×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Tuesday, 22 December 2020

Merry Christmas

Merry Christmas

နှစ်စဉ် ဒီဇင်ဘာလ (25) ရက်နေ့တွင် ကမ္ဘာအနှံ့အပြား၌ ခရစ်ယာန်ဘာသာဝင်များ အထွဋ်အမြတ်ထား ကျင်းပသော ပွဲတော်မှာ နာတာလူးပွဲတော် (သို့မဟုတ်) ခရစ္စမတ်ပွဲတော် ဖြစ်ပါသည်။
နာတာလူးဆိုသည်မှာ မွေးဖွားခြင်းဟု အဓိပ္ပာယ်ရပါသည်။ ခရစ္စမတ်ဟူသည့် ဝေါဟာရတွင် (Christ + Mas) ဟူ ၍အဓိပ္ပာယ်နှစ်မျိုးပါဝင်သည်ကိုတွေ့ရှိနိုင်သည်။


Christ ဆိုသည်မှာ ယေရှုအဖဘုရားသခင်၏ အမည်နာမတော်ဖြစ်ပြီး Mas ဆိုသည်မှာ ပွဲတော်ဟု အဓိပ္ပာယ်ရပါသည်။ ထို့ကြောင့် ခရစ္စမတ်ဟူသည် အဖဘုရားသခင်ယေရှုအားမွေးဖွားခြင်းဟူ၍ဖြစ်သည်။ အဖဘုရားသခင်သည် မိမိဖန်ဆင်းထားသည့်လူသားများ အပြစ်သံသရာတွင် နစ်မြောနေသည်ကို မကြည့်ရက်သောကြောင့် တစ်ဦးတည်းသောသားတော်ယေရှုကို လူ့ဇာတိ ခံယူစေခဲ့ပါတယ်။

 

လူ့ဇာတိအဖြစ်နဲ့ ခံယူစေခဲ့သည့် ရည်ရွယ်ချက်မှာ
(၁) ခရစ္စမတ်အားဖြင့် လူသားအားလုံးကို ဝမ်းမြောက်စေရန်
(၂) လူသားအားလုံး ကယ်တင်ခြင်းရရှိစေရန်
(၃) ဘုရားနှင့်လူသားများအကြား ပျောက်ဆုံးသွားသော မိသဟာရ/သင့်မြတ်မှုပြန်လည်ရရှိရန်ဖြစ်ပါတယ်။

 

ယေရှုသခင်သည် လူ့ဇာတိခံယူခဲ့ပြီး လူသားများကျူးလွန်ခဲ့သည့်အပြစ်များကို သူ၏အသက်တာ စတေးခြင်းအားဖြင့်အပြစ်များကို ဆေးကြောခဲ့သည့်အတွက် လူသားများသည် သူတို့ကျူးလွန်ခဲ့သည့်အပြစ်မှ ကင်းလွတ်ခွင့်ရရှိခဲ့ကြသည်။
ထို့အတူ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကိုလည်း ရရှိခဲ့ပါသည်။ခရစ္စမတ်ပွဲတော်ကာလတွင် ရိုးရာအပြင်အဆင်အနေဖြင့် အနီ၊ အစိမ်းနှင့် ရွှေရောင်တို့ကို အဓိကထား အသုံးပြုကြသည်။


အနီရောင်သည် ယေရှု၏သွေးတော်ကို ကိုယ်စားပြု၏။ အစိမ်းရောင်သည် ယေရှုခရစ်တော်၏ ထာဝရရှင်သန်ခြင်းကို ကိုယ်စားပြု၏။ ရွှေရောင်သည် တော်ဝင်မြင့်မြတ်ခြင်းကို ကိုယ်စားပြုပါသည်။
ခရစ္စတော်၏မွေးနေ့ကို ဂုဏ်ပြုခြင်းအားဖြင့် ပွဲတော်နေ့တွင် ပျော်ပွဲရွှင်ပွဲများ၊ စားသောက်ပွဲများကို တခမ်းတနား ကျင်းပလေ့ရှိကြသည်။
ကျေးဇူးတော်ကိုချီးမြှောက်သည့်ခရစ္စမတ်သီချင်းများကို ပျော်ပျော်ရွှင်ရွှင်သီဆိုကာ လက်ဆောင်များ ပေးအပ်ခြင်းအားဖြင့် ပျော်ရွှင်စွာ ကျင်းပကြပါသည်။

