ရှေးမြန်မာလူမျိုးတို့ရဲ့ နေထိုင်မှုပုံစံများ
ယဉ်ကျေးမှုကို ထုတ်ဖော်ပြသနေတဲ့ ရှေးခေတ်မြန်မာ့လူနေမှုပုံစံလေးတွေကို နောင်လာနောင်သား ညီငယ်၊ညီမငယ်တို့ မှတ်သားနိုင်ဖို့အတွက်ဝေမျှလိုက်ပါတယ်။
ချမ်းသာတဲ့လူတန်းစားအများစုကတော့ ကလေးပုခက်ကို ကြိမ်ဖြင့်မယက်တော့ဘဲ လက်သမားဆရာကို စိတ်ကြိုက်မှာပြီး ကနုတ်ပန်းများဖြင့်ပြီးသောသစ်သားပုခက်ကိုပြုလုပ်လေ့ရှိပါတယ် ။ တချို့ကလေးပုခက်တွေမှာ မှန်စီရွှေချလေးများတောင် ပါကောင်းပါနိုင်ပါတယ်။
ကလေးတွေဆော့ကစားတတ်တဲ့အချိန်မှာတော့ မိဘများကရွှံ့ဖြင့်လုပ်သောနွားရုပ်၊ကျွဲရုပ်များစက္ကူဖြင့်ပုံဖော်ထားသော ဇီးကွက်၊ ပစ်တိုင်းထောင်ရုပ်များ ဝယ်ပေးတတ်ကြပါတယ်။ အထက်ကပုံမှာတော့ ကလေးလေးများဆော့ဖို့ လှည်းသေးသေးလေးတစ်ခုပါ။ တစ်ယောက်ကိုတစ်ယောက်တင်ပြီးဆွဲလို့ရပါ တယ်။ ကျွန်တော်တို့ငယ်ငယ်က အုန်းလက်ကိုတစ်ယောက်ကထိုင်ပြီး နောက်တစ်ယောက်ကဆွဲရသည့် ဆော့ကစားနည်းလိုပေါ့။
မိန်းကလေးများ အရွယ်ရောက်လာသည့်အခါ သနပ်ခါးလိမ်းအလှပြင်တရုတ်စက္ကူနီများဖြင့် နှုတ်ခမ်းကိုရဲနေအောင် ဆိုးတတ်ကြပါတယ်။ တရုတ်စက္ကူနီမရှိလျှင် ကွမ်းစားပြီးနှုတ်ခမ်းကိုရဲနေအောင်ပြင်တတ်ကြ ပါတယ်။
အလှပြင်ပြီးသည့်အခါ လူပျိုလှည့်လာသည့်ကာလသားများကိုကွမ်းဆေးဖြင့် ဧည့်ခံကြရပါတယ်။ ဒီလိုဧည့်ခံရာတွင် မြန်မာမိန်းကလေးများက စကားပုံမျိုးစုံဖြင့် ထိုကာလသားများကို ပညာစမ်းတတ်ကြပါတယ်။
အမျိုးသမီးတစ်ယောက်အရွယ်ရောက်လာလျှင် အိမ်သုံးဖို့အတွက်သောက်ရေ သုံးရေခပ်ကြရပါတယ်။ ရှေးယခင်အမျိုးသမီးတို့ ရေခပ်ဆင်းသည့်အခါ အပေါ်အင်္ကျီမပါ။ ထဘီရေလျားဖြင့် ရေအိုးရွက်ကြရပါတယ်။
ဒီပုံကတော့ အတော်လေးကိုထူးခြားပါတယ်။ အမျိုးသမီးတစ်ယောက်ရေခပ်ဆင်းရာတွင် ထဘီကို ခါးအထိသာဝတ်ထားပြီး အပေါ်ဗလာကျင်းနေသည့်ပုံစံဖြစ်ပါတယ်။ ဓာတ်ပုံဆရာအလိုကျလား ဒါမှမဟုတ် တချို့ရပ်ရွာတွေမှာ ထိုဓလေ့ရှိတတ်ကြသလား။ စဉ်းစားစရာပဲဖြစ်ပါတယ်။
