×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Monday, 20 January 2020

“စိတ်ခံစားချက်များကို ကိုင်တွယ်ဖြေရှင်းခြင်း” (Emotional management)"

“စိတ်ခံစားချက်များကို ကိုင်တွယ်ဖြေရှင်းခြင်း” (Emotional management)" google

စိတ်ခံစားချက် ဆိုတာမှာ နှစ်ပိုင်း ရှိပါတယ်။ တစ်ပိုင်းက ကိုယ့်ရဲ့ စိတ်ခံစားချက်၊ နောက်တစ်ပိုင်းက သူတစ်ပါးရဲ့ စိတ်ခံစားချက်။

အဲ့ဒါတွေကို ထိန်းချုပ်ဖို့ဆိုတာ အရင်ဆုံး ဘာဖြစ်နေလဲ သိဖို့ လိုတယ်။ ပြီးမှ ထိန်းချုပ်တယ်ဆိုတဲ့ အဆင့် ဖြစ်လာတာ။ ဒီတော့ ၄ မျိုး ထွက်လာတယ်။

ကိုယ့်ခံစားချက် ကိုယ်သိခြင်း (Self-awareness) ၊ ကိုယ့်ခံစားချက်တွေကို ထိန်းချုပ်နိုင်ခြင်း (Self-control) ၊ ဒီနှစ်ခုက ကိုယ်နဲ့ ဆိုင်တဲ့အပိုင်း။ သူတစ်ပါးရဲ့ ခံစားချက်တွေကို သိနားလည်ခြင်း (Social awareness) အရှင်းဆုံး ပြောရရင်တော့ ကိုယ်ချင်းစာစိတ် (Empathy)။ အဲ့လို သူတစ်ပါးဘက်ကနေ ဖြည့်တွေးပြီးမှ အဆင်ပြေအောင် ပြောဆိုဆက်ဆံပေးလိုက်တဲ့အတွက် သူနဲ့ ကိုယ်နဲ့ အဆင်ပြေသွားတယ်။ ဒါကိုတော့ Relationship management ၊ တစ်နည်းအားဖြင့် လူမှုဆက်ဆံရေး (Social skill) ကောင်းတယ်လို့ ဆိုကြတယ်။ ဒီလိုမျိုး စိတ်ခံစားချက်တွေနဲ့ ပတ်သက်တဲ့ သိရှိမှု၊ နားလည်မှု၊ ထိန်းချုပ်မှု မြင့်တဲ့သူတွေကိုတော့ EQ မြင့်တယ်လို့ ခေါ်ကြတာပေါ့။

ဟိုတစ်ရက်က Emotional management ဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ လုပ်ငန်းတစ်ခုရဲ့ ဝန်ထမ်းတွေကို သင်တန်းသွားပေးဖြစ်ပါတယ်။ မနက် ၇ နာရီခွဲလောက် ရောက်သွားတော့ လွတ်တဲ့နေရာလေးမှာ ကားရပ်လိုက်ပြီး သင်တန်းပေးရမယ့် နေရာဆီအသွား နောက်ကနေ ကားတစ်စီး ရောက်လာတယ်။ ကျွန်တော့်ကားကို နေရာရွေ့ပေးပါတဲ့။ ဒီနေရာမှာ ပစ္စည်းချမှာမို့တဲ့။ စဉ်းစားကြည့်နော်။ ကျွန်တော်က ကားရပ်ပြီးပြီ။ သူက နောက်မှ ရောက်လာတာ။ တခြားလွတ်တဲ့နေရာမှာ ရပ်လိုက်လည်း ရတယ်။ မနက်စောစော ကားလည်း အဝင်နည်းတာမို့ ဒီအတိုင်း မြန်မြန်လေး ပစ္စည်းချလိုက်လည်း ရတယ်။ ဒါပေမဲ့ အကျယ်အကျယ် ဖြစ်မှာစိုးလို့ ကျွန်တော်ပဲ အလျှော့ပေးပြီး ခပ်လှမ်းလှမ်းက တစ်နေရာမှာ ရပ်ပေးလိုက်တယ်။

