ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ သိထားရမယ့် အချက် (၃) ချက်
ခက်ခဲကြမ်းတမ်းတဲ့ အလှည့်အပြောင်းတွေနဲ့ ကြုံဆုံလာတဲ့အချိန်ကျရင် ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ ကိုယ့်ရဲ့ရွေးချယ်မှုပေါ်မှာ မူတည်နေတယ်။
တကယ့်လက်တွေ့ ဘဝဟာ အနိမ့်အမြင့်သဘောတွေနဲ့ ဖြစ်တည်နေတယ်။ ပြဿနာအခက်အခဲတွေမရှိတဲ့ ဘဝတစ်ခုမှာ ပျော်ရွှင်မှုအစစ်အမှန်ဆိုတာလည်း မရှိနိုင်ဘူး။ တစ်ခါတစ်ရံကျ ဘဝက ကျွန်တော်တို့ လျှောက်လှမ်းချင်တဲ့လမ်းအတိုင်း လိုက်တတ်တာမဟုတ်ဘူး။ ကဖျက်ယဖျက်လည်း ဖြစ်ချင်ဖြစ်သွားနိုင်သလို ဒေါသဖြစ်စရာတွေ၊ ဝမ်းနည်းစရာတွေနဲ့လည်း ကြုံတွေ့ခံစားရနိုင်တယ်။
ဒါတွေက လူတိုင်းလိုလို ကြုံဆုံရတဲ့ အရာတွေပဲ။ များတာ၊ နည်းတာပဲ ကွာချင်ကွာပါလိမ့်မယ်။ ဒါကလည်း ခက်ခဲကြမ်းတမ်းတဲ့ အလှည့်အပြောင်းတွေနဲ့ ကြုံဆုံလာတဲ့အချိန်ကျရင် ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ ကိုယ့်ရဲ့ ရွေးချယ်မှုပေါ်မှာ မူတည်နေတယ်။ တစ်ခါတလေကျ ဘဝကို စိတ်ပျက်ချင်စိတ်ပျက်နေလိမ့်မယ်။ ဘဝနဲ့ပတ်သက်ပြီး ခံစားချက်တွေ ဆိုးဝါးချင် ဆိုးဝါးနေပါလိမ့်မယ်။ မကောင်းတဲ့ခံစားချက်တွေဘက်ကို အတင်းဆွဲသွင်းချင် သွင်းနေပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီအရာတွေပေါ်မှာ လိုက်ခံစားနေလို့မဖြစ်ဘူး။
သူ့နောက်ကိုလိုက်နေရင် ကိုယ်ပဲ မိုက်ရာကျသွားလိမ့်မယ်။ ဘာမှတော့ ပြောင်းလဲလာမှာမဟုတ်ဘူး။ ကိုယ့်ဘက်က ကောင်းတဲ့အမြင်၊ ကောင်းတဲ့အတွေးတွေနဲ့ ဖြည့်ပြီး နားလည်နိုင်ရမယ်။ ပြောင်းလဲယူနိုင်ရမယ်။ အခုဖော်ပြပေးလိုက်တဲ့ (၃) ချက်ဟာ အဲဒီလိုအချိန်မျိုးတွေမှာ ဘဝအတွက် သိပ်ကိုအသုံးဝင်ပြီး အထောက်အကူလည်း ဖြစ်စေပါတယ်။ ဘဝခွန်အားတွေကိုလည်း ဖန်တီးပေးနိုင်တယ်။
၁။ ထာဝရတည်မြဲနေတယ်ဆိုတာ မရှိဘူး
ညတိုင်းမှာ မှောင်မိုက်မှုရှိပေမဲ့ မနက်တိုင်းမှာ နေထွက်လေ့ရှိတယ်။ အမှောင်ထုကနေ လင်းသွားတာ၊ လင်းသွားရာကနေ မှောင်သွားတာ စတဲ့ပြောင်းလဲမှုတွေကို ခင်ဗျားတို့၊ ကျွန်တော်တို့ နေ့စဉ်နေ့တိုင်းလိုလို မြင်တွေ့နေကြတာပဲမဟုတ်လား။ ဒါပေမဲ့ မေ့လွယ်ပျောက်လွယ်ပဲမဟုတ်လား။ ဘာဖြစ်လို့လဲဆိုတော့ အရာရာတိုင်းက ပုံသေတည်မြဲနေတယ်ဆိုတာ မရှိလို့ပဲ။ အခက်အခဲ အကျပ်အတည်းဆိုတာကလည်း အမြဲဖြစ်မနေနိုင်ဘူး။ အခုမကောင်းပေမဲ့ တော်ကြာ ကောင်းချင်ကောင်းလာတတ်တာပဲ။
