×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Friday, 31 August 2018

သင့်ဘဝကို ဆိုးရွားစွာဖျက်ဆီးနေတဲ့ အတွေးတွေက ဒါတွေပါ

သင့်ဘဝကို ဆိုးရွားစွာဖျက်ဆီးနေတဲ့ အတွေးတွေက ဒါတွေပါ google.com

လူတိုင်းမှာ ကိုယ့်အတွေးကိုယ်စီရှိကြတာ မှန်ပေမယ့် အတွေးတိုင်းက မှန်ကန်မယ်လို့ပြောလို့ မရပါဘူး။ တစ်ခါတစ်ရံ ကျွန်တော်တို့က မှန်တယ်ထင်ပြီးတွေးလိုက်တဲ့ အတွေးတစ်ချို့က ကျွန်တော်တို့ ဘဝကို ပိုမိုဆုတ်ယုတ်သွားစေမယ့် အတွေးမျိုး ဖြစ်နေတတ်ပါတယ်။


ဒါကြောင့် ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိနိုင်စေနိုင်ကာ စွန့်လွှတ်ပစ်သင့်ပြီး မကောင်းတဲ့ အတွေးအခေါ် ၅ ခုကို ဖော်ပြလိုက်ပါတယ်။


အရမ်းနောက်ကျသွားပြီ

သင် စတင်လုပ်ဆောင်ဖို့ ဆုံးဖြတ်ပြီး စတင်လုပ်ဆောင်တဲ့ အချိန်က အကောင်းဆုံးအချိန်ပါပဲ။ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ငယ်ငယ်က သင်ဖူးတဲ့ ကျည်ပွေ့တောင် အတက်ပေါက်သေးတာကို သတိရပါ။ သင့်ဆုံးဖြတ်ချက်တွေကို ပြောင်းလဲနိုင်ဖို့ပဲ
လိုအပ်တာပါ။ ကြောက်ရမှာက သင်ကိုယ်တိုင်ကိုက ပြောင်းလဲရမှာ ကြောက်နေတာကိုပါ။ မနေ့က အတိတ်ကို ဘယ်သူမှ ပြုပြင်ပြောင်းလဲလို့ မရသလို ငိုကြွေးနေလို့လဲ မရပါဘူး။


ကျွန်တော်တို့က အတိတ်ကိုလည်း မပိုင်သလို အနာဂတ်ကိုလည်း မပိုင်ဆိုင်ပါဘူး။ ကျွန်တော်တို့ တစ်ကယ်တမ်း ပိုင်ဆိုင်ထားတာက လက်ရှိပစ္စုပန်ကိုပါ။ နောင်တစ်ချိန်မှာ သင်ဘာဖြစ်လာမလဲဆိုတာက သင့်ရဲ့လက်ရှိပြုပြင်ပြောင်းလဲခြင်းများအပေါ်မှာ မူတည်ပါတယ်။


ငါ အဲ့ဒီတုန်းကသာ လုပ်ခဲ့ရင် . . .

တစ်ချို့ကထင်ကြတာက ချမ်းသာသွားတဲ့လူတစ်ချို့က အခြေအနေကောင်း၊ အချိန်အခါကောင်းကို မှီခဲ့တာမို့ဆိုပြီး ထင်တတ်ကြပါတယ်။ စီးပွားရေး အခြေအနေတွေ ကျဆင်းနေတဲ့အချိန်မှာလည်း ချမ်းသာသွားတဲ့သူတွေရှိပါတယ်။ ဒါကြောင့် စွန့်စားမှုတွေပြုလုပ်ပါ။ အရမ်းမကြောက်ပါနဲ့။ မအောင်မြင်သေးရင် သင်ခန်းစာယူလို့ရမှာဖြစ်ပြီး အောင်မြင်သွားရင် သင်ခန်းစာများနဲ့ ဒီထက်ပိုအောင်မြင်လုပ်လို့ရလာပါလိမ့်မယ်။


မနက်ဖြန်ကနေ စပြီးကြိုးစားမယ်

ကျွန်တော်တို့ အားလုံးသိပြီးထားတဲ့အတိုင်း လက်ရှိအချိန်ကိုသာ ပိုင်ဆိုင်ထားပေမယ့် လူတော်တော်များများက ဖြစ်ပျက်ပြီးတဲ့အတိတ်နဲ့ ဖြစ်မလာသေးတဲ့ အနာဂတ်မှာသာ ပျော်ရွှင်နေကြပါတယ်။ သင်ရော အတိတ်က သာယာခဲ့တဲ့အချိန်တွေကို ပြန်တမ်းတပြီး ပျော်ရွှင်နေသူလား ? ဖြစ်မလာသေးတဲ့အနာဂတ်ကို စိတ်ကူးယဉ်နေပြီး ပျော်ရွှင်နေသူလား ? ကျွန်တော့်ကို အမြဲစိတ်ဓာတ်တက်ကြွစေတဲ့ Nike ရဲ့ဆောင်ပုဒ်တစ်ခုရှိပါတယ်။ " Yesterday you said Tomorrow. " မကုန်ဆုံးနိုင်မယ့် မနက်ဖြန်တွေကို ဆင်ခြေပေးနေတာတွေလျော့ပြီး လက်ရှိအချိန်ကို အကျိုးရှိစွာ အသုံးချနိုင်အောင်ကြိုးစားပါ။