ဒီနေရာမှာ ကျွန်တော့်ရဲ့ စိတ်ခံစားချက်တွေကို ပြောပြချင်တယ်။ စစချင်း ဒေါသထွက်တာပေါ့။ ငါ့ကို သက်သက်လာကြောတယ်လို့ ထင်တယ်။ နောက်တော့ ကျွန်တော် ထိန်းလိုက်တယ်။ တကယ်လို့ ကျွန်တော်သာ မဖယ်ပေးဘဲ အကျယ် အကျယ် ဆက်ဖြစ်နေရင် ကျွန်တော် သင်တန်းပေးလို့ ရတော့မှာ မဟုတ်ဘူး။ လုပ်ရမယ့်အလုပ် ပျက်မယ်။ ပြီးတော့ ပေးရမယ့်သင်တန်းက Emotional management ။ ပြောမယ့်ဆရာက အပြင်မှာ ပေါက်ကွဲလာတယ်ဆို မဖြစ်သေးဘူး။ တကယ်လို့ ဒီအတိုင်းပဲ ရပ်ထားခဲ့မယ်ဆိုလည်း ကိုယ် သင်တန်းပေးနေတုန်း သူများ ငါ့ကားကို ဘာလုပ်ထားမလဲ တွေးပူနေရမယ်။ ဒီတော့ ငါပဲ အလျှော့ပေးလိုက်တာ ကောင်းတယ်ပေါ့။ အဲ့လိုနဲ့ပဲ ထိန်းလိုက်တာ။

နောက် သင်တန်းပေးရမယ့် နေရာရောက်လာ။ ကော်ဖီလေး ဘာလေး သောက်လိုက်တော့ စိတ်က ငြိမ်သွားတးယ်။ အဲ့တော့မှ သေချာစဉ်းစားမိတယ်။ သြော် ဟုတ်တာပဲလေ။ ငါက ပစ္စည်းမှ ပါမလာတာ။ သူကတော့ ပစ္စည်းချရမှာဆိုတော့ အိမ်ရှေ့တည့်တည့် ရပ်ချင်မှာပေါ့။ ဒီလိုမျိုး သူများဘက်က တွေးတတ်တဲ့ အတွေးလေးတွေ ဝင်လာတယ်။ အဲ့တော့ နေရထိုင်ရတာ အဆင်ပြေလာတယ်။ ပူလောင်မနေတော့ဘူး။ သင်တန်းပေးပြီးပြန်အထွက် အဲ့လူနဲ့ တွေ့တော့ သူက ရယ်ပြနှုတ်ဆက်၊ ကျေးဇူးတင်ကြောင်း ပြောနဲ့ အဆင်ပြေပြေလေး အဆုံးသတ်ခဲ့ရတယ်။

တကယ်လို့ ကျွန်တော်သာ စိတ်ခံစားချက်ကို မထိန်းနိုင်ခဲ့ဘူးဆို သင်တန်းပေးဖို့လည်း မဖြစ်နိုင်တော့ဘူး။ စိတ်တွေ ပူလောင်နေရမယ်။ အဲ့လူနဲ့လည်း တစ်ယောက်တစ်ခွန်း စကားများမယ်။ အခန့်မသင့်ရင် ကိုယ်ထိလက်ရောက်တွေပါ ဖြစ်ကုန်မယ်။ အဲ့လို ကိုယ့်ရဲ့ ဘာမဟုတ်တဲ့ ပေါက်ကွဲမှုလေးတွေက ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်စေနိုင်တယ်ဆိုတာကို သတိထားမိလာတော့ ပိုပြီး ကိုယ့်ခံစားချက်တွေကို ထိန်းနိုင်လာတယ်။ တကယ်တော့ Emotional management ဆိုတာ ဘာကိုမှ မခံစားတတ်တော့အောင် အသည်းနှလုံးတွေ မာကြောကုန်တာကို ပြောတာ မဟုတ်ဘူး။ ခံစားချက်တွေ ရှိတယ်။ ခံလည်း ခံစားတတ်တယ်။ အဲ့ခံစားချက်တွေကို သိပြီး ထိန်းချုပ်နိုင်တာကို EQ မြင့်တယ်လို့ ခေါ်ကြတာ။

