ခဗေဒနှင့် သတ္တဗေဒ ဘာသာရပ်များမှာ ကျရှုံးခဲ့လေသည်။ သို့သော် ကျောင်းအာဏာပိုင်များက သင်္ချာဘာသာရပ်တွင် ထူးထူးခြားခြား တော်နေသည့် အိုင်းစတိုင်းကို အထက်တန်းကျောင်း တစ်ကျောင်းမှာ ပြန်လည်ပြင်ဆင်ဖို့ အကြံပေးခဲ့ကြသည်။ အိုင်းစတိုင်းသည် Aarau ဆိုသည့် မြို့ငယ်လေးက အထက်တန်းကျောင်း တစ်ကျောင်းတွင် တစ်နှစ် ပြင်ဆင်ခဲ့လေသည်။

 

သူသည် ၁၈၉၆ ခုနှစ် အောက်တိုဘာလမှ ၁၉၀၀ ပြည့်နှစ် သြဂုတ်လအထိ ဇူးရစ်သိပ္ပံကျောင်းတွင် ပညာသင်ကြားနေချိန်အတွင်း သြစတြီးယား ဟန်ဂေရီနိုင်ငံက ဆာဘီးယား မျိုးနွယ်စုဝင် မိန်းကလေး Mileva Maritsch နဲ့ ချစ်ကြိုးသွယ်ခဲ့လေသည်။

 

လုပ်ငန်းခွင် ဝင်ခြင်း
ကျောင်းပြီးသွားသည့်အချိန်တွင် သူငယ်ချင်းဖြစ်သူ Grossmann ၏ အကူအညီဖြင့် ဘန်းမြို့မှ စက်မှုလုပ်ငန်းဆိုင်ရာ မူပိုင်ခွင့် ကန့်သတ်လက်မှတ် ထုတ်ပေးသည့် ရုံးတစ်ရုံးတွင် ၁၉၀၂ ဇူလိုင်လမှ စတင် အလုပ်ဝင်ခဲ့လေသည်။ ၁၉၀၃ ခုနှစ် ဇန်နဝါရီလ (၆)ရက်နေ့တွင် အိုင်းစတိုင်းနှင့် မီလီဗာတို့ လက်ထပ်ခဲ့လေသည်။

 

Relativity Theory
အိုင်းစတိုင်းသည် တတ်ထားသည့်ပညာရပ်များနှင့် လားလားမှမဆိုင်သော အလုပ်ကို လုပ်နေရသော်ငြား စိတ်ပျက်ခြင်းမရှိဘဲ အားလပ်ချိန်များတွင် တစ်ယောက်တည်း စဉ်းစားတွေးတောရင်း စာရွက်လွတ်တစ်ရွက်ပေါ်မှာ ခဲတံတိုတစ်ချောင်းဖြင့် တွက်ချက်နေတတ်လေသည်။ သူသည် ဓာတ်ခွဲခန်းမရှိဘဲ ရှေ့ ခေတ်အဆက်ဆက်က ပညာရှင်ကြီးတွေရဲ့ စာအုပ်စာတမ်းများကို ဖတ်ရှုစဉ်းစားပြီး တွက်ချက်လိုက်၊ အကြံထုတ်လိုက်၊ ညောင်းညာလာသည့်အခါ တယောထိုးလိုက်နှင့် နေခဲ့လေသည်။ ၁၉၀၅ ခုနှစ်တွင် သူ၏ ရီလေတီဗတီ သီအိုရီ (Relativity Theory)ကို ကမ္ဘာသိအောင် တင်ပြနိုင်ခဲ့လေသည်။ ထို့နောက်မှာတော့ ဇူးရစ်သိပ္ပံကျောင်းတိုက်က အိုင်းစတိုင်းကို အထူးပါမောက္ခရာထူးပေးပြီး အလုပ်ခန့်ခဲ့လေသည်။ အိုင်းစတိုင်းသည် ဂျာမနီဖွား ရေဝတီအနွယ်ဝင် တစ်ဦး ဖြစ်သည့်အတွက် မခန့်ချင်ခန့်ချင် ခန့်ခဲ့ကြခြင်း ဖြစ်သည်။

 

သူ၏ ကျော်ကြားလှသည့် သီအိုရီကို ကမ္ဘာသိအောင် မထုတ်ပြန်ခင် တစ်နှစ်အလို ၁၉၀၄ ခုနှစ်က မီလီဗာက သူတို့ရဲ့ သားဦး Hans Albert ကို မွေးဖွားပေးခဲ့ပါသည်။ အိုင်းစတိုင်းသည် သူ၏ သီအိုရီကို ကမ္ဘာသိအောင် ထုတ်ပြန်ပြီးသည့်နောက်တွင် သဘောတရားပိုင်းကနေ သင်္ချာ ရူပဗေဒ ဖြစ်လာအောင် ကိန်းဂဏန်းတွေ၊ ညီမျှခြင်းတွေနဲ့ ပြည့်စုံလာသည်အထိ ခြောက်နှစ်ကြာ ကြိုးစားခဲ့လေသည်။ ၁၉၁၁ ခုနှစ်ရောက်သောအခါ သူ၏ အထူးရီလေတီဗတီ သီအိုရီသည် သင်္ချာပညာရပ်ဆိုင်ရာ ညီမျှခြင်းများနှင့် ပြည့်စုံသွားလေတော့သည်။

 

၁၉၁၀ ခုနှစ် ဇွန်လ တွင် မီလီဗာက ဒုတိယသား Edward ကို မွေးဖွားခဲ့သည်။ ထိုအချိန်တွင် သူတို့မိသားစုမှာ ကျပ်ကျပ်တည်းတည်း ရုန်းကန်နေခဲ့ကြရသည်။ ၁၉၁၀ နှစ်ကုန်ခါနီးတွင် သြစတြီးယား ဟန်ဂေရီ အင်ပါယာ၏ ဘုရင်က အိုင်းစတိုင်းကို ပရပ်တက္ကသိုလ် (University of Prague) တွင် ပါမောက္ခတာဝန် ထမ်းဆောင်ဖို့ ဖိတ်ခေါ်ခဲ့သည်။ ထိုနေရာသည် ဇူးရစ်ထက် အစစအရာရာ သာသည့် အခြေအနေရှိသောကြောင့် အိုင်းစတိုင်းက သွားချင်သော်လည်း လူမျိုးကြီး စစ်ဝါဒကို မုန်းတီးသော မီလီဗာက အပြင်းအထန် ကန့်ကွက်ခဲ့လေသည်။ သို့သော် အိုင်းစတိုင်းကတော့ ပရပ်တက္ကသိုလ်တွင် သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ဖြစ်ခဲ့လေသည်။ ထိုနေရာတွင် အဖိနှိပ်ခံဘဝကို နာကျည်းနေသော ချက်လူမျိုးများနှင့် ရေဝတီလူမျိုးများ အများအပြား ရှိလေသည်။ ပရပ်တက္ကသိုလ်မှာ အိုင်းစတိုင်း ရှိနေစဉ်က စာရေးဆရာ ကပ်ဖ်ကာ (Franz Kafka) နှင့် ရေဝတီခေတ်ပညာတတ်များ ဦးဆောင်ပြီး ဇီယွန်လှုပ်ရှားမှုများ လုပ်နေချိန် ဖြစ်လေသည်။

 

ထို့နောက် အိုင်းစတိုင်းသည် လူမျိုးရေး ကျဉ်းမြောင်းမှုများကို စိတ်ပျက်သည့်အတွက် ၁၉၁၃ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံသို့ ပြန်လာခဲ့သည်။ သူ့အား ဇူးရစ်သိပ္ပံကျောင်းတိုက်က ရူပဗေဒဌာန အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ်သလို ဂျာမန်ဘုရင်ကလည်း ဘာလင်တက္ကသိုလ် ပါမောက္ခတာဝန် ထမ်းဆောင်ဖို့ ကမ်းလှမ်းခဲ့လေသည်။ အိုင်းစတိုင်းသည် ဂျာမန်ဘုရင်၏ ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး ၁၉၁၃ ခုနှစ်မှာပင် ဂျာမနီကို ပြန်သွားခဲ့လေသည်။ ထိုအချိန်မှစပြီး သူနှင့် မီလီဗာတို့လည်း လမ်းခွဲခဲ့ကြလေသည်။

 

ဂျာမနီတွင် အိုင်းစတိုင်းတစ်ယောက်တည်း ဖြစ်နေချိန်တွင် ညီမဝမ်းကွဲတော်စပ်သူ Elsa က လာရောက် စောင့်ရှောက်ပေးခဲ့သည်။ အယ်လ်ဆာသည် သမီးနှစ်ယောက်အမေ မုဆိုးမတစ်ဦးဖြစ်သော်ငြား ဆွဲဆောင်မှုအပြည့်ရှိသော အမျိုးသမီးတစ်ယောက် ဖြစ်လေသည်။ သူမသည် အိုင်းစတိုင်းကို လိုလေသေးမရှိအောင် ပြုစုလေသည်။ ၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်ကြီး စဖြစ်နေသော်လည်း အိုင်းစတိုင်းကတော့ သူ၏ ရီလေတီဗတီ သီအိုရီကိုပဲ ဆက်လက် တိုးချဲ့ဆန့်ထုတ်နေခဲ့သည်။ ၁၉၁၆ ခုနှစ် စစ်ဖြစ်နေဆဲ အချိန်တွင်ပင် အိုင်းစတိုင်းသည် သူ၏ ယေဘုယျ ရီလေတီဗတီ သီအိုရီ (General Theory of Relativity) ကို ပုံနှိပ်ထုတ်ဝေလိုက်လေသည်။

