×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Wednesday, 25 November 2020

Colors of the year 2021

Colors of the year 2021


၂၀၂၁ မှာ သင့် စတိုင် ကို သင် Update မြင့်ဖို့ စဉ်းစားနေပြီလား ??? ဒါဆို ၂၀၂၁ မှာ ရေပန်းစားလာမယ့် အရောင်တွေကို တော သိဖို့လိုပါလိမ့်မယ် ။

 

ဖက်ရှင်ဆိုတာ ဘယ်တော့မှ ရိုးသွားတယ်ဆိုတာ မရှိပါဘူး ။ ဒါပေမဲ့ မရိုးနိုင်တဲ့ ဖက်ရှင်တွေကြားမှာ သင် လမ်းပျောက်နေတာမျိုး မဖြစ်ဖို့ အတွက် လက်ရှိ ရေပန်းစားနေတဲ့ အရာနဲ့ နောက် ရေပန်းစားလာမဲ့ အရာ ကို မြင်တတ်ဖို့တော့ လိုပါတယ် ။

 

စတိုင် ဆိုတာ က ပေါ်သမျှလိုက်ဝတ်နေဖို့ လည်းမလိုသလို ခဏခဏ ပြောင်းနေဖို့လည်းမလိုပါဘူး ။ ဒါပေမဲ့ သင့်စတိုင် နဲ့ သင် ဖက်ရှင် ကျနေဖို့အတွက် အရောင်တွေ ကို တွဲဖက်ဝတ်ဆင်တတ်ရပါမယ် ။ ခု ၂၀၂၀ မှာ က Aesthetic Theme ကာလာတွေဖြစ်တဲ့ အရောင်တောက်တောက် ၊ စိုစိုလေးတွေ ခေတ်စားခဲ့တာဖြစ်ပါတယ် ။

 

>>> Fashion Design သင်ကြားပေးသည့် ဆရာ/ဆရာမများကို ရှာဖွေလိုပါလျှင် <<<

 

နောက်လာမဲ့ ၂၀၂၁ မှာ ရေပန်းစားလာမဲ့ တွေထဲကမှ အထင်ရှားဆုံးဖြစ်လာမယ့် အရောင် (၁၀)ရောင်ကို NewYork Pantone Colour ကနေ အခုလို ဖော်ပြထားပါတယ် ။

 

( ၁ ) Marigold

Mari_Gold.png
သူက ရွှေရောင်မှိန်မှိန်လေးဖောက်တဲ့ လိမ္မော်ရောင်လေး ပါ ။ အဝါဘက် နည်းနည်းကူးချင်ပြီး Warm Tone ကို ဖော်ဆောင်ပါတယ်။

 

( ၂ ) Cerulean

Cerulean.png


ဒီအရောင်ကတော့ ကောင်းကင်ပြာဖျော့ဖျော့လေးကိုမှ ခရစ်စတယ် လို လက်လက်လေး‌ ဖောက်တဲ့ အရောင်ဖြစ်ပါတယ် ။ သူကတော့ Cool Tone Color ပေါ့ ။

 

( ၃ ) Rust

Rust.png

ဒီအရောင်လေး ကတော့ Rust ဆိုတဲ့အတိုင်း မြေကြီးညိုရောင် လေး ဖြစ်ပါတယ် ။ ဒါပေမဲ့ သူက နွေဉီး ရွက်ဝါ ဘက် အရောင်ဖောက်တာကြောင့် သူ့ကို အခုလာမဲ့ နွေရာသီအရောင် အဖြစ် သတ်မှတ်ထားကြပါတယ် ။

 

( ၄ ) Illuminating

Illuminating.png

 

သူကတော့ စိတ်ကိုပျော်ရွှင်စေတဲ့ ၊ အဝါရောင်လွင်လွင်လေးပါ။ နေသာတဲ့ နေ့လေးတစ်နေ့ ရဲ့ ကတိစကား ကိုဖော်ညွှန်းတဲ့ အရောင်လို့ ဆိုပါတယ် ။

 

