×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Tuesday, 19 January 2021

Graphic Designer တိုင်းသိထားသင့်တဲ့ Graphic Design (၇) မျိုး

Graphic Designer တိုင်းသိထားသင့်တဲ့ Graphic Design (၇) မျိုး

၂၀၂၁ မှာရေပန်းစားလာမယ့် အလုပ်အကိုင်တွေထဲမှာ Graphic Designer ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါ့အပြင် အခုခေတ်မှာ ဒီနယ်ပယ်ထဲကို ခြေစုံပစ်ဝင်လိုတဲ့ လူငယ်တွေလည်းများပြားလာတာကြောင့် Graphic Design (၇) မျိုးကို အားလုံးဗဟုသုတရအောင် တင်ပြလိုက်ပါတယ်။

 

(၁) Visual Identity Graphic Design
Visual Design ဆိုတာ အထူးသဖြင့် Brand Identity ဒီဇိုင်းတစ်ခုပါ။ Brand ဆိုတာက စားသုံးသူနဲ့ ထုတ်လုပ်သူတို့ကို ချိတ်ဆက်ပေးတဲ့ တံတားတစ်စင်းဖြစ်ပါတယ်။ Visual Identity Graphic Design က ဒီတံတာလေး ပိုမိုလှပအောင်၊ ပိုမို‌ ခိုင်ခံ့အောင် ပံ့ပိုးပေးရခြင်းဖြစ်ပါတယ်။ ဒီလို Visual Design ကိုရေးဆွဲတော့မယ်ဆိုရင် ဒီဇိုင်နာအနေနဲ့ Brand ရဲ့ Personality, Tone နဲ့ Essence တွေကို စားသုံးသူတွေဆီ ခံစားချက်တစ်ခု၊ အမှတ်တရတစ်ခု အနေနဲ့ ရောက်ရှိအောင် ပို့ဆောင်ပေးရတဲ့ အရာဖြစ်ပါတယ်။ Visual Identity Graphic Designer တွေက ကုမ္ပဏီတစ်ခုအတွက် Logo တွေ၊ Typography တွေ၊ Color Palettes တွေကို ဖန်တီးပေးရပါတယ်။

 

(၂) Marketing & Advertising Graphic Design
လူတော်တော်များများက Graphic Design လို့ ပြောလိုက်တာနဲ့ မားကတ်တင်းကို တန်းမြင်ကြပါတော့တယ်။ ဟုတ်ပါတယ်။ မားကတ်တင်းကို ကောင်းကောင်းကိုင်တွယ်နိုင်ဖို့အတွက် Graphic Design က အကောင်းဆုံးဘက်တော်သားတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ မားကတ်တင်းဆိုတာက လူတွေရဲ့ လိုအပ်ချက်၊ လိုချင်စိတ် နဲ့ သူတို့ရဲ့ Awareness တွေကို အမိအရ ကိုင်ဆုပ်နိုင်ဖို့ အရေးကြီးပါတယ်။ ဒီလို ဖမ်းဆုပ်နိုင်ဖို့အတွက် Graphic Designer ရဲ့ အိုင်ဒီယာတွေကို လိုအပ်လာပါတော့တယ်။ Marketing & Advertising Graphic Design တွေကတော့ အများကြီးပါပဲ။ ဉပမာ- Postcards ၊ Flyer ၊ Poster ၊ Banners ၊ Billboards စတာတွေဖြစ်ပါတယ်။

 

(၃) User Interface Graphic Design
User Interface (UI) က ဒီနေ့ခေတ်လို လေလှိုင်းပေါ်လူတွေရောက်လာတဲ့အခါမှာ သိပ်ကိုအရေးပါလာတဲ့ ပညာရပ်တစ်ခုပါ။ Application တစ်ခုကိုစသုံးပြီဆိုတာနဲ့ လူတွေအတွက် သုံးရလွယ်ကူပြီး ပြည့်စုံတဲ့ ဒီဇိုင်းတစ်ခုကို ပေးစွမ်းနိုင်ဖို့ အရေးကြီးပါတယ်။ UI Designer တွေက သုံးစွဲသူတွေ အဆင်ပြေချောမွေ့ဖို့ ကို ဉီးတည်စဉ်းစားကြရပါတယ်။ UI Graphic Design တွေကတော့ Web Page Design, Theme Design, Game Interfaces, App Design တွေပဲဖြစ်ပါတယ်။

 

