×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Wednesday, 20 January 2021

အနာဂတ်နေ့ရက်တွေအတွက် ဘဝနေနည်းနိယာမ ( ၉ ) မျိုး

အနာဂတ်နေ့ရက်တွေအတွက် ဘဝနေနည်းနိယာမ ( ၉ ) မျိုး

 

(၁) ပိုချစ်ပါ။
တခြားလူတွေ၊ တခြားအရာတွေကိုပဲ ချစ်ရမှာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုလည်း ချစ်ရပါမယ်။ ဘဝပြဿနာ်တော်တော်များများက ကိုယ့်ကိုယ်ကို ချစ်တဲ့စိတ်နည်းပါးတာကြောင့် ဖြစ်ရတာပါ။ ပိုချစ်ပါ ဆိုတဲ့ အဓိပ္ပာယ်က ကိုယ့်ကို ကောင်းသောလမ်း၊ ကောင်းသောအတွေးတွေဆီ ခေါ်သွားပေးနိုင်တဲ့ အသိဉာဏ်ကို ပိုမွေးပါ လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ သင့်ကိုယ်သင် မချစ်ဘူးဆိုတာ ကိုယ့်ကိုယ်ကို ရေနှစ်သတ်နေသလိုပါပဲ တဲ့။

 

(၂) သတိတရားကို မွေးမြူပါ။
အတွေးတွေကို အရှေ့ကြိုမြင်နိုင်ဖို့အတွက် အမြဲလေ့ကျင့်ပါ။ စိတ်ရဲ့ကျွန် မဖြစ်စေဖို့လည်း သတိထားပါ။ သတိတရားရှိခြင်းက သင့်ကို အတိတ်ကဖြစ်ရပ်တွေမှာ နစ်မြှုပ်မနေစေဘဲ ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ ဘယ်လိုရှင်သန်မလဲဆိုတဲ့ အတွေးတွေကို ဖိတ်ခေါ်ပေးပါလိမ့်မယ်။

 

(၃) Personal Development ဖြစ်အောင်နေပါ။
လူဆိုတာ အမြဲတမ်းတိုးတက်မှုတစ်ခု ရှိနေရပါတယ်။ နေ့တိုင်းတောင် ဒီနေ့နဲ့ မနက်ဖြန် မတူအောင်လို့ အဝတ်အစားတွေဆင်၊ ရေတွေချိုး လုပ်ရသေးတာပဲ။ ကိုယ့်ရဲ့ စိတ်အတွင်းသဏ္ဍာန်လည်း တူတူပါပဲ။ စိတ်တွင်းသဏ္ဍာန်တိုးတက်မှ Personal Development ဖြစ်တာပါ။

 

(၄) စိတ်သဘောထား ကောင်းအောင်နေပါ။
စိတ်သဘောထားကောင်းမွန်ခြင်းက အပြင်ရုပ်အဆင်းကောင်းမွန်ခြင်းထက် အများကြီး သာလွန်ပြည့်စုံပါတယ်။ ဒါဆို ကောင်းမွန်တဲ့စိတ်သဘောထားတွေကို ဘယ်လိုမွေးမြူရမလဲ? ဘဝမှာ မတွေ့ကြုံချင်တဲ့လောကဓံတွေကြုံလာတဲ့အခါ အကောင်းမြင်စိတ်သဘောထားတွေနဲ့ပဲ ကျော်ဖြတ်နိုင်အောင်ကြိုးစားပါ။ ဒါက သင့်ရဲ့စိတ်သဘောထား ဖြူစင်သန့်ရှင်းလာအောင် အပြည့်အဝအထောက်အကူပြုပါလိမ့်မယ်။

 

(၅) တခြားလူတွေအတွက် အကူအညီပေးနိုင်သူတစ်ယောက်ဖြစ်ပါစေ။
သင်က တစ်စုံတစ်ဦးအတွက် အကူအညီသေးသေးလေးပဲ ပေးနိုင်တယ်ဆိုရင်တောင် အဲ့ သေးသေးလေးကို အကောင်းဆုံးဖြစ်အောင် ပေးလိုက်ပါ။ ကိုယ် အကောင်းဆုံးကူညီပေးလိုက်လို့ သူတစ်ပါးစိတ်ချမ်းသာသွားရတာကို မြင်တွေ့ရခြင်းက တန်ဖိုးဖြတ်မရတဲ့ ခံစားချက်တစ်ခုဖြစ်ပါတယ်။

 

(၆) စိုးရိမ်စိတ်၊ အကြောက်တရား၊ သံသယ တွေကို အဝေးကို လွှင့်ပစ်လိုက်ပါ။
ဘဝရဲ့ တက်လမ်းတွေကို အနှောင့်အယှက်အပေးဆုံးက ဒီအရာ(၃) ခုပါပဲ။ ဒါကြောင့် သင့်ကိုယ်သင် မြတ်နိုးတန်ဖိုးထားတယ်ဆိုရင် ဒီ အရာတွေကို ခပ်ဝေးဝေးကိုသာ ပို့ထားလိုက်ပါ။