( ၅ ) French Blue

French_Blue.png

ဒီ အရောင် ကတော့ အပြာအလွင်တောက်ရောင်လေးပါ ။ သူက နွေရာသီ ပဲရစ်မြင်ကွင်းကို ဖော်ကျူးတဲ့ အရောင်လေးပါ ။ အဲ့တာကြောင့် Emily in Paris ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာဆို မင်းသမီး က ဒီ အရောင်လေး ကို အခြေခံပြီး ဝတ်သွားတာပါ။

 

( ၆ ) Green Ash

Green_Ash.png

သူကတော့ နို့စိမ်းဖျော့တော့တော့အရောင်လေးပါ။ သူ က Cool Tone ဖြစ်တဲ့အပြင် နူးညံ့မှုကိုလည်း ဖော်ဆောင်ပါတယ်။

 

( ၇ ) Mint

Mint.png

ဒီအရောင်လေး ကတော့ Mint ဆိုတဲ့အတိုင်း အစိမ်းရောင် လွင်လွင်လေးပါ။ သူက လန်းဆန်းတဲ့ သစ်ရွက်လေးတွေကို ကိုယ်စားပြုပြီး ဒီနွေ မှာ လူဝတ်များမဲ့ အရောင်တစ်ခုလည်းဖြစ်ပါတယ်တဲ့။

 

( ၈ ) Amethyst Orchid

Amethyist_Orchid.png

Orchid ဆိုတော့ အားလုံးသိတဲ့အတိုင်း ခရမ်းရောင်လေးပါ ။ ဒါပေမဲ့ Amethyst Orchid ကတော့ မထိရက်မကိုင်ရက်စရာကောင်းတဲ့ ပန်းလေးတစ်ပွင့် အသွင် ကိုဆောင်စေမဲ့ နုနုကြွကြွ ပန်းခရမ်းရောင်လေး ဖြစ်ပါတယ်။

 

( ၉ ) Burnt Coral

Burnt_Coral.png

Coral က အသားဆောင်တဲ့ ပန်းရောင်လေးပါ။ သူက အသားရောင်ရောတဲ့ပန်းရောင်လေးမို့ ငယ်ရွယ်လန်းဆန်းတဲ့အသွင် ကိုပေးပါတယ်။ ဒါ့အပြင် နောက်ပိုင်းနှုတ်ခမ်းနီအရောင်လေးတွေထဲမှာလည်း Coral color တွေ စိုးမိုးလာတာ သတိထားမိကြလိမ့်မယ် ထင်ပါတယ်။

 

( ၁၀ ) Raspberry Sorbet

Raspberry_Sorbet.png

နှုတ်ခမ်းနီမလေးတွေ နှစ်သက်မဲ့အရောင်လေးပါ။ ပန်းခရမ်းရောင်စိုစိုလေးမို့ ဆယ်ကျော်သက်အရွယ်လေးလို လန်းဆန်းတက်ကြွစေတဲ့ Effect ကို ဆောင်မယ့်အရောင်လေးဖြစ်ပါတယ်။

 

>>> Pattern Drafing သင်ကြားပေးသည့် ဆရာ/ဆရာမများကို ရှာဖွေလိုပါလျှင် <<<

ကဲ ဒါတွေကတော့ ၂၀၂၁ မှာ ခေတ်စားလာမဲ့ အရောင်လေးတွေပါ ။ နောက်နှစ်မှာ ကိုယ့်ရဲ့ Style ကို update တင်ဖို့ဆုံးဖြတ်ထားတယ်ဆိုရင်တော့ ဒီ အရောင်လေးတွေ ကိုအခြေခံတဲ့ ဝတ်စုံလေးတွေ ဝယ်စုလိုက်တော့နော် ။

 

Ref: https://www.pantone.com/articles/fashion-color-trend-report/new-york-fashion-week-spring-summer-2021

 

 

Colors of the year 2021


၂၀၂၁ မွာ သင့္ စတိုင္ ကို သင္ Update ျမင့္ဖို႔ စဥ္းစားေနၿပီလား ??? ဒါဆို ၂၀၂၁ မွာ ေရပန္းစားလာမယ့္ အေရာင္ေတြကို ေတာ သိဖို႔လိုပါလိမ့္မယ္။

