×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Wednesday, 02 December 2020

နှလုံးသားလှသူများဖြစ်ကြဖို့ စိတ်ဓာတ်အမွေခံ

နှလုံးသားလှသူများဖြစ်ကြဖို့ စိတ်ဓာတ်အမွေခံ

စိတ်ဓာတ်အမွေခံဆိုတာဘာလဲ? နှလုံးသားလှသူများဖြစ်ဖို့ဘာလို့စိတ်ဓာတ်အမွေခံကောင်းဖို့ အရေးကြီးတာလဲ?

ကမ္ဘာကြီးတစ်ခုလုံးကို စခရင်(Screen) လေးတစ်ခုတည်းနဲ့ ချိတ်ဆက်လို့ရလာတဲ့ခေတ်ကြီးမှာ လူသားတိုင်းရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနှုန်းက အဆတစ်ရာမြင့်မားလာကြပါတယ်။ ဉီးနှောက်တံခါးပေါက်တွေပွင့်လာတဲ့အခါ နှလုံးသားတံခါးတွေက အလိုလိုပိတ်သွားတတ်ကြပါတယ်။

ကိုယ်ကျိုးတစ်ခုတည်းကိုပဲ ကြည့်တတ်ကြတဲ့လူတွေများလာတာနဲ့အမျှ လူမှုအဖွဲ့အစည်းကြီးမှာ မလိုလားတဲ့ပြဿနာတွေအများကြီးဖြစ်ပေါ်လာရပါတယ်။

 

ဒီလို ကိစ္စရပ်တွေကိုတားဆီးဖို့အတွက်ဆိုရင် လူသားတစ်ယောက်စီတိုင်းနှလုံးသားတံခါးတွေကို ဖွင့်ထားနိုင်ဖို့လိုပါတယ်။ နှလုံးသားတံခါးတွေ ဖွင့်ထားမှ လူသားချင်းစာနာထောက်ထားမှု ( Humanity ) တွေမြင့်လာမှာပါ။ ဒီတော့ နှလုံးသားတံခါးတွေဖွင့်ပြီး နှလုံးသားလှသူများဖြစ်ဖို့ စိတ်ဓာတ်အမွေခံဆိုတာကို ဆက်ပါမယ်။

 

နည်းပညာတွေတိုးတက်လာလို့ ဦးနှောက်တံခါးတွေဖွင့်ပြီး လေ့လာသင်ယူနေကြတော့ နှလုံးသားတံခါးတွေကို ပိတ်မိထားကြတယ် လို့ အထက်မှာဆိုခဲ့ပါတယ်။ ဒီလို နှလုံးသားတံခါးတွေ ပိတ်မိထားတာကို သတိထားမိဖို့ လိုအပ်တာ စိတ်ဓာတ်အမွေပါ။ ရှိသင့်တဲ့ ပင်မအရင်းခံစိတ်ဓာတ်အမွေကောင်းမရှိရင် သင့်ရဲ့ နှလုံးသားတံခါးလုံးဝပွင့်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် စိတ်ဓာတ်အမွေခံကောင်းဖို့ အရေးကြီးပါတယ်။

 

စိတ်ဓာတ်အမွေခံကောင်းဖို့ ဘယ်လိုလုပ်ရမလဲ။
စာများများဖတ်ပါ။ ရသစာပေလိုက်စားပါ။ လူတိုင်းလူတိုင်း ဘယ်သူမှ ရသနဲ့ ရှောင်ဖယ်နေလို့မရဘူး။ ရသတန်ဖိုး (Aesthetic Value ) ဆိုတာကို နေ့စဉ်ဘဝနဲ့ ယှဉ်တွဲနိုင်စွမ်းရှိလာတဲ့အခါ သင်က နှလုံးသားလှသူတစ်ဦးဖြစ်လာမှာ အသေအချာပါပဲ။

 

အခုလို လက်တဖဝါးစာသာသာရှိတဲ့ ပြူတင်းပေါက်လေးတစ်ခုကနေ ကမ္ဘာတစ်ခုလုံးမွှေနှောက်ရှာနိုင်တဲ့ခေတ်ကြီးမှာ ကိုယ့်အတွက် မလိုလားအပ်တဲ့ ဆူညံသံတွေ( Noise ) တွေကလည်း ဒလဟော ကိုယ့်ဆီဝင်လာတတ်ပါတယ်။ ဒါတွေကို ရှောင်ဖယ်နိုင်ဖို့အတွက် ရသတန်ဖိုး (Aesthetic Value )လိုအပ်တာပါ။

 

ဒါကြောင့် ခေတ်ပညာတတ်လူငယ်တိုင်းအနေနဲ့ ဦးနှောက်တံခါးနဲ့ နှလုံးသားတံခါး ကို ဟန်ချက်ညီညီဖွင့်ထားတတ်ဖို့ လိုပါတယ်။
လူပီသတဲ့ ထူးချွန်လူငယ်တိုင်း နှလုံးသားလှဖို့အတွက် စိတ်ဓာတ်အမွေခံကောင်းကြပါစေ။

 

စာကိုး- မောင်ခင်မင်(ဓနုဖြူ ) - “ စိတ်ဓာတ်အမွေခံပညာအမွေခံ”

 

 

ႏွလုံးသားလွသူမ်ားျဖစ္ၾကဖို႔ စိတ္ဓာတ္အမေြခံ

စိတ္ဓာတ္အေမြခံဆိုတာဘာလဲ? ႏွလုံးသားလွသူမ်ားျဖစ္ဖို႔ဘာလို႔စိတ္ဓာတ္အေမြခံေကာင္းဖို႔ အေရးႀကီးတာလဲ?