 

ကလေးသူငယ်များက ပွဲတော်အခါ၌ စန်တာကလော့သည် လက်ဆောင်ပစ္စည်းများ လာရောက်ပေးလေ့ရှိသည် ယုံကြည်ကြသည်။
ခရစ္စမတ်ပွဲတော်သည် ပျော်ရွှင်စရာကောင်းသည့်ကာလ၊ မိသားစု၊ မိတ်ဆွေသူငယ်ချင်းများ ပြန်လည်ဆုံတွေ့ပြီး နွေးထွေးသောမေတ္တာများဖြင့် ပြန်လည်ရင်းနှီးကျွမ်းဝင်သည့်ကာလဟုလည်းဆိုနိုင်ပါသည်။

 

ခရစ်စမတ်သစ်ပင် က ဘာကို ရည်ညွှန်းသလဲ။
ခရစ်စမတ်သစ်ပင်သည် တြိဂံအသွင် အခြေကြီးမားကာ အပေါ်သို့ ကျဉ်းမြောင်းသွားသော အဖျားချွန်သစ်ပင်ဖြစ်သည့်အပြင် ထိပ်ဆုံးတွင် ကြယ်တစ်စင်းပုံရှိရသည်။ ထိုကြယ် သည် ဗက်လင်ကယ် ကို ဖော်ဆောင်ကာ ခရဏ်တော် မွေးဖွားရာ ဗက်လင်မြို့ကို ညွှန်ပြသော နိမိတ်လက္ခဏာဖြစ်သည်။

 

ခရစ်စမတ် ရဲ့ အဓိကဇာတ်ကောင် စန်တာကလော့စ်
စန်တာကလော့စ် ဆိုတဲ့ နာမည် က သူတော်စင် စိန့်နိကောလပ်စ် ( St. Nickolas ) မှ ဆင်းသက်လာပြီး စိန်နိကောလပ်စ် မှ Sinter Klaus ၊ Sinter Klaus မှ Santa Claus ဖြစ်လာသည်။ နယူးယောက်တွင်နှစ်ပေါင်းများစွာ အခြေချခဲ့ကြသော ဒတ်ချ်လူမျိုးတို့က စတင်ခေါ်ဝေါ်ခြင်းဖြစ်သည်ဟုသိရသည်။ ဒတ်ချ်တို့၏သူတော်စင်ပွဲတော်မှာ ခရစ်စမတ်ချိန်ခါနှင့် တစ်လတည်းဖြစ်၍ သူတော်စင်အဘိုးအိုက လက်ဆောင်ပစ္စည်းများ သယ်ဆောင်လာသည်ဟု ယူဆကာ ခရစ်စမတ်ချိန်ခါတွင် ပုပုဝဝ ၊ မုတ်ဆိတ်ဖြူဖြူ ၊ သိုးမွှေးဝတ်စုံ အနီရဲရဲ ဆင်မြန်းထားသည့် ခရစ်စမတ်ဘိုးဘိုး ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။

 


လူတိုင်းလူတိုင်းအပေါ် ချစ်ခြင်းမေတ္တာများဖြန့်ကျက်ပြီး ပျော်ရွှင်ကြည်နူးစရာကောင်းသည့် နှစ်သစ်ကူး ကာလကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြပါစေဟု ဆန္ဒမွန်ပြုအပ်ပါတယ်။

 

Merry Christmas to you ALL !!!
အယောက်စီတိုင်းကို ဘုရားသခင်ကောင်းချီးပေးပါစေ......