ရေခပ်ဆင်းပြီးသည့်အခါ ရေများကိုအိုးငယ်လေးများဖြင့် ထည့်ပြီးသောက်ရေအတွက်သီးသန့်ဖယ်တတ်ကြပါတယ်။
အိမ်ရှေ့မှာပဲဖြစ်ဖြစ် အရိပ်ရသောအပင်အောက်မှာပဲဖြစ်ဖြစ် ခရီးသွားများအတွက် သောက်ရေဒါနပြုတတ်ကြသောမြန်မာ့အစဉ်အလာတတစ်ခုပင်ဖြစ်ပါတယ်။
မိန်းကလေးများကအိမ်မှာနေလျှင်လည်း ချည်ယက်ကြရ ပါတယ်။ ဓာတ်ပုံထဲကမိန်းကလေးတစ်ဦးသည် ပိုးထဘီကို ဝတ်ထားပြီးအပေါ်အင်္ကျီကိုဝတ်ဆင်ထားခြင်းမရှိပါ။ ကျေးလက်နေ မိန်းမပျိုလေးများ၏ ဗလာထဘီသည်နန်းတွင်းသူလေးများထက်တိုကြပါတယ်။
တစ်ခါတစ်ရံ အခုလိုအလုပ်ရှုပ်နေသည့်အခါမျိုးမှာ ကိုလူပျိုတစ်ချို့ ရစ်သီရစ်သီ လာလုပ်တတ်ကြပါသေးတယ်။
၁၈၉၀ ဝန်းကျင်က မီးဖိုချောင်အထားအသိုပင်ဖြစ်ပါတယ်။ ယခုကျေးလက်များတွင် ယခုလိုပဲ တွေ့နိုင်ပါသေးတယ်။ နှစ်ပေါင်း ၁၂၀ ကျော်ပေမယ့် ဘာမှမပြောင်းလဲသေး။
ချမ်းသာသည့်မိသားစုတစ်စု၏စားသောက်ဝိုင်းလေးပင်ဖြစ်ပါတယ်။ ကနှုတ်တွေဖြင့် တန်ဆာဆင်ထားသော စားပွဲခုံပုလေးတွင်ဟင်းခွက်များကို တင်ထားပြီး ထမင်းပန်းကန်များကို ကြမ်းပေါ်ချ၍စားကြပါတယ်။
ဆင်းရဲသည့်ကျေးလက်နေတောသူတောင်ယာသားများကတော့ ဒေါင်းလန်းကြီးပေါ်မှာပဲ ထမင်းရောဟင်းရောပုံပြီးလက်ရည်တပြင်တည်းစားသောက်ကြပါတယ်။ တချို့ဒေါင်းလန်းများမှာ ဟင်္သာပြဒါး(သို့မဟုတ်) ဒေါင်းရုပ်ခံသည့်ခြေထောက်များရှိတတ်ကြပါတယ်။
အိမ်သို့သက်ကြီးအဖိုးအဖွားအလည်လာလျှင်ပဲဖြစ်ဖြစ် ဆွေမျိုးသားရင်းများက လက်ဖက်ကွမ်းဆေးဖြင့် ဧည့်ဝတ်ပြုကြရပါ တယ်။
သက်ကြီးရွယ်အိုအများစုက အိမ်ရှေ့ပဲဖြစ်ဖြစ် ခြံထဲမှာပဲဖြစ်ဖြစ် လက်ဖက်လေးစားလိုက် ကွမ်းလေးမြှုံ့လိုက်ဖြင့်စကားဖောင်ဖွဲ့လေ့ရှိတတ်ကြပါတယ်။ ပညာလိုချင်သောလူငယ်များက အနီးအပါးကနေ လာနားဆင်လေ့ရှိကြပါတယ်။ သက်ကြီးစကား သက်ငယ်ကြားဆိုတာဒီကနေစတယ်လို့ထင်မိပါတယ်။
ဒီပုံလေးတွေကိုကြည့်ရတာ ဟိုးအရင်က မြန်မာလူမျိုးတွေရဲ့ နေထိုင်မှုပုံစံတွေ၊ လူနေမှုဘဝတွေရဲ့ တစ်စိတ်တစ်ပိုင်းကို တွေ့မြင်လိုက်ရသလိုပါပဲ။ စိတ်ဝင်စားဖို့ကောင်းသလို ဗဟုသုတ၊ မှတ်သားစရာတစ်ခုခုလည်း ရမယ်လို့ မျှော်လင့်မိပါတယ်။
