Motivate

Wednesday, 11 March 2020

“Emotional dependence (စိတ်ပိုင်းဆိုင်ရာအရ မှီခိုနေရခြင်း)”

“Emotional dependence (စိတ်ပိုင်းဆိုင်ရာအရ မှီခိုနေရခြင်း)” google

စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ဘဝမှာ ဘယ်သူတွေကို မှီခိုနေရပါသလဲ။

ကိုယ်က အရည်အချင်း အားနည်းတယ်၊ အလုပ်မရှိဘဲလည်း ထိုင်နေလို့ရတဲ့ အခြေအနေမျိုး မဟုတ်ဘူး ဆိုပါတော့။ ဒါဆို ဒီအလုပ်မှာပဲ ကြိတ်မှိတ်သည်းခံ လုပ်နေရမယ်။ ကိုယ် အလုပ်ထွက်ပစ်လိုက်လို့ မရဘူးဆိုတာ သိနေတဲ့အတွက် အထက်လူကြီးက အနိုင်ကျင့်လို့ သိပ်လွယ်သွားတယ်။

ကိုယ်က ကားမမောင်းတတ်ဘူး၊ ကားအကြောင်းလည်း နားမလည်ဘူးဆို ဒီကားဆရာအပေါ်မှာပဲ မှီခိုနေရတယ်။ ကိုယ်က အလုပ်ရှင်ဖြစ်ပေမဲ့ သူ ညာသမျှ လှိမ့်သမျှ ခံနေရမယ်။

တချို့ အိမ်ထောင်တွေမှာ ယောက်ျားက စီးပွားရှာ၊ မိန်းမက အိမ်မှုကိစ္စလုပ်။ အဆင်ပြေလားဆို ပြေနေတာပဲ။ ဒါပေမဲ့ မတော်တဆ ဒီယောက်ျားလည်း ဆုံးပါးသွားရော၊ ဒါမှမဟုတ် အလုပ်မလုပ်နိုင်တော့ဘူးလည်း ဆိုရော တစ်မိသားစုလုံး ဒုက္ခရောက်ကျန်ခဲ့ရော။

ဒါကြောင့် မှီခိုနေရတယ်ဆိုတာ ရုတ်တရက်ဆို ကောင်းသလို ရှိပေမဲ့ သူ့ရဲ့ နောက်မှာ Vulnerability လို့ ခေါ်တဲ့ ထိရှလွယ်ခြင်း၊ အထိခိုက်မခံခြင်းက ကပ်ပါလာတယ်ဆိုတာလေးကို သိစေချင်တယ်။ ထိရှလွယ်တယ် ဆိုတာ ဘာလဲဆိုရင် “ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး။ တခုခုသာ ဖြစ်ကြည့်လိုက်၊ ဒုက္ခအကြီးအကျယ် ရောက်ပြီ” ဆိုတဲ့ အနေအထားမျိုးပဲ။

အဲ့လိုမှီခိုနေရခြင်းတွေ အများကြီးရှိတဲ့အထဲက ဒီဆောင်းပါးမှာ ပြောချင်တာကတော့ စိတ်ပိုင်းဆိုင်ရာအရ မှီခိုနေရခြင်းပဲ။ အဲဒီမှာမှလည်း အမျိုးမျိုး ရှိသေးတယ်။ ဥပမာ ပတ်ဝန်းကျင်ကို ဂရုစိုက်လွန်းတာ၊ ဘာလုပ်လုပ် သူများတွေ ငါ့ကို ဘယ်လိုထင်မလဲ ဆိုပြီး တွေးပူတတ်တာကလည်း စိတ်ပိုင်းဆိုင်ရာအရ မှီခိုနေရခြင်းတစ်မျိုးပဲ။ အခုကတော့ Relationship တွေမှာ တွေ့ရတတ်တာလေးကို ရေးပါမယ်။

တချို့တွေ တအားသဝန်တိုပါတယ်။ ဘယ်သူနဲ့မှ စိတ်မချဘူး။ ဘာမဟုတ်တာလေးကို ပြဿနာရှာတယ်။ တချို့ကျ ချစ်သူနဲ့ ပြတ်သွားတဲ့အခါ၊ အိမ်ထောင်ကွဲသွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့လောက်ထိတောင် စဉ်းစားကြတယ်။ တချို့လည်း တကယ်သတ်သေတဲ့အထိ ဖြစ်ကြတယ်။