စဉ်းစားကြည့်၊ ဆရာဝန်တစ်ယောက်ဟာ လူနာအပေါ်မှာ သနားတဲ့စိတ် ရှိရမယ်။ မသနားတတ်လို့၊ မညှာတာတတ်လို့ ဘယ်ဖြစ်မလဲ။ ခံစားချက် ရှိရမှာပေါ့။ ဒါပေမဲ့ ဒီလူနာကို ကုသပြီဆိုတဲ့အခါမှာတော့ ပရော်ဖက်ရှင်နယ်ဆန်ဆန် တည်တည်ငြိမ်ငြိမ်နဲ့ ကုသပေးရမယ်။ သူတို့မှာ စိတ်ဖိစီးစရာတွေလည်း ရှိမှာပေါ့။ စိတ်ညစ်စရာတွေ၊ အလုပ်ဝန်ပိနေတာတွေလည်း ရှိမယ်။ ဒါတွေကို ထိန်းချုပ်ပြီး အကောင်းဆုံး ဝန်ဆောင်မှု ပေးရမယ်။ ဒါကို Emotional management လို့ ပြောချင်တာပဲ။

အရင်ကဆို ကျွန်တော် ခရီးသွားမယ်ဆို အမေက အဝတ်အိတ် ပြင်ပေးလိုက်တယ်။ အဲဒီမှာ ခြေအိတ်ပါမလာတာတို့၊ ခါးပတ် ကျန်ခဲ့တာတို့ဆို အိမ်ကို ဖုန်းလှမ်းလှမ်းဆက်ပြီး ပြောတတ်တယ်။ အမေက သေချာမထည့်ပေးလိုက်ဘူး ဘာညာနဲ့ အပြစ်တင်တာပေါ့။ သေချာစဉ်းစားကြည့်တော့ ကျွန်တော် အဲ့လိုလှမ်းပြောလိုက်လို့ ခါးပတ်က ရောက်လာလားဆိုတော့ မရောက်လာဘူး။ အမေပဲ စိတ်ဆင်းရဲသွားတာ။ ဒါဖြင့် ဘာလို့ အဲ့လိုလှမ်းဆက်တာလဲဆိုတော့ ပေါက်ကွဲချင်တာလေ။ အဲ့လိုလှမ်းပြောလိုက်ရ၊ အပြစ်တင်လိုက်ရမှ ကျေနပ်သွားတာ။ တကယ်တမ်း တွေးကြည့်ရင် ဘာအဓိပ္ပါယ်မှ မရှိဘူး။ ခုနောက်ပိုင်းတော့ အဲ့လိုဖြစ်ရင် အမေ့ဆီ မဆက်တော့ဘူး။ ကိုယ့်ဟာကိုယ်ပဲ ဖြေရှင်းလိုက်တယ်။ အမေက ဖုန်းလှမ်းဆက်ရင်တောင် ရတယ် အမေ၊ ဘာမှမဖြစ်ဘူး ဆိုတာမျိုး ပြောတတ်လာတယ်။ ဒီတော့ အမေလည်း စိတ်ချမ်းသာတယ်။ ဒါကြောင့် Emotional management ဆိုတာ ကိုယ်တင် မပူလောင်တော့တာ မဟုတ်ဘူး၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုလည်း စိတ်ချမ်းသာစေတယ်။ ပျော်စေတယ်။