 

၁၉၁၉ ခုနှစ်တွင် အိုင်းစတိုင်းသည် မီလီဗာနှင့် တရားဝင် ကွာရှင်းပြီး အယ်လ်ဆာနှင့် လက်ထပ်လိုက်သည်။ ထို့နောက် ၁၉၂၃ ခုနှစ်တွင် ရူပဗေဒပညာရပ်ဆိုင်ရာ နိုဘယ်လ်ဆုကို ချီးမြှင့်ခံရလေသည်။ ထိုဆုသည် သူ၏ ကျော်ကြားလှသော ရီလေတီဗတီ သီအိုရီအတွက် မဟုတ်ဘဲ အလင်းလျှပ်စစ်အကျိုး (ဖိုတွန်သဘောတရား) အတွက် ရရှိခြင်းဖြစ်သည်။ ၁၉၃၃ ခုနှစ်နောက်ပိုင်း ဟစ်တလာ အာဏာရလာသည့်အခါတွင် လူမျိုးကြီးဝါဒများ ပြန်လည်ခေါင်းထောင်လာသည့်အတွက် အိုင်းစတိုင်းသည် အမေရိကန်ကို အပြီးအပိုင် ထွက်ခွာသွားခဲ့လေသည်။

 

သူသည် အမေရိကန် ပရင့်စတန်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေရင်း ဒုတိယကမ္ဘာစစ်ကြီး အစပျိုးနေချိန် ၁၉၃၉ ခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင် အမေရိကန်သမ္မတ ဖရင်ကလင်ဒီ ရုစဗဲ့ဆီသို့ အဏုမြူဗုံးနှင့် ပတ်သက်၍ သတိပေးစာ ရေးသားခဲ့သည်။ သူ၏ စာကြောင့် သမ္မတ ရုစဗဲ့သည် မန်ဟက်တန် စီမံကိန်းကို ရေးဆွဲပြီး အဏုမြူဗုံး ထုတ်လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းအဏုမြူဗုံး(သို့)အက်တမ်ဗုံးကို ထုတ်လုပ်နည်းသည် အိုင်းစတိုင်း၏ ကမ္ဘာကျော် ညီမျှခြင်းဖြစ်သည့် E=mc2 ဆိုသည့် ဒြပ်ထုစွမ်းအင် တူညီခြင်း နိယာမတရားပင်ဖြစ်သည်။

 

"ခေါင်းထဲများများစားစား မရှိတဲ့သူဟာ အဝတ်အစားကောင်းကောင်းဝတ်ပြီး ပြန်ထရတယ်။"

အထက်ပါစကားစုကို ပြောကြားခဲ့သူမှာ ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး အဲလ်ဘတ်အိုင်စတိုင်း (Albert Einstein) ပင် ဖြစ်ပါသည်။ အိုင်စတိုင်း၏ စကားကို ပြောင်းပြန် ပြန်၍ စဉ်းစာကြည့်မည်ဆိုပါက ခေါင်းထဲ များများစားစားရှိသူ (ပညာရှိသူ) သည် အဝတ်အစားကောင်းကောင်းကို ဂရုမစိုက်ဟု ဆိုလိုရာရောက်ပါသည်။

 

မှန်ပါသည်။ ၂၀-ရာစုခေတ်၏ဉာဏ်ပညာအကြီးဆုံးသူဟု သတ်မှတ်ခံထားရသူ အိုင်စတိုင်းသည် သူ့စကားအတိုင်း အဝတ်အစား ဂုဏ်ပကာသနကို မမက်မောဘဲ ဘဝကို ရိုးရှင်းစွာ နေထိုင်သွားခဲ့သူပင် ဖြစ်ပါသည်။ သူ့ကိုကြည့်လျှင် အမြဲတမ်း ဆံပင်စုတ်ဖွားနှင့် တွေ့ရပါမည်။ နှုတ်ခမ်းမွှေးတို့ကို ရိတ်သင်ခြင်း မရှိသောကြောင့် ညှင်းသိုးသိုးအသွင်ကို တွေ့မြင်ရပါသည်။ ခန္ဓာကိုမှာလည်း ပုပုသေးသေး ဖြစ်ရကား အထင်ကြီးစရာ တစက်မှ မရှိပါချေ။

 

တခါသော် ဘယ်လ်ဂျီယံ ဘုရင်မကြီးသည် အိုင်စတိုင်းအား အထူးဧည့်သည်တော်အဖြစ် သူ့တိုင်းပြည်သို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ပါသည်။ ဖိတ်ကြားထားသောနေ့တွင် ဇိမ်ခံကားကြီးနှင့် အတူ ကြိုဆိုရေး အဖွဲ့ကို ဘူတာရုံသို့ စေလွှတ်လိုက်ပါသည်။ ရထားဆိုက်ရောက်သောအခါ ကြိုဆိုရေးအဖွဲ့ဝင်များသည် ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီးအား သဲကြီးမဲကြီး ရှာဖွေကြပါသည်။ သူတို့သည် အိုင်စတိုင်းကို မတွေ့ကြပါ။ ထိုအချိန်တွင် အိုင်စတိုင်းသည် အဝတ်အစား ခပ်နွမ်းနွမ်းကိုဝတ်ကာ သူ၏လက်ဆွဲသေတ္တာနှင့် တယောအိတ်လေးကို ဆွဲရင်း လမ်းလျှောက်သွားနေပါသည်။ နန်းတော်ကို လမ်းလျှောက်လာသော အိုင်းစတိုင်းကို ဘုရင်မကြီးက-ဘာကြောင့် ကားဖြင့်မလာဘဲ လမ်းလျှောက်လာရပါသနည်း-ဟုမေးမြန်းသောအခါ အိုင်စတိုင်းက လမ်းလျှောက်တာပဲ ကောင်းပါတယ် ဘုရင်မကြီး-ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။

 

အိုင်စတိုင်းသည် သူ့ဘဝတလျှောက်တွင် လန်ချား ဘယ်အခါမျှ မစီးခဲ့ချေ။ လူကို လူက စီးရသောလန်ချားကို မစီးလိုဟု အမြဲ ငြင်းပယ်ခဲ့လေသည်။ ဤသို့ အနေအထိုင် ရိုးသား၍ အတွေးအခေါ် ခေတ်မီသော အိုင်စတိုင်း၏ဘဝမှာ စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။

 

အိုင်စတိုင်းအား ၁၈၇၉-ခု မတ်လ ၁၄-ရက်နေ့တွင် ဂျာမနီနိုင်ငံ မြူးနစ်မြို့မှ ၈၇-မိုင် ကွာဝေးသော အမ်း (Uim) မြို့တွင် မွေးဖွားခဲ့ပါသည်။ သူ့ဖခင် ဟာမင်အိုင်စတိုင်းသည် လျှပ်စစ်ပစ္စည်းများကို ရောင်းချသောအလုပ်ဖြင့် အသက်မွေးပါသည်။ မိခင်မှာ ပေါ်လင်းအိုင်စတိုင်း ဖြစ်ပြီး မိဘနှစ်ပါးလုံးမှာ ဂျူးလူမျိုးများ ဖြစ်ကြပါသည်။ အိုင်စတိုင်းလေးသည် အသက် ၃-နှစ်သား ရောက်သည်အထိ စကားမပြောတတ်သေးချေ။ ထို့ကြောင့် မိဘတို့မှာ ဆွံ့အနားမကြား ဖြစ်မည်ကိုပင် စိုးရိမ်ခဲ့ရလေသည်။

 

ကျောင်းနေအရွယ် ရောက်ပြန်သောအခါ အိုင်စတိုင်းသည် အလွန်စာညံ့လေသည်။ ကျောင်းတွင်အညံ့ဆုံး ကျောင်းသားတယောက်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါသည်။ အိုင်စတိုင်း၏ ပထမဆုံးသော သိပ္ပံအတွေ့အကြုံမှာ အသက် ၅-နှစ်အရွယ်တွင် စတင်ခဲ့ပါသည်။ သူ့ဖခင်သည် ၅-နှစ်သားအရွယ် အိုင်စတိုင်းလေးကို သံလိုက်အိမ်မြှောင်တခု ဝယ်ပေးခဲ့ပါသည်။ အိုင်စတိုင်းသည် ယင်းပစ္စည်းအကြောင်းကို မေးလိုက်သည်မှာ မဆုံးတော့ချေ။ သံလိုက်ဓာတ်အကြောင်းနှင့် ကမ္ဘာ့ဆွဲအားအကြောင်းကို အိုင်စတိုင်း အလွန်စိတ်ဝင်စား သွားပါသည်။ ထိုအချိန်မှစ၍ သိပ္ပံကျမ်းများ လေ့လာဖတ်ရှုပါတော့သည်။

 