ဒါတွေဟာ ဘာလို့ပါလဲ။

အဓိကအကြောင်းရင်းကတော့ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် ဖြစ်ပါတယ်။

သူ့ကို ချစ်တယ်။ ချစ်တာက ထား။ သူ မရှိတော့ရင် မရဘူး၊ သူ မရှိတော့ရင် ငါ ဘယ်လိုလုပ်မလဲ၊ ဘယ်လို ရှင်သန်ရမလဲ တွေးမိတဲ့အထိ ဖြစ်လာတယ်။ ဒီကနေတစ်ဆင့် ခုနကလို အလွန်အကျွံ ကာကွယ်တယ်။ တကယ်တော့ သူက ဆုံးရှုံးရမှာ ကြောက်နေတာ။ ဒါပေမဲ့ အဲ့လို မဆုံးရှုံးချင်လို့ လုပ်လိုက်ကာမှပဲ တစ်ဖက်က ဘယ်လိုမှ အဆင်မပြေတော့တဲ့အတွက် ပိုပြီး ဆုံးရှုံးရစေဖို့ ဖြစ်လာတော့တယ်။ အဲ့အခါ အခြေအနေ ပိုဆိုးသွားပြီး သတ်သေတဲ့အထိ ဖြစ်ကုန်ရော။ ဒါမှမဟုတ်လည်း ကိုယ့်ကို ထားသွားလို့ ဆိုပြီး ကတ်ကြေးနဲ့ ထိုး၊ ရက်ရက်စက်စက် သတ်ပစ်တဲ့အထိ လုပ်မိတတ်ကြတယ်။

တချို့က မေတ္တာငတ်တယ်။ အဲ့အခါ ဒီတစ်ယောက်က ဘာမဟုတ်တာလေး ဂရုစိုက်ပြလိုက်တာကို အသေကြွေသွားတယ်။ တမ်းတမ်းစွဲ ဖြစ်သွားတယ်။

နောက်ပြီး ဥပမာ ကိုယ်က ဘာမှမဖြစ်ထွန်းဘူးဆိုတော့ ကိုယ့်ကိုယ်ကိုယ် လေးစားမှု ပျောက်နေတယ်။ ဒီအခါ သူ့လက်တွဲဖော်ဆီကနေ ရှာတယ်။ ဝင်ငွေလည်း ရှိ၊ ရုပ်ရည်လည်း ရှိတဲ့ အမျိုးသားက သူ့ကို ချစ်တယ်၊ သူ့အတွက် အရာအားလုံးကို စွန့်လွှတ်ရဲတယ်ဆိုတာမျိုး ဖြစ်ချင်လာတော့ သူ့ကြောင့် မိသားစုတစ်ခု ပျက်စီးသွားလည်း၊ ကလေးလေးတစ်ယောက် အဖေ မဲ့သွားလည်း ဝန်မလေးတော့ဘူး ဖြစ်လာတယ်။

ဒါတွေက ကျားမ မရွေး ဘယ်သူမဆို ဖြစ်နိုင်တယ် ဆိုပေမဲ့ အမျိုးသမီးတွေကတော့ ပိုဆိုးတယ်။ ဘာလို့ဆိုတော့ နဂိုကတည်းက ပြုစုပျိုးထောင်မှုအရ ကိုယ့်ကိုယ်ကိုယ် လေးစားမှု နည်းအောင် လုပ်ထားခဲ့လို့ပဲ။ ဒါကြောင့်လည်း RS တစ်ခု အဆုံးသတ်သွားပြီ ဆိုတဲ့အခါ ပိုပြီး ထိခိုက်ရသူက အမျိုးသမီးတွေ ဖြစ်နေတာများတယ်။ အမျိုးသားတွေက မခံစားရဘူးလားဆို ခံစားရတယ်။ အသည်းကွဲရတယ်။ နာကျင်ရတယ်။ ဒါပေမဲ့ အမျိုးသမီးတွေလို ကမ္ဘာပျက်သွားတဲ့အထိ ခံစားရတဲ့သူကတော့ ပိုနည်းတယ်။