 

Recommended for you - အတန်းထဲမှာ စကားအရမ်းများတဲ့ကျောင်းသားတွေကို ဘယ်လိုနည်းနဲ့ကိုင်တွယ်ရင် ကောင်းမလဲ


ငါ ဥာဏ်မကောင်းလို့ . . .

လူတော်တော်များများ ထင်မှတ်နေကြတာက မှတ်ဥာဏ်နဲ့အောင်မြင်မှုက တိုက်ရိုက်အချိုးကျတယ်လို့ ထင်မှတ်တတ်ကြပါတယ်။ တကယ်တမ်းကတော့ မှတ်ဥာဏ်ထက်ကို ပိုသာစေတဲ့အရာက ဇွဲ၊ လုံ့လ၊ ဝီရိယရှိမှုပါ။ ပြင်ပလောကမှာ အောင်မြင်နေသူတွေမှာ ဥာဏ်ရည်ကြောင့် အောင်မြင်လာတာထက် ဇွဲ၊ လုံ့လ၊ ဝီရိယတို့ကြောင့် အောင်မြင်လာသူတွေက ပိုများပါတယ်။


တီထွင်မှုဖခင်ကြီးလို့ သတ်မှတ်ထားတဲ့ Thomas Alva Edison သာ ကျရှုံးတိုင်း လက်လျော့ခဲ့ရင် လက်ရှိကျွန်တော်တို့ ဘဝတွေလည်း တစ်မျိုးတစ်ဖုံ ဖြစ်နေနိုင်ပါတယ်။ မအောင်မြင်သေးရင် အထပ်ထပ်အခါခါ ကြိုးစားဖို့ အခွင့်အရေးရှိပါတယ်။ ထပ်ကြိုးစားချင်စိတ် မရှိတော့ဘူးဆိုရင်တော့ သင်လုံးဝကျရှုံးသွားပြီလို့မှတ်ယူပါ။


ငါက အသုံးမှမကျတာ . . .

ဘယ်သူကမှ မွေးလာကတည်းက အသုံးကျပြီး မွေးလာတယ်ဆိုတာ မရှိပါဘူး။ အကုန်လုံးကို ကြိုးစားပြီး သင်ယူခဲ့ရတာချည်းပါပဲ။ လူ့ဘဝဆိုတာ ကစားပွဲတစ်ခုနဲ့တူတာမို့ ပြိုင်ပွဲစတာနဲ့ တာထွက်ကောင်းတိုင်း အနိုင်ရမယ်လို့ မဆိုနိုင်ပါဘူး။ ပြိုင်ပွဲအဆုံးသတ်မှသာ သင့်ရဲ့ အောင်မြင်ခြင်း၊ ကျရှုံးခြင်းကို သတ်မှတ်ပေးမှာပါ။


ပြိုင်ပွဲနဲ့ ဘဝ ကွာခြားသွားတာတစ်ခုက ပြိုင်ပွဲမှာ အချိန်ကာလကို သတ်မှတ်ထားပေမယ့် ဘဝရဲ့ အချိန်ကာလက ကိုယ်တိုင်သတ်မှတ်ရတာပါ။ အိမ်မက်များကို အကောင်အထည်ဖော်နိုင်မယ့် အရေးကြီးတဲ့သော့ချက်ကတော့ လုပ်ချင်စိတ်ရှိတာမဟုတ်ဘဲ စတင်လုပ်ဆောင်ရဲတဲ့သတ္တိပါ။


လုပ်ချင်စိတ်တွေကို လုပ်ဆောင်ရဲတဲ့ သတ္တိများနဲ့ စတင်ပြီး အိမ်မက်များ အကောင်အထည်ဖော်နိုင်ကြပါစေဗျာ။

 

Recommended for you - ဘဝမှာ လူတိုင်းကြုံတွေ့ရနိုင်တဲ့ ပြဿနာတွေ

 

Recommended for you - JDS ပညာသင်ဆုဖြင့် Japan နိုင်ငံတွင် သင်ကြားမည့် MPH သင်တန်းလျှောက်လွှာခေါ်ယူခြင်း

 

Credit; htoozawwai

Read times Last modified on Tuesday, 21 January 2020 15:20
Rate this articles
(1 Vote)