တကယ်တော့ Emotional management ဆိုတာ Skill (ကျွမ်းကျင်မှု) တစ်ခု ဖြစ်တယ်။ ပြောချင်တာက လေ့ကျင့်သင်ကြားလို့ ရတယ်။ ခုနက ကားပါကင်နဲ့ပဲ နမူနာ ပြန်ပေးရရင် အရင်ကဆို “မဖယ်ပေးတော့ ဘာလုပ်ချင်လဲ” ဆိုတာမျိုး ပြန်တုံ့ပြန်တယ်။ နောက်တော့ စကားနဲ့ ငြင်းခုန်သေးတယ်။ နောက်ပိုင်း မတတ်သာလို့၊ အကျယ်အကျယ် ဖြစ်မှာစိုးလို့ ဖယ်တော့ ပေးလိုက်တယ်။ စိတ်ထဲတော့ တနုံ့နုံ့နဲ့။ ငါတော့ ခံလိုက်ရတယ်၊ ငါ့ကို ကြောသွားတယ် စသဖြင့်ပေါ့။ နောက်ပိုင်းတော့ ခုလို အေးအေးဆေးဆေး တုံ့ပြန်လာနိုင်တယ်။ ဆိုလိုတာက ဘာသာစကားတစ်ခု သင်သလိုပဲ၊ တဖြည်းဖြည်း တိုးတက်လာတယ်။ အဲ့လိုဖြစ်လာအောင် လေ့ကျင့်လို့ရတယ်။

စာဖတ်လိုက်ရုံနဲ့တော့ မရပါဘူး။ လက်တွေ့ ကြိုးစားကြည့်မှ ရတာပါ။ ငယ်ငယ်က ကျောင်းမသွားချင်ဘူး ဆိုရင် ခွင့်တိုင်လိုက်လို့ ရပါတယ်။ အလုပ်ထဲ ရောက်တော့ မသွားချင်လည်း သွားရတာပဲ။ ကိုယ့်ကို ဝေဖန်ပြောဆို ပြစ်တင်နေတာတွေကိုလည်း သည်းခံရတာပဲ။ တကယ်တော့ ရင့်ကျက်မှုဆိုတာ နှစ်ကာလ ဘယ်လောက်ဖြတ်သန်းခဲ့ပြီးပြီဆိုတဲ့ အသက်နဲ့ မဆိုင်ဘဲ ကိုယ့်ဘ၀ ဖြတ်သန်းမှုကနေ ဘယ်လောက်ထိ သင်ခန်းစာယူနိုင်သလဲ ဆိုတာကို တိုင်းတာတာပါ။ ဒါကြောင့်လည်း EQ မြင့်ဖို့ အကောင်းဆုံး လေ့ကျင့်ကွင်းဟာ ဘ၀ ဆိုတဲ့ ဇာတ်ခုံကြီးပဲလို့ ပြောရတာ ဖြစ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ

(၄.၁.၂၀၂၀ Voice Weekly ပါ ဆောင်းပါးကို အနည်းငယ် တည်းဖြတ်ထားပါသည်)

Credit - ဒေါက်တာ ဖြိုးသီဟ

 

(Zawgyi)

စိတ္ခံစားခ်က္ ဆိုတာမွာ ႏွစ္ပိုင္း ရွိပါတယ္။ တစ္ပိုင္းက ကိုယ့္ရဲ႕ စိတ္ခံစားခ်က္၊ ေနာက္တစ္ပိုင္းက သူတစ္ပါးရဲ႕ စိတ္ခံစားခ်က္။ အဲ့ဒါေတြကို ထိန္းခ်ဳပ္ဖို႔ဆိုတာ အရင္ဆုံး ဘာျဖစ္ေနလဲ သိဖို႔ လိုတယ္။ ၿပီးမွ ထိန္းခ်ဳပ္တယ္ဆိုတဲ့ အဆင့္ ျဖစ္လာတာ။ ဒီေတာ့ ၄ မ်ိဳး ထြက္လာတယ္။