ဒါကို နားလည်စွာနဲ့ ဖြည့်တွေးတတ်ရမယ်။ အဲဒီလို ဖြည့်တွေးနားလည်တတ်မယ်ဆိုရင် နာကျင်ခံစားပြီး စိတ်ဓာတ်ကျနေစရာ မလိုတော့ဘူး။ အဲဒီမကောင်းတဲ့အရာတွေပေါ်မှာ ပျော်ပျော်ကြီး ခံစားမနေဖို့ပဲလိုတယ်။ ဒီနေ့မကောင်းရင် မနက်ဖြန်ကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားရွေးချယ်နိုင်တယ်။ မကောင်းတဲ့အချက်တွေကို ကောင်းတဲ့ဘက်ဆီ ကူးပြောင်းပေးရမယ်။
၂။ ဒုက္ခတွေကို ဖြတ်ကျော်နိုင်အောင်ကြိုးစားလေ ရင့်ကျက်လာလေပဲ
ဒုက္ခအခက်အခဲ (သို့) နာကျင်မှုတွေနဲ့ တွေ့ကြုံလာရတိုင်း ဘဝသင်ခန်းစာတစ်ခု ရတာပဲ။ အဲဒီဒုက္ခဆိုတဲ့ နာကျင်မှုတွေကနေ ဘဝအတွက် သင်ယူမှုတွေလုပ်နိုင်တယ်။ ကြုံဆုံနေရတဲ့ အချိန်အခိုက်အတန့်မှာ သင်ခန်းစာဆိုတာ မြင်နိုင်ဖို့ခက်ခဲနိုင်ပေမဲ့ ရှေ့ဆက်လျှောက်နိုင်ဖို့ ကြိုးစားရင်းပဲ ကိုယ့်ကိုယ်ကိုယ် အများကြီး သင်ကြားပေးနေတယ်ဆိုတာ သဘောပေါက်လာပါလိမ့်မယ်။
ဒါကြောင့် ရုန်းကန်လှုပ်ရှားနေရလို့ စိတ်မလျော့နဲ့။ စိတ်မပျက်နဲ့။ အကောင်းဆုံး သည်းခံကြိုးစားနိုင်လေ ကိုယ့်အတွက် ပညာဉာဏ် ရင့်သန်လေပဲဆိုတာ သတိရပါ။
၃။ အပတ်တကုတ် ကြိုးပမ်းအားထုတ်နေရခြင်းဟာ ရှေ့သို့ချီတက်နေခြင်းဖြစ်တယ်
အပတ်တကုတ် ကြိုးပမ်းအားထုတ်နေရတဲ့ လှုပ်ရှားရုန်းကန်မှုရဲ့ အရသာဟာ ခံစားလို့မကောင်းပေမဲ့ အနာဂတ်ခရီးအတွက် ချီတက်နေခြင်းဖြစ်တယ်ဆိုတာ သိထားရမယ်။ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းမှုမှာပဲ ဖြစ်ဖြစ်၊ ပေါင်းသင်းဆက်ဆံရေးမှာပဲဖြစ်ဖြစ် ဒါမျိုးအခက်အခဲတွေ ကြုံဖူးကြမှာပါ။ ဒါပေမဲ့ အဲဒီ ရုန်းကန်မှုတွေက ဘဝကို တိုးတက်အောင်မြင်အောင် လုပ်ပေးနိုင်သလို ပျော်ရွှင်မှုအစစ်အမှန်တွေနဲ့ ဘဝတစ်ခုကိုလည်း တည်ဆောက်ပေးနိုင်တယ်။
ဘယ်အရာမှာမဆို ကြိုးစားရုန်းကန်ခြင်းက၊ သို့မဟုတ် အပတ်တကုတ် ကြိုးပမ်းအားထုတ်နေခြင်းက အနာဂတ်လမ်းအတွက် တူညီတဲ့ အကျိုးရလဒ်တစ်ခုတော့ ပြန်ပေးကြစမြဲပါ။
Credit; Lifehack
သင့်ကို နောက်ကျပြီလို့ ဘယ်သူပြောလဲ ?