အသက် ၁၀-နှစ်တွင် အိုင်စတိုင်းသည် မြူးနစ်မြို့ရှိ တက္ကသိုလ်ဝင်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြား ခဲ့ပါသည်။ ထိုကျောင်းတွင် အိုင်စတိုင်းသည် လက်တင်ဘာသာ၊ ဂရိဘာသာနှင့် သမိုင်းဘာသာတို့တွင် အမှတ်နည်းသလောက် သင်္ချာဘာသာတွင်မူ ထူးချွန်ခဲ့လေသည်။ အသက် ၁၆-နှစ်တွင် အိုင်စတိုင်းသည် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့ရှိ စက်မှုလက်မှုတက္ကသိုလ်တွင် ဝင်ခွင့်ဖြေဆိုခဲ့ပါသည်။ ဝင်ခွင့်စာမေးပွဲ ကျရှုံးသဖြင့် အခြားတက္ကသိုလ်တခုသို့ ပြောင်းရွှေ့ဖြေဆိုမှသာ အောင်မြင်ခဲ့ပါသည်။ တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် အိုင်စတိုင်းသည် ရုံးတရုံတွင် စာရေးအလုပ် ဝင်ရောက်လုပ်ကိုင်ရင်း ဝမ်းရေးကို ဖြေရှင်းခဲ့ရပါသည်။ ရုံးအလုပ်ပြီးသော အချိန်တွင်မူ သူဝါသနာပါသော ရူပဗေဒပညာကို လေ့လာလိုက်စားခဲ့ပါသည်။ ထို့ကြောင့် အသက် ၂၆-နှစ်တွင် အိုင်စတိုင်းသည် အလွန်ထင်ရှားသော စာတမ်းကြီး ၅-စောင်ကို တင်သွင်းနိုင်ခဲ့ပါသည်။

 

ပထမစာတမ်းမှာ မော်လီကျူးတို့၏ အရွယ်အစားတိုင်းတာခြင်း သဘောတရားစာတမ်းဖြစ်ပြီး ထိုစာတမ်းကြောင့် အိုင်စတိုင်းသည် ဒေါက်တာဘွဲ့ ချီးမြှင့်ခြင်း ခံခဲ့ရပါသည်။ ဒုတိယစာတမ်းမှာ အလင်းလျှပ်စစ် သဘောတရား (Photoelectric effect)အကြောင်းဖြစ်ပြီး ထိုစာတမ်းကြောင့်ပင် အိုင်စတိုင်းသည် ၁၉၂၁-ခုအတွက် ရူပဗေဒ နိုဘယ်ဆုကို ချီးမြှင့်ခြင်း ခံခဲ့ရပါသည်။ တတိယစာတမ်းမှာ ဘရောင်းရွေ့လျားမှု သီအိုရီ (Theory of Brownian motion) ဖြစ်ပြီး မော်လီကျူးတို့၏ အလေးချိန်ကို လက်တွေ့တိုင်းတာပြခဲ့ပါသည်။

 

၁၉၀၅-ခုတွင် အိုင်စတိုင်းသည် စတုတ္ထစာတမ်းအဖြစ် နှိုင်းရသီအိုရီ (Relativity Theory) ကို တင်ပြခဲ့ပါသည်။ ထိုသီအိုရီသည် သိပ္ပံလောကတခုလုံးကို ကိုင်လှုပ်နိုင်လောက်အောင် ကျော်ကြားပြီး လေးစားစေသော သီအိုရီပင် ဖြစ်ပါသည်။ သူ၏ သီအိုရီအရ အရာဝတ္ထုတခုကို တိုင်းတာရာ၌ အလျား၊ အနံ၊ အမြင့်တို့ကိုသာမက အချိန်ကိုပါ ထည့်သွင်းစဉ်းစားသင့်ကြောင်း၊ သို့သော် ၎င်းအရာများ အားလုံးမှာ အနှိုင်းသဘောသာဖြစ်ပြီး အမှန်တကယ် တည်ရှိနေခြင်းမဟုတ်ကြောင်း ရှင်းပြခဲ့ပါသည်။

 

တဖန် ၁၉၁၅-ခုတွင် အိုင်စတိုင်းသည် အထူးနှိုင်းရ သီအိုရီ (Special Relativity Theory) ကို ထပ်မံတင်ပြ လိုက်ပြန်ပါသည်။ ထိုသီအိုရီအရ ဒြပ်နှင့်စွမ်းအင်သည် အတူတူပင်ဖြစ်ပြီး ဒြပ်တို့ကို ဖြိုခွဲပါက ကြီးမားသော စွမ်းအင်ရနိုင်ကြောင်းကို E=mc2 ညီမျှခြင်းဖြင့် ရှင်းပြနိုင်ခဲ့ပါသည်။ ထိုသီအိုရီသည် အဏုမြူဗုံး ထုတ်လုပ်ရေး အတွက် အခြေခံအချက်အလက်များကို မွေးဖွားပေးလိုက်သော သီအိုရီပင် ဖြစ်ပါသည်။

 

ထို့ပြင် အိုင်စတိုင်းသည် ကမ္ဘာ့ဆွဲအားအတွင်း ဝင်ရောက်လာသော အလင်းသည် ကမ္ဘာ့ဆွဲအားကြောင့် ကောက်ကွေးသွားရမည်ဟု တင်ပြခဲ့သည်။ သူ့အယူအဆကိုလည်း ကိန်းဂဏန်းအတိအကျဖြင့် တွက်ပြခဲ့ပါသည်။ ၁၉၁၄-ခုတွင် ရုရှနိုင်ငံ၌ နေကြတ်သောအခါ ဂျာမနီမှ သိပ္ပံပညာရှင်များသည် ရုရှသို့သွားရောက်ပြီး အိုင်စတိုင်း ဟောကိန်း မှန်မမှန် စမ်းသပ်ရန် ကြိုးစားခဲ့ကြပါသည်။ သို့သော် ပထမကမ္ဘာစစ်ဖြစ်လာ၍ ထိုအကြံ မအောင်မြင်ခဲ့ပါ။ စစ်ကြီးအပြီး ၁၉၁၉-တွင် အင်္ဂလိပ်ရူပဗေဒ ပညာရှင်များသည် နေကြတ်သော အနောက်အာဖရိကသို့ သွားရောက်ပြီး လက်တွေ့စူးစမ်းခဲ့ကြပါသည်။ ထိုအခါ သူတို့သည် အိုင်စတိုင်း ခန့်မှန်းသည့်အတိုင်း အလင်းရောင် တကယ်ကွေ့သွားသည်ကို တွေ့မြင်ခဲ့ကြပါသည်။ ထိုအလင်းကွေ့နှုန်းမှာလည်း အိုင်စတိုင်း ကြိုတင်တွက်ပြထားသည့်နှုန်းပင်ဖြစ်ကြောင်း တအံ့တသြ တွေ့ရှိခဲ့ကြပါသည်။

 

ထိုအချိန်တွင် အိုင်စတိုင်း၏ အမည်မှာ ထင်ရှားသည်ထက် ထင်ရှားလာနေပြီ ဖြစ်သည်။ ၁၉၁၀-တွင် အိုင်စတိုင်းသည် ဂျာမန်တက္ကသိုလ် တခုတွင် ပါမောက္ခရာထူးကို ခန့်အပ်ခြင်း ခံရပါသည်။ ၁၉၁၂-တွင် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့ အကယ်ဒမီကျောင်းတွင် အချိန်ပြည့် ပါမောက္ခရာထူးကိုလည်းကောင်း၊ ၁၉၁၄-တွင် ပရပ်ရှင်း သိပ္ပံအကယ်ဒမီတွင် ပါမောက္ခအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။

 

ပထမကမ္ဘာစစ်ပြီးနောက် သိပ်မကြာခင်မှာပင် ဂျာမနီ၌ ဟစ်တလာ အာဏာရလာလေသည်။ ဟစ်တလာ၏ ဝါဒမှာ ဂျူးမုန်းတီးရေးဖြစ်ရကား ဂျူးလူမျိုးဖြစ်သော အိုင်စတိုင်းသည် အမေရိကန်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ ပါသည်။ ဒုတိယကမ္ဘာစစ် ဖြစ်လာသောအခါ ကမ္ဘာ့လူသားအများစုသည် ဟစ်တလာ၏လက်ထဲ အဏုမြုဗုံး ထုတ်လုပ်သည့် နည်းပညာများ ရောက်သွားမည်ကို စိုးရိမ်လာကြသည်။ ထို့ကြောင့် အိုင်စတိုင်းသည် အမေရိကန်သမ္မတ ရုစဗဲ့ ထံသို့ ဂျာမန်တို့ထက်အရင် အဏုမြူဗုံး ပြုလုပ်သင့်ကြောင်း စာရေးသားတိုက်တွန်း ခဲ့ရပါသည်။ အိုင်စတိုင်း၏ စာကြောင့်ပင် မန်ဟက်တန် စီမံကိန်း ပေါ်ပေါက်လာပြီး အမေရိကန်တို့ အဏုမြူဗုံး ထုတ်လုပ်ကာ ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်နိုင်ခဲ့ပါသည်။

 