အမျိုးသမီးချင်းတူတူတောင်မှ သေချာစနစ်တကျနဲ့ ပျိုးထောင်ခံခဲ့ရသူ၊ အချစ်ခံခဲ့ရသူ (သူမှ မချစ်ရင် ငါ့ကို ချစ်မယ့်သူ မရှိတော့ဘူးလို့ မတွေးတဲ့သူ) က ကိုယ့်ကိုယ်ကိုယ် လေးစားမှု မြင့်မားတဲ့အတွက် ဒီပြဿနာကို ကျော်လွှားနိုင်တယ်။ ဒါကြောင့် အမျိုးသား အမျိုးသမီးရယ် မဟုတ်ဘဲ ကိုယ့်မှာ ရှိနေတဲ့ Self-esteem နဲ့ အဓိက သက်ဆိုင်ပါတယ်။ တခါတလေ ရုပ်ချောတာ၊ အလုပ်အကိုင်ရှိတာ၊ ဝင်ငွေရှိတာနဲ့လည်း မဆိုင်ဘူး။ အဘက်ဘက်က ပြည့်စုံနေလည်း စိတ်ပိုင်းဆိုင်ရာ အားနည်းချက်က ရှိချင်ရှိနေတတ်တယ်။

တကယ်တော့ ခွဲခွာခြင်းနဲ့ ဆုံစည်းခြင်းဆိုတာက ဒင်္ဂါးပြားတစ်ခုရဲ့ ခေါင်းနဲ့ ပန်းလိုပဲ။ ဘယ်လောက်ပဲ ချစ်တဲ့သူတွေ ဖြစ်ပါစေ၊ တစ်နေ့နေ့တော့ ခွဲရတာပဲ။ မဖြစ်နိုင်တဲ့ ပေါင်းစပ်ခြင်းမျိုး ဖြစ်နေလို့၊ ကိုယ်တွေနှစ်ယောက် ပျော်ရွှင်ဖို့အတွက် လူအများရဲ့ ပျော်ရွှင်မှုကို ချမနင်းချင်၊ စတေးမပစ်ချင်လို့ ရပ်တန့်ပစ်လိုက်ရတဲ့ ပတ်သက်မှုတွေ၊ အဆင်မပြေတော့လို့ ရှင်ခွဲ ခွဲရတာတွေ၊ နောက်ဆုံး တစ်ယောက်ယောက်က ဆုံးပါသွားလို့ သေခွဲခွဲရတာတွေ ကြုံရနိုင်ပါတယ်။ အနှေးနဲ့ အမြန်သာ ကွာတာပါ။ ခွဲတော့ ခွဲရတာပါပဲ။

ခွဲခွာခြင်း၊ ဆုံစည်းခြင်းကို ရွေးချယ်လို့ မရပေမဲ့ တွေ့တုန်း ဆုံတုန်းမှာ တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်အဆင်ပြေအောင် ဆက်ဆံပေးမယ်၊ ဘယ်လောက် စိတ်ချမ်းသာအောင် ထားမယ် ဆိုတာကိုပဲ ရွေးလို့ ရပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်လမ်းကိုယ်သွားနေတုန်း လမ်းဆုံမှာ ဆုံကြရတာပဲ။ ဒီအတွက် တစ်သက်လုံး အတူရှိမယ်၊ သူ ရှိမှ အဆင်ပြေမယ်ဆိုတာမျိုး တွေးမထားဘဲ လမ်းဆုံမှာ တွေ့ရသူလို သဘောထား ဆက်ဆံပေးနိုင်မယ်ဆိုရင် ဒဏ်ရာအနာတရ အနည်းဆုံးနဲ့ ဘဝတစ်ခုကို ဖြတ်သန်းနိုင်ပါလိမ့်မယ်။ ဘာလို့ဆိုတော့ မွေးကတည်းက သေတဲ့အထိ ကိုယ်ချစ်တဲ့ခင်တဲ့သူတွေထဲက ဘယ်သူနဲ့မှ မခွဲလိုက်ရပါဘူး ဆိုတဲ့သူ မရှိလို့ပါပဲ။

မြေပျော့ရင် ခြေရာထင်တယ်။ စိတ်ပျော့ရင် ဒဏ်ရာဝင်တယ်တဲ့။

ကိုယ့်မြေပေါ် ခြေလာချတဲ့သူကို ဖြည်းဖြည်းနင်းပါလို့ ပြောလို့ မရဘူး။ ဒါပေမဲ့ ကိုယ့်မြေကို မာနေအောင်တော့ လုပ်လို့ ရပါတယ်။