(၄) Publication Graphic Design
Publication Graphic Design ကတော့ ရှင်းပါတယ်။ လူထုတစ်ခုလုံးနဲ့ ဆက်သွယ်နိုင်ဖို့ကြိုးစားတဲ့အခါ အသုံးပြုရတဲ့ ဒီဇိုင်းပါ။ ဟိုးအရင်ကတော့ ဒါတွေက Printer သမားတွေလုပ်ရတဲ့အလုပ်တွေပေါ့။ Publication ဒီဇိုင်းဆိုတာက ဘာတွေလဲဆိုတော့ စာအုပ်တွေ၊ သတင်းစာတွေ၊ မဂ္ဂဇင်းတွေ၊ ကတ်သလောက်တွေ ထုတ်တဲ့အခါ အသုံးပြုရတဲ့ ဒီဇိုင်းတွေပါ။ ဒါပေမယ့် အခုခေတ်မှာတော့ ဒစ်ဂျစ်တယ်လွှမ်းမိုးမှုတွေကြောင့် ပိုပြီးသာလွန်ကောင်းမွန်တဲ့ ဒီဇိုင်းတွေကို ဖန်တီးလာကြရပါတယ်။

 

(၅) Packaging Graphic Design
ထုတ်ကုန်တော်တော်များများ က သူတို့ရဲ့ ပစ္စည်းတွေကို ထိန်းသိမ်းပြင်ဆင်ရောင်းချဖို့အတွက် Packaging လုပ်ကြရပါတယ်။။ ဒါပေမဲ့ Packaging Design စားသုံးသူတွေနဲ့ ပစ္စည်းကို ပထမဆုံးထိတွေ့စေတဲ့ အရာဖြစ်တဲ့အတွက် မားကတ်တင်းအရ သိပ်ကိုအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် သူများတွေနဲ့ မတူအောင် ကိုယ့်ရဲ့ ထုတ်ကုန်ဒီဇိုင်းကို လှပအောင်ပြင်ဆင်တဲ့အခါ Packaging Graphic Design က အရေးကြီးလာပါတော့တယ်။

 

(၆) Motion Graphic Design
Motion Graphic Design ဆိုတာကတော့ လွယ်လွယ်ပြောရရင် လှုပ်ရှားနေတဲ့ Graphic Design ပေါ့။ Motion Graphic Design မှာ ဘာတွေပါမလဲ ဆိုတော့ Animation, Audio, Typography, Video စတဲ့အရာတွေပါပါတယ်။ ဒီနေ့ခေတ်မှာဆို Video Content တွေက သိပ်ကို ခေတ်ထလာတာကြောင့် Motion Graphic Design တွေက နေရာတစ်ခုကို သိမ်းပိုက်လာနိုင်ပါပြီ။

 

(၇) Environmental Graphic Design
ဒါကတော့ နေရာတွေကို လူတွေရဲ့ စိတ်ထဲမှာစွဲထင်ကျန်ရစ်အောင် ဖန်တီးရတဲ့ ဒီဇိုင်းတွေဖြစ်ပါတယ်။ လူတွေ စိတ်ဝင်စားအောင်၊ ကျေနပ်နှစ်သိမ့်မှုဖြစ်အောင် ပြင်ဆင်ထားတဲ့ အခင်းအကျင်း၊ အပြင်အဆင်တိုင်းက Environmental Graphic Design ပါပဲ။ ဥပမာ- စတိတ်စင်အပြင်အဆင်တွေ၊ ဆိုင်တွင်းအပြင်အဆင်တွေ၊ အိမ်တွင်းအပြင်အဆင်တွေ အစရှိသဖြင့်ပေါ့။

 

Graphic Design တွေက တစ်ခုနဲ့တစ်ခုချိတ်ဆက်နေကြတယ်ဆိုပေမဲ့ ကိုယ်ရေးဆွဲလိုတဲ့ ဒီဇိုင်းပေါ်မူတည်ပြီး သိရှိထားရမယ့် Rules တွေ ကကွာခြားပါတယ်။ ဒါ့အပြင် Graphic Design က သိမ်မွေ့နက်နဲတဲ့ အနုပညာတစ်ခုဖြစ်တဲ့အတွက် သင်က Graphic Designer တစ်ဦးဖြစ်လိုတယ်ဆိုရင် လေ့လာမှုကို ဘယ်တော့မှ ရပ်တန့်လို့မရပါဘူး။


Graphic Design သင်ကြားသော ဆရာ/ဆရာမများကို ရှာဖွေလိုပါလျှင်
>>> https://www.sayar.com.mm/subjects/all-teachers/subject-269.html<<<

 

 

Graphic Designer တိုင္းသိထားသင့္တဲ့ Graphic Design (၇) မ်ိဳး

၂၀၂၁ မွာေရပန္းစားလာမယ့္ အလုပ္အကိုင္ေတြထဲမွာ Graphic Designer ကလည္း တစ္ခုအပါအဝင္ျဖစ္ပါတယ္။ ဒါ့အျပင္ အခုေခတ္မွာ ဒီနယ္ပယ္ထဲကို ေျခစုံပစ္ဝင္လိုတဲ့ လူငယ္ေတြလည္းမ်ားျပားလာတာေၾကာင့္ Graphic Design (၇) မ်ိဳးကို အားလုံးဗဟုသုတရေအာင္ တင္ျပလိုက္ပါတယ္။