စစ်ကြီးပြီးသောအခါ အိုင်စတိုင်းသည် သိပ္ပံပညာရှင်တယောက်၏ ဘဝထက် ငြိမ်းချမ်းရေးသမားတယောက် အဖြစ် ပိုမိုထင်ရှားလာပါသည်။ လက်နက်ဖျက်သိမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်ခဲ့ပါသည်။ ဂျူးလူမျိုးတို့ စုဝေးနေထိုင်သော အစ္စရေးနိုင်ငံ ပေါ်ပေါက်လာသောအခါ အိုင်စတိုင်းအား သမ္မတလုပ်ရန် တိုက်တွန်းကြပါသည်။ သို့သော် ရိုးရိုးအေးအေးသာ နေတတ်သော အိုင်စတိုင်းသည် သမ္မတရာထူးကို ငြင်းပယ်ခဲ့ပါသည်။(အကျယ်တဝင့် လေ့လာလိုပါက ဆန်းလွင်ရေးသားသော အိုင်စတိုင်း အတ္ထုပ္ပတ္တိကို ရှာဖွေ ဖတ်ရှုစေလိုပါသည်။)[1]

 

သူသည် စစ်ကြီးပြီးသည့်နောက်တွင် အဏုမြူစွမ်းအင်ကို ကောင်းသည့်ဘက်တွင် အသုံးချရန် တိုက်တွန်းခဲ့လေသည်။ ထို့နောက် သူ၏ ပေါင်းစပ်စက်ကွင်း သီအိုရီကို တင်ပြခဲ့သည်။ ထိုသီအိုရီသည် ရှင်းလင်းလွယ်ကူမှု မရှိသည့်အတွက် လူအများ နားမလည်ခဲ့ချေ။ ထို သီအိုရီကို ပို၍ ရှင်းလင်းလွယ်ကူအောင် ထပ်မံရှင်းမပြနိုင်ခင် ၁၉၅၅ ခုနှစ်၊ ဧပြီလ ၁၈ ရက် မနက် ၁ နာရီ ၂၅ မိနစ်တွင် ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းသည် အသက် ၇၆-နှစ်အရွယ်တွင် သွေးကြောပေါက်ကွဲသော ရောဂါဖြင့် ပရင်စတန် ဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့ပါသည်။ သူ့အလောင်းကို သင်္ဂြိုဟ်သောအခါ ဆေးပညာရှင်တို့က သူ့ဦးနှောက်အား အဘယ်အကြောင်းကြောင့် ဤမျှ ဉာဏ်ကောင်း ရသည်ကို သုတေသနပြုရန် အလှူခံထားခဲ့ကြပါသည်။

 

ကိုးကား
သန်းမင်းထွဋ်(မင်္ဂလာမောင်မယ် ၂၀၀၆-ခု ဒီဇင်ဘာ)

 

 

ကမၻာေက်ာ္သူမ်ားအေၾကာင္း (1)

 

အိုင္းစတိုင္း

အိုင္းစတိုင္း
အိုင္းစတိုင္း(Albert Einstein)
ေမြးသကၠရာဇ္ ၁၈၇၉ ခုႏွစ္ မတ္လ (၁၄) ရက္ေန႔
ႏို္င္ငံ ဂ်ာမနီ၊ အမ္းျမိဳ႕
ငယ္အမည္ Albert Einstein
အလုပ္အကိုင္ သိပၸံပညာရွင္
ေဆာင္ရြက္ခ်က္မ်ား ရီေလတီဗတီ သီအိုရီ (Relativity Theory)
ေက်ာ္ၾကားခဲ့ေသာ သီအိုရီ E=mc2

 

Albert Einstein

 


အိုင္းစတိုင္း (Albert Einstein) ကို ဂ်ာမနီႏိုင္ငံ၊ အမ္းျမိဳ႕မွာ ၁၈၇၉ ခုႏွစ္ မတ္လ (၁၄) ရက္ေန႔က ဖြားျမင္ခဲ့ပါသည္။ သူ၏ မိဘမ်ားသည္ ေရ၀တီ (ဂ်ဴးလူမ်ိဳး) ႏြယ္ဖြားမ်ားျဖစ္ျပီး လွ်ပ္စစ္ပစၥည္း အေရာင္းအ၀ယ္လုပ္ငန္း လုပ္ကိုင္ၾကပါသည္။ အိုင္းစတိုင္း၏ ဖခင္ Hermann Einstein သည္ ေအာင္ျမင္ေသာ စီးပြားေရးသမားတစ္ေယာက္ မဟုတ္ခဲ့ေသာ္ျငားလည္း ဂ်ာမန္ ဂႏၲ၀င္ေျမာက္ စာေပမ်ား၊ ဒႆနက်မ္းမ်ားႏွင့္ ကဗ်ာစာေပမ်ားကို ျမတ္ျမတ္ႏိုးႏိုး ႏွစ္သက္တတ္သူ ျဖစ္သည္။ ထို႔ေၾကာင့္ သူ၏ အိမ္တြင္ ခံ့ညားသည့္ စာၾကည့္ခန္းတစ္ခုကို ထားရွိျပီး အိမ္ကိုအလည္လာေသာ ဧည့္သည္မ်ားႏွင့္လည္း စာေပအေၾကာင္း၊ ဒႆနအေၾကာင္း ေျပာဆိုေဆြးေႏြးတတ္သူ ျဖစ္သည္။ အိုင္းစတိုင္း၏ မိခင္ Pauline Koch သည္ ဂီတအႏုပညာကို ႏွစ္သက္သူျဖစ္ျပီး စႏၵယားတီးေကာင္းသူ ျဖစ္သည္။ အိုင္းစတိုင္းတြင္ ေမြးခ်င္းညီမတစ္ဦးရွိျပီး Maja ဟု ေခၚသည္။

 

ငယ္ဘ၀
အိုင္းစတိုင္းသည္ ငယ္စဥ္ ကေလးဘ၀မွာ အလြန္ထံုထိုင္းေလးလံ႐ံုသာမက စကားလည္း နည္းလွသည္။ အျခားကေလးမ်ားလို ေဆာ့ကစားျခင္း မရွိဘဲ တစ္ေယာက္တည္း ေတြးေန ေငးေနတတ္သည္။ မူလတန္း စတတ္သည့္အခါတြင္လည္း ဥာဏ္ထိုင္းသည္ဟု ဆရာမ်ားက မွတ္ခ်က္ေပးျခင္းခံရသည္။ ဒါေပမယ့္ သူသည္ အသက္ ေျခာက္ႏွစ္သားအရြယ္မွာ တေယာထိုးျခင္းကို စတင္သင္ၾကားေနျပီျဖစ္ျပီး ဂီတကိုလည္း ျမတ္ႏိုးတန္ဖိုးထားတတ္ေနျပီျဖစ္သည္။ အသက္(၁၀)ႏွစ္အရြယ္တြင္ ေက်ာင္းမေနခ်င္ေတာ့ဘူးဟု မိဘမ်ားကို ေျပာခဲ့ဖူးပါသည္။


အိုင္းစတိုင္းႏွင့္ သခ်ၤာ

သူသည္ သခ်ၤာဘာသာရပ္တြင္ အလြန္ညံ့ဖ်င္းသည္။ ထို႔အျပင္ ေခါမႏွင့္ လက္တင္ဘာသာရပ္ဆိုင္ရာ သဒၵါသင္ၾကားရာမွာလည္း စိတ္ပါ၀င္စားမႈမရွိခဲ့ေခ်။ သူ႔ကို ဦးေလးျဖစ္သူ Jakob က အကၡရာသခ်ၤာႏွင့္ ဂ်ီၾသေမႀတီ သေဘာတရားမ်ားကို နားလည္ေအာင္ ရွင္းလင္းျပသေပးခဲ့သည့္အတြက္ အိုင္းစတိုင္းသည္ သခ်ၤာပညာတြင္ ဆရာမ်ားအံ့ၾသေလာက္ေအာင္ ထူးခၽြန္လာခဲ့ျပီး ပညာဆက္သင္ႏိုင္ခဲ့ေလသည္။

 

ပထမကမၻာစစ္ စတင္ရန္ နီးကပ္လာသည့္အခ်ိန္တြင္ ဂ်ာမန္လူမ်ိဳးၾကီး၀ါဒ ၾကီးထြားလာေနျပီး ပညာေရးစနစ္ကလည္း တင္းက်ပ္ျပင္းထန္လြန္းေနေလသည္။ အိုင္းစတိုင္း၏ မိဘမ်ားလည္း စီးပြားေရး အဆင္မေျပသည့္အတြက္ ဂ်ာမနီမွာ ဆက္ေနရန္ ခက္ခဲလာသည့္အတြက္ ျမဴးနစ္ျမိဳ႕က မိတ္ေဆြတစ္ဦးဆီမွာ အိုင္းစတိုင္းကို အပ္ထားခဲ့ျပီး သူတို႔က အီတလီႏိုင္ငံ မီလန္ျမိဳ႕ကို ေျပာင္းေရႊ႕သြားၾကသည္။ သို႔ေသာ္ အိုင္းစတိုင္းသည္ အထက္တန္းပညာ မျပီးဆံုးခင္ (၁၅)ႏွစ္သားအရြယ္မွာ ေက်ာင္းထုတ္ခံခဲ့ရျပီး ဂ်ာမနီႏိုင္ငံကေန ထြက္ခြာျပီး မိဘမ်ားရွိရာ မီလန္ကို လိုက္သြားခဲ့ေလသည္။