လူအများအပြားကို အလွန်နှိပ်စက်ခြောက်လှန့်တတ်သည့် စကားတစ်ခွန်းရှိသည်။ အဲ့ဒါကတော့ “ သိပ်နောက်ကျသွားပြီ ” ဆိုသော စကားပါ။
နောက်လဆိုရင်ပဲ ကျောင်းပြီးကြတော့မယ်….ကျောင်းပြီးရင် ဘာလုပ်ကြမှာလည်း?
ဟုတ်ပါတယ်…တကယ်ကို စိတ်ပျက်စရာကြီးပါ “ကျောင်းပြီးရင်” ဆိုပြီး တွေးလိုက်ရင် တကယ်ကို လမ်းပျောက်သွားသလို ခံစားရပါတယ်။
သင်တန်းအများကြီးတက်ပြီး ဘာကြောင့်မအောင်မြင်တာလဲ
လူငယ်တွေ တစ်ချို့အကြား အဖြစ်များတဲ့ ပြဿနာတစ်ခုက သင်တန်းတွေ အများကြီးတက်ပြီး ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မရှိတာပါပဲ။
သာမန်ထက်ပိုတော်ကြောင်း သိသာတဲ့ အချက်များ
ငယ်စဉ်ကတည်းက စာဖတ်တာ ၀ါသနာပါသူ
လူတွေဟာ စာစောစောဖတ်လေလေ ပိုပြီးဥာဏ်ကောင်းလေလေပဲလို့ လေ့လာစမ်းသပ်မှုတွေအရသိရပါတယ်။ သင့်ဘေးက လူတွေထက်သင်တော်နေပြီဆိုရင်တော့ သင်ဟာ သူတို့ထက် စာဖတ်တာ စောခဲ့လို့ပါပဲ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက စာဖတ်တာ ၀ါသနာပါသူများဟာ ဥာဏ်ကောင်းသူတွေ ဖြစ်လာကြပါတယ်။
ငယ်စဉ်က ဂီတဆိုင်ရာ လေ့ကျင့်ခန်း သင်ယူဖူးသူပါ
လေ့လာတွေ့ရှိမှုတွေအရ ဂီတဆိုင်ရာ လေ့ကျင့်ခန်းတွေဟာ ဥာဏ်ရည်တိုးစေပြီး ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်စွမ်း တိုးစေတာပါတယ်။ ငယ်ငယ်ကတည်းက ဂီတဆိုင်ရာ လေ့ကျင့်ခန်းတွေကို သင်ယူဖူးသူတွေကတော့ သာမန်ထက်ပိုပြီး ထူးချွန်ကြပါတယ်။
မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။
ရယ်စရာကောင်းသူတစ်ယောက်ပါ
သင်ဟာ ဟာသဥာဏ်ကြွယ်သူတစ်ယောက်ဆိုရင် ကိုယ့်ကိုကိုယ်ဂုဏ်ယူလိုက်ပါတော့။ ဟယသဥာဏ်ကြွယ်သူတွေက အရမ်းဥာဏ်ကောင်းတယ်လို့ လေ့လာစမ်းသပ်မှုတွေအရ သိရပါတယ်။
သင်ဟာ ပူပန်တတ်သူတစ်ယောက်
