×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 01 March 2021

နေ့စဉ်လူနေမှုဘဝအတွက် မရှိမဖြစ်အရေးကြီးသည့် အံ့ဖွယ် ဗီတာမင် – ဒီ

နေ့စဉ်လူနေမှုဘဝအတွက် မရှိမဖြစ်အရေးကြီးသည့် အံ့ဖွယ် ဗီတာမင် – ဒီ


လူတို့ အသက်ရှင်သန်ရန်နှင့် ကျန်းမာရေး ကောင်းရန်အတွက် ဗီတာမင်"ဒီ" က အံ့ဖွယ် ဗီတာမင်တစ်မျိုး ဖြစ်သည်။ ကျန်းမာရေးကောင်းမွန်စေရန်အတွက် "ဗီတာမင် ဒီဓာတ်" လုံလုံလောက်လောက် ရရန်လိုအပ်ကြောင်း အထောက်အထားအသစ်များက ညွှန်ပြပေးနေပါတယ်။

 

ကျန်းမာရေးကောင်းရန်အတွက် အာဟာရမျှမျှတတပါဝင်သော အစားအစာများ၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို များများ စားရန်၊ ကျန်းမာရေးလေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ရန်နှင့် ဆေးလိပ်မသောက်ရန် ဖြစ် အရေးကြီးပါတယ်။ ဒါ့အပြင် ဗီတာမင်ဒီဓာတ် ရရှိအောင် နေပူစာ လှုံရန်ပင် အရေးကြီးပါတယ်။

 

နေရောင်ခြည်နဲ့ပတ်သက်ပြီး သတိထားရမယ့်အချက်တွေလည်း ရှိပါသေးတယ်။ နေရောင်ခြည်သည် အရေပြား များကို တွန့်မြန်စေကာ အရေပြားကင်ဆာကို ဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။ ဒါပေမယ့်လည်း ယခုနောက်ဆုံးတွေ့ရှိချက်မှာ နေရောင်ခြည်ဟာ လူ့ကျန်းမာရေးကို အကျိုးပြုသည်ဟူသော အချက်ပင် ဖြစ်ပါတယ်။ (မနက်ပိုင်း ရရှိတဲ့နေရောင်ခြည်နဲ့ နေ့လည်ပိုင်း ရရှိတဲ့နေရာခြည်က အနည်းငယ်ကွာခြားတယ်လို့ဆိုပါတယ်။ နေ့လည်ပိုင်းရရှိတဲ့နေရောင်ခြည်မှာ ခရမ်းလွန်ရောင်ခြည်ပမာဏ ပါဝင်မှုပိုမိုများပြားတဲ့အတွက် အရေပြားကင်ဆာကို ဖြစ်စေနိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ဒီ့အတွက် မနက်ခင်းနေရောင်ခြည်ကို ခံယူတာက ပိုမိုကောင်းမွန်ပါတယ်။)


နေရောင်ခြည်တွင်ပါရှိသော ဗီတာမင်ဒီဓာတ်က ကင်ဆာရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးတယ်။ နှလုံးရောဂါဖြစ်ခြင်းမှလည်း ကာကွယ်ပေးတယ်။ ဒါ့အပြင် သွားဖုံးရောင်ရောဂါ၊ ဆီးချိုရောဂါနှင့် ခြေဆစ် လက်ဆစ်အကိုက်အခဲ ရောဂါတို့ကိုလည်း ကာကွယ်ပေးတယ်။ အရိုးများကိုလည်း သန်စွမ်းကျန်းမာစေပါတယ်။

 

ဗီတာမင်ဒီဓာတ်ပါသော အစားအစာများကို စားခြင်း၊ နေပူစာ လှုံခြင်းဖြင့် အူမကြီးကင်ဆာ မဖြစ်အောင် တားဆီးနိုင်ပါတယ်။ နေရောင်ခြည် အရနည်းသော အမေရိကန်အရှေ့မြောက်ပိုင်းမှာ နေထိုင်သူများသည် နေရောင်ခြည်များများရသော အမေရိကန်တောင်ပိုင်း၌ နေထိုင်သူများထက် အူမကြီးကင်ဆာ အဖြစ်များကြောင်း သိရပါတယ်။

 