 

ဖက္ရွင္ဆိုတာ ဘယ္ေတာ့မွ ႐ိုးသြားတယ္ဆိုတာ မရွိပါဘူး ။ ဒါေပမဲ့ မ႐ိုးႏိုင္တဲ့ ဖက္ရွင္ေတြၾကားမွာ သင္ လမ္းေပ်ာက္ေနတာမ်ိဳး မျဖစ္ဖို႔ အတြက္ လက္ရွိ ေရပန္းစားေနတဲ့ အရာနဲ႔ ေနာက္ ေရပန္းစားလာမဲ့ အရာ ကို ျမင္တတ္ဖို႔ေတာ့ လိုပါတယ္

 

စတိုင္ ဆိုတာ က ေပၚသမွ်လိုက္ဝတ္ေနဖို႔ လည္းမလိုသလို ခဏခဏ ေျပာင္းေနဖို႔လည္းမလိုပါဘူး ။ ဒါေပမဲ့ သင့္စတိုင္ နဲ႔ သင္ ဖက္ရွင္ က်ေနဖို႔အတြက္ အေရာင္ေတြ ကို တြဲဖက္ဝတ္ဆင္တတ္ရပါမယ္ ။ ခု ၂၀၂၀ မွာ က Aesthetic Theme ကာလာေတြျဖစ္တဲ့ အေရာင္ေတာက္ေတာက္ ၊ စိုစိုေလးေတြ ေခတ္စားခဲ့တာျဖစ္ပါတယ္။

 

>>> Fashion Design သင်ကြားပေးသည့် ဆရာ/ဆရာမများကို ရှာဖွေလိုပါလျှင် <<<

ေနာက္လာမဲ့ ၂၀၂၁ မွာ ေရပန္းစားလာမဲ့ အေရာင္ေလး ေတြကို NewYork Pantone Colour ကေန အခုလို ေဖာ္ျပထားပါတယ္ ။

 

( ၁ ) Marigold

Mari_Gold.png

သူက ေ႐ႊေရာင္မွိန္မွိန္ေလးေဖာက္တဲ့ လိေမၼာ္ေရာင္ေလး ပါ ။ အဝါဘက္ နည္းနည္းကူးခ်င္ၿပီး Warm Tone ကို ေဖာ္ေဆာင္ပါတယ္ ။

 

( ၂ ) Cerulean

Cerulean.png

ဒီအရောင္ကတော့ ေကာင္းကင္ျပာေဖ်ာ့ေဖ်ာ့ေလးကိုမွ ခရစ္စတယ္ လို လက္လက္ေလး‌ ေဖာက္တဲ့ အေရာင္ျဖစ္ပါတယ္ ။ သူကေတာ့ Cool Tone Color ေပါ့ ။

 

( ၃ ) Rust

Rust.png

ဒီအေရာင္ေလး ကေတာ့ Rust ဆိုတဲ့အတိုင္း ေျမႀကီးညိဳေရာင္ ေလး ျဖစ္ပါတယ္ ။ ဒါေပမဲ့ သူက ေႏြဉီး ႐ြက္ဝါ ဘက္ အေရာင္ေဖာက္တာေၾကာင့္ သူ႔ကို အခုလာမဲ့ ေႏြရာသီအေရာင္ အျဖစ္ သတ္မွတ္ထားၾကပါတယ္ ။

 

( ၄ ) Illuminating

Illuminating.png

သူကေတာ့ စိတ္ကိုေပ်ာ္႐ႊင္ေစတဲ့ ၊ အဝါေရာင္လြင္လြင္ေလးပါ။ ေနသာတဲ့ ေန႔ေလးတစ္ေန႔ ရဲ႕ ကတိစကား ကိုေဖာ္ၫႊန္းတဲ့ အေရာင္လို႔ ဆိုပါတယ္။

 