 

အိုင္းစတိုင္း၏ မိဘမ်ားသည္ စီးပြားေရး အေျခအေနမေကာင္းလွေသာ္လည္း သားျဖစ္သူကို ပညာတတ္ၾကီး ျဖစ္ေစခ်င္သည့္အတြက္ ဆြစ္ဇာလန္ႏိုင္ငံ ဇူးရစ္ျမိဳ႕က သိပၸံေက်ာင္းတိုက္တြင္ ပညာဆက္သင္ႏိုင္ေအာင္ ပို႔ေပးခဲ့ေလသည္။ ဇူးရစ္သိပၸံေက်ာင္းကို ၀င္ခြင့္ရရန္ စာေမးပြဲေျဖဆိုရာမွာ အိုင္းစတိုင္းသည္ သခ်ၤာဘာသာတြင္ အမွတ္ေကာင္းေသာ္လည္း ႏိုင္ငံျခားဘာသာ(ေခါမ၊ လက္တင္)၊ ႐ုကၡေဗဒႏွင့္ သတၱေဗဒ ဘာသာရပ္မ်ားမွာ က်႐ံႈးခဲ့ေလသည္။ သို႔ေသာ္ ေက်ာင္းအာဏာပိုင္မ်ားက သခ်ၤာဘာသာရပ္တြင္ ထူးထူးျခားျခား ေတာ္ေနသည့္ အိုင္းစတိုင္းကို အထက္တန္းေက်ာင္း တစ္ေက်ာင္းမွာ ျပန္လည္ျပင္ဆင္ဖို႔ အၾကံေပးခဲ့ၾကသည္။ အိုင္းစတိုင္းသည္ Aarau ဆိုသည့္ ျမိဳ႕ငယ္ေလးက အထက္တန္းေက်ာင္း တစ္ေက်ာင္းတြင္ တစ္ႏွစ္ ျပင္ဆင္ခဲ့ေလသည္။

 

သူသည္ ၁၈၉၆ ခုႏွစ္ ေအာက္တိုဘာလမွ ၁၉၀၀ ျပည့္ႏွစ္ ၾသဂုတ္လအထိ ဇူးရစ္သိပၸံေက်ာင္းတြင္ ပညာသင္ၾကားေနခ်ိန္အတြင္း ၾသစႀတီးယား ဟန္ေဂရီႏိုင္ငံက ဆာဘီးယား မ်ိဳးႏြယ္စု၀င္ မိန္းကေလး Mileva Maritsch နဲ႔ ခ်စ္ၾကိဳးသြယ္ခဲ့ေလသည္။

 

လုပ္ငန္းခြင္ ၀င္ျခင္း
ေက်ာင္းျပီးသြားသည့္အခ်ိန္တြင္ သူငယ္ခ်င္းျဖစ္သူ Grossmann ၏ အကူအညီျဖင့္ ဘန္းျမိဳ႕မွ စက္မႈလုပ္ငန္းဆိုင္ရာ မူပိုင္ခြင့္ ကန္႔သတ္လက္မွတ္ ထုတ္ေပးသည့္ ႐ံုးတစ္႐ံုးတြင္ ၁၉၀၂ ဇူလိုင္လမွ စတင္ အလုပ္၀င္ခဲ့ေလသည္။ ၁၉၀၃ ခုႏွစ္ ဇန္န၀ါရီလ (၆)ရက္ေန႔တြင္ အိုင္းစတိုင္းနွင့္ မီလီဗာတို႔ လက္ထပ္ခဲ့ေလသည္။

 

Relativity Theory
အိုင္းစတိုင္းသည္ တတ္ထားသည့္ပညာရပ္မ်ားႏွင့္ လားလားမွမဆိုင္ေသာ အလုပ္ကို လုပ္ေနရေသာ္ျငား စိတ္ပ်က္ျခင္းမရွိဘဲ အားလပ္ခ်ိန္မ်ားတြင္ တစ္ေယာက္တည္း စဥ္းစားေတြးေတာရင္း စာရြက္လြတ္တစ္ရြက္ေပၚမွာ ခဲတံတိုတစ္ေခ်ာင္းျဖင့္ တြက္ခ်က္ေနတတ္ေလသည္။ သူသည္ ဓာတ္ခြဲခန္းမရွိဘဲ ေရွ႕ ေခတ္အဆက္ဆက္က ပညာရွင္ၾကီးေတြရဲ႕ စာအုပ္စာတမ္းမ်ားကို ဖတ္႐ႈစဥ္းစားၿပီး တြက္ခ်က္လိုက္၊ အႀကံထုတ္လိုက္၊ ေညာင္းညာလာသည့္အခါ တေယာထိုးလိုက္ႏွင့္ ေနခဲ့ေလသည္။ ၁၉၀၅ ခုႏွစ္တြင္ သူ၏ ရီေလတီဗတီ သီအိုရီ (Relativity Theory)ကို ကမၻာသိေအာင္ တင္ျပႏိုင္ခဲ့ေလသည္။ ထို႔ေနာက္မွာေတာ့ ဇူးရစ္သိပၸံေက်ာင္းတိုက္က အိုင္းစတိုင္းကို အထူးပါေမာကၡရာထူးေပးၿပီး အလုပ္ခန္႔ခဲ့ေလသည္။ အိုင္းစတိုင္းသည္ ဂ်ာမနီဖြား ေရ၀တီအႏြယ္၀င္ တစ္ဦး ျဖစ္သည့္အတြက္ မခန္႔ခ်င္ခန္႔ခ်င္ ခန္႔ခဲ့ၾကျခင္း ျဖစ္သည္။

 

သူ၏ ေက်ာ္ၾကားလွသည့္ သီအိုရီကို ကမၻာသိေအာင္ မထုတ္ျပန္ခင္ တစ္ႏွစ္အလို ၁၉၀၄ ခုႏွစ္က မီလီဗာက သူတို႔ရဲ႕ သားဦး Hans Albert ကို ေမြးဖြားေပးခဲ့ပါသည္။ အိုင္းစတိုင္းသည္ သူ၏ သီအိုရီကို ကမၻာသိေအာင္ ထုတ္ျပန္ျပီးသည့္ေနာက္တြင္ သေဘာတရားပိုင္းကေန သခ်ၤာ ႐ူပေဗဒ ျဖစ္လာေအာင္ ကိန္းဂဏန္းေတြ၊ ညီမွ်ျခင္းေတြနဲ႔ ျပည့္စံုလာသည္အထိ ေျခာက္ႏွစ္ၾကာ ႀကိဳးစားခဲ့ေလသည္။ ၁၉၁၁ ခုႏွစ္ေရာက္ေသာအခါ သူ၏ အထူးရီေလတီဗတီ သီအိုရီသည္ သခ်ၤာပညာရပ္ဆိုင္ရာ ညီမွ်ျခင္းမ်ားႏွင့္ ျပည့္စံုသြားေလေတာ့သည္။

 

၁၉၁၀ ခုႏွစ္ ဇြန္လ တြင္ မီလီဗာက ဒုတိယသား Edward ကို ေမြးဖြားခဲ့သည္။ ထိုအခ်ိန္တြင္ သူတို႔မိသားစုမွာ က်ပ္က်ပ္တည္းတည္း ႐ုန္းကန္ေနခဲ့ၾကရသည္။ ၁၉၁၀ ႏွစ္ကုန္ခါနီးတြင္ ၾသစႀတီးယား ဟန္ေဂရီ အင္ပါယာ၏ ဘုရင္က အိုင္းစတိုင္းကို ပရပ္တကၠသိုလ္ (University of Prague) တြင္ ပါေမာကၡတာ၀န္ ထမ္းေဆာင္ဖို႔ ဖိတ္ေခၚခဲ့သည္။ ထိုေနရာသည္ ဇူးရစ္ထက္ အစစအရာရာ သာသည့္ အေျခအေနရွိေသာေၾကာင့္ အိုင္းစတိုင္းက သြားခ်င္ေသာ္လည္း လူမ်ိဳးႀကီး စစ္၀ါဒကို မုန္းတီးေသာ မီလီဗာက အျပင္းအထန္ ကန္႔ကြက္ခဲ့ေလသည္။ သို႔ေသာ္ အိုင္းစတိုင္းကေတာ့ ပရပ္တကၠသိုလ္တြင္ သံုးႏွစ္ၾကာ တာ၀န္ထမ္းေဆာင္ျဖစ္ခဲ့ေလသည္။ ထိုေနရာတြင္ အဖိႏွိပ္ခံဘ၀ကို နာက်ည္းေနေသာ ခ်က္လူမ်ိဳးမ်ားႏွင့္ ေရ၀တီလူမ်ိဳးမ်ား အမ်ားအျပား ရွိေလသည္။ ပရပ္တကၠသိုလ္မွာ အိုင္းစတိုင္း ရွိေနစဥ္က စာေရးဆရာ ကပ္ဖ္ကာ (Franz Kafka) ႏွင့္ ေရ၀တီေခတ္ပညာတတ္မ်ား ဦးေဆာင္ၿပီး ဇီယြန္လႈပ္ရွားမႈမ်ား လုပ္ေနခ်ိန္ ျဖစ္ေလသည္။