ဗီတာမင်ဒီဓာတ် လုံလုံလောက်လောက်မရသူတို့တွင် ကင်ဆာ (၁၈) မျိုးအထိ ဖြစ်ပွားနိုင်ကြောင်း (တစ်ယောက် တစ်မျိုးစီ)၊ အဆိုပါ ကင်ဆာ (၁၈) မျိုးတွင် ရင်သား၊ အဆုတ်၊ ဆီးကျိတ်နှင့်အူမကြီးကင်ဆာတို့ ပါဝင်ပါတယ်။ သုတေသီများရဲ့ လေ့လာစမ်းသပ်ချက်အရ အခန်းအောင်းပြီး နှစ်ပေါင်းအတန်ကြာ အလုပ်လုပ်ကြသော အမျိုးသားများတွင်ဆီးကျိတ်ကင်ဆာ အဖြစ်များတယ်လို့ ဆိုပါတယ်။

 

အအေးပိုင်းဒေသဖြစ်တဲ့ ဗြိတိန်နိုင်ငံတွင် နေထိုင်ကြသော၊ အသားအရောင်မည်းသော အာရှ၊ အာဖရိကတိုက်သား ကလေးလူငယ်လူရွယ်များမှာဆိုရင် ဗီတာမင်ဒီဓာတ် လျော့နည်းနေကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ အမည်းရောင်အရေပြားက ဗီတာမင်ဒီ ထုတ်လုပ်ပေးသည့်နေရောင်ခြည်၏ ခရမ်းလွန်ရောင်ခြည်"ဘီ"ကို လုံလုံလောက်လောက် မစုပ်ယူနိုင်ခြင်းကြောင့်ဖြစ်ပါတယ်။

 

ကင်ဆာရောဂါဖြစ်ပြီး နောက်ပိုင်းတွင်လည်း ခန္ဓာကိုယ်တွင်းရှိ ဗီတာမင်ဒီဓာတ်ဟာ ရောဂါကိုတိုက်ဖျက်ရာ၌ ကူညီပေးပါတယ်။ ဟားဗတ်တက္ကသိုလ်၏ လေ့လာတွေ့ရသည်မှာ အဆုတ်ကင်ဆာဝေဒနာသည်များတွင် နေရောင်ခြည်မှ ဗီတာမင်-ဒီဓာတ်အပါအဝင် ဗီတာမင်ဒီဓာတ် ရရှိမှု နည်းပါးသူများ၏ သေဆုံးမှုနှုန်းမှာ ဗီတာမင်ဒီဓာတ်များများ ရရှိထားသူများထက် ၄၀ ရာခိုင်နှုန်းပိုများတယ်။

 

ဗီတာမင်ဒီဓာတ် လိုအပ်ချက်က အသက်အရွယ်ကိုလိုက်ပြီး ကွာခြားချက်ရှိပါတယ်။ အသက် ၅၀နှစ်အောက် ကျား၊ မ များအတွက် တစ်နေ့လျှင်၂၀၀ အိုင်ယူ (နိုင်ငံတကာယူနစ်) လိုအပ်ပြီးအသက် ၅၁ နှစ်မှ အသက် ၇၀ နှစ်အတွင်းရှိ ကျား၊ မ များအတွက် တစ်နေ့လျှင် ၄၀၀ အိုင်ယူ(နိုင်ငံတကာယူနစ်) လိုအပ်ပါတယ်။ အသက် ၇၁ နှစ်အထက် ကျား၊ မ များမှာမူ တစ်နေ့လျှင် ၆၀၀ အိုင်ယူ လိုအပ်ပါတယ်။

 

ဗီတာမင်ဒီကို အစားအစာများမှတဆင့်လည်း ရရှိနိုင်ပါသေးတယ်။ ဗီတာမင်ဒီဓာတ် ရနိုင်သော အစားအစာ များမှာ ငါးကြီးဆီ၊ ချက်ပြုတ်ပြီး ဆော်လမွန်ငါး၊ချက်ပြုတ်ပြီး မက်ကရယ်ငါး၊ ကျူနာငါး(ငါးသေတ္တာ)၊ ဆာဒင်းငါး (ငါးသေတ္တာ) နှင့် နို့အမျိုးမျိုး တို့ဖြစ်ပါတယ်။ ။