 

 

 

Merry Christmas

ႏွစ္စဥ္ ဒီဇင္ဘာလ (25) ရက္ေန႔တြင္ ကမာၻအႏွံ႔အျပား၌ ခရစ္ယာန္ဘာသာဝင္မ်ား အထြဋ္အျမတ္ထား က်င္းပေသာ ပြဲေတာ္မွာ နာတာလူးပြဲေတာ္ (သို႔မဟုတ္) ခရစၥမတ္ပြဲေတာ္ ျဖစ္ပါသည္။
နာတာလူးဆိုသည္မွာ ေမြးဖြားျခင္းဟု အဓိပၸာယ္ရပါသည္။ ခရစၥမတ္ဟူသည့္ ေဝါဟာရတြင္ (Christ + Mas) ဟူ ၍အဓိပၸာယ္ႏွစ္မ်ိဳးပါဝင္သည္ကိုေတြ႕ရွိႏိုင္သည္။


Christ ဆိုသည္မွာ ေယရႈအဖဘုရားသခင္၏ အမည္နာမေတာ္ျဖစ္ၿပီး Mas ဆိုသည္မွာ ပြဲေတာ္ဟု အဓိပၸာယ္ရပါသည္။ ထို႔ေၾကာင့္ ခရစၥမတ္ဟူသည္ အဖဘုရားသခင္ေယရႈအားေမြးဖြားျခင္းဟူ၍ျဖစ္သည္။ အဖဘုရားသခင္သည္ မိမိဖန္ဆင္းထားသည့္လူသားမ်ား အျပစ္သံသရာတြင္ နစ္ေျမာေနသည္ကို မၾကည့္ရက္ေသာေၾကာင့္ တစ္ဦးတည္းေသာသားေတာ္ေယရႈကို လူ႔ဇာတိ ခံယူေစခဲ့ပါတယ္။

 

လူ႔ဇာတိအျဖစ္နဲ႔ ခံယူေစခဲ့သည့္ ရည္႐ြယ္ခ်က္မွာ
(၁) ခရစၥမတ္အားျဖင့္ လူသားအားလုံးကို ဝမ္းေျမာက္ေစရန္
(၂) လူသားအားလုံး ကယ္တင္ျခင္းရရွိေစရန္
(၃) ဘုရားႏွင့္လူသားမ်ားအၾကား ေပ်ာက္ဆုံးသြားေသာ မိသဟာရ/သင့္ျမတ္မႈျပန္လည္ရရွိရန္ျဖစ္ပါတယ္။

ေယရႈသခင္သည္ လူ႔ဇာတိခံယူခဲ့ၿပီး လူသားမ်ားက်ဴးလြန္ခဲ့သည့္အျပစ္မ်ားကို သူ၏အသက္တာ စေတးျခင္းအားျဖင့္အျပစ္မ်ားကို ေဆးေၾကာခဲ့သည့္အတြက္ လူသားမ်ားသည္ သူတို႔က်ဴးလြန္ခဲ့သည့္အျပစ္မွ ကင္းလြတ္ခြင့္ရရွိခဲ့ၾကသည္။
ထို႔အတူ ဘုရားသခင္၏ ေကာင္းခ်ီးမဂၤလာကိုလည္း ရရွိခဲ့ပါသည္။ခရစၥမတ္ပြဲေတာ္ကာလတြင္ ႐ိုးရာအျပင္အဆင္အေနျဖင့္ အနီ၊ အစိမ္းႏွင့္ ေ႐ႊေရာင္တို႔ကို အဓိကထား အသုံးျပဳၾကသည္။


အနီေရာင္သည္ ေယရႈ၏ေသြးေတာ္ကို ကိုယ္စားျပဳ၏။ အစိမ္းေရာင္သည္ ေယရႈခရစ္ေတာ္၏ ထာဝရရွင္သန္ျခင္းကို ကိုယ္စားျပဳ၏။ ေ႐ႊေရာင္သည္ ေတာ္ဝင္ျမင့္ျမတ္ျခင္းကို ကိုယ္စားျပဳပါသည္။ ခရစၥေတာ္၏ေမြးေန႔ကို ဂုဏ္ျပဳျခင္းအားျဖင့္ ပြဲေတာ္ေန႔တြင္ ေပ်ာ္ပြဲ႐ႊင္ပြဲမ်ား၊ စားေသာက္ပြဲမ်ားကို တခမ္းတနား က်င္းပေလ့ရွိၾကသည္။ ေက်းဇူးေတာ္ကိုခ်ီးေျမႇာက္သည့္ခရစၥမတ္သီခ်င္းမ်ားကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္သီဆိုကာ လက္ေဆာင္မ်ား ေပးအပ္ျခင္းအားျဖင့္ ေပ်ာ္႐ႊင္စြာ က်င္းပၾကပါသည္။