( ၅ ) French Blue

French_Blue.png

ဒီ အေရာင္ ကေတာ့ အျပာအလြင္ေတာက္ေရာင္ေလးပါ ။ သူက ေႏြရာသီ ပဲရစ္ျမင္ကြင္းကို ေဖာ္က်ဴးတဲ့ အေရာင္ေလးပါ ။ အဲ့တာေၾကာင့္ Emily in Paris ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားထဲမွာဆို မင္းသမီး က ဒီ အေရာင္ေလး ကို အေျခခံၿပီး ဝတ္သြားတာပါ။

 

( ၆ ) Green Ash

Green_Ash.png

သူကေတာ့ ႏို႔စိမ္းေဖ်ာ့ေတာ့ေတာ့အေရာင္ေလးပါ။ သူ က Cool Tone ျဖစ္တဲ့အျပင္ ႏူးညံ့မႈကိုလည္း ေဖာ္ေဆာင္ပါတယ္။

 

( ၇ ) Mint

Mint.png

ဒီအေရာင္ေလး ကေတာ့ Mint ဆိုတဲ့အတိုင္း အစိမ္းေရာင္ လြင္လြင္ေလးပါ။ သူက လန္းဆန္းတဲ့ သစ္႐ြက္ေလးေတြကို ကိုယ္စားျပဳၿပီး ဒီေႏြ မွာ လူဝတ္မ်ားမဲ့ အေရာင္တစ္ခုလည္းျဖစ္ပါတယ္တဲ့။

 

( ၈ ) Amethyst Orchid

Amethyist_Orchid.png
Orchid ဆိုေတာ့ အားလုံးသိတဲ့အတိုင္း ခရမ္းေရာင္ေလးပါ ။ ဒါေပမဲ့ Amethyst Orchid ကေတာ့ မထိရက္မကိုင္ရက္စရာေကာင္းတဲ့ ပန္းေလးတစ္ပြင့္ အသြင္ ကိုေဆာင္ေစမဲ့ ႏုႏုႂကြႂကြ ပန္းခရမ္းေရာင္ေလး ျဖစ္ပါတယ္။

 

( ၉ ) Burnt Coral

Burnt_Coral.png

Coral က အသားေဆာင္တဲ့ ပန္းေရာင္ေလးပါ။ သူက အသားေရာင္ေရာတဲ့ပန္းေရာင္ေလးမို႔ ငယ္႐ြယ္လန္းဆန္းတဲ့အသြင္ ကိုေပးပါတယ္။ ဒါ့အျပင္ ေနာက္ပိုင္းႏႈတ္ခမ္းနီအေရာင္ေလးေတြထဲမွာလည္း Coral color ေတြ စိုးမိုးလာတာ သတိထားမိၾကလိမ့္မယ္ ထင္ပါတယ္။

 

( ၁၀ ) Raspberry Sorbet

Raspberry_Sorbet.png

ႏႈတ္ခမ္းနီမေလးေတြ ႏွစ္သက္မဲ့အေရာင္ေလးပါ။ ပန္းခရမ္းေရာင္စိုစိုေလးမို႔ ဆယ္ေက်ာ္သက္အ႐ြယ္ေလးလို လန္းဆန္းတက္ႂကြေစတဲ့ Effect ကို ေဆာင္မယ့္အေရာင္ေလးျဖစ္ပါတယ္။

 

>>> Pattern Drafing သင်ကြားပေးသည့် ဆရာ/ဆရာမများကို ရှာဖွေလိုပါလျှင် <<<

ကဲ ဒါေတြကေတာ့ ၂၀၂၁ မွာ ေခတ္စားလာမဲ့ အေရာင္ေလးေတြပါ ။ ေနာက္ႏွစ္မွာ ကိုယ့္ရဲ႕ Style ကို update တင္ဖို႔ဆုံးျဖတ္ထားတယ္ဆိုရင္ေတာ့ ဒီ အေရာင္ေလးေတြ ကိုအေျခခံတဲ့ ဝတ္စုံေလးေတြ ဝယ္စုလိုက္ေတာ့ေနာ္ ။

 

 

Read times
Rate this articles
(0 votes)