×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Monday, 11 March 2019

''ပေါင်းမကြည့်နဲ့ ကြည့်ပြီးပေါင်း''

''ပေါင်းမကြည့်နဲ့ ကြည့်ပြီးပေါင်း'' google

''လူ့အကြောင်း ပေါင်းကြည့်မှ သိ'' တဲ့ ဒီ ဆိုရိုးစကားလေးက

မပေါင်းကြည့်သေးပဲ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား.. အကျင့်စာရိတ္တပါအပါ.. ကောင်း/မကောင်း အပြည့်အစုံကို အစစ်အမှန်မသိရှိနိုင်ဘူး လို့ ပြောချင်ဟန် တူပါရဲ့ဗျာ..

တစ်ကယ်ပဲ အဲ့ဒီဆိုရိုးစကားလေး က သိပ်မှန်တယ်လို့ မြန်မာလူမျိုးတိုင်းလိုလို ပြောကြ.. ထောက်ခံကြလေ့ ရှိကြပါတယ်..

လူ့ဘဝ ရရှိတဲ့ အသက်တာအချိန်လေးဟာ သိပ်ကို တိုတောင်းမြန်ဆန်လှတာပါ.. အဲ့ဒီလို တိုတောင်းတဲ့ ဘဝအချိန်ကာလလေးအတွင်းမှာ 'သင့်' ရဲ့ စီးပွားတွဲဖော်တို့ကို ပေါင်းလာကြည့်ပြီးမှ 'သင့်' ဘက်က မျှတမှန်ကန် ကောင်းမွန်နေခဲ့ပါလျက် သူ့ဘက်က မကောင်းမှန်း.. အတူလက်တွဲ မလုပ်ကိုင်သင့် သူမှန်း.. အတွင်းသိ အစင်းသိလာခဲ့ပြီဆိုပါဆို့..

အလုပ်ပြီးချိန် ညခင်းတွေမှာ မင်းဘာလုပ်လဲဆိုတာက မင်းရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးလိမ့်မယ်

လူငယ်တစ်ယောက်ရဲ့တန်ဖိုး

 

လမ်းခွဲဖျက်သိမ်းကြသောအခါ မှန်ကန်ကောင်းမွန်ခြင်းဘက် ရှိခဲ့သူ 'သင့်' ရဲ့ ထိခိုက်နှစ်နာ ဆုံးရှုံးသွားရမှုတွေက ငွေကြေးနဲ့ အချိန်တွေတင်မကပဲ စိတ်ဓါတ်ခွန်အားအပြင် အခြားကဏ္ဍပေါင်းစုံများ၌ပါ ဆုံးရှုံးနိမ့်ကျသွားတာကို အသေအခြာကြည့်လျင် တွေ့မြင်ရပါလိမ့်မယ်..

အဲ့ဒီလိုမျိုး 'သင့်' ဘက်က *''စိတ်ဓါတ်ဖြောင့်မတ် မှန်ကန်ကောင်းမွန်စွာ''* လုပ်ဆောင်ခဲ့ပါလျက်နဲ့ ပေါင်းကြည့်ပြီးမှ စိတ်ပျက်လမ်းခွဲရတဲ့ သူတွေ များလာပြီးခဲ့ပြီဆိုရင်တော့ ယခုပင် သတိထား ဆင်ခြင်ကြည့်လိုက်ပါလော့.. 'သင်' ကသာ အသက်အရွယ် ရလာပြီး ဘဝအခြေအနေက မလှ ဖြစ်နေပေမယ့် ပေါင်းကြည့်ပြီးမှ သိရတဲ့ သင့်ရဲ့လူတွေဟာ အတိုင်းအတာတစ်ခုနဲ့ သာယာလှပနေတာ တွေ့ရပါလိမ့်မယ်..

''စိတ်ဓါတ် ရိုးဖြောင့်မှန်ကန် ကောင်းမွန်တဲ့ လူတွေ'' ဟာ မရိုးဖြောင့်သူ လူလိမ် လူလည် ဖောက်စားသမားတွေရဲ့ သပ်သပ်ရပ်ရပ် ပိပိရိရိ မိတ်ဆွေကောင်း ဟန်ဆောင် 'အသုံးချခြင်း' ကို ခံကြရလေ့ ရှိပါတယ်..

ဒါဟာ ''လူ့အကြောင်း ပေါင်းကြည့်မှ သိ'' ဆိုတဲ့ ဆိုရိုးစကားအဓိပ္ပါယ်ကို ရိုးဖြောင့်မှန်ကန် စိတ်ထားကောင်းမွန်သူတွေ က ဘဝမှာ ဆွဲကိုင်ရမယ့် လူမှုဆက်ဆံရေး အယူအဆတစ်ခုအဖြစ် (မသိစိတ်ထဲကပဲ ဖြစ်ဖြစ်) တလွဲမှားယွင်းစွာ လက်ခံနေမိတတ်ကြလို့ ဖြစ်ပါတယ်..

ဒါကြောင့် လူ့အကြောင်း ကို ''ပေါင်းကြည့်ပြီးမှ သိအောင်'' မကြိုးစားသင့်ပါ.. လူ့ဘဝတာ အချိန်က တိုတောင်းလွန်းလို့ ဖြစ်ပါတယ်..

လူ့အကြောင်းကို ''ကြည့်ပြီး ပေါင်းရင်းနဲ့'' သာ သိအောင်လုပ်၍ အချိန်အတိုင်းအတာအလိုက် လက်တွဲ မတွဲကို ပြတ်သားသင့် ပြတ်သားကာ မိမိဘဝရည်မှန်းချက် အောင်မြင်ရေးအတွက် ခရီး ဆက်သင့်ပါကြောင်း...

source - နန္ဒရဲခေါင်

Read times Last modified on Thursday, 30 January 2020 17:46
Rate this articles
(0 votes)