 

(၁) Visual Identity Graphic Design
Visual Design ဆိုတာ အထူးသျဖင့္ Brand Identity ဒီဇိုင္းတစ္ခုပါ။ Brand ဆိုတာက စားသုံးသူနဲ႔ ထုတ္လုပ္သူတို႔ကို ခ်ိတ္ဆက္ေပးတဲ့ တံတားတစ္စင္းျဖစ္ပါတယ္။ Visual Identity Graphic Design က ဒီတံတာေလး ပိုမိုလွပေအာင္၊ ပိုမို‌ ခိုင္ခံ့ေအာင္ ပံ့ပိုးေပးရျခင္းျဖစ္ပါတယ္။ ဒီလို Visual Design ကိုေရးဆြဲေတာ့မယ္ဆိုရင္ ဒီဇိုင္နာအေနနဲ႔ Brand ရဲ႕ Personality, Tone နဲ႔ Essence ေတြကို စားသုံးသူေတြဆီ ခံစားခ်က္တစ္ခု၊ အမွတ္တရတစ္ခု အေနနဲ႔ ေရာက္ရွိေအာင္ ပို႔ေဆာင္ေပးရတဲ့ အရာျဖစ္ပါတယ္။ Visual Identity Graphic Designer ေတြက ကုမၸဏီတစ္ခုအတြက္ Logo ေတြ၊ Typography ေတြ၊ Color Palettes ေတြကို ဖန္တီးေပးရပါတယ္။

 

(၂) Marketing & Advertising Graphic Design
လူေတာ္ေတာ္မ်ားမ်ားက Graphic Design လို႔ ေျပာလိုက္တာနဲ႔ မားကတ္တင္းကို တန္းျမင္ၾကပါေတာ့တယ္။ ဟုတ္ပါတယ္။ မားကတ္တင္းကို ေကာင္းေကာင္းကိုင္တြယ္ႏိုင္ဖို႔အတြက္ Graphic Design က အေကာင္းဆုံးဘက္ေတာ္သားတစ္ခုလို႔လည္း ဆိုႏိုင္ပါတယ္။ မားကတ္တင္းဆိုတာက လူေတြရဲ႕ လိုအပ္ခ်က္၊ လိုခ်င္စိတ္ နဲ႔ သူတို႔ရဲ႕ Awareness ေတြကို အမိအရ ကိုင္ဆုပ္ႏိုင္ဖို႔ အေရးႀကီးပါတယ္။ ဒီလို ဖမ္းဆုပ္ႏိုင္ဖို႔အတြက္ Graphic Designer ရဲ႕ အိုင္ဒီယာေတြကို လိုအပ္လာပါေတာ့တယ္။ Marketing & Advertising Graphic Design ေတြကေတာ့ အမ်ားႀကီးပါပဲ။ ဉပမာ- Postcards ၊ Flyer ၊ Poster ၊ Banners ၊ Billboards စတာေတြျဖစ္ပါတယ္။

 

(၃) User Interface Graphic Design
User Interface (UI) က ဒီေန႔ေခတ္လို ေလလႈိင္းေပၚလူေတြေရာက္လာတဲ့အခါမွာ သိပ္ကိုအေရးပါလာတဲ့ ပညာရပ္တစ္ခုပါ။ Application တစ္ခုကိုစသုံးၿပီဆိုတာနဲ႔ လူေတြအတြက္ သုံးရလြယ္ကူၿပီး ျပည့္စုံတဲ့ ဒီဇိုင္းတစ္ခုကို ေပးစြမ္းႏိုင္ဖို႔ အေရးႀကီးပါတယ္။ UI Designer ေတြက သုံးစြဲသူေတြ အဆင္ေျပေခ်ာေမြ႕ဖို႔ ကို ဉီးတည္စဥ္းစားၾကရပါတယ္။ UI Graphic Design ေတြကေတာ့ Web Page Design, Theme Design, Game Interfaces, App Design ေတြပဲျဖစ္ပါတယ္။

 