Credit:
ေရွးျမန္မာလူမ်ိဳးတို႔ရဲ႕ ေနထိုင္မႈပုံစံမ်ား
ယဥ္ေက်းမႈကို ထုတ္ေဖာ္ျပသေနတဲ့ ေရွးေခတ္ျမန္မာ့လူေနမႈပုံစံေလးေတြကို ေနာင္လာေနာင္သား ညီငယ္၊ညီမငယ္တို႔ မွတ္သားႏိုင္ဖို႔အတြက္ေဝမွ်လိုက္ပါတယ္။
ခ်မ္းသာတဲ့လူတန္းစားအမ်ားစုကေတာ့ ကေလးပုခက္ကို ႀကိမ္ျဖင့္မယက္ေတာ့ဘဲ လက္သမားဆရာကို စိတ္ႀကိဳက္မွာၿပီး ကႏုတ္ပန္းမ်ားျဖင့္ၿပီးေသာသစ္သားပုခက္ကိုျပဳလုပ္ေလ့ရွိပါတယ္ ။ တခ်ိဳ႕ကေလးပုခက္ေတြမွာ မွန္စီေ႐ႊခ်ေလးမ်ားေတာင္ ပါေကာင္းပါႏိုင္ပါတယ္။
ကေလးေတြေဆာ့ကစားတတ္တဲ့အခ်ိန္မွာေတာ့ မိဘမ်ားက႐ႊံ႕ျဖင့္လုပ္ေသာႏြား႐ုပ္၊ကြၽဲ႐ုပ္မ်ားစကၠဴျဖင့္ပုံေဖာ္ထားေသာ ဇီးကြက္၊ ပစ္တိုင္းေထာင္႐ုပ္မ်ား ဝယ္ေပးတတ္ၾကပါတယ္။ အထက္ကပုံမွာေတာ့ ကေလးေလးမ်ားေဆာ့ဖို႔ လွည္းေသးေသးေလးတစ္ခုပါ။ တစ္ေယာက္ကိုတစ္ေယာက္တင္ၿပီးဆြဲလို႔ရပါ တယ္။ ကြၽန္ေတာ္တို႔ငယ္ငယ္က အုန္းလက္ကိုတစ္ေယာက္ကထိုင္ၿပီး ေနာက္တစ္ေယာက္ကဆြဲရသည့္ ေဆာ့ကစားနည္းလိုေပါ့။
မိန္းကေလးမ်ား အ႐ြယ္ေရာက္လာသည့္အခါ သနပ္ခါးလိမ္းအလွျပင္တ႐ုတ္စကၠဴနီမ်ားျဖင့္ ႏႈတ္ခမ္းကိုရဲေနေအာင္ ဆိုးတတ္ၾကပါတယ္။ တ႐ုတ္စကၠဴနီမရွိလွ်င္ ကြမ္းစားၿပီးႏႈတ္ခမ္းကိုရဲေနေအာင္ျပင္တတ္ၾက ပါတယ္။
အလွျပင္ၿပီးသည့္အခါ လူပ်ိဳလွည့္လာသည့္ကာလသားမ်ားကိုကြမ္းေဆးျဖင့္ ဧည့္ခံၾကရပါတယ္။ ဒီလိုဧည့္ခံရာတြင္ ျမန္မာမိန္းကေလးမ်ားက စကားပုံမ်ိဳးစုံျဖင့္ ထိုကာလသားမ်ားကို ပညာစမ္းတတ္ၾကပါတယ္။
အမ်ိဳးသမီးတစ္ေယာက္အ႐ြယ္ေရာက္လာလွ်င္ အိမ္သုံးဖို႔အတြက္ေသာက္ေရ သုံးေရခပ္ၾကရပါတယ္။ ေရွးယခင္အမ်ိဳးသမီးတို႔ ေရခပ္ဆင္းသည့္အခါ အေပၚအက်ႌမပါ။ ထဘီေရလ်ားျဖင့္ ေရအိုး႐ြက္ၾကရပါတယ္။
ဒီပုံကေတာ့ အေတာ္ေလးကိုထူးျခားပါတယ္။ အမ်ိဳးသမီးတစ္ေယာက္ေရခပ္ဆင္းရာတြင္ ထဘီကို ခါးအထိသာဝတ္ထားၿပီး အေပၚဗလာက်င္းေနသည့္ပုံစံျဖစ္ပါတယ္။ ဓာတ္ပုံဆရာအလိုက်လား ဒါမွမဟုတ္ တခ်ိဳ႕ရပ္႐ြာေတြမွာ ထိုဓေလ့ရွိတတ္ၾကသလား။ စဥ္းစားစရာပဲျဖစ္ပါတယ္။
