×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Monday, 15 June 2020

စိတ်ဖိစီးမှုတွေ လျော့ချနိုင်အောင်

စိတ်ဖိစီးမှုတွေ လျော့ချနိုင်အောင်

စိတ်ဖိစီးမှုဆိုတဲ့စကားလုံးက ဒီနေ့ခေတ် လူငယ်လူရွယ်များနဲ့ လူလတ်ပိုင်းပါမကျန် အားလုံးသောလူတွေ အနည်းနဲ့အများ ရင်းနှီးကျွမ်းဝင်နေတဲ့စကားရပ်တစ်ခုလည်းဖြစ်ပါတယ်။ မိသားစုစားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ ငွေရေးကြေးရေး အစရှိတဲ့ အရေးကိစ္စတွေကြောင့် လူတွေရဲ့စိတ်ကို ဖိစီးမှုတွေ ဖြစ်ပေါ်လာစေပါတယ်။ စိတ်ဖိစီးမှုတွေကြောင့် စိတ်ပင်ပန်း၊ လူပင်ပန်းတွေဖြစ်၊ ပုံမှန်အနားယူချိန်၊ အိပ်စက်အနားယူချိန်တွေ မမှန်မကန်ဖြစ်လာတဲ့အခါ ကျန်းမာရေးဆိုးကျိုးတွေကို နောက်ဆက်တွဲအနေနဲ့ ခံစားဖြစ်ပေါ်လာစေနိုင်ပါတယ်။ သတိတွေမေ့လျော့တာတွေ၊ အကြောတတ်၊ ခေါင်းကိုက်တာတွေ၊ အိပ်မပျော်တာတွေ၊ အလုပ်ကိစ္စတွေကို ပြီးမြောက်အောင်လုပ်နိုင်စွမ်း လျော့နည်းတာတွေနဲ့ တခြားအဆင်မပြေတာတွေ အများကြီးရှိလာနိုင်ပါတယ်။

ဒီလို စိတ်ဖိစီးမှုတွေကို လျော့ချနိုင်ဖို့ နည်းလမ်းတွေကို စုစည်းမျှဝေလိုက်ပါတယ်။
(၁) ရယ်မောပါ။
ရယ်မောခြင်းက အကောင်းဆုံးအသက်ရှည်ဆေးပါ။ ရယ်မောခြင်းက ရုပ်ပိုင်းဆိုင်ရာတင်းမာမှုတွေကို သက်သာစေသလို စိတ်ဖိစီးမှုကိုလည်း လျော့နည်းစေနိုင်တဲ့အတွက် အကောင်းဆုံးသောနည်းကတော့ စိတ်ဖိစီးမှုဖြစ်ပေါ်လာပြီဆိုရင် ရီမောပျော်ရွှင်ဖွယ် ဟာသတွေကို ဖတ်ခြင်း၊ ဟာသရုပ်ရှင်များက ကြည့်ခြင်းဖြင့် အလွယ်ကူဆုံးနဲ့ အမြန်ဆန်ဆုံး စိတ်ဖိစီးမှုကို လျော့ကြနိုင်မှာပါ။

(၂) ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ။
လေ့ကျင့်ခန်းတွေလုပ်ခြင်းအားဖြင့် ကျန်းမာကြံ့ခိုင်စေတယ်၊ စိတ်ဖိစီးမှုတွေကိုလည်း လျော့ကြစေနိုင်ပါတယ်။

(၃) တပြိုင်နက်တည်း အလုပ်များ စုပြုံလုပ်ခြင်း (Multi-Tasking) ကို ရှောင်ကြည်ပါ။
လူတစ်ဦးချင်းဆီမှာ လုပ်နိုင်စွမ်းတွေ မတူညီကြပါဘူး။ တပြိုင်နက်တည်း အလုပ်တွေ စုပြုံလုပ်မယ်ဆိုရင် ဘယ်အလုပ်မှု ကောင်းမွန်တဲ့ရလဒ်နဲ့ ပြီးမြောက်နိုင်မှာမဟုတ်တဲ့အတွက် အလုပ်တွေကို တစ်ခုပြီးမှ တစ်ခု လုပ်ဆောင်ခြင်းသည် အကောင်းဆုံးနည်းဖြစ်ပါတယ်။