 

ထို႔ေနာက္ အိုင္းစတိုင္းသည္ လူမ်ိဳးေရး က်ဥ္းေျမာင္းမႈမ်ားကို စိတ္ပ်က္သည့္အတြက္ ၁၉၁၃ ခုႏွစ္တြင္ ဆြစ္ဇာလန္ႏိုင္ငံသို႔ ျပန္လာခဲ့သည္။ သူ႔အား ဇူးရစ္သိပၸံေက်ာင္းတိုက္က ႐ူပေဗဒဌာန အႀကီးအကဲအျဖစ္ တာ၀န္ထမ္းေဆာင္ရန္ ဖိတ္ေခၚသလို ဂ်ာမန္ဘုရင္ကလည္း ဘာလင္တကၠသိုလ္ ပါေမာကၡတာ၀န္ ထမ္းေဆာင္ဖို႔ ကမ္းလွမ္းခဲ့ေလသည္။ အိုင္းစတိုင္းသည္ ဂ်ာမန္ဘုရင္၏ ကမ္းလွမ္းမႈကို လက္ခံခဲ့ၿပီး ၁၉၁၃ ခုႏွစ္မွာပင္ ဂ်ာမနီကို ျပန္သြားခဲ့ေလသည္။ ထိုအခ်ိန္မွစၿပီး သူႏွင့္ မီလီဗာတို႔လည္း လမ္းခြဲခဲ့ၾကေလသည္။

 

ဂ်ာမနီတြင္ အိုင္းစတိုင္းတစ္ေယာက္တည္း ျဖစ္ေနခ်ိန္တြင္ ညီမ၀မ္းကြဲေတာ္စပ္သူ Elsa က လာေရာက္ ေစာင့္ေရွာက္ေပးခဲ့သည္။ အယ္လ္ဆာသည္ သမီးႏွစ္ေယာက္အေမ မုဆိုးမတစ္ဦးျဖစ္ေသာ္ျငား ဆြဲေဆာင္မႈအျပည့္ရွိေသာ အမ်ိဳးသမီးတစ္ေယာက္ ျဖစ္ေလသည္။ သူမသည္ အိုင္းစတိုင္းကို လိုေလေသးမရွိေအာင္ ျပဳစုေလသည္။ ၁၉၁၄ ခုႏွစ္ ပထမကမၻာစစ္ၾကီး စျဖစ္ေနေသာ္လည္း အိုင္းစတိုင္းကေတာ့ သူ၏ ရီေလတီဗတီ သီအိုရီကိုပဲ ဆက္လက္ တိုးခ်ဲ႕ဆန္႔ထုတ္ေနခဲ့သည္။ ၁၉၁၆ ခုႏွစ္ စစ္ျဖစ္ေနဆဲ အခ်ိန္တြင္ပင္ အိုင္းစတိုင္းသည္ သူ၏ ေယဘုယ် ရီေလတီဗတီ သီအိုရီ (General Theory of Relativity) ကို ပံုႏွိပ္ထုတ္ေ၀လို္က္ေလသည္။

 

၁၉၁၉ ခုႏွစ္တြင္ အိုင္းစတိုင္းသည္ မီလီဗာႏွင့္ တရား၀င္ ကြာရွင္းၿပီး အယ္လ္ဆာႏွင့္ လက္ထပ္လိုက္သည္။ ထို႔ေနာက္ ၁၉၂၃ ခုႏွစ္တြင္ ႐ူပေဗဒပညာရပ္ဆိုင္ရာ ႏိုဘယ္လ္ဆုကို ခ်ီးျမႇင့္ခံရေလသည္။ ထိုဆုသည္ သူ၏ ေက်ာ္ၾကားလွေသာ ရီေလတီဗတီ သီအိုရီအတြက္ မဟုတ္ဘဲ အလင္းလွ်ပ္စစ္အက်ိဳး (ဖိုတြန္သေဘာတရား) အတြက္ ရရွိျခင္းျဖစ္သည္။ ၁၉၃၃ ခုႏွစ္ေနာက္ပိုင္း ဟစ္တလာ အာဏာရလာသည့္အခါတြင္ လူမ်ိဳးႀကီး၀ါဒမ်ား ျပန္လည္ေခါင္းေထာင္လာသည့္အတြက္ အိုင္းစတိုင္းသည္ အေမရိကန္ကို အၿပီးအပိုင္ ထြက္ခြာသြားခဲ့ေလသည္။

 

သူသည္ အေမရိကန္ ပရင့္စတန္တကၠသိုလ္တြင္ တာ၀န္ထမ္းေဆာင္ေနရင္း ဒုတိယကမၻာစစ္ႀကီး အစပ်ိဳးေနခ်ိန္ ၁၉၃၉ ခုႏွစ္ ၾသဂုတ္လ ၂ ရက္ေန႔တြင္ အေမရိကန္သမၼတ ဖရင္ကလင္ဒီ ႐ုစဗဲ့ဆီသို႔ အဏုျမဴဗံုးႏွင့္ ပတ္သက္၍ သတိေပးစာ ေရးသားခဲ့သည္။ သူ၏ စာေၾကာင့္ သမၼတ ႐ုစဗဲ့သည္ မန္ဟက္တန္ စီမံကိန္းကို ေရးဆြဲၿပီး အဏုျမဴဗံုး ထုတ္လုပ္ႏိုင္ခဲ့ျခင္း ျဖစ္သည္။ ၎အဏုျမဴဗံုး(သို႔)အက္တမ္ဗံုးကို ထုတ္လုပ္နည္းသည္ အိုင္းစတိုင္း၏ ကမၻာေက်ာ္ ညီမွ်ျခင္းျဖစ္သည့္ E=mc2 ဆိုသည့္ ျဒပ္ထုစြမ္းအင္ တူညီျခင္း နိယာမတရားပင္ျဖစ္သည္။

 

"ေခါင္းထဲမ်ားမ်ားစားစား မရွိတဲ့သူဟာ အ၀တ္အစားေကာင္းေကာင္း၀တ္ျပီး ျပန္ထရတယ္။"

အထက္ပါစကားစုကိုိ ေျပာၾကားခဲ့သူမွာ ကမၻာေက်ာ္ သိပၸံပညာရွင္ႀကီး အဲလ္ဘတ္အိုင္စတိုင္း (Albert Einstein) ပင္ ျဖစ္ပါသည္။ အိုင္စတိုင္း၏ စကားကို ေျပာင္းျပန္ ျပန္၍ စဥ္းစာၾကည့္မည္ဆိုပါက ေခါင္းထဲ မ်ားမ်ားစားစားရွိသူ (ပညာရွိသူ) သည္ အ၀တ္အစားေကာင္းေကာင္းကို ဂရုမစိုက္ဟု ဆိုလိုရာေရာက္ပါသည္။

 

မွန္ပါသည္။ ၂၀-ရာစုေခတ္၏ဉာဏ္ပညာအႀကီးဆံုးသူဟု သတ္မွတ္ခံထားရသူ အိုင္စတိုင္းသည္ သူ႔စကားအတိုင္း အ၀တ္အစား ဂုဏ္ပကာသနကို မမက္ေမာဘဲ ဘ၀ကို ရိုးရွင္းစြာ ေနထိုင္သြားခဲ့သူပင္ ျဖစ္ပါသည္။ သူ႔ကိုၾကည့္လွ်င္ အျမဲတမ္း ဆံပင္စုတ္ဖြားႏွင့္ ေတြ႔ရပါမည္။ ႏႈတ္ခမ္းေမႊးတို႔ကို ရိတ္သင္ျခင္း မရွိေသာေၾကာင့္ ညႇင္းသိုးသိုးအသြင္ကို ေတြ႔ျမင္ရပါသည္။ ခႏၶာကိုမွာလည္း ပုပုေသးေသး ျဖစ္ရကား အထင္ႀကီးစရာ တစက္မွ မရွိပါေခ်။

 

တခါေသာ္ ဘယ္လ္ဂ်ီယံ ဘုရင္မႀကီးသည္ အိုင္စတိုင္းအား အထူးဧည့္သည္ေတာ္အျဖစ္ သူ႔တိုင္းျပည္သို႔ လာေရာက္လည္ပတ္ရန္ ဖိတ္ၾကားခဲ့ပါသည္။ ဖိတ္ၾကားထားေသာေန႔တြင္ ဇိမ္ခံကားႀကီးႏွင့္ အတူ ႀကိဳဆိုေရး အဖြဲ႔ကို ဘူတာရံုသို႔ ေစလႊတ္လိုက္ပါသည္။ ရထားဆိုက္ေရာက္ေသာအခါ ႀကိဳဆိုေရးအဖြဲ႔၀င္မ်ားသည္ ကမၻာေက်ာ္ သိပၸံပညာရွင္ႀကီးအား သဲႀကီးမဲႀကီး ရွာေဖြၾကပါသည္။ သူတို႔သည္ အိုင္စတိုင္းကို မေတြ႔ၾကပါ။ ထိုအခ်ိန္တြင္ အိုင္စတိုင္းသည္ အ၀တ္အစား ခပ္ႏြမ္းႏြမ္းကို၀တ္ကာ သူ၏လက္ဆြဲေသတၱာႏွင့္ တေယာအိတ္ေလးကို ဆြဲရင္း လမ္းေလွ်ာက္သြားေနပါသည္။ နန္းေတာ္ကို လမ္းေလွ်ာက္လာေသာ အိုင္းစတိုင္းကို ဘုရင္မႀကီးက-ဘာေၾကာင့္ ကားျဖင့္မလာဘဲ လမ္းေလွ်ာက္လာရပါသနည္း-ဟုေမးျမန္းေသာအခါ အိုင္စတိုင္းက လမ္းေလွ်ာက္တာပဲ ေကာင္းပါတယ္ ဘုရင္မႀကီး-ဟု ျပန္လည္ေျဖၾကားခဲ့ပါသည္။

