လူဘဝတစ်ခုရလာတဲ့အခါ ကျွန်တော်တို့ ဟာ မိမိကျရာ ဘဝဇာတ်ခုံမှာ အနိမ့်အမြင့်အတတ်အကျ လျှောက်လှမ်းကြရပြီး
ပြသနာပေါင်းမျိုးစုံကြုံတွေ့နေရတတ်ပါတယ်။
ဘယ်အချိန် ဘာတွေ ဆက်ဖြစ်လို့ ဘယ်လိုပြသနာတွေ ထက်ပြီး
ရင်ဆိုင်ရဦးမလည်းဆိုတာ တထစ်ချ ဘယ်သူမှ မပြောနိုင်ပါဘူး။
မိသားစုက ပေးတဲ့ဒဏ်ရာတွေက အရယ်အမော ကင်းပြီး
မျက်နှာတွေ တင်းမာလာတယ်။
ပတ်ဝန်းကျင်က ပေးတဲ့ဒဏ်က စကားပြန်ပြောရမှာ
စိတ်မပါ တော့ပဲ နှုတ်နည်းလာစေတယ်။
ကိုယ့်ရဲ့ စိတ်ရင်း အမှန်က ပျော်ပျော်ပါးပါးနဲ့  နေချင်တာပါ။
အသက်ရှင်နေရတာက ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဟာ
လူဖြစ်ခွင့်တောင် အဓိပါယ်မရှိတဲ့ လူတစ်ယောက်နဲ့  မခြားပါဘူး။
ပြန်တွေးကြည့်တော့ ကိုယ့်စိတ်တွေ ပြောင်းလဲစေသူတွေဟာ
အတိတ်ဘဝက ရေစက်တွေကြောင့် ဆုံလာရတဲ့
သူတွေချည်း ဖြစ်နေသလို
ကိုယ်ကသာ ပျော့ညံ့လို့  ပြောင်းလဲသွားပေမဲ့
သူတို့ တွေကတော့ အနေအစားမပျက် သွားလာလှုပ်ရှား
နေကြတာပါပဲ။
ကိုယ့်ရဲ့ ပြောင်းလဲသွားခြင်း အတွက် မတန်ပါဘူး .
” ပြုံးပါ ” ကျလာမဲ့ မျက်ရည်အစား ပြုံးကြည့်လိုက်ပါ။
” ရယ်မောပစ်ပါ ” ဒေါသထွက်စရာတွေ ကြုံလာရင်
အားပါးတရ ရယ်ပစ်လိုက်ကြည့်လိုက်ပါ။
” ငိုပစ်လိုက် ” စိတ်တအားညစ်လာရင် အားပါးတရ
အော်ငိုပစ်လိုက်ပါ။
စိတ်ကို ထိန်းချုပ်ထားပြီး နာကျင်နေမဲ့အစား ပြောင်းလဲပစ်
လိုက်ခြင်းနဲ့  အစားထိုးကြည့်လိုက်ပါ။
အနည်းနဲ့  အများ စိတ်သက်သာသွား ပါလိမ့်မယ်။
လောကကြီးမှာ ပေးဆပ်ရတာ မတန်တဲ့သူတွေ အများကြီး
ရှိသလို ကြုံရပါလိမ့်မယ်။
လူတချို့ က တမင်တကာ စိတ်ဒုက္ခပေးချင်ကြတယ်။
တချို့ ကျ မတော်တဆ စိတ်ဒုက္ခပေးသလို ဖြစ်သွား
တာတွေရှိပါတယ်။
ကိုယ်ကသာ ကောင်းသူ မကောင်းသူ ခွဲခြားတတ်ဖို့ 
လိုအပ်ပါတယ်။
လူ တစ်ယောက် အသက်တစ်ရာပြည့်မှ ရက်ပေါင်း( ၃၆၀၀၀)
ကို ပိုင်ဆိုင်တာ
ပိုင်ဆိုင်ထားတဲ့ ရက်တွေဟာလည်း တစ်ရက်ပြီးတရက်
နုတ်ယူသွားနေတာပါ။
လူတိုင်းဟာ မနက်ဖြန်တောင် သေချာသော ရှင်သန်မှုကို