ကိုယ့္ခံစားခ်က္ ကိုယ္သိျခင္း (Self-awareness) ၊ ကိုယ့္ခံစားခ်က္ေတြကို ထိန္းခ်ဳပ္ႏိုင္ျခင္း (Self-control) ၊ ဒီႏွစ္ခုက ကိုယ္နဲ႔ ဆိုင္တဲ့အပိုင္း။ သူတစ္ပါးရဲ႕ ခံစားခ်က္ေတြကို သိနားလည္ျခင္း (Social awareness) အရွင္းဆုံး ေျပာရရင္ေတာ့ ကိုယ္ခ်င္းစာစိတ္ (Empathy)။ အဲ့လို သူတစ္ပါးဘက္ကေန ျဖည့္ေတြးၿပီးမွ အဆင္ေျပေအာင္ ေျပာဆိုဆက္ဆံေပးလိုက္တဲ့အတြက္ သူနဲ႔ ကိုယ္နဲ႔ အဆင္ေျပသြားတယ္။ ဒါကိုေတာ့ Relationship management ၊ တစ္နည္းအားျဖင့္ လူမႈဆက္ဆံေရး (Social skill) ေကာင္းတယ္လို႔ ဆိုၾကတယ္။ ဒီလိုမ်ိဳး စိတ္ခံစားခ်က္ေတြနဲ႔ ပတ္သက္တဲ့ သိရွိမႈ၊ နားလည္မႈ၊ ထိန္းခ်ဳပ္မႈ ျမင့္တဲ့သူေတြကိုေတာ့ EQ ျမင့္တယ္လို႔ ေခၚၾကတာေပါ့။

ဟိုတစ္ရက္က Emotional management ဆိုတဲ့ ေခါင္းစဥ္နဲ႔ပဲ လုပ္ငန္းတစ္ခုရဲ႕ ဝန္ထမ္းေတြကို သင္တန္းသြားေပးျဖစ္ပါတယ္။ မနက္ ၇ နာရီခြဲေလာက္ ေရာက္သြားေတာ့ လြတ္တဲ့ေနရာေလးမွာ ကားရပ္လိုက္ၿပီး သင္တန္းေပးရမယ့္ ေနရာဆီအသြား ေနာက္ကေန ကားတစ္စီး ေရာက္လာတယ္။ ကြၽန္ေတာ့္ကားကို ေနရာေ႐ြ႕ေပးပါတဲ့။ ဒီေနရာမွာ ပစၥည္းခ်မွာမို႔တဲ့။ စဥ္းစားၾကည့္ေနာ္။ ကြၽန္ေတာ္က ကားရပ္ၿပီးၿပီ။ သူက ေနာက္မွ ေရာက္လာတာ။ တျခားလြတ္တဲ့ေနရာမွာ ရပ္လိုက္လည္း ရတယ္။ မနက္ေစာေစာ ကားလည္း အဝင္နည္းတာမို႔ ဒီအတိုင္း ျမန္ျမန္ေလး ပစၥည္းခ်လိုက္လည္း ရတယ္။ ဒါေပမဲ့ အက်ယ္အက်ယ္ ျဖစ္မွာစိုးလို႔ ကြၽန္ေတာ္ပဲ အေလွ်ာ့ေပးၿပီး ခပ္လွမ္းလွမ္းက တစ္ေနရာမွာ ရပ္ေပးလိုက္တယ္။