(၄) ငှက်ပျောသီးစားပါ
ကျွန်တော်တို့တွေ စိတ်ဖိစီးမှုခံရတဲ့အခါ သွေးပေါင်ချိန်မြင့်တက်လေ့ရှိပါတယ်။ ငှက်ပျောသီးမှာပါဝင်တဲ့ ပိုတက်စီယမ်က သွေးပေါင်းချိန်ကို ထိန်းညှိရန်အတွက် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေမြင့်တက်လာချိန်မှာ အစားသင့်ဆုံးအစားအစာကတော့ ငှက်ပျောသီးပါ။

(၅) တရားထိုင်ပါ။
တရားထိုင်ခြင်းဖြင့် စိတ်အေးငြိမ်းတည်ငြိမ်မှုကို ရှရိနိုင်မှာပဲဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေများနေတဲ့အခါ အတွေးမှား အထင်မှားနဲ့ ဆုံးဖြတ်ချက်အမှားတွေ ချမိတတ်ပါတယ်။ ဒါကြောင့် ဘာကိုမှ မစဉ်းစားဘဲ တည်တည်ငြိမ်ငြိမ်နဲ့ တရားထိုင်ဖို့ တိုက်တွန်းပါရစေ။

(၆) သီချင်းနားထောင်ပြီး ကပါ။
တေးဂီတနဲ့အက ပေါင်းစပ်ခြင်းက စိတ်စွမ်းအားကို တိုးမြှင့်ပေးနိုင်ပါတယ်။ ကခုန်ခြင်းသည် စကားလုံးများနဲ့ပြောဆိုရန်ခက်ခဲပြီး စိတ်လှုပ်ရှားမှုကိုလည်း အများကြီးဖြစ်ပေါ်စေနိုင်သလို စိတ်သက်သာမှုကိုလည်း ရရှိမှာဖြစ်ပါတယ်။

(၇) သူငယ်ချင်းများနဲ့ဖုန်းပြောပါ။
သူငယ်ချင်းများနဲ့ စကားပြောခြင်း၊ ကိုယ့်ရင်ထဲခံစားရသမျှကို ရင်ဖွင့်ခြင်းအားဖြင့် စိတ်ဖိစီးမှုကို လျော့ချနိုင်ပါတယ်။

(၈) အိပ်စက်အနားယူပါ။
ခေါင်းထဲက ရှိသမျှအတွေးတွေကို ရပ်တန့်ပြီး ဘာမှမတွေးဘဲ အိပ်ပျော်အောင် အိပ်လိုက်ပါ။ အိပ်စက်အနားယူခြင်းသည်လည်း စိတ်ဖိစီးမှုကို သက်သာစေနိုင်ပါတယ်။

(၉) ပျော်ပွဲစားထွက်ပါ။
မိတ်ဆွေ၊ သူငယ်ချင်းများ၊ မိသားစုများနဲပအတူ ပျော်ပွဲစားထွက်ခြင်းဟာဆိုရင်လည်း လူမှုရေးအထီးကျန်မှုခံစားချက်တွေကို လျော့ပါးစေပြီး စိတ်ဖိစီးမှုကိုလည်း လျော့ချနိုင်ပါတယ်။
(၁၀) ခွင့်လွှတ်တတ်အောင်သင်ယူပါ။
လူတိုင်းအမှားနဲ့မကင်းတတ်ကြပါဘူး။ အသေးအဖွဲ့ကိစ္စလေးတွေကို အရမ်းကြီးအာရုံစိုက်မယ်ဆိုရင် စိတ်အရမ်းပင်ပန်းမှာပါ။ ဒါကြောင့် တစ်ချို့အရာတွေကို ခွင့်လွှတ်တတ်အောင်၊ မေ့ပျောက်တတ်အောင် သင်ယူပါလေ။

အခုဖော်ပြထားတဲ့နည်းလမ်းတွေဟာဆိုရင် အလွယ်တကူနဲ့ စိတ်ဖိစီးမှုကို လျော့ချစေနိုင်တဲ့နည်းလမ်းတွေပဲဖြစ်ပါတယ်။ လူတိုင်းလူတိုင်း စိတ်ဖိစီးမှု နည်းနိုင်သမျှ နည်းနိုင်ကြပါစေ။

 

 