ကိုယ့်ကိုယ်ကိုယ် လေးစားမှု၊ ယုံကြည်မှုတွေဆိုတာက တစ်ရက် တစ်မနက်တည်းနဲ့တော့ ရမလာနိုင်သလို ဖြစ်တည်လာလိုက်၊ ပြန်ပြိုလဲသွားလိုက်လည်း ဖြစ်နေနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြိုးစားပါ။ ကြိုးစားနေသရွေ့တော့ ဒီလိုမြေမာတဲ့တစ်နေ့ကို ရောက်လာမှာပါ။ အဲဒီနေ့ကတော့ ကိုယ့်ဘဝမှာ စိတ်ပိုင်းဆိုင်ရာအရ အမှီအခို ကင်းသွားတဲ့နေ့၊ လွတ်လပ်သွားတဲ့နေ့၊ ပိုင်ဆိုင်လိုစိတ်ထက် သူ့အကျိုး လိုလားတဲ့ မေတ္တာတရားတွေ ထားနိုင်လာတဲ့နေ့ပေါ့။

၁၀၀ % အမှီအခိုကင်းဖို့ ဖြစ်နိုင်ပါ့မလား မသေချာပေမဲ့ သေချာတာကတော့ တတ်နိုင်သလောက် အမှီအခိုကင်းလေလေ ကိုယ့်ဘ၀ ပျော်ရွှင်မှု ရလေလေ ဆိုတာပါပဲ။

credit ဒေါက်တာ ဖြိုးသီဟ

(zawgyi)

Sayar_Guice_banner_design_2_3.jpg

“Emotional dependence (စိတ္ပိုင္းဆိုင္ရာအရ မွီခိုေနရျခင္း)”

စဥ္းစားၾကည့္ပါ။ ကြၽန္ေတာ္တို႔ဘဝမွာ ဘယ္သူေတြကို မွီခိုေနရပါသလဲ။

ကိုယ္က အရည္အခ်င္း အားနည္းတယ္၊ အလုပ္မရွိဘဲလည္း ထိုင္ေနလို႔ရတဲ့ အေျခအေနမ်ိဳး မဟုတ္ဘူး ဆိုပါေတာ့။ ဒါဆို ဒီအလုပ္မွာပဲ ႀကိတ္မွိတ္သည္းခံ လုပ္ေနရမယ္။ ကိုယ္ အလုပ္ထြက္ပစ္လိုက္လို႔ မရဘူးဆိုတာ သိေနတဲ့အတြက္ အထက္လူႀကီးက အႏိုင္က်င့္လို႔ သိပ္လြယ္သြားတယ္။

ကိုယ္က ကားမေမာင္းတတ္ဘူး၊ ကားအေၾကာင္းလည္း နားမလည္ဘူးဆို ဒီကားဆရာအေပၚမွာပဲ မွီခိုေနရတယ္။ ကိုယ္က အလုပ္ရွင္ျဖစ္ေပမဲ့ သူ ညာသမွ် လွိမ့္သမွ် ခံေနရမယ္။

တခ်ိဳ႕ အိမ္ေထာင္ေတြမွာ ေယာက္်ားက စီးပြားရွာ၊ မိန္းမက အိမ္မႈကိစၥလုပ္။ အဆင္ေျပလားဆို ေျပေနတာပဲ။ ဒါေပမဲ့ မေတာ္တဆ ဒီေယာက္်ားလည္း ဆုံးပါးသြားေရာ၊ ဒါမွမဟုတ္ အလုပ္မလုပ္ႏိုင္ေတာ့ဘူးလည္း ဆိုေရာ တစ္မိသားစုလုံး ဒုကၡေရာက္က်န္ခဲ့ေရာ။

ဒါေၾကာင့္ မွီခိုေနရတယ္ဆိုတာ ႐ုတ္တရက္ဆို ေကာင္းသလို ရွိေပမဲ့ သူ႔ရဲ႕ ေနာက္မွာ Vulnerability လို႔ ေခၚတဲ့ ထိရွလြယ္ျခင္း၊ အထိခိုက္မခံျခင္းက ကပ္ပါလာတယ္ဆိုတာေလးကို သိေစခ်င္တယ္။ ထိရွလြယ္တယ္ ဆိုတာ ဘာလဲဆိုရင္ “ဘာမွမျဖစ္ရင္ ဘာမွမျဖစ္ဘူး။ တခုခုသာ ျဖစ္ၾကည့္လိုက္၊ ဒုကၡအႀကီးအက်ယ္ ေရာက္ၿပီ” ဆိုတဲ့ အေနအထားမ်ိဳးပဲ။