 

ကမ္ဘာတစ်ခွင်တွင် ဗီတာမင်ဒီဓာတ် လျော့နည်းနေသည့် လူဦးရေမှာ သန်း ၁,၀၀၀ခန့် ရှိပါတယ်။ လူတစ်ဦးသည် ဗီတာမင်ဒီဓာတ်ကိုနေရောင်ခြည်နှင့် အစားအစာတို့မှ တစ်နေ့လျှင်ယူနစ် အိုင်ယူ ၁ယ၀၀၀ ခန့် (၂၀၀ ဂရမ်ခန့်)လိုအပ်၏။

 

>>> ကလေးများကို ဉာဏ်ကောင်းအောင် ဘာကျွေးမလဲ - https://www.sayar.com.mm/whats-new/knowledge/item/65-how-to-feed-children- better-understanding.html <<<

 

>>> ဦးနှောက်အာရုံစူးစိုက်မှုကို ဖွံ့ဖြိုးတိုးတက်စေမည့် အစားအစာများ - https://www.sayar.com.mm/whats-new/knowledge/item/1451-meals-improve-your-focus.html <<<

 

Ref: မြသန်း - သုတပဒေသာ
Ref: The Miracle Vitamin
By - Paula Dranov
R.D, Feb, 2007

 

 

ေန႔စဥ္လူေနမႈဘ၀အတြက္ မရွိမျဖစ္အေရးႀကီးသည့္ အံ့ဖြယ္ ဗီတာမင္ – ဒီ

လူတို႔ အသက္ရွင္သန္ရန္ႏွင့္ က်န္းမာေရး ေကာင္းရန္အတြက္ ဗီတာမင္"ဒီ" က အံ့ဖြယ္ ဗီတာမင္တစ္မ်ိဳး ျဖစ္သည္။ က်န္းမာေရးေကာင္းမြန္ေစရန္အတြက္ "ဗီတာမင္ ဒီဓာတ္" လုံလုံေလာက္ေလာက္ ရရန္လိုအပ္ေၾကာင္း အေထာက္အထားအသစ္မ်ားက ၫႊန္ျပေပးေနပါတယ္။

 

က်န္းမာေရးေကာင္းရန္အတြက္ အာဟာရမွ်မွ်တတပါဝင္ေသာ အစားအစာမ်ား၊ သစ္သီးမ်ားႏွင့္ ဟင္းသီးဟင္း႐ြက္မ်ားကို မ်ားမ်ား စားရန္၊ က်န္းမာေရးေလ့က်င့္ခန္းကို ပုံမွန္ျပဳလုပ္ရန္ႏွင့္ ေဆးလိပ္မေသာက္ရန္ ျဖစ္ အေရးႀကီးပါတယ္။ ဒါ့အျပင္ ဗီတာမင္ဒီဓာတ္ ရရွိေအာင္ ေနပူစာ လႈံရန္ပင္ အေရးႀကီးပါတယ္။

 

ေနေရာင္ျခည္နဲ႔ပတ္သက္ၿပီး သတိထားရမယ့္အခ်က္ေတြလည္း ရွိပါေသးတယ္။ ေနေရာင္ျခည္သည္ အေရျပား မ်ားကို တြန႔္ျမန္ေစကာ အေရျပားကင္ဆာကို ျဖစ္ေစႏိုင္တယ္လို႔ဆိုပါတယ္။ ဒါေပမယ့္လည္း ယခုေနာက္ဆုံးေတြ႕ရွိခ်က္မွာ ေနေရာင္ျခည္ဟာ လူ႔က်န္းမာေရးကို အက်ိဳးျပဳသည္ဟူေသာ အခ်က္ပင္ ျဖစ္ပါတယ္။ (မနက္ပိုင္း ရရွိတဲ့ေနေရာင္ျခည္နဲ႔ ေန႔လည္ပိုင္း ရရွိတဲ့ေနရာျခည္က အနည္းငယ္ကြာျခားတယ္လို႔ဆိုပါတယ္။ ေန႔လည္ပိုင္းရရွိတဲ့ေနေရာင္ျခည္မွာ ခရမ္းလြန္ေရာင္ျခည္ပမာဏ ပါ၀င္မႈပိုမိုမ်ားျပားတဲ့အတြက္ အေရျပားကင္ဆာကို ျဖစ္ေစႏိုင္တယ္လို႔ ေလ့လာေတြ႕ရွိရပါတယ္။ ဒီ့အတြက္ မနက္ခင္းေနေရာင္ျခည္ကို ခံယူတာက ပိုမိုေကာင္းမြန္ပါတယ္။)