စိတ္ဖိစီးမႈေတြ ေလ်ာ့ခ်ႏိုင္ေအာင္

စိတ္ဖိစီးမႈဆိုတဲ့စကားလံုးက ဒီေန႔ေခတ္ လူငယ္လူရြယ္မ်ားနဲ႔ လူလတ္ပိုင္းပါမက်န္ အားလံုးေသာလူေတြ အနည္းနဲ႔အမ်ား ရင္းႏွီးကၽြမ္း၀င္ေနတဲ့စကားရပ္တစ္ခုလည္းျဖစ္ပါတယ္။ မိသားစုစား၀တ္ေနေရး၊ က်န္းမာေရး၊ လူမႈေရး၊ ပညာေရး၊ ေငြေရးေၾကးေရး အစရွိတဲ့ အေရးကိစၥေတြေၾကာင့္ လူေတြရဲ႕စိတ္ကို ဖိစီးမႈေတြ ျဖစ္ေပၚလာေစပါတယ္။ စိတ္ဖိစီးမႈေတြေၾကာင့္ စိတ္ပင္ပန္း၊ လူပင္ပန္းေတြျဖစ္၊ ပံုမွန္အနားယူခ်ိန္၊ အိပ္စက္အနားယူခ်ိန္ေတြ မမွန္မကန္ျဖစ္လာတဲ့အခါ က်န္းမာေရးဆိုးက်ိဳးေတြကို ေနာက္ဆက္တြဲအေနနဲ႔ ခံစားျဖစ္ေပၚလာေစႏိုင္ပါတယ္။ သတိေတြေမ့ေလ်ာ့တာေတြ၊ အေၾကာတတ္၊ ေခါင္းကိုက္တာေတြ၊ အိပ္မေပ်ာ္တာေတြ၊ အလုပ္ကိစၥေတြကို ၿပီးေျမာက္ေအာင္လုပ္ႏိုင္စြမ္း ေလ်ာ့နည္းတာေတြနဲ႔ တျခားအဆင္မေျပတာေတြ အမ်ားႀကီးရွိလာႏိုင္ပါတယ္။

ဒီလို စိတ္ဖိစီးမႈေတြကို ေလ်ာ့ခ်ႏိုင္ဖို႔ နည္းလမ္းေတြကို စုစည္းမွ်ေ၀လိုက္ပါတယ္။
(၁) ရယ္ေမာပါ။
ရယ္ေမာျခင္းက အေကာင္းဆံုးအသက္ရွည္ေဆးပါ။ ရယ္ေမာျခင္းက ရုပ္ပိုင္းဆိုင္ရာတင္းမာမႈေတြကို သက္သာေစသလို စိတ္ဖိစီးမႈကိုလည္း ေလ်ာ့နည္းေစႏိုင္တဲ့အတြက္ အေကာင္းဆံုးေသာနည္းကေတာ့ စိတ္ဖိစီးမႈျဖစ္ေပၚလာၿပီဆိုရင္ ရီေမာေပ်ာ္ရႊင္ဖြယ္ ဟာသေတြကို ဖတ္ျခင္း၊ ဟာသရုပ္ရွင္မ်ားက ၾကည့္ျခင္းျဖင့္ အလြယ္ကူဆံုးနဲ႔ အျမန္ဆန္ဆံုး စိတ္ဖိစီးမႈကို ေလ်ာ့ၾကႏိုင္မွာပါ။

(၂) ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္းလုပ္ပါ။
ေလ့က်င့္ခန္းေတြလုပ္ျခင္းအားျဖင့္ က်န္းမာႀကံ႕ခိုင္ေစတယ္၊ စိတ္ဖိစီးမႈေတြကိုလည္း ေလ်ာ့ၾကေစႏိုင္ပါတယ္။

(၃) တၿပိဳင္နက္တည္း အလုပ္မ်ား စုၿပံဳလုပ္ျခင္း (Multi-Tasking) ကို ေရွာင္ၾကည္ပါ။
လူတစ္ဦးခ်င္းဆီမွာ လုပ္ႏိုင္စြမ္းေတြ မတူညီၾကပါဘူး။ တၿပိဳင္နက္တည္း အလုပ္ေတြ စုၿပံဳလုပ္မယ္ဆိုရင္ ဘယ္အလုပ္မႈ ေကာင္းမြန္တဲ့ရလဒ္နဲ႔ ၿပီးေျမာက္ႏိုင္မွာမဟုတ္တဲ့အတြက္ အလုပ္ေတြကို တစ္ခုၿပီးမွ တစ္ခု လုပ္ေဆာင္ျခင္းသည္ အေကာင္းဆံုးနည္းျဖစ္ပါတယ္။

(၄) ငွက္ေပ်ာသီးစားပါ
ကၽြန္ေတာ္တို႔ေတြ စိတ္ဖိစီးမႈခံရတဲ့အခါ ေသြးေပါင္ခ်ိန္ျမင့္တက္ေလ့ရွိပါတယ္။ ငွက္ေပ်ာသီးမွာပါ၀င္တဲ့ ပိုတက္စီယမ္က ေသြးေပါင္းခ်ိန္ကို ထိန္းညွိရန္အတြက္ ကူညီေပးႏိုင္ပါတယ္။ ဒါေၾကာင့္ စိတ္ဖိစီးမႈေတြျမင့္တက္လာခ်ိန္မွာ အစားသင့္ဆံုးအစားအစာကေတာ့ ငွက္ေပ်ာသီးပါ။