ကမာၻႀကီးတစ္ခုလုံးကို စခရင္(Screen) ေလးတစ္ခုတည္းနဲ႔ ခ်ိတ္ဆက္လို႔ရလာတဲ့ေခတ္ႀကီးမွာ လူသားတိုင္းရဲ႕ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈႏႈန္းက အဆတစ္ရာျမင့္မားလာၾကပါတယ္။ ဉီးေႏွာက္တံခါးေပါက္ေတြပြင့္လာတဲ့အခါ ႏွလုံးသားတံခါးေတြက အလိုလိုပိတ္သြားတတ္ၾကပါတယ္။

ကိုယ္က်ိဳးတစ္ခုတည္းကိုပဲ ၾကည့္တတ္ၾကတဲ့လူေတြမ်ားလာတာနဲ႔အမွ် လူမႈအဖြဲ႕အစည္းႀကီးမွာ မလိုလားတဲ့ျပႆနာေတြအမ်ားႀကီးျဖစ္ေပၚလာရပါတယ္။

 

ဒီလို ကိစၥရပ္ေတြကိုတားဆီးဖို႔အတြက္ဆိုရင္ လူသားတစ္ေယာက္စီတိုင္းႏွလုံးသားတံခါးေတြကို ဖြင့္ထားႏိုင္ဖို႔လိုပါတယ္။ ႏွလုံးသားတံခါးေတြ ဖြင့္ထားမွ လူသားခ်င္းစာနာေထာက္ထားမႈ ( Humanity ) ေတြျမင့္လာမွာပါ။ ဒီေတာ့ ႏွလုံးသားတံခါးေတြဖြင့္ၿပီး ႏွလုံးသားလွသူမ်ားျဖစ္ဖို႔ စိတ္ဓာတ္အေမြခံဆိုတာကို ဆက္ပါမယ္။

 

နည္းပညာေတြတိုးတက္လာလို႔ ဦးေႏွာက္တံခါးေတြဖြင့္ၿပီး ေလ့လာသင္ယူေနၾကေတာ့ ႏွလုံးသားတံခါးေတြကို ပိတ္မိထားၾကတယ္ လို႔ အထက္မွာဆိုခဲ့ပါတယ္။ ဒီလို ႏွလုံးသားတံခါးေတြ ပိတ္မိထားတာကို သတိထားမိဖို႔ လိုအပ္တာ စိတ္ဓာတ္အေမြပါ။ ရွိသင့္တဲ့ ပင္မအရင္းခံစိတ္ဓာတ္အေမြေကာင္းမရွိရင္ သင့္ရဲ႕ ႏွလုံးသားတံခါးလုံးဝပြင့္လာမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ စိတ္ဓာတ္အေမြခံေကာင္းဖို႔ အေရးႀကီးပါတယ္။

 

စိတ္ဓာတ္အေမြခံေကာင္းဖို႔ ဘယ္လိုလုပ္ရမလဲ။
စာမ်ားမ်ားဖတ္ပါ။ ရသစာေပလိုက္စားပါ။ လူတိုင္းလူတိုင္း ဘယ္သူမွ ရသနဲ႔ ေရွာင္ဖယ္ေနလို႔မရဘူး။ ရသတန္ဖိုး (Aesthetic Value ) ဆိုတာကို ေန႔စဥ္ဘဝနဲ႔ ယွဥ္တြဲႏိုင္စြမ္းရွိလာတဲ့အခါ သင္က ႏွလုံးသားလွသူတစ္ဦးျဖစ္လာမွာ အေသအခ်ာပါပဲ။

 

အခုလို လက္တဖဝါးစာသာသာရွိတဲ့ ျပဴတင္းေပါက္ေလးတစ္ခုကေန ကမာၻတစ္ခုလုံးေမႊေႏွာက္ရွာႏိုင္တဲ့ေခတ္ႀကီးမွာ ကိုယ့္အတြက္ မလိုလားအပ္တဲ့ ဆူညံသံေတြ( Noise ) ေတြကလည္း ဒလေဟာ ကိုယ့္ဆီဝင္လာတတ္ပါတယ္။ ဒါေတြကို ေရွာင္ဖယ္ႏိုင္ဖို႔အတြက္ ရသတန္ဖိုး (Aesthetic Value )လိုအပ္တာပါ။

 

ဒါေၾကာင့္ ေခတ္ပညာတတ္လူငယ္တိုင္းအေနနဲ႔ ဦးေႏွာက္တံခါးနဲ႔ ႏွလုံးသားတံခါး ကို ဟန္ခ်က္ညီညီဖြင့္ထားတတ္ဖို႔ လိုပါတယ္။
လူပီသတဲ့ ထူးခြၽန္လူငယ္တိုင္း ႏွလုံးသားလွဖို႔အတြက္ စိတ္ဓာတ္အေမြခံေကာင္းၾကပါေစ။

 

စာကိုး- ေမာင္ခင္မင္(ဓႏုျဖဴ ) - “ စိတ္ဓာတ္အေမြခံပညာအေမြခံ”

Read times
Rate this articles
(0 votes)