(၄) Publication Graphic Design
Publication Graphic Design ကေတာ့ ရွင္းပါတယ္။ လူထုတစ္ခုလုံးနဲ႔ ဆက္သြယ္ႏိုင္ဖို႔ႀကိဳးစားတဲ့အခါ အသုံးျပဳရတဲ့ ဒီဇိုင္းပါ။ ဟိုးအရင္ကေတာ့ ဒါေတြက Printer သမားေတြလုပ္ရတဲ့အလုပ္ေတြေပါ့။ Publication ဒီဇိုင္းဆိုတာက ဘာေတြလဲဆိုေတာ့ စာအုပ္ေတြ၊ သတင္းစာေတြ၊ မဂၢဇင္းေတြ၊ ကတ္သေလာက္ေတြ ထုတ္တဲ့အခါ အသုံးျပဳရတဲ့ ဒီဇိုင္းေတြပါ။ ဒါေပမယ့္ အခုေခတ္မွာေတာ့ ဒစ္ဂ်စ္တယ္လႊမ္းမိုးမႈေတြေၾကာင့္ ပိုၿပီးသာလြန္ေကာင္းမြန္တဲ့ ဒီဇိုင္းေတြကို ဖန္တီးလာၾကရပါတယ္။

 

(၅) Packaging Graphic Design
ထုတ္ကုန္ေတာ္ေတာ္မ်ားမ်ား က သူတို႔ရဲ႕ ပစၥည္းေတြကို ထိန္းသိမ္းျပင္ဆင္ေရာင္းခ်ဖို႔အတြက္ Packaging လုပ္ၾကရပါတယ္။။ ဒါေပမဲ့ Packaging Design စားသုံးသူေတြနဲ႔ ပစၥည္းကို ပထမဆုံးထိေတြ႕ေစတဲ့ အရာျဖစ္တဲ့အတြက္ မားကတ္တင္းအရ သိပ္ကိုအေရးႀကီးတဲ့ အစိတ္အပိုင္းတစ္ခုျဖစ္ပါတယ္။ ဒါ့အျပင္ သူမ်ားေတြနဲ႔ မတူေအာင္ ကိုယ့္ရဲ႕ ထုတ္ကုန္ဒီဇိုင္းကို လွပေအာင္ျပင္ဆင္တဲ့အခါ Packaging Graphic Design က အေရးႀကီးလာပါေတာ့တယ္။

 

(၆) Motion Graphic Design
Motion Graphic Design ဆိုတာကေတာ့ လြယ္လြယ္ေျပာရရင္ လႈပ္ရွားေနတဲ့ Graphic Design ေပါ့။ Motion Graphic Design မွာ ဘာေတြပါမလဲ ဆိုေတာ့ Animation, Audio, Typography, Video စတဲ့အရာေတြပါပါတယ္။ ဒီေန႔ေခတ္မွာဆို Video Content ေတြက သိပ္ကို ေခတ္ထလာတာေၾကာင့္ Motion Graphic Design ေတြက ေနရာတစ္ခုကို သိမ္းပိုက္လာႏိုင္ပါၿပီ။

 

(၇) Environmental Graphic Design
ဒါကေတာ့ ေနရာေတြကို လူေတြရဲ႕ စိတ္ထဲမွာစြဲထင္က်န္ရစ္ေအာင္ ဖန္တီးရတဲ့ ဒီဇိုင္းေတြျဖစ္ပါတယ္။ လူေတြ စိတ္ဝင္စားေအာင္၊ ေက်နပ္ႏွစ္သိမ့္မႈျဖစ္ေအာင္ ျပင္ဆင္ထားတဲ့ အခင္းအက်င္း၊ အျပင္အဆင္တိုင္းက Environmental Graphic Design ပါပဲ။ ဥပမာ- စတိတ္စင္အျပင္အဆင္ေတြ၊ ဆိုင္တြင္းအျပင္အဆင္ေတြ၊ အိမ္တြင္းအျပင္အဆင္ေတြ အစရွိသျဖင့္ေပါ့။

 

Graphic Design ေတြက တစ္ခုနဲ႔တစ္ခုခ်ိတ္ဆက္ေနၾကတယ္ဆိုေပမဲ့ ကိုယ္ေရးဆြဲလိုတဲ့ ဒီဇိုင္းေပၚမူတည္ၿပီး သိရွိထားရမယ့္ Rules ေတြ ကကြာျခားပါတယ္။ ဒါ့အျပင္ Graphic Design က သိမ္ေမြ႕နက္နဲတဲ့ အႏုပညာတစ္ခုျဖစ္တဲ့အတြက္ သင္က Graphic Designer တစ္ဦးျဖစ္လိုတယ္ဆိုရင္ ေလ့လာမႈကို ဘယ္ေတာ့မွ ရပ္တန႔္လို႔မရပါဘူး။

 


Graphic Design သင္ၾကားေသာ ဆရာ/ဆရာမမ်ားကို ရွာေဖြလိုပါလွ်င္
>>> https://www.sayar.com.mm/subjects/all-teachers/subject-269.html<<<

 

Read times
Rate this articles
(0 votes)