ေနေရာင္ျခည္တြင္ပါရွိေသာ ဗီတာမင္ဒီဓာတ္က ကင္ဆာေရာဂါျဖစ္ျခင္းမွ ကာကြယ္ေပးတယ္။ ႏွလုံးေရာဂါျဖစ္ျခင္းမွလည္း ကာကြယ္ေပးတယ္။ ဒါ့အျပင္ သြားဖုံးေရာင္ေရာဂါ၊ ဆီးခ်ိဳေရာဂါႏွင့္ ေျခဆစ္ လက္ဆစ္အကိုက္အခဲ ေရာဂါတို႔ကိုလည္း ကာကြယ္ေပးတယ္။ အ႐ိုးမ်ားကိုလည္း သန္စြမ္းက်န္းမာေစပါတယ္။


ဗီတာမင္ဒီဓာတ္ပါေသာ အစားအစာမ်ားကို စားျခင္း၊ ေနပူစာ လႈံျခင္းျဖင့္ အူမႀကီးကင္ဆာ မျဖစ္ေအာင္ တားဆီးႏိုင္ပါတယ္။ ေနေရာင္ျခည္ အရနည္းေသာ အေမရိကန္အေရွ႕ေျမာက္ပိုင္းမွာ ေနထိုင္သူမ်ားသည္ ေနေရာင္ျခည္မ်ားမ်ားရေသာ အေမရိကန္ေတာင္ပိုင္း၌ ေနထိုင္သူမ်ားထက္ အူမႀကီးကင္ဆာ အျဖစ္မ်ားေၾကာင္း သိရပါတယ္။

 

ဗီတာမင္ဒီဓာတ္ လုံလုံေလာက္ေလာက္မရသူတို႔တြင္ ကင္ဆာ (၁၈) မ်ိဳးအထိ ျဖစ္ပြားႏိုင္ေၾကာင္း (တစ္ေယာက္ တစ္မ်ိဳးစီ)၊ အဆိုပါ ကင္ဆာ (၁၈) မ်ိဳးတြင္ ရင္သား၊ အဆုတ္၊ ဆီးက်ိတ္ႏွင့္အူမႀကီးကင္ဆာတို႔ ပါဝင္ပါတယ္။ သုေတသီမ်ားရဲ႕ ေလ့လာစမ္းသပ္ခ်က္အရ အခန္းေအာင္းၿပီး ႏွစ္ေပါင္းအတန္ၾကာ အလုပ္လုပ္ၾကေသာ အမ်ိဳးသားမ်ားတြင္ဆီးက်ိတ္ကင္ဆာ အျဖစ္မ်ားတယ္လို႔ ဆိုပါတယ္။

 

အေအးပိုင္းေဒသျဖစ္တဲ့ ၿဗိတိန္ႏိုင္ငံတြင္ ေနထိုင္ၾကေသာ၊ အသားအေရာင္မည္းေသာ အာရွ၊ အာဖရိကတိုက္သား ကေလးလူငယ္လူ႐ြယ္မ်ားမွာဆိုရင္ ဗီတာမင္ဒီဓာတ္ ေလ်ာ့နည္းေနေၾကာင္း၊ ထိုသို႔ျဖစ္ရျခင္းမွာ အမည္းေရာင္အေရျပားက ဗီတာမင္ဒီ ထုတ္လုပ္ေပးသည့္ေနေရာင္ျခည္၏ ခရမ္းလြန္ေရာင္ျခည္"ဘီ"ကို လုံလုံေလာက္ေလာက္ မစုပ္ယူႏိုင္ျခင္းေၾကာင့္ျဖစ္ပါတယ္။

 