(၅) တရားထိုင္ပါ။
တရားထိုင္ျခင္းျဖင့္ စိတ္ေအးၿငိမ္းတည္ၿငိမ္မႈကို ရွရိႏိုင္မွာပဲျဖစ္ပါတယ္။ စိတ္ဖိစီးမႈေတြမ်ားေနတဲ့အခါ အေတြးမွား အထင္မွားနဲ႔ ဆံုးျဖတ္ခ်က္အမွားေတြ ခ်မိတတ္ပါတယ္။ ဒါေၾကာင့္ ဘာကိုမွ မစဥ္းစားဘဲ တည္တည္ၿငိမ္ၿငိမ္နဲ႔ တရားထိုင္ဖို႔ တိုက္တြန္းပါရေစ။

(၆) သီခ်င္းနားေထာင္ၿပီး ကပါ။
ေတးဂီတနဲ႔အက ေပါင္းစပ္ျခင္းက စိတ္စြမ္းအားကို တိုးျမွင့္ေပးႏိုင္ပါတယ္။ ကခုန္ျခင္းသည္ စကားလံုးမ်ားနဲ႔ေျပာဆိုရန္ခက္ခဲၿပီး စိတ္လႈပ္ရွားမႈကိုလည္း အမ်ားႀကီးျဖစ္ေပၚေစႏိုင္သလို စိတ္သက္သာမႈကိုလည္း ရရွိမွာျဖစ္ပါတယ္။

(၇) သူငယ္ခ်င္းမ်ားနဲ႔ဖုန္းေျပာပါ။
သူငယ္ခ်င္းမ်ားနဲ႔ စကားေျပာျခင္း၊ ကိုယ့္ရင္ထဲခံစားရသမွ်ကို ရင္ဖြင့္ျခင္းအားျဖင့္ စိတ္ဖိစီးမႈကို ေလ်ာ့ခ်ႏိုင္ပါတယ္။

(၈) အိပ္စက္အနားယူပါ။
ေခါင္းထဲက ရွိသမွ်အေတြးေတြကို ရပ္တန္႔ၿပီး ဘာမွမေတြးဘဲ အိပ္ေပ်ာ္ေအာင္ အိပ္လိုက္ပါ။ အိပ္စက္အနားယူျခင္းသည္လည္း စိတ္ဖိစီးမႈကို သက္သာေစႏိုင္ပါတယ္။

(၉) ေပ်ာ္ပြဲစားထြက္ပါ။
မိတ္ေဆြ၊ သူငယ္ခ်င္းမ်ား၊ မိသားစုမ်ားနဲပအတူ ေပ်ာ္ပြဲစားထြက္ျခင္းဟာဆိုရင္လည္း လူမႈေရးအထီးက်န္မႈခံစားခ်က္ေတြကို ေလ်ာ့ပါးေစၿပီး စိတ္ဖိစီးမႈကိုလည္း ေလ်ာ့ခ်ႏိုင္ပါတယ္။
(၁၀) ခြင့္လႊတ္တတ္ေအာင္သင္ယူပါ။
လူတိုင္းအမွားနဲ႔မကင္းတတ္ၾကပါဘူး။ အေသးအဖြဲ႕ကိစၥေလးေတြကို အရမ္းႀကီးအာရံုစိုက္မယ္ဆိုရင္ စိတ္အရမ္းပင္ပန္းမွာပါ။ ဒါေၾကာင့္ တစ္ခ်ိဳ႕အရာေတြကို ခြင့္လႊတ္တတ္ေအာင္၊ ေမ့ေပ်ာက္တတ္ေအာင္ သင္ယူပါေလ။

အခုေဖာ္ျပထားတဲ့နည္းလမ္းေတြဟာဆိုရင္ အလြယ္တကူနဲ႔ စိတ္ဖိစီးမႈကို ေလ်ာ့ခ်ေစႏိုင္တဲ့နည္းလမ္းေတြပဲျဖစ္ပါတယ္။ လူတိုင္းလူတိုင္း စိတ္ဖိစီးမႈ နည္းႏိုင္သမွ် နည္းႏိုင္ၾကပါေစ။

Read times
Rate this articles
(0 votes)