 

အိုင္စတိုင္းသည္ သူ႔ဘ၀တေလွ်ာက္တြင္ လန္ခ်ား ဘယ္အခါမွ် မစီးခဲ့ေခ်။ လူကို လူက စီးရေသာလန္ခ်ားကို မစီးလိုဟု အျမဲ ျငင္းပယ္ခဲ့ေလသည္။ ဤသို႔ အေနအထိုင္ ရိုးသား၍ အေတြးအေခၚ ေခတ္မီေသာ အိုင္စတိုင္း၏ဘ၀မွာ စိတ္၀င္စားဖြယ္ ေကာင္းလွပါသည္။

 

အိုင္စတိုင္းအား ၁၈၇၉-ခု မတ္လ ၁၄-ရက္ေန႔တြင္ ဂ်ာမနီႏိုင္ငံ ျမဴးနစ္ျမိဳ႔မွ ၈၇-မိုင္ ကြာေ၀းေသာ အမ္း (Uim) ျမိဳ႔တြင္ ေမြးဖြားခဲ့ပါသည္။ သူ႔ဖခင္ ဟာမင္အိုင္စတိုင္းသည္ လွ်ပ္စစ္ပစၥည္းမ်ားကို ေရာင္းခ်ေသာအလုပ္ျဖင့္ အသက္ေမြးပါသည္။ မိခင္မွာ ေပၚလင္းအိုင္စတိုင္း ျဖစ္ျပီး မိဘႏွစ္ပါးလံုးမွာ ဂ်ဴးလူမ်ိဳးမ်ား ျဖစ္ၾကပါသည္။ အိုင္စတိုင္းေလးသည္ အသက္ ၃-ႏွစ္သား ေရာက္သည္အထိ စကားမေျပာတတ္ေသးေခ်။ ထို႔ေၾကာင့္ မိဘတို႔မွာ ဆြံ႔အနားမၾကား ျဖစ္မည္ကိုပင္ စိုးရိမ္ခဲ့ရေလသည္။

 

ေက်ာင္းေနအရြယ္ ေရာက္ျပန္ေသာအခါ အိုင္စတိုင္းသည္ အလြန္စာညံ႔ေလသည္။ ေက်ာင္းတြင္အညံ႔ဆံုး ေက်ာင္းသားတေယာက္အျဖစ္ သတ္မွတ္ျခင္းခံခဲ့ရပါသည္။ အိုင္စတိုင္း၏ ပထမဆံုးေသာ သိပၸံအေတြ႔အႀကံဳမွာ အသက္ ၅-ႏွစ္အရြယ္တြင္ စတင္ခဲ့ပါသည္။ သူ႔ဖခင္သည္ ၅-ႏွစ္သားအရြယ္ အိုင္စတိုင္းေလးကို သံလိုက္အိမ္ေျမႇာင္တခု ၀ယ္ေပးခဲ့ပါသည္။ အိုင္စတိုင္းသည္ ယင္းပစၥည္းအေၾကာင္းကို ေမးလိုက္သည္မွာ မဆံုးေတာ့ေခ်။ သံလိုက္ဓာတ္အေၾကာင္းႏွင့္ ကမၻာ့ဆြဲအားအေၾကာင္းကို အိုင္စတိုင္း အလြန္စိတ္၀င္စား သြားပါသည္။ ထိုအခ်ိန္မွစ၍ သိပၸံက်မ္းမ်ား ေလ့လာဖတ္ရႈပါေတာ့သည္။

 

အသက္ ၁၀-ႏွစ္တြင္ အိုင္စတိုင္းသည္ ျမဴးနစ္ျမိဳ႔ရွိ တကၠသိုလ္၀င္တန္းေက်ာင္းတြင္ တက္ေရာက္ပညာသင္ၾကား ခဲ့ပါသည္။ ထိုေက်ာင္းတြင္ အိုင္စတိုင္းသည္ လက္တင္ဘာသာ၊ ဂရိဘာသာႏွင့္ သမိုင္းဘာသာတို႔တြင္ အမွတ္နည္းသေလာက္ သခ်ၤာဘာသာတြင္မူ ထူးခၽြန္ခဲ့ေလသည္။ အသက္ ၁၆-ႏွစ္တြင္ အိုင္စတိုင္းသည္ ဆြစ္ဇာလန္ႏိုင္ငံ ဇူးရစ္ျမိဳ႔ရွိ စက္မႈလက္မႈတကၠသိုလ္တြင္ ၀င္ခြင့္ေျဖဆိုခဲ့ပါသည္။ ၀င္ခြင့္စာေမးပြဲ က်ရႈံးသျဖင့္ အျခားတကၠသိုလ္တခုသို႔ ေျပာင္းေရႊ႔ေျဖဆိုမွသာ ေအာင္ျမင္ခဲ့ပါသည္။ တကၠသိုလ္မွ ဘြဲ႔ရျပီးေနာက္ အိုင္စတိုင္းသည္ ရံုးတရံုတြင္ စာေရးအလုပ္ ၀င္ေရာက္လုပ္ကိုင္ရင္း ၀မ္းေရးကို ေျဖရွင္းခဲ့ရပါသည္။ ရံုးအလုပ္ျပီးေသာ အခ်ိန္တြင္မူ သူ၀ါသနာပါေသာ ရူပေဗဒပညာကို ေလ့လာလိုက္စားခဲ့ပါသည္။ ထို႔ေၾကာင့္ အသက္ ၂၆-ႏွစ္တြင္ အိုင္စတိုင္းသည္ အလြန္ထင္ရွားေသာ စာတမ္းႀကီး ၅-ေစာင္ကို တင္သြင္းႏိုင္ခဲ့ပါသည္။

 

ပထမစာတမ္းမွာ ေမာ္လီက်ဴးတို႔၏ အရြယ္အစားတိုင္းတာျခင္း သေဘာတရားစာတမ္းျဖစ္ျပီး ထိုစာတမ္းေၾကာင့္ အိုင္စတိုင္းသည္ ေဒါက္တာဘြဲ႔ ခ်ီးျမႇင့္ျခင္း ခံခဲ့ရပါသည္။ ဒုတိယစာတမ္းမွာ အလင္းလွ်ပ္စစ္ သေဘာတရား (Photoelectric effect)အေၾကာင္းျဖစ္ျပီး ထိုစာတမ္းေၾကာင့္ပင္ အိုင္စတိုင္းသည္ ၁၉၂၁-ခုအတြက္ ရူပေဗဒ ႏိုဘယ္ဆုကို ခ်ီးျမႇင့္ျခင္း ခံခဲ့ရပါသည္။ တတိယစာတမ္းမွာ ဘေရာင္းေရြ႔လ်ားမႈ သီအိုရီ (Theory of Brownian motion) ျဖစ္ျပီး ေမာ္လီက်ဴးတို႔၏ အေလးခ်ိန္ကို လက္ေတြ႔တိုင္းတာျပခဲ့ပါသည္။

 

၁၉၀၅-ခုတြင္ အိုင္စတိုင္းသည္ စတုတၳစာတမ္းအျဖစ္ ႏႈိင္းရသီအိုရီ (Relativity Theory) ကို တင္ျပခဲ့ပါသည္။ ထိုသီအိုရီသည္ သိပၸံေလာကတခုလံုးကို ကိုင္လႈပ္ႏိုင္ေလာက္ေအာင္ ေက်ာ္ၾကားျပီး ေလးစားေစေသာ သီအိုရီပင္ ျဖစ္ပါသည္။ သူ၏ သီအိုရီအရ အရာ၀တၳဳတခုကို တိုင္းတာရာ၌ အလ်ား၊ အနံ၊ အျမင့္တို႔ကိုသာမက အခ်ိန္ကိုပါ ထည့္သြင္းစဥ္းစားသင့္ေၾကာင္း၊ သို႔ေသာ္ ၄င္းအရာမ်ား အားလံုးမွာ အႏႈိင္းသေဘာသာျဖစ္ျပီး အမွန္တကယ္ တည္ရွိေနျခင္းမဟုတ္ေၾကာင္း ရွင္းျပခဲ့ပါသည္။

 