ကင္ဆာေရာဂါျဖစ္ၿပီး ေနာက္ပိုင္းတြင္လည္း ခႏၶာကိုယ္တြင္းရွိ ဗီတာမင္ဒီဓာတ္ဟာ ေရာဂါကိုတိုက္ဖ်က္ရာ၌ ကူညီေပးပါတယ္။ ဟားဗတ္တကၠသိုလ္၏ ေလ့လာေတြ႕ရသည္မွာ အဆုတ္ကင္ဆာေဝဒနာသည္မ်ားတြင္ ေနေရာင္ျခည္မွ ဗီတာမင္-ဒီဓာတ္အပါအဝင္ ဗီတာမင္ဒီဓာတ္ ရရွိမႈ နည္းပါးသူမ်ား၏ ေသဆုံးမႈႏႈန္းမွာ ဗီတာမင္ဒီဓာတ္မ်ားမ်ား ရရွိထားသူမ်ားထက္ ၄၀ ရာခိုင္ႏႈန္းပိုမ်ားတယ္။

 

ဗီတာမင္ဒီဓာတ္ လိုအပ္ခ်က္က အသက္အ႐ြယ္ကိုလိုက္ၿပီး ကြာျခားခ်က္ရွိပါတယ္။ အသက္ ၅၀ႏွစ္ေအာက္ က်ား၊ မ မ်ားအတြက္ တစ္ေန႔လွ်င္၂၀၀ အိုင္ယူ (ႏိုင္ငံတကာယူနစ္) လိုအပ္ၿပီးအသက္ ၅၁ ႏွစ္မွ အသက္ ၇၀ ႏွစ္အတြင္းရွိ က်ား၊ မ မ်ားအတြက္ တစ္ေန႔လွ်င္ ၄၀၀ အိုင္ယူ(ႏိုင္ငံတကာယူနစ္) လိုအပ္ပါတယ္။ အသက္ ၇၁ ႏွစ္အထက္ က်ား၊ မ မ်ားမွာမူ တစ္ေန႔လွ်င္ ၆၀၀ အိုင္ယူ လိုအပ္ပါတယ္။။

 

ဗီတာမင္ဒီကို အစားအစာမ်ားမွတဆင့္လည္း ရရွိႏိုင္ပါေသးတယ္။ ဗီတာမင္ဒီဓာတ္ ရႏိုင္ေသာ အစားအစာ မ်ားမွာ ငါးႀကီးဆီ၊ ခ်က္ျပဳတ္ၿပီး ေဆာ္လမြန္ငါး၊ခ်က္ျပဳတ္ၿပီး မက္ကရယ္ငါး၊ က်ဴနာငါး(ငါးေသတၱာ)၊ ဆာဒင္းငါး (ငါးေသတၱာ) ႏွင့္ ႏို႔အမ်ိဳးမ်ိဳး တို႔ျဖစ္ပါတယ္။ ။

 

ကမာၻတစ္ခြင္တြင္ ဗီတာမင္ဒီဓာတ္ ေလ်ာ့နည္းေနသည့္ လူဦးေရမွာ သန္း ၁,၀၀၀ခန႔္ ရွိပါတယ္။ လူတစ္ဦးသည္ ဗီတာမင္ဒီဓာတ္ကိုေနေရာင္ျခည္ႏွင့္ အစားအစာတို႔မွ တစ္ေန႔လွ်င္ယူနစ္ အိုင္ယူ ၁ယ၀၀၀ ခန႔္ (၂၀၀ ဂရမ္ခန႔္)လိုအပ္၏။

 

>>> ကေလးမ်ားကို ဥာဏ္ေကာင္းေအာင္ ဘာေကၽြးမလဲ - https://www.sayar.com.mm/whats-new/knowledge/item/65-how-to-feed-children- better-understanding.html <<<

 

>>> ဦးေႏွာက္အာရံုစူးစိုက္မႈကို ဖြံ႕ၿဖိဳးတိုးတက္ေစမည့္ အစားအစာမ်ား - https://www.sayar.com.mm/whats-new/knowledge/item/1451-meals-improve-your-focus.html <<<

 

Ref: ျမသန္း - သုတပေဒသာ
Ref: The Miracle Vitamin
By - Paula Dranov
R.D, Feb, 2007,

Read times Last modified on Monday, 01 March 2021 11:02
Rate this articles
(1 Vote)