အဲ့လိုမွီခိုေနရျခင္းေတြ အမ်ားႀကီးရွိတဲ့အထဲက ဒီေဆာင္းပါးမွာ ေျပာခ်င္တာကေတာ့ စိတ္ပိုင္းဆိုင္ရာအရ မွီခိုေနရျခင္းပဲ။ အဲဒီမွာမွလည္း အမ်ိဳးမ်ိဳး ရွိေသးတယ္။ ဥပမာ ပတ္ဝန္းက်င္ကို ဂ႐ုစိုက္လြန္းတာ၊ ဘာလုပ္လုပ္ သူမ်ားေတြ ငါ့ကို ဘယ္လိုထင္မလဲ ဆိုၿပီး ေတြးပူတတ္တာကလည္း စိတ္ပိုင္းဆိုင္ရာအရ မွီခိုေနရျခင္းတစ္မ်ိဳးပဲ။ အခုကေတာ့ Relationship ေတြမွာ ေတြ႕ရတတ္တာေလးကို ေရးပါမယ္။

တခ်ိဳ႕ေတြ တအားသဝန္တိုပါတယ္။ ဘယ္သူနဲ႔မွ စိတ္မခ်ဘူး။ ဘာမဟုတ္တာေလးကို ျပႆနာရွာတယ္။ တခ်ိဳ႕က် ခ်စ္သူနဲ႔ ျပတ္သြားတဲ့အခါ၊ အိမ္ေထာင္ကြဲသြားတဲ့အခါ ကိုယ့္ကိုယ္ကိုယ္ သတ္ေသဖို႔ေလာက္ထိေတာင္ စဥ္းစားၾကတယ္။ တခ်ိဳ႕လည္း တကယ္သတ္ေသတဲ့အထိ ျဖစ္ၾကတယ္။

ဒါေတြဟာ ဘာလို႔ပါလဲ။

အဓိကအေၾကာင္းရင္းကေတာ့ ကိုယ့္ရဲ႕ စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြေၾကာင့္ ျဖစ္ပါတယ္။

သူ႔ကို ခ်စ္တယ္။ ခ်စ္တာက ထား။ သူ မရွိေတာ့ရင္ မရဘူး၊ သူ မရွိေတာ့ရင္ ငါ ဘယ္လိုလုပ္မလဲ၊ ဘယ္လို ရွင္သန္ရမလဲ ေတြးမိတဲ့အထိ ျဖစ္လာတယ္။ ဒီကေနတစ္ဆင့္ ခုနကလို အလြန္အကြၽံ ကာကြယ္တယ္။ တကယ္ေတာ့ သူက ဆုံးရႈံးရမွာ ေၾကာက္ေနတာ။ ဒါေပမဲ့ အဲ့လို မဆုံးရႈံးခ်င္လို႔ လုပ္လိုက္ကာမွပဲ တစ္ဖက္က ဘယ္လိုမွ အဆင္မေျပေတာ့တဲ့အတြက္ ပိုၿပီး ဆုံးရႈံးရေစဖို႔ ျဖစ္လာေတာ့တယ္။ အဲ့အခါ အေျခအေန ပိုဆိုးသြားၿပီး သတ္ေသတဲ့အထိ ျဖစ္ကုန္ေရာ။ ဒါမွမဟုတ္လည္း ကိုယ့္ကို ထားသြားလို႔ ဆိုၿပီး ကတ္ေၾကးနဲ႔ ထိုး၊ ရက္ရက္စက္စက္ သတ္ပစ္တဲ့အထိ လုပ္မိတတ္ၾကတယ္။

တခ်ိဳ႕က ေမတၱာငတ္တယ္။ အဲ့အခါ ဒီတစ္ေယာက္က ဘာမဟုတ္တာေလး ဂ႐ုစိုက္ျပလိုက္တာကို အေသေႂကြသြားတယ္။ တမ္းတမ္းစြဲ ျဖစ္သြားတယ္။

