×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Friday, 30 August 2019

"အင်္ဂလိပ်စာလေ့လာနေသူတွေအတွက် ဖုန်းမှာ ထည့်ထားသင့်တဲ့ application များ"

"အင်္ဂလိပ်စာလေ့လာနေသူတွေအတွက် ဖုန်းမှာ ထည့်ထားသင့်တဲ့ application များ" pexels

UNICODE

အင်္ဂလိပ်စာကို လေ့လာနေသူတွေအတွက် ဖုန်းထဲကနေ အလွယ်တကူလေ့လာနိုင်မယ့် application လေးတွေကို ညွှန်းပေးချင်ပါတယ်။

(၁) Offline Grammar for Myanmar (https://bit.ly/30LqTvT)

Screenshot from 2019 08 30 15 41 24

 

အင်္ဂလိပ်စာသဒ္ဒါကို မိုဘိုင်းဖုန်းကနေ အလွယ်တကူလေ့လာနိုင်မယ့် app ဖြစ်ပါတယ်။ Intermediate အဆင့်ထိလေ့လာချင်သူတွေအတွက် သဒ္ဒါဆိုင်ရာလေ့ကျင့်ခန်းတွေနဲ့ အသံဖိုင်တွေကို နားဆင်နိုင်အောင် ဖန်တီးပေးထားပါတယ်။ သဒ္ဒါဆိုင်ရာရှင်းလင်းချက်အခန်းပေါင်း ၁၀၀ ကျော်ပါဝင်ပြီး အသံဖိုင်တွေကိုလည်း offline အနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာသုံးနိုင်မှာ ဖြစ်ပြီး playstore ကနေ အခမဲ့ download လုပ်ယူနိုင်မှာ ဖြစ်ပါတယ်။

 


(၂) English Thaddar (https://bit.ly/2ZyckdC)

Screenshot from 2019 08 30 15 43 50

 

ပြည်တွင်းမှ အင်္ဂလိပ်ဘာသာစကားလေ့လာသူများ ဆောင်ထားသင့်တဲ့ app ဖြစ်ပါတယ်။ အင်္ဂလိပ်သဒ္ဒါ၊ စကားပြောနှင့် ဝေါဟာရများအကြောင်းကို ကဏ္ဍအလိုက် မြန်မာလိုလေ့လာနိုင်မှာဖြစ်ပြီး အမေးအဖြေပုံစံနဲ့ လည်း မိမိနားလည်ထားတာတွေကို လေ့ကျင့်နိုင်ရန် ဖန်တီးပေးထားတဲ့ app တစ်ခုဖြစ်ပါတယ်။

 

(၃) အင်္ဂလိပ်စကားပြော (Lite) https://bit.ly/2zvzdUn

Screenshot from 2019 08 30 15 47 05

 

Say it Right အင်္ဂလိပ်စကားပြော မူရင်းစာအုပ်နဲ့ အသံဖိုင်များကို မိုဘိုင်း app မှ လေ့လာနိုင်ရန်ဖန်တီး ထားတဲ့ app ဖြစ်ပါတယ်။

Say it Right မထမတွဲစာအုပ်ပါ အကြောင်းအရာတွေကို မြန်မာဘာသာနဲ့ ဘာသာပြန်ဆိုပေးထားပြီး စကားပြောအသုံးအနှုန်း၊ ရှင်းလင်းချက်တွေကို အသံနဲ့တကွ လေ့လာနိုင်မှာ ဖြစ်တဲ့အတွက် အင်္ဂလိပ်စာ လေ့လာနေတဲ့သူတွေအတွက် တကယ်ကို လိုအပ်တဲ့ app တစ်ခုဖြစ်ပါတယ်။

Recommended For You >>> "ထူးချွန်ထက်မြက်သူတို့၏ အလေ့အထ (၇) ချက်"

 

(၄) Shwe English Lessons (https://bit.ly/2UjX7f9)

Screenshot from 2019 08 30 15 48 32

 

အင်္ဂလိပ်ဘာသာစကားကို လေ့လာနေသူတိုင်း ဆောင်ထားသင့်တဲ့ app ဖြစ်ပါတယ်။

သဒ္ဒါဆိုင်ရာ ဝါစင်္ဂ ၈ ပါး ဖွင့်ဆိုချက်၊ Verb to be, Verb to do ဝါကျတည်ဆောက်ပုံ၊ ဝေါဟာရ၊ အခြေခံစကားပြော ပုံစံတွေနဲ့ လွယ်ကူတဲ့ စကားပြောပုံစံတွေကို offline အနေနဲ့ လေ့လာနိုင်ရန် ဖန်တီးထားပါတယ်။

ဒါ့အပြင် အင်္ဂလိပ်သီချင်း ၂၂ ပုဒ်ကို မြန်မာ-အင်္ဂလိပ်နှစ်ဘာသာနဲ့ ထည့်သွင်းထားပြီး သီချင်းများမှ တစ်ဆင့်လည်း အင်္ဂလိပ်ဘာသာကို လေ့လာနိုင်မှာဖြစ်ပါတယ့်အတွက် တကယ်ကို အသုံးဝင်တဲ့ app တစ်ခုဖြစ်ပါတယ်။

 

(၅) English Speaking for Myanmar (https://bit.ly/2NAGzyi)

Screenshot from 2019 08 30 15 57 53

 


ဒီ app ကတော့ အင်္ဂလိပ်စာကို offline လေ့လာလို့ရတဲ့ app ပဲဖြစ်ပါတယ်။ speaking, listening, reading တွေကို ဘာ internet မှ မလိုပဲ လွယ်လွယ်ကူကူလေ့လာလို့ရတဲ့ app ပဲဖြစ်ပါတယ်။ သင့်ရဲ့အင်္ဂလိပ် skillတွေကို တိုးတက်အောင်လုပ်ချင်ရင်တော့ ဒီ app လေးတွေ ကို သင့်ရဲ့ဖုန်မှာဆောင်ထားကြဖို့ မမေ့နဲ့နော်။

အင်္ဂလိပ်ဘာသာရပ်သင်ကြားပေးသော  မှ ဆရာ၊ ဆရာမများ  >>>https://www.sayar.com.mm/subjects/all-teachers/subject-497.html

 

 

Internetjournal

sayar.com.mm



ZAWGYI




 





 


 



 




 



 




 






 

Internetjournal

sayar.com.mm

Read times Last modified on Tuesday, 07 January 2020 12:02
Rate this articles
(1 Vote)