ဘယ်သူမှတော့ စိုးရိမ်ကြောင့်ကြနေရတာ မကြိုက်ပေမယ့် လေ့လာစမ်းသပ်ချက်တွေအရ ပိုတော်တဲ့သူတွေဟာ စိုးရိမ်မှုပိုများကြောင်း တွေ့ရှိရပါတယ်။ စိုးရိမ်ပူပန်တတ်သူတွေဟာ ပိုပြီး အာရုံစိုက်နိုင်ကြပြီး အလုပ်တစ်ခုပြီးတစ်ခု ပြီးအောင် လုပ်ဆောင်နိုင်စွမ်း ရှိကြပါတယ်။
သင်ဟာ ဘယ်သန်တစ်ယောက်ပါ
ဘယ်သန်တွေဟာ ငယ်စဉ်တည်းက အဆော့မက်ပြီး ကြီးပြင်းလာကြတာပါ။ အခုလို နည်းပညာခေတ်ကြီးမှာတောင် ဘယ်တန်တွေ ဘာကြောင့်ဥာဏ်ကောင်းတယ်ဆိုတာ မရှင်းပြနိုင်ပေမယ့် ယောက်ျားလေး ဘယ်တန်တွေဟာ ဥာဏ်ကောင်းမှန်း အရမ်းသိသာပါတယ်။
Source: shweinnlay
သင်ပိုင်ဆိုင်ထားသင့်တဲ့ စွမ်းဆောင်ရည်များ
အချိန်မှန်ဖို့ ကြိုးစားပါ
နောက်ကျတတ်တဲ့သူကို ဘယ်သူမှမနှစ်သက် ကြပါဘူး။ ကိုယ့်အပေါ်ယုံကြည်စွာ အပ်နှံထားတဲ့ အလုပ်တစ်ခုကို သတ်မှတ်တဲ့ နေရက်နဲ့ အချိန်မှာ အဆုံးမသတ်ပေးနိုင်ခြင်းက သင့်အပေါ် လူတွေ အထင်အမြင်သေးစေမှာပါ။ ဒီတော့ အလုပ်တစ်ခုကို သတ်မှတ်ထားတဲ့ အချိန်အတွင်း ပြီးမြောက်အောင် လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။
အချိန်ကို ကောင်းကောင်းအသုံးချ တတ်ပါစေ
ဘယ်အချိန်မှာ ဘာလုပ်ရမယ်၊ ဘယ်အချိန်မှာ ဘာကိစ္စတွေ ပြီးရမယ်ဆိုတာကို ပုံမှန်အစီအစဉ်ဆွဲထားဖို့ လိုအပ်ပါတယ်။ ဒီတော့မလိုအပ်ပဲ စောင့်ဆိုင်းရတာ၊ အချိန်မီမပြီးတာ၊ မေ့လျော့ပြီး မလုပ်ဖြစ်တာတွေ ကင်းလွတ်မှာ ဖြစ်ပါတယ်။
ဘာလုပ်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိပါစေ
ကိုယ့်တာဝန်ကို ကိုယ်ကိုတိုင် ရှင်းရှင်းသိမှ ကျေပွန်စွာ ထမ်းဆောင်လို့ရမယ်ဆိုတာ သင်နားလည်ထားရမှာ ဖြစ်ပါတယ်။ ပန်းတိုင်ကိုသိမှ၊ လမ်းစကို ရှာလို့ရမှာ ဖြစ်ပါတယ်။
ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ခြင်း
လုပ်ငန်းခွင်ဆိုတဲ့ နေရာဟာလည်း လူအမျိုးမျိုးနဲ့ စိတ်အထွေထွေ ကြုံတွေ့ရတာကြောင့် လူတိုင်းနဲ့ လိုက်လျော ညီထွေနေတတ်တဲ့ သင့်ရဲ့စွမ်းဆောင်ရည်ဟာ သင့်လုပ်ငန်းအတွက်ရော၊ သင့်ဘ၀ကိုပါ တိုးတက်စေနိုင်ပါတယ်။
နာခံတတ်ပါစေ