ဒီေနရာမွာ ကြၽန္ေတာ့္ရဲ႕ စိတ္ခံစားခ်က္ေတြကို ေျပာျပခ်င္တယ္။ စစခ်င္း ေဒါသထြက္တာေပါ့။ ငါ့ကို သက္သက္လာေၾကာတယ္လို႔ ထင္တယ္။ ေနာက္ေတာ့ ကြၽန္ေတာ္ ထိန္းလိုက္တယ္။ တကယ္လို႔ ကြၽန္ေတာ္သာ မဖယ္ေပးဘဲ အက်ယ္ အက်ယ္ ဆက္ျဖစ္ေနရင္ ကြၽန္ေတာ္ သင္တန္းေပးလို႔ ရေတာ့မွာ မဟုတ္ဘူး။ လုပ္ရမယ့္အလုပ္ ပ်က္မယ္။ ၿပီးေတာ့ ေပးရမယ့္သင္တန္းက Emotional management ။ ေျပာမယ့္ဆရာက အျပင္မွာ ေပါက္ကြဲလာတယ္ဆို မျဖစ္ေသးဘူး။ တကယ္လို႔ ဒီအတိုင္းပဲ ရပ္ထားခဲ့မယ္ဆိုလည္း ကိုယ္ သင္တန္းေပးေနတုန္း သူမ်ား ငါ့ကားကို ဘာလုပ္ထားမလဲ ေတြးပူေနရမယ္။ ဒီေတာ့ ငါပဲ အေလွ်ာ့ေပးလိုက္တာ ေကာင္းတယ္ေပါ့။ အဲ့လိုနဲ႔ပဲ ထိန္းလိုက္တာ။

ေနာက္ သင္တန္းေပးရမယ့္ ေနရာေရာက္လာ။ ေကာ္ဖီေလး ဘာေလး ေသာက္လိုက္ေတာ့ စိတ္က ၿငိမ္သြားတးယ္။ အဲ့ေတာ့မွ ေသခ်ာစဥ္းစားမိတယ္။ ေၾသာ္ ဟုတ္တာပဲေလ။ ငါက ပစၥည္းမွ ပါမလာတာ။ သူကေတာ့ ပစၥည္းခ်ရမွာဆိုေတာ့ အိမ္ေရွ႕တည့္တည့္ ရပ္ခ်င္မွာေပါ့။ ဒီလိုမ်ိဳး သူမ်ားဘက္က ေတြးတတ္တဲ့ အေတြးေလးေတြ ဝင္လာတယ္။ အဲ့ေတာ့ ေနရထိုင္ရတာ အဆင္ေျပလာတယ္။ ပူေလာင္မေနေတာ့ဘူး။ သင္တန္းေပးၿပီးျပန္အထြက္ အဲ့လူနဲ႔ ေတြ႕ေတာ့ သူက ရယ္ျပႏႈတ္ဆက္၊ ေက်းဇူးတင္ေၾကာင္း ေျပာနဲ႔ အဆင္ေျပေျပေလး အဆုံးသတ္ခဲ့ရတယ္။

တကယ္လို႔ ကြၽန္ေတာ္သာ စိတ္ခံစားခ်က္ကို မထိန္းႏိုင္ခဲ့ဘူးဆို သင္တန္းေပးဖို႔လည္း မျဖစ္ႏိုင္ေတာ့ဘူး။ စိတ္ေတြ ပူေလာင္ေနရမယ္။ အဲ့လူနဲ႔လည္း တစ္ေယာက္တစ္ခြန္း စကားမ်ားမယ္။ အခန႔္မသင့္ရင္ ကိုယ္ထိလက္ေရာက္ေတြပါ ျဖစ္ကုန္မယ္။ အဲ့လို ကိုယ့္ရဲ႕ ဘာမဟုတ္တဲ့ ေပါက္ကြဲမႈေလးေတြက ႀကီးမားတဲ့ ဆုံးရႈံးမႈေတြ ျဖစ္ေစႏိုင္တယ္ဆိုတာကို သတိထားမိလာေတာ့ ပိုၿပီး ကိုယ့္ခံစားခ်က္ေတြကို ထိန္းႏိုင္လာတယ္။ တကယ္ေတာ့ Emotional management ဆိုတာ ဘာကိုမွ မခံစားတတ္ေတာ့ေအာင္ အသည္းႏွလုံးေတြ မာေၾကာကုန္တာကို ေျပာတာ မဟုတ္ဘူး။ ခံစားခ်က္ေတြ ရွိတယ္။ ခံလည္း ခံစားတတ္တယ္။ အဲ့ခံစားခ်က္ေတြကို သိၿပီး ထိန္းခ်ဳပ္ႏိုင္တာကို EQ ျမင့္တယ္လို႔ ေခၚၾကတာ။