ေနာက္ၿပီး ဥပမာ ကိုယ္က ဘာမွမျဖစ္ထြန္းဘူးဆိုေတာ့ ကိုယ့္ကိုယ္ကိုယ္ ေလးစားမႈ ေပ်ာက္ေနတယ္။ ဒီအခါ သူ႔လက္တြဲေဖာ္ဆီကေန ရွာတယ္။ ဝင္ေငြလည္း ရွိ၊ ႐ုပ္ရည္လည္း ရွိတဲ့ အမ်ိဳးသားက သူ႔ကို ခ်စ္တယ္၊ သူ႔အတြက္ အရာအားလုံးကို စြန႔္လႊတ္ရဲတယ္ဆိုတာမ်ိဳး ျဖစ္ခ်င္လာေတာ့ သူ႔ေၾကာင့္ မိသားစုတစ္ခု ပ်က္စီးသြားလည္း၊ ကေလးေလးတစ္ေယာက္ အေဖ မဲ့သြားလည္း ဝန္မေလးေတာ့ဘူး ျဖစ္လာတယ္။

ဒါေတြက က်ားမ မေ႐ြး ဘယ္သူမဆို ျဖစ္ႏိုင္တယ္ ဆိုေပမဲ့ အမ်ိဳးသမီးေတြကေတာ့ ပိုဆိုးတယ္။ ဘာလို႔ဆိုေတာ့ နဂိုကတည္းက ျပဳစုပ်ိဳးေထာင္မႈအရ ကိုယ့္ကိုယ္ကိုယ္ ေလးစားမႈ နည္းေအာင္ လုပ္ထားခဲ့လို႔ပဲ။ ဒါေၾကာင့္လည္း RS တစ္ခု အဆုံးသတ္သြားၿပီ ဆိုတဲ့အခါ ပိုၿပီး ထိခိုက္ရသူက အမ်ိဳးသမီးေတြ ျဖစ္ေနတာမ်ားတယ္။ အမ်ိဳးသားေတြက မခံစားရဘူးလားဆို ခံစားရတယ္။ အသည္းကြဲရတယ္။ နာက်င္ရတယ္။ ဒါေပမဲ့ အမ်ိဳးသမီးေတြလို ကမာၻပ်က္သြားတဲ့အထိ ခံစားရတဲ့သူကေတာ့ ပိုနည္းတယ္။

အမ်ိဳးသမီးခ်င္းတူတူေတာင္မွ ေသခ်ာစနစ္တက်နဲ႔ ပ်ိဳးေထာင္ခံခဲ့ရသူ၊ အခ်စ္ခံခဲ့ရသူ (သူမွ မခ်စ္ရင္ ငါ့ကို ခ်စ္မယ့္သူ မရွိေတာ့ဘူးလို႔ မေတြးတဲ့သူ) က ကိုယ့္ကိုယ္ကိုယ္ ေလးစားမႈ ျမင့္မားတဲ့အတြက္ ဒီျပႆနာကို ေက်ာ္လႊားႏိုင္တယ္။ ဒါေၾကာင့္ အမ်ိဳးသား အမ်ိဳးသမီးရယ္ မဟုတ္ဘဲ ကိုယ့္မွာ ရွိေနတဲ့ Self-esteem နဲ႔ အဓိက သက္ဆိုင္ပါတယ္။ တခါတေလ ႐ုပ္ေခ်ာတာ၊ အလုပ္အကိုင္ရွိတာ၊ ဝင္ေငြရွိတာနဲ႔လည္း မဆိုင္ဘူး။ အဘက္ဘက္က ျပည့္စုံေနလည္း စိတ္ပိုင္းဆိုင္ရာ အားနည္းခ်က္က ရွိခ်င္ရွိေနတတ္တယ္။

တကယ္ေတာ့ ခြဲခြာျခင္းနဲ႔ ဆုံစည္းျခင္းဆိုတာက ဒဂၤါးျပားတစ္ခုရဲ႕ ေခါင္းနဲ႔ ပန္းလိုပဲ။ ဘယ္ေလာက္ပဲ ခ်စ္တဲ့သူေတြ ျဖစ္ပါေစ၊ တစ္ေန႔ေန႔ေတာ့ ခြဲရတာပဲ။ မျဖစ္ႏိုင္တဲ့ ေပါင္းစပ္ျခင္းမ်ိဳး ျဖစ္ေနလို႔၊ ကိုယ္ေတြႏွစ္ေယာက္ ေပ်ာ္႐ႊင္ဖို႔အတြက္ လူအမ်ားရဲ႕ ေပ်ာ္႐ႊင္မႈကို ခ်မနင္းခ်င္၊ စေတးမပစ္ခ်င္လို႔ ရပ္တန႔္ပစ္လိုက္ရတဲ့ ပတ္သက္မႈေတြ၊ အဆင္မေျပေတာ့လို႔ ရွင္ခြဲ ခြဲရတာေတြ၊ ေနာက္ဆုံး တစ္ေယာက္ေယာက္က ဆုံးပါသြားလို႔ ေသခြဲခြဲရတာေတြ ႀကဳံရႏိုင္ပါတယ္။ အေႏွးနဲ႔ အျမန္သာ ကြာတာပါ။ ခြဲေတာ့ ခြဲရတာပါပဲ။