သင့်လုပ်ငန်းရှင်၊ အထက်လူကြီးက ပေးအပ်တဲ့တာဝန်ကို ပြီးဆုံးအောင်ထမ်းဆောင်ရမှာက သင့်တာဝန်ပါ။ ဆင်ခြေ၊ ဆင်လက်ပေးလို့ မရပါဘူး။ သင့်အထက်လူကြီး အများစုက ရေပါတာပဲလိုချင်တယ်၊ ရေဘူးပေါက်တာ မလိုချင်ဘူး လို့ဆိုကြမယ့် လူတွေ များပါတယ်။ သူ့တို့အတွက် အကောင်းမွန်ဆုံး စွမ်းဆောင်ပြခြင်းက သင့်အတွက် တိုးတက်မယ့် နည်းလမ်းပဲ ဖြစ်ပါတယ်။
လူအများနှင့် ပူးပေါင်းဆောင်ရွက်တတ်ပါစေ
သင်ဟာ အလုပ်ခွင်မှာ လူအများနဲ့ မဖြစ်မနေ ထိတွေ့ ဆက်ဆံရတာကြောင့် လူတွေနဲ့ ပူပေါင်း လုပ်ဆောင်တတ်ခြင်းဟာလည်း လိုအပ်တဲ့ အရည်အချင်းတစ်ခုပါပဲ။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ညီညီညွတ်ညွတ် ဆောင်ရွက်ကြခြင်းက လုပ်ငန်းရဲ့ ထုတ်ကုန်ကို နှစ်ဆတိုးမြှင့်စေမှာ ဖြစ်ပါတယ်။
အလုပ်လုပ်ချင်စိတ်မွေးပါ
ပျင်းရိလာတဲ့အခါ၊ ဖိစီးမှုများလာတဲ့အခါ လူတွေဟာ အလုပ်လုပ်ချင်စိတ် ကုန်ခန်းလာ တတ်ပါတယ်။ ဒါကို အဖြစ်မခံပါနဲ့။ အမြဲအလုပ်လုပ်ချင်စိတ်မွေးမြူပါ။ ဒါဆို သင်ဟာလုပ်ငန်းခွင်မှာ အမြဲတမ်း တက်ကြွလန်းဆန်းနေတဲ့ သူလို့ နာမည်ကောင်းရလာမှာ ဖြစ်ပါတယ်။
မိမိ ပြောလိုက်တဲ့စကားကို အမြဲတည်အောင်ကြိုးစားပါ
ယုံကြည်မှုဆိုတာ အချိန်ကြာကြာ ဆောက်တည်ရတာမျိုးဖြစ်ပြီး၊ တစ်ခါပျက်ပြားသွားရင်လည်း ဘယ်တော့မှ ပြန်မရနိုင်တော့တာမျိုးပါ။ ဒီတော့ ကတိတည်သူတစ်ယောက်၊ စကားတည်သူတစ်ယောက် ဖြစ်အောင် ကြိုးစားပါ။
Source: momolay
ထိပ်ဆုံးကို ရောက်ရှိဖို့ ဖြတ်သန်းရမယ့် အဆင့်(၅)ခု
အောင်မြင်မှုဆိုတာ သာမန်ကြည့်မယ်ဆိုရင်တော့ နီးစပ်တဲ့ ပစ်မှတ်တစ်ခု၊ လမ်းထောင့်က နေရာတစ်ခု၊ အထင်ကြီးလောက်စရာ ရပ်တည်မှုတစ်ခုလို့ ထင်မှတ်စရာရှိပါတယ်။
စိတ်ဖိစီးမှုကနေ အောင်မြင်မှုအဖြစ်ပြောင်းလဲဖို့ လက်တွေ့နည်းလမ်း(၃)ခု
စိတ်ဖိစီးမှုကို ဘယ်သူမှ မလိုချင်ကြပါဘူး။ ဒါပေမယ့် စိတ်ဖိစီးမှုတိုင်းက မကောင်းတာတော့ မဟုတ်ပါဘူး။