စဥ္းစားၾကည့္၊ ဆရာဝန္တစ္ေယာက္ဟာ လူနာအေပၚမွာ သနားတဲ့စိတ္ ရွိရမယ္။ မသနားတတ္လို႔၊ မညႇာတာတတ္လို႔ ဘယ္ျဖစ္မလဲ။ ခံစားခ်က္ ရွိရမွာေပါ့။ ဒါေပမဲ့ ဒီလူနာကို ကုသၿပီဆိုတဲ့အခါမွာေတာ့ ပေရာ္ဖက္ရွင္နယ္ဆန္ဆန္ တည္တည္ၿငိမ္ၿငိမ္နဲ႔ ကုသေပးရမယ္။ သူတို႔မွာ စိတ္ဖိစီးစရာေတြလည္း ရွိမွာေပါ့။ စိတ္ညစ္စရာေတြ၊ အလုပ္ဝန္ပိေနတာေတြလည္း ရွိမယ္။ ဒါေတြကို ထိန္းခ်ဳပ္ၿပီး အေကာင္းဆုံး ဝန္ေဆာင္မႈ ေပးရမယ္။ ဒါကို Emotional management လို႔ ေျပာခ်င္တာပဲ။

အရင္ကဆို ကြၽန္ေတာ္ ခရီးသြားမယ္ဆို အေမက အဝတ္အိတ္ ျပင္ေပးလိုက္တယ္။ အဲဒီမွာ ေျခအိတ္ပါမလာတာတို႔၊ ခါးပတ္ က်န္ခဲ့တာတို႔ဆို အိမ္ကို ဖုန္းလွမ္းလွမ္းဆက္ၿပီး ေျပာတတ္တယ္။ အေမက ေသခ်ာမထည့္ေပးလိုက္ဘူး ဘာညာနဲ႔ အျပစ္တင္တာေပါ့။ ေသခ်ာစဥ္းစားၾကည့္ေတာ့ ကြၽန္ေတာ္ အဲ့လိုလွမ္းေျပာလိုက္လို႔ ခါးပတ္က ေရာက္လာလားဆိုေတာ့ မေရာက္လာဘူး။ အေမပဲ စိတ္ဆင္းရဲသြားတာ။ ဒါျဖင့္ ဘာလို႔ အဲ့လိုလွမ္းဆက္တာလဲဆိုေတာ့ ေပါက္ကြဲခ်င္တာေလ။ အဲ့လိုလွမ္းေျပာလိုက္ရ၊ အျပစ္တင္လိုက္ရမွ ေက်နပ္သြားတာ။ တကယ္တမ္း ေတြးၾကည့္ရင္ ဘာအဓိပၸါယ္မွ မရွိဘူး။ ခုေနာက္ပိုင္းေတာ့ အဲ့လိုျဖစ္ရင္ အေမ့ဆီ မဆက္ေတာ့ဘူး။ ကိုယ့္ဟာကိုယ္ပဲ ေျဖရွင္းလိုက္တယ္။ အေမက ဖုန္းလွမ္းဆက္ရင္ေတာင္ ရတယ္ အေမ၊ ဘာမွမျဖစ္ဘူး ဆိုတာမ်ိဳး ေျပာတတ္လာတယ္။ ဒီေတာ့ အေမလည္း စိတ္ခ်မ္းသာတယ္။ ဒါေၾကာင့္ Emotional management ဆိုတာ ကိုယ္တင္ မပူေလာင္ေတာ့တာ မဟုတ္ဘူး၊ ကိုယ့္ပတ္ဝန္းက်င္က လူေတြကိုလည္း စိတ္ခ်မ္းသာေစတယ္။ ေပ်ာ္ေစတယ္။