 

(၇) ကောင်းမွန်တဲ့ပတ်ဝန်းကျင်မှာသာ ရှင်သန်ပါ။
သင့်ကို မလိုလားတဲ့ပတ်ဝန်းကျင်၊ သင့်ကို အတုအယောင်တွေ နဲ့ အဆိပ်တွေပဲ ပေးတဲ့ ပတ်ဝန်းကျင်မှာ မနေပါနဲ့။ သင့်ကို ကောင်းမွန်တဲ့ အရာတွေ၊ အစစ်အမှန်တွေပဲ‌ ပေးတဲ့ဒေသမှာ ရှင်သန်ပါ။

 

(၈) ခွင့်လွှတ်တတ်ပါစေ။
လူတိုင်း မှားတတ်ကြပါတယ်။ ဒါကို သင်နားလည်သဘောပေါက်ပြီး ခွင့်လွှတ်တတ်ရပါမယ်။ ကိုယ့်ကိုယ်ကိုလည်းခွင့်လွှတ်တတ်ပြီး တစ်ပါးသူကိုလည်း ခွင့်လွှတ်တတ်ပါစေ။

 

(၉) သင့်ခံစားချက်တွေကို လေးစားပါ။
သင့်ရဲ့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း အစရှိတဲ့ ခံစားချက်တွေကို‌ လျစ်လျူမရှုလိုက်ပါနဲ့။ လေးစားပါ။ သင်တောင် သင့်ခံစားချက်တွေကို မလေးစားရင် တခြားလူတွေက ပိုတောင်မလေးစားလုပ်ကြပါလိမ့်မယ်။

 

ဒီ ဘဝနေနည်း နိယာမ(၉) ချက်က စာဖတ်ပရိသတ်ကြီးရဲ့ နေ့စဉ်ဘဝမှာ ဆုပ်ကိုင်ထားရမယ့် အချက်တွေပဲ ဖြစ်ပါတယ်။

 

 

အနာဂတ္ေန႔ရက္ေတြအတြက္ ဘဝေနနည္းနိယာမ ( ၉ ) မ်ိဳး

 

(၁) ပိုခ်စ္ပါ။
တျခားလူေတြ၊ တျခားအရာေတြကိုပဲ ခ်စ္ရမွာမဟုတ္ပါဘူး။ ကိုယ့္ကိုယ္ကိုလည္း ခ်စ္ရပါမယ္။ ဘဝျပႆနာ္ေတာ္ေတာ္မ်ားမ်ားက ကိုယ့္ကိုယ္ကို ခ်စ္တဲ့စိတ္နည္းပါးတာေၾကာင့္ ျဖစ္ရတာပါ။ ပိုခ်စ္ပါ ဆိုတဲ့ အဓိပၸာယ္က ကိုယ့္ကို ေကာင္းေသာလမ္း၊ ေကာင္းေသာအေတြးေတြဆီ ေခၚသြားေပးႏိုင္တဲ့ အသိဉာဏ္ကို ပိုေမြးပါ လို႔ ဆိုလိုျခင္းျဖစ္ပါတယ္။ သင့္ကိုယ္သင္ မခ်စ္ဘူးဆိုတာ ကိုယ့္ကိုယ္ကို ေရႏွစ္သတ္ေနသလိုပါပဲ တဲ့။

 

(၂) သတိတရားကို ေမြးျမဴပါ။
အေတြးေတြကို အေရွ႕ႀကိဳျမင္ႏိုင္ဖို႔အတြက္ အၿမဲေလ့က်င့္ပါ။ စိတ္ရဲ႕ကြၽန္ မျဖစ္ေစဖို႔လည္း သတိထားပါ။ သတိတရားရွိျခင္းက သင့္ကို အတိတ္ကျဖစ္ရပ္ေတြမွာ နစ္ျမႇဳပ္မေနေစဘဲ ပစၥဳပၸန္နဲ႔ အနာဂတ္မွာ ဘယ္လိုရွင္သန္မလဲဆိုတဲ့ အေတြးေတြကို ဖိတ္ေခၚေပးပါလိမ့္မယ္။

 

(၃) Personal Development ျဖစ္ေအာင္ေနပါ။
လူဆိုတာ အၿမဲတမ္းတိုးတက္မႈတစ္ခု ရွိေနရပါတယ္။ ေန႔တိုင္းေတာင္ ဒီေန႔နဲ႔ မနက္ျဖန္ မတူေအာင္လို႔ အဝတ္အစားေတြဆင္၊ ေရေတြခ်ိဳး လုပ္ရေသးတာပဲ။ ကိုယ့္ရဲ႕ စိတ္အတြင္းသ႑ာန္လည္း တူတူပါပဲ။ စိတ္တြင္းသ႑ာန္တိုးတက္မွ Personal Development ျဖစ္တာပါ။