စီးပွားရေးတစ်ခု လုပ်တော့မယ်ဆို အရင်ဆုံး သုတေသနလုပ်ပါ
ကိုယ်လုပ်မည့် စီးပွားရေးအကြောင်း သေချာလေ့လာလိုက်စားပါ။
လုပ်ငန်းခွင်အတွင်း ပဋိပက္ခတွေ ပြေလည်စေဖို့ နည်းလမ်း (၆)ခု
နေ့စဉ်လူတွေနဲ့ တွေ့ဆုံဆက်ဆံနေသ၍ ပဋိပက္ခနဲ့ အငြင်းပွားမှုတွေက ရှောင်လွှဲလို့ မရနိုင်ပါဘူး။ လုပ်ငန်းခွင်အတွင်းမှာလည်း ၀န်ထမ်းအချင်းချင်းကြား၊ ၀န်ထမ်းနဲ့လူကြီးအကြား၊ ဌာနတစ်ခုနဲ့တစ်ခုကြား စသဖြင့် ပဋိပက္ခတွေ ဖြစ်ပွားတတ်ပါတယ်။ ဒီလို ပဋိပက္ခတွေ ကြုံတွေ့ရတဲ့အခါမှာ ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကို နည်းလမ်းတစ်ချို့ဖော်ပြလိုက်ပါတယ်။
၁။ ပဋိပက္ခကို လက်ခံပါ။
အငြင်းပွားစရာ ပဋိပက္ခတစ်ခုခုဖြစ်လာပြီဆိုရင် ဘာမှမဖြစ်သလို ဟန်ဆောင်မနေပါနဲ့။ ရှောင်ထွက်ဖို့လည်း မကြိုးစားပါနဲ့။ ဒီလို ရှောင်နေတာက အချိန်ကြာလာတာနဲ့အမျှ တင်းမာမှုတွေပိုများလာပြီး အခြေအနေကို ပိုဆိုးသွားစေနိုင်ပါတယ်။ မပြေလည်မှုတွေကနေ ပြဿနာကြီးတွေ၊ နာကျည်းမှုတွေဖြစ်မသွားခင် တတ်နိုင်သမျှ ရင်ဆိုင်ဖြေရှင်းပါ။ ၀န်ထမ်းအချင်းချင်းကြားမှာ ပဋိပက္ခဖြစ်တာကို သိရင် ဘယ်လိုအဖြေရှာပေးရမလဲဆိုတာကို လမ်းညွှန်ပေးပါ။ ဌာနတစ်ခုနဲ့တစ်ခုကြားမှာ အဆင်မပြေဖြစ်နေရင် ပူးပေါင်းဆောင်ရွက်မှုနဲ့ နားလည်မှုတိုးပွားလာအောင် လုပ်ဆောင်ပေးပါ။
၂။ အချင်းချင်းစကားပြောပါ။
အဆင်မပြေဖြစ်နေရတဲ့ ပုဂ္ဂိုလ်အချင်းချင်း၊ အသင်းအဖွဲ့အချင်း ပြင်ပအနှောင့်အယှက်မရှိပဲ စကားပြောနိုင်အောင် အချိန်သတ်မှတ်စီစဉ်ပါ။ တွေ့ဆုံကြတဲ့အခါမှာ တစ်ဖက်နဲ့တစ်ဖက် သဘောထားတွေ အပြန်အလှန်တင်ပြချိန်ပေးပါ။ စကားဝိုင်းကို တစ်ဦးတစ်ယောက်၊ တစ်ဖက်ထဲကပဲ ကြီးစိုးနေတာမျိုး မဖြစ်ပါစေနဲ့။ တွေ့ဆုံစကားပြောချင်းဟာ ရန်ဖြစ်ဖို့ မဟုတ်ဘူးဆိုတာ သတိထားပါ။
၃။ ဂရုတစိုက် နားထောင်ပါ။