တကယ္ေတာ့ Emotional management ဆိုတာ Skill (ကြၽမ္းက်င္မႈ) တစ္ခု ျဖစ္တယ္။ ေျပာခ်င္တာက ေလ့က်င့္သင္ၾကားလို႔ ရတယ္။ ခုနက ကားပါကင္နဲ႔ပဲ နမူနာ ျပန္ေပးရရင္ အရင္ကဆို “မဖယ္ေပးေတာ့ ဘာလုပ္ခ်င္လဲ” ဆိုတာမ်ိဳး ျပန္တုံ႔ျပန္တယ္။ ေနာက္ေတာ့ စကားနဲ႔ ျငင္းခုန္ေသးတယ္။ ေနာက္ပိုင္း မတတ္သာလို႔၊ အက်ယ္အက်ယ္ ျဖစ္မွာစိုးလို႔ ဖယ္ေတာ့ ေပးလိုက္တယ္။ စိတ္ထဲေတာ့ တႏုံ႔ႏုံ႔နဲ႔။ ငါေတာ့ ခံလိုက္ရတယ္၊ ငါ့ကို ေၾကာသြားတယ္ စသျဖင့္ေပါ့။ ေနာက္ပိုင္းေတာ့ ခုလို ေအးေအးေဆးေဆး တုံ႔ျပန္လာႏိုင္တယ္။ ဆိုလိုတာက ဘာသာစကားတစ္ခု သင္သလိုပဲ၊ တျဖည္းျဖည္း တိုးတက္လာတယ္။ အဲ့လိုျဖစ္လာေအာင္ ေလ့က်င့္လို႔ရတယ္။

စာဖတ္လိုက္႐ုံနဲ႔ေတာ့ မရပါဘူး။ လက္ေတြ႕ ႀကိဳးစားၾကည့္မွ ရတာပါ။ ငယ္ငယ္က ေက်ာင္းမသြားခ်င္ဘူး ဆိုရင္ ခြင့္တိုင္လိုက္လို႔ ရပါတယ္။ အလုပ္ထဲ ေရာက္ေတာ့ မသြားခ်င္လည္း သြားရတာပဲ။ ကိုယ့္ကို ေဝဖန္ေျပာဆို ျပစ္တင္ေနတာေတြကိုလည္း သည္းခံရတာပဲ။ တကယ္ေတာ့ ရင့္က်က္မႈဆိုတာ ႏွစ္ကာလ ဘယ္ေလာက္ျဖတ္သန္းခဲ့ၿပီးၿပီဆိုတဲ့ အသက္နဲ႔ မဆိုင္ဘဲ ကိုယ့္ဘ၀ ျဖတ္သန္းမႈကေန ဘယ္ေလာက္ထိ သင္ခန္းစာယူႏိုင္သလဲ ဆိုတာကို တိုင္းတာတာပါ။ ဒါေၾကာင့္လည္း EQ ျမင့္ဖို႔ အေကာင္းဆုံး ေလ့က်င့္ကြင္းဟာ ဘ၀ ဆိုတဲ့ ဇာတ္ခုံႀကီးပဲလို႔ ေျပာရတာ ျဖစ္ပါတယ္။

ေဒါက္တာ ၿဖိဳးသီဟ

(၄.၁.၂၀၂၀ Voice Weekly ပါ ေဆာင္းပါးကို အနည္းငယ္ တည္းျဖတ္ထားပါသည္)

Credit - ဒေါက်တာ ဖြိုးသီဟ

Read times
Rate this articles
(1 Vote)