 

(၄) စိတ္သေဘာထား ေကာင္းေအာင္ေနပါ။
စိတ္သေဘာထားေကာင္းမြန္ျခင္းက အျပင္႐ုပ္အဆင္းေကာင္းမြန္ျခင္းထက္ အမ်ားႀကီး သာလြန္ျပည့္စုံပါတယ္။ ဒါဆို ေကာင္းမြန္တဲ့စိတ္သေဘာထားေတြကို ဘယ္လိုေမြးျမဴရမလဲ? ဘဝမွာ မေတြ႕ႀကဳံခ်င္တဲ့ေလာကဓံေတြႀကဳံလာတဲ့အခါ အေကာင္းျမင္စိတ္သေဘာထားေတြနဲ႔ပဲ ေက်ာ္ျဖတ္ႏိုင္ေအာင္ႀကိဳးစားပါ။ ဒါက သင့္ရဲ႕စိတ္သေဘာထား ျဖဴစင္သန႔္ရွင္းလာေအာင္ အျပည့္အဝအေထာက္အကူျပဳပါလိမ့္မယ္။

 

(၅) တျခားလူေတြအတြက္ အကူအညီေပးႏိုင္သူတစ္ေယာက္ျဖစ္ပါေစ။
သင္က တစ္စုံတစ္ဦးအတြက္ အကူအညီေသးေသးေလးပဲ ေပးႏိုင္တယ္ဆိုရင္ေတာင္ အဲ့ ေသးေသးေလးကို အေကာင္းဆုံးျဖစ္ေအာင္ ေပးလိုက္ပါ။ ကိုယ္ အေကာင္းဆုံးကူညီေပးလိုက္လို႔ သူတစ္ပါးစိတ္ခ်မ္းသာသြားရတာကို ျမင္ေတြ႕ရျခင္းက တန္ဖိုးျဖတ္မရတဲ့ ခံစားခ်က္တစ္ခုျဖစ္ပါတယ္။

 

(၆) စိုးရိမ္စိတ္၊ အေၾကာက္တရား၊ သံသယ ေတြကို အေ၀းကို လႊင့္ပစ္လိုက္ပါ။
ဘဝရဲ႕ တက္လမ္းေတြကို အေႏွာင့္အယွက္အေပးဆုံးက ဒီအရာ(၃) ခုပါပဲ။ ဒါေၾကာင့္ သင့္ကိုယ္သင္ ျမတ္ႏိုးတန္ဖိုးထားတယ္ဆိုရင္ ဒီ အရာေတြကို ခပ္ေဝးေဝးကိုသာ ပို႔ထားလိုက္ပါ။

 

(၇) ေကာင္းမြန္တဲ့ပတ္ဝန္းက်င္မွာသာ ရွင္သန္ပါ။
သင့္ကို မလိုလားတဲ့ပတ္ဝန္းက်င္၊ သင့္ကို အတုအေယာင္ေတြ နဲ႔ အဆိပ္ေတြပဲ ေပးတဲ့ ပတ္ဝန္းက်င္မွာ မေနပါနဲ႔။ သင့္ကို ေကာင္းမြန္တဲ့ အရာေတြ၊ အစစ္အမွန္ေတြပဲ‌ ေပးတဲ့ေဒသမွာ ရွင္သန္ပါ။

 

(၈) ခြင့္လႊတ္တတ္ပါေစ။
လူတိုင္း မွားတတ္ၾကပါတယ္။ ဒါကို သင္နားလည္သေဘာေပါက္ၿပီး ခြင့္လႊတ္တတ္ရပါမယ္။ ကိုယ့္ကိုယ္ကိုလည္းခြင့္လႊတ္တတ္ၿပီး တစ္ပါးသူကိုလည္း ခြင့္လႊတ္တတ္ပါေစ။

 

(၉) သင့္ခံစားခ်က္ေတြကို ေလးစားပါ။
သင့္ရဲ႕ ေပ်ာ္႐ႊင္ျခင္း၊ ဝမ္းနည္းျခင္း အစရွိတဲ့ ခံစားခ်က္ေတြကို‌ လ်စ္လ်ဴမရႈလိုက္ပါနဲ႔။ ေလးစားပါ။ သင္ေတာင္ သင့္ခံစားခ်က္ေတြကို မေလးစားရင္ တျခားလူေတြက ပိုေတာင္မေလးစားလုပ္ၾကပါလိမ့္မယ္။

 

ဒီ ဘဝေနနည္း နိယာမ(၉) ခ်က္က စာဖတ္ပရိသတ္ႀကီးရဲ႕ ေန႔စဥ္ဘဝမွာ ဆုပ္ကိုင္ထားရမယ့္ အခ်က္ေတြပဲ ျဖစ္ပါတယ္။

Read times
Rate this articles
(0 votes)