တစ်ယောက်ယောက်က စကားပြောနေချိန်မှာ သေချာနားထောင်ဖို့ လိုပါတယ်။ တဖက်သူရဲ့စကားကို ဖြတ်ပြီး မပြောပါနဲ့။ တဖက်ကပေးချင်တဲ့ အချက်အလက်၊ ပြောချင်တဲ့အဓိပ္ပါယ်ကို သေချာနားလည်တဲ့အထိ နားထောင်ပါ။ နားမလည်ရင် ပြန်မေးပါ။ တဖက်ကသူ ဘာကို စိတ်ပျက်နေတာလဲ။ စိတ်အလိုမကျဖြစ်နေတာလဲဆိုတာ သေချာသိအောင် ကြိုးစားပါ။ ဒီလို နားထောင်တာဟာ နားလည်ဖို့ ကြိုးစားတာဖြစ်ပါတယ်။ တစ်ဖက်သူပြောတာကိုသေချာနားမလည်ပဲ တုံ့ပြန်ဖို့မကြိုးစားပါနဲ့။
၎။ သဘောတူညီမှုကို ရှာဖွေပါ။
တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ငြင်းခုံဖို့ပဲ ဦးတည်နေမယ်ဆိုရင် ဘယ်တော့မှအဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် နှစ်ဦးနှစ်ဖက် ပြေလည်မှုရရှိစေနိုင်မယ့် သဘောတူညီမှုတစ်ခုကို ရှာဖွေပါ။ အဆိုးမြင်စိတ်တွေ၊ မကောင်းတဲ့အချက်တွေထဲက ကောင်းတာတွေကို ရှာဖွေပါ။
၅။ လမ်းညွှန်မှုပေးပါ။
သင့်အနေနဲ့ ဦးဆောင်သူနေရာက ရှိမယ်ဆိုရင် ၀န်ထမ်းတွေရဲ့စိတ်ထဲမှာ နာကျည်းချက်တွေ မဖြစ်စေဖို့ တကယ်ပြဿနာကိုပဲ ဖြေရှင်းနိုင်အောင် နည်းပေးလမ်းပြလုပ်ပေးပါ။ အပြုသဘောဆောင်တဲ့ အကြံဥာဏ်တွေပေးပါ။ အချင်းချင်းပြေလည်စေနိုင်မယ့် အချက်တွေကို ဆွဲထုတ်ပြပေးပါ။
၆။ ခွင့်လွှတ်နားလည်နိုင်အောင် ကြိုးစားပါ။
ပဋိပက္ခတိုင်းဟာ တစ်ဖက်နဲ့တစ်ဖက် ထိခိုက်မှုတွေကို အသိအမှတ်ပြုပြီး ရှင်းလင်းတဲ့ဆုံးဖြတ်ချက် ရရှိဖို့ လိုပါတယ်။ ဒါ့ကြောင့် ပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ့် အဖြေတစ်ခု ရအောင်ရှာပါ။ အရင်ဆုံးတောင်းပန်လိုက်ပါ။ သင့်အနေနဲ့ ပြောမှားဆိုမှားတာတွေ လုပ်မှားကိုင်မှားတာတွေအတွက် အမှန်တကယ် စိတ်မကောင်းကြောင်း တောင်းပန်ပါ။ သင့်ဖက်က အရင်ခွင့်လွှတ်နိုင်ဖို့ လိုပါတယ်။ အပေါ်ယံ အလျှော့ပေးတာက အချိန်ကြာလာရင် အငြိုးတွေဖြစ်လာနိုင်ပါတယ်။ တကယ်ခွင့်လွှတ်ပြီး နားလည်ပေးနိုင်အောင် ကြိုးစားဖို့ လိုပါတယ်။
Source: Gentleman Magazine