တဖန္ ၁၉၁၅-ခုတြင္ အိုင္စတိုင္းသည္ အထူးႏႈိင္းရ သီအိုရီ (Special Relativity Theory) ကို ထပ္မံတင္ျပ လိုက္ျပန္ပါသည္။ ထိုသီအိုရီအရ ျဒပ္ႏွင့္စြမ္းအင္သည္ အတူတူပင္ျဖစ္ျပီး ျဒပ္တို႔ကို ျဖိဳခြဲပါက ႀကီးမားေသာ စြမ္းအင္ရႏိုင္ေၾကာင္းကို E=mc2 ညီမွ်ျခင္းျဖင့္ ရွင္းျပႏိုင္ခဲ့ပါသည္။ ထိုသီအိုရီသည္ အဏုျမဴဗံုး ထုတ္လုပ္ေရး အတြက္ အေျခခံအခ်က္အလက္မ်ားကို ေမြးဖြားေပးလိုက္ေသာ သီအိုရီပင္ ျဖစ္ပါသည္။

 

ထို႔ျပင္ အိုင္စတိုင္းသည္ ကမၻာ့ဆြဲအားအတြင္း ၀င္ေရာက္လာေသာ အလင္းသည္ ကမၻာ့ဆြဲအားေၾကာင့္ ေကာက္ေကြးသြားရမည္ဟု တင္ျပခဲ့သည္။ သူ႔အယူအဆကိုလည္း ကိန္းဂဏန္းအတိအက်ျဖင့္ တြက္ျပခဲ့ပါသည္။ ၁၉၁၄-ခုတြင္ ရုရွႏိုင္ငံ၌ ေနၾကတ္ေသာအခါ ဂ်ာမနီမွ သိပၸံပညာရွင္မ်ားသည္ ရုရွသို႔သြားေရာက္ျပီး အိုင္စတိုင္း ေဟာကိန္း မွန္မမွန္ စမ္းသပ္ရန္ ႀကိဳးစားခဲ့ၾကပါသည္။ သို႔ေသာ္ ပထမကမၻာစစ္ျဖစ္လာ၍ ထိုအၾကံ မေအာင္ျမင္ခဲ့ပါ။ စစ္ႀကီးအျပီး ၁၉၁၉-တြင္ အဂၤလိပ္ရူပေဗဒ ပညာရွင္မ်ားသည္ ေနၾကတ္ေသာ အေနာက္အာဖရိကသို႔ သြားေရာက္ျပီး လက္ေတြ႔စူးစမ္းခဲ့ၾကပါသည္။ ထိုအခါ သူတို႔သည္ အိုင္စတိုင္း ခန္႔မွန္းသည့္အတိုင္း အလင္းေရာင္ တကယ္ေကြ႔သြားသည္ကို ေတြ႔ျမင္ခဲ့ၾကပါသည္။ ထိုအလင္းေကြ႔ႏႈန္းမွာလည္း အိုင္စတိုင္း ႀကိဳတင္တြက္ျပထားသည့္ႏႈန္းပင္ျဖစ္ေၾကာင္း တအံ႔တၾသ ေတြ႔ရွိခဲ့ၾကပါသည္။

 

ထိုအခ်ိန္တြင္ အိုင္စတိုင္း၏ အမည္မွာ ထင္ရွားသည္ထက္ ထင္ရွားလာေနျပီ ျဖစ္သည္။ ၁၉၁၀-တြင္ အိုင္စတိုင္းသည္ ဂ်ာမန္တကၠသိုလ္ တခုတြင္ ပါေမာကၡရာထူးကို ခန္႔အပ္ျခင္း ခံရပါသည္။ ၁၉၁၂-တြင္ ဆြစ္ဇာလန္ႏိုင္ငံ ဇူးရစ္ျမိဳ႔ အကယ္ဒမီေက်ာင္းတြင္ အခ်ိန္ျပည့္ ပါေမာကၡရာထူးကိုလည္းေကာင္း၊ ၁၉၁၄-တြင္ ပရပ္ရွင္း သိပၸံအကယ္ဒမီတြင္ ပါေမာကၡအျဖစ္လည္းေကာင္း တာ၀န္ထမ္းေဆာင္ခဲ့ပါသည္။

 

ပထမကမၻာစစ္ျပီးေနာက္ သိပ္မၾကာခင္မွာပင္ ဂ်ာမနီ၌ ဟစ္တလာ အာဏာရလာေလသည္။ ဟစ္တလာ၏ ၀ါဒမွာ ဂ်ဴးမုန္းတီးေရးျဖစ္ရကား ဂ်ဴးလူမ်ိဳးျဖစ္ေသာ အိုင္စတိုင္းသည္ အေမရိကန္သို႔ ေျပာင္းေရႊ႔ေနထိုင္ခဲ့ ပါသည္။ ဒုတိယကမၻာစစ္ ျဖစ္လာေသာအခါ ကမၻာ့လူသားအမ်ားစုသည္ ဟစ္တလာ၏လက္ထဲ အဏုျမဳဗံုး ထုတ္လုပ္သည့္ နည္းပညာမ်ား ေရာက္သြားမည္ကို စိုးရိမ္လာၾကသည္။ ထို႔ေၾကာင့္ အိုင္စတိုင္းသည္ အေမရိကန္သမၼတ ရုစဗဲ့ ထံသို႔ ဂ်ာမန္တို႔ထက္အရင္ အဏုျမဴဗံုး ျပဳလုပ္သင့္ေၾကာင္း စာေရးသားတိုက္တြန္း ခဲ့ရပါသည္။ အိုင္စတိုင္း၏ စာေၾကာင့္ပင္ မန္ဟက္တန္ စီမံကိန္း ေပၚေပါက္လာျပီး အေမရိကန္တို႔ အဏုျမဴဗံုး ထုတ္လုပ္ကာ ဒုတိယကမၻာစစ္ကို အဆံုးသတ္ႏိုင္ခဲ့ပါသည္။

 

စစ္ႀကီးျပီးေသာအခါ အိုင္စတိုင္းသည္ သိပၸံပညာရွင္တေယာက္၏ ဘ၀ထက္ ျငိမ္းခ်မ္းေရးသမားတေယာက္ အျဖစ္ ပိုမိုထင္ရွားလာပါသည္။ လက္နက္ဖ်က္သိမ္းေရး၊ ကမၻာ့ျငိ္မ္းခ်မ္းေရး လုပ္ငန္းမ်ားကို တက္ၾကြစြာ ေဆာင္ရြက္ခဲ့ပါသည္။ ဂ်ဴးလူမ်ိဳးတို႔ စုေ၀းေနထိုင္ေသာ အစၥေရးႏိုင္ငံ ေပၚေပါက္လာေသာအခါ အိုင္စတိုင္းအား သမၼတလုပ္ရန္ တိုက္တြန္းၾကပါသည္။ သို႔ေသာ္ ရိုးရိုးေအးေအးသာ ေနတတ္ေသာ အိုင္စတိုင္းသည္ သမၼတရာထူးကို ျငင္းပယ္ခဲ့ပါသည္။(အက်ယ္တ၀င့္ ေလ့လာလိုပါက ဆန္းလြင္ေရးသားေသာ အိုင္စတိုင္း အတၳဳပၸတၱိကို ရွာေဖြ ဖတ္ရႈေစလိုပါသည္။)[1]

 

သူသည္ စစ္ႀကီးျပီးသည့္ေနာက္တြင္ အဏုျမဴစြမ္းအင္ကို ေကာင္းသည့္ဘက္တြင္ အသံုးခ်ရန္ တိုက္တြန္းခဲ့ေလသည္။ ထို႔ေနာက္ သူ၏ ေပါင္းစပ္စက္ကြင္း သီအိုရီကို တင္ျပခဲ့သည္။ ထိုသီအိုရီသည္ ရွင္းလင္းလြယ္ကူမႈ မရွိသည့္အတြက္ လူအမ်ား နားမလည္ခဲ့ေခ်။ ထို သီအိုရီကို ပို၍ ရွင္းလင္းလြယ္ကူေအာင္ ထပ္မံရွင္းမျပႏိုင္ခင္ ၁၉၅၅ ခုႏွစ္၊ ဧၿပီလ ၁၈ ရက္ မနက္ ၁ နာရီ ၂၅ မိနစ္တြင္ ကမၻာေက်ာ္ သိပၸံပညာရွင္ႀကီး အိုင္းစတိုင္းသည္ အသက္ ၇၆-ႏွစ္အရြယ္တြင္ ေသြးေၾကာေပါက္ကြဲေသာ ေရာဂါျဖင့္ ပရင္စတန္ ေဆး႐ံုႀကီးတြင္ ကြယ္လြန္သြားခဲ့ပါသည္။ သူ႔အေလာင္းကို သျဂႋဳဟ္ေသာအခါ ေဆးပညာရွင္တို႔က သူ႔ဦးေႏွာက္အား အဘယ္အေၾကာင္းေၾကာင့္ ဤမွ် ဉာဏ္ေကာင္း ရသည္ကို သုေတသနျပဳရန္ အလွဴခံထားခဲ့ၾကပါသည္။

 

 

ကိုးကား
သန္းမင္းထြဋ္(မဂၤလာေမာင္မယ္ ၂၀၀၆-ခု ဒီဇင္ဘာ)

Read times Last modified on Monday, 14 September 2020 10:10
Rate this articles
(0 votes)