 

ကေလးသူငယ္မ်ားက ပြဲေတာ္အခါ၌ စန္တာကေလာ့သည္ လက္ေဆာင္ပစၥည္းမ်ား လာေရာက္ေပးေလ့ရွိသည္ ယုံၾကည္ၾကသည္။
ခရစၥမတ္ပြဲေတာ္သည္ ေပ်ာ္႐ႊင္စရာေကာင္းသည့္ကာလ၊ မိသားစု၊ မိတ္ေဆြသူငယ္ခ်င္းမ်ား ျပန္လည္ဆုံေတြ႕ၿပီး ေႏြးေထြးေသာေမတၱာမ်ားျဖင့္ ျပန္လည္ရင္းႏွီးကြၽမ္းဝင္သည့္ကာလဟုလည္းဆိုႏိုင္ပါသည္။

 

ခရစ္စမတ္သစ္ပင္ က ဘာကို ရည္ၫႊန္းသလဲ။
ခရစ္စမတ္သစ္ပင္သည္ ႀတိဂံအသြင္ အေျခႀကီးမားကာ အေပၚသို႔ က်ဥ္းေျမာင္းသြားေသာ အဖ်ားခြၽန္သစ္ပင္ျဖစ္သည့္အျပင္ ထိပ္ဆုံးတြင္ ၾကယ္တစ္စင္းပုံရွိရသည္။ ထိုၾကယ္ သည္ ဗက္လင္ကယ္ ကို ေဖာ္ေဆာင္ကာ ခရဏ္ေတာ္ ေမြးဖြားရာ ဗက္လင္ၿမိဳ႕ကို ၫႊန္ျပေသာ နိမိတ္လကၡဏာျဖစ္သည္။

 

ခရစ္စမတ္ ရဲ႕ အဓိကဇာတ္ေကာင္ စန္တာကေလာ့စ္
စန္တာကေလာ့စ္ ဆိုတဲ့ နာမည္ က သူေတာ္စင္ စိန႔္နိေကာလပ္စ္ ( St. Nickolas ) မွ ဆင္းသက္လာၿပီး စိန္နိေကာလပ္စ္ မွ Sinter Klaus ၊ Sinter Klaus မွ Santa Claus ျဖစ္လာသည္။ နယူးေယာက္တြင္ႏွစ္ေပါင္းမ်ားစြာ အေျခခ်ခဲ့ၾကေသာ ဒတ္ခ်္လူမ်ိဳးတို႔က စတင္ေခၚေဝၚျခင္းျဖစ္သည္ဟုသိရသည္။ ဒတ္ခ်္တို႔၏သူေတာ္စင္ပြဲေတာ္မွာ ခရစ္စမတ္ခ်ိန္ခါႏွင့္ တစ္လတည္းျဖစ္၍ သူေတာ္စင္အဘိုးအိုက လက္ေဆာင္ပစၥည္းမ်ား သယ္ေဆာင္လာသည္ဟု ယူဆကာ ခရစ္စမတ္ခ်ိန္ခါတြင္ ပုပုဝဝ ၊ မုတ္ဆိတ္ျဖဴျဖဴ ၊ သိုးေမႊးဝတ္စုံ အနီရဲရဲ ဆင္ျမန္းထားသည့္ ခရစ္စမတ္ဘိုးဘိုး ေပၚေပါက္လာျခင္းျဖစ္ပါသည္။


လူတိုင္းလူတိုင္းအေပၚ ခ်စ္ျခင္းေမတၱာမ်ားျဖန႔္က်က္ၿပီး ေပ်ာ္႐ႊင္ၾကည္ႏူးစရာေကာင္းသည့္ ႏွစ္သစ္ကူး ကာလကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျဖတ္သန္းႏိုင္ၾကပါေစဟု ဆႏၵမြန္ျပဳအပ္ပါတယ္။

 

Merry Christmas to you ALL !!!
အေယာက္စီတိုင္းကို ဘုရားသခင္ေကာင္းခ်ီးေပးပါေစ......

Read times
Rate this articles
(0 votes)