ေရခပ္ဆင္းၿပီးသည့္အခါ ေရမ်ားကိုအိုးငယ္ေလးမ်ားျဖင့္ ထည့္ၿပီးေသာက္ေရအတြက္သီးသန႔္ဖယ္တတ္ၾကပါတယ္။
အိမ္ေရွ႕မွာပဲျဖစ္ျဖစ္ အရိပ္ရေသာအပင္ေအာက္မွာပဲျဖစ္ျဖစ္ ခရီးသြားမ်ားအတြက္ ေသာက္ေရဒါနျပဳတတ္ၾကေသာျမန္မာ့အစဥ္အလာတတစ္ခုပင္ျဖစ္ပါတယ္။
မိန္းကေလးမ်ားကအိမ္မွာေနလွ်င္လည္း ခ်ည္ယက္ၾကရ ပါတယ္။ ဓာတ္ပုံထဲကမိန္းကေလးတစ္ဦးသည္ ပိုးထဘီကို ဝတ္ထားၿပီးအေပၚအက်ႌကိုဝတ္ဆင္ထားျခင္းမရွိပါ။ ေက်းလက္ေန မိန္းမပ်ိဳေလးမ်ား၏ ဗလာထဘီသည္နန္းတြင္းသူေလးမ်ားထက္တိုၾကပါတယ္။
တစ္ခါတစ္ရံ အခုလိုအလုပ္ရႈပ္ေနသည့္အခါမ်ိဳးမွာ ကိုလူပ်ိဳတစ္ခ်ိဳ႕ ရစ္သီရစ္သီ လာလုပ္တတ္ၾကပါေသးတယ္။
၁၈၉၀ ဝန္းက်င္က မီးဖိုေခ်ာင္အထားအသိုပင္ျဖစ္ပါတယ္။ ယခုေက်းလက္မ်ားတြင္ ယခုလိုပဲ ေတြ႕ႏိုင္ပါေသးတယ္။ ႏွစ္ေပါင္း ၁၂၀ ေက်ာ္ေပမယ့္ ဘာမွမေျပာင္းလဲေသး။
ခ်မ္းသာသည့္မိသားစုတစ္စု၏စားေသာက္ဝိုင္းေလးပင္ျဖစ္ပါတယ္။ ကႏႈတ္ေတြျဖင့္ တန္ဆာဆင္ထားေသာ စားပြဲခုံပုေလးတြင္ဟင္းခြက္မ်ားကို တင္ထားၿပီး ထမင္းပန္းကန္မ်ားကို ၾကမ္းေပၚခ်၍စားၾကပါတယ္။
ဆင္းရဲသည့္ေက်းလက္ေနေတာသူေတာင္ယာသားမ်ားကေတာ့ ေဒါင္းလန္းႀကီးေပၚမွာပဲ ထမင္းေရာဟင္းေရာပုံၿပီးလက္ရည္တျပင္တည္းစားေသာက္ၾကပါတယ္။ တခ်ိဳ႕ေဒါင္းလန္းမ်ားမွာ ဟသၤာျပဒါး(သို႔မဟုတ္) ေဒါင္း႐ုပ္ခံသည့္ေျခေထာက္မ်ားရွိတတ္ၾကပါတယ္။
အိမ္သို႔သက္ႀကီးအဖိုးအဖြားအလည္လာလွ်င္ပဲျဖစ္ျဖစ္ ေဆြမ်ိဳးသားရင္းမ်ားက လက္ဖက္ကြမ္းေဆးျဖင့္ ဧည့္ဝတ္ျပဳၾကရပါ တယ္။
သက္ႀကီး႐ြယ္အိုအမ်ားစုက အိမ္ေရွ႕ပဲျဖစ္ျဖစ္ ၿခံထဲမွာပဲျဖစ္ျဖစ္ လက္ဖက္ေလးစားလိုက္ ကြမ္းေလးျမႇဳံ႕လိုက္ျဖင့္စကားေဖာင္ဖြဲ႕ေလ့ရွိတတ္ၾကပါတယ္။ ပညာလိုခ်င္ေသာလူငယ္မ်ားက အနီးအပါးကေန လာနားဆင္ေလ့ရွိၾကပါတယ္။ သက္ႀကီးစကား သက္ငယ္ၾကားဆိုတာဒီကေနစတယ္လို႔ထင္မိပါတယ္။
ဒီပုံေလးေတြကိုၾကည့္ရတာ ဟိုးအရင္က ျမန္မာလူမ်ိဳးေတြရဲ႕ ေနထိုင္မႈပုံစံေတြ၊ လူေနမႈဘဝေတြရဲ႕ တစ္စိတ္တစ္ပိုင္းကို ေတြ႕ျမင္လိုက္ရသလိုပါပဲ။ စိတ္ဝင္စားဖို႔ေကာင္းသလို ဗဟုသုတ၊ မွတ္သားစရာတစ္ခုခုလည္း ရမယ္လို႔ ေမွ်ာ္လင့္မိပါတယ္။