ခြဲခြာျခင္း၊ ဆုံစည္းျခင္းကို ေ႐ြးခ်ယ္လို႔ မရေပမဲ့ ေတြ႕တုန္း ဆုံတုန္းမွာ တစ္ေယာက္ကိုတစ္ေယာက္ ဘယ္ေလာက္အဆင္ေျပေအာင္ ဆက္ဆံေပးမယ္၊ ဘယ္ေလာက္ စိတ္ခ်မ္းသာေအာင္ ထားမယ္ ဆိုတာကိုပဲ ေ႐ြးလို႔ ရပါတယ္။ ကြၽန္ေတာ္တို႔ဟာ ကိုယ့္လမ္းကိုယ္သြားေနတုန္း လမ္းဆုံမွာ ဆုံၾကရတာပဲ။ ဒီအတြက္ တစ္သက္လုံး အတူရွိမယ္၊ သူ ရွိမွ အဆင္ေျပမယ္ဆိုတာမ်ိဳး ေတြးမထားဘဲ လမ္းဆုံမွာ ေတြ႕ရသူလို သေဘာထား ဆက္ဆံေပးႏိုင္မယ္ဆိုရင္ ဒဏ္ရာအနာတရ အနည္းဆုံးနဲ႔ ဘဝတစ္ခုကို ျဖတ္သန္းႏိုင္ပါလိမ့္မယ္။ ဘာလို႔ဆိုေတာ့ ေမြးကတည္းက ေသတဲ့အထိ ကိုယ္ခ်စ္တဲ့ခင္တဲ့သူေတြထဲက ဘယ္သူနဲ႔မွ မခြဲလိုက္ရပါဘူး ဆိုတဲ့သူ မရွိလို႔ပါပဲ။

ေျမေပ်ာ့ရင္ ေျခရာထင္တယ္။ စိတ္ေပ်ာ့ရင္ ဒဏ္ရာဝင္တယ္တဲ့။

ကိုယ့္ေျမေပၚ ေျခလာခ်တဲ့သူကို ျဖည္းျဖည္းနင္းပါလို႔ ေျပာလို႔ မရဘူး။ ဒါေပမဲ့ ကိုယ့္ေျမကို မာေနေအာင္ေတာ့ လုပ္လို႔ ရပါတယ္။

ကိုယ့္ကိုယ္ကိုယ္ ေလးစားမႈ၊ ယုံၾကည္မႈေတြဆိုတာက တစ္ရက္ တစ္မနက္တည္းနဲ႔ေတာ့ ရမလာႏိုင္သလို ျဖစ္တည္လာလိုက္၊ ျပန္ၿပိဳလဲသြားလိုက္လည္း ျဖစ္ေနႏိုင္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ႀကိဳးစားပါ။ ႀကိဳးစားေနသေ႐ြ႕ေတာ့ ဒီလိုေျမမာတဲ့တစ္ေန႔ကို ေရာက္လာမွာပါ။ အဲဒီေန႔ကေတာ့ ကိုယ့္ဘဝမွာ စိတ္ပိုင္းဆိုင္ရာအရ အမွီအခို ကင္းသြားတဲ့ေန႔၊ လြတ္လပ္သြားတဲ့ေန႔၊ ပိုင္ဆိုင္လိုစိတ္ထက္ သူ႔အက်ိဳး လိုလားတဲ့ ေမတၱာတရားေတြ ထားႏိုင္လာတဲ့ေန႔ေပါ့။

၁၀၀ % အမွီအခိုကင္းဖို႔ ျဖစ္ႏိုင္ပါ့မလား မေသခ်ာေပမဲ့ ေသခ်ာတာကေတာ့ တတ္ႏိုင္သေလာက္ အမွီအခိုကင္းေလေလ ကိုယ့္ဘ၀ ေပ်ာ္႐ႊင္မႈ ရေလေလ ဆိုတာပါပဲ။

credit ေဒါက္တာ ၿဖိဳးသီဟ

Read times
Rate this articles
(1 Vote)