မပိုင်ဆိုင် ထားကြပါဘူး။
ဒါကြောင့် ကိုယ့်ရဲ့ ရှင်သန်ခြင်းဟာ တပါးသူတွေပေးတဲ့ ဒဏ်ရာတွေနဲ့ 
မူရင်း စိတ်ဓါတ် အခံတွေ ကို ပြောင်းလဲပြီး ရှင်သန်ခြင်းဟာ
အဓိပါယ် ရှိရဲ့လား တန်ရဲ့လား တွေးကြည့်ပါ။
ကိုယ်ပိုင်တဲ့ အသက်၊ ကိုယ်ပိုင်တဲ့ စိတ်ကို
မပျော်ရွှင်မှုတွေနဲ့  နေရတာ မတန်ပါဘူး ပျော်ပျော်ပါးပါး
နေလိုက်ပါ။
ကိုယ်နဲ့  ရေစက်ကုန်သူတွေက နည်းအမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ 
သူတို့ ဖာသာ ထွက်သွားကြပါလိမ့်မယ်။
ကိုယ်နဲ့  အကြောင်းသင့်ပြီး လက်ရှိပေါင်းသင်းနေသူတွေနဲ့ သာ
ချစ်ချစ်ခင်ခင် ပျော်ပျော်နေလိုက်ခြင်းနဲ့  ပြောင်းလဲယူတတ်
ရပါမယ်။
မခင်သူကိုလည်း တမ်းတမနေနဲ့  မမင်သူကိုလည်း လွမ်းမနေနဲ့ 
အကြောင်းသင့်သူတွေနဲ့ သာ ပျော်အောင်နေ
လိုက်ခြင်းသာ စိတ်ချမ်းသာစေပါတယ်။
ဖြစ်လာရတဲ့ အကြောင်းအကျိုးမှန်သမျှ ကိုယ်ကမပါတောင်
ပါတ်သက်မှုရှိလို့  လာငြိတယ်လို့ ခံယူထားပါ။
မကောင်းရင်လည်း စွန့် ရဲရမယ်။
ကောင်းသူဆိုလည်း စာနာစိတ်နဲ့  ဆက်ဆံတတ်ရမယ်။
ဒါမှ အညှီဟောက်ကင်းကင်း ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်
လာပါလိမ့်မယ်။
လူ့ ဘဝဆိုတာ တိုတိုလေးပါ
ဘာအတွက်ကြောင့် ကိုယ်ရဲ့ ရှင်သန်မှုကို တပါးသူအတွက်
ပေးဆပ်နေရမှာလည်း
ဘာအတွက်နဲ့ ကိုယ့်ရဲ့စိတ်တွေကို တခြားလူတွေကြောင့်
အကျဉ်းချထားရမှာလည်း
သေချာတွေးလေ မတန်လေဆိုတာ သိလာလိမ့်မယ်။
မနက်ဖြန်တောင် ကိုယ်မပိုင်တဲ့ လူဘဝကို
ဒီနေ့ တင် ပြုံးပြုံးလေးနဲ့  ဖြတ်ကျော်လိုက်မှ တန်တာပါ .
လူတိုင်းမှာ စိတ်ညစ်စရာတွေ ရှိတယ်။
စိတ်ဆင်းရဲစရာတွေ အနည်းအများကြုံတွေ့ နေကြတယ်
သယ်ဆောင်သွားသူနဲ့  လွှင့်ပစ်တတ်သူပဲ ကွာခြားတာပါ။
စိတ်ညစ်စရာတွေရှိနေလည်း ဒီနေ့ တင် ချန်ထားခဲ့
နာကျည်းမှုတွေရှိနေလည်း ဒီနေ့ မှာတင် စွန့် ပစ်လိုက်
ဝမ်းနည်းစရာတွေရှိနေလည်း ဒီနေ့ တင် ငိုပစ်လိုက်
မနက်ဖြန်ဆိုရင် ” ကိုယ့်စိတ်နဲ့  ကိုယ် ” ပျော်ပျော်နေလိုက်
ကြတာပေါ့ ။
source; ဦးဘုန်းဓာတု