×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Friday, 11 September 2020

မလုပ္ႏုိင္ဘူးဆိုတဲ့ စကားရဲ႕ေနာက္ကြယ္

“မလုပ်နိုင်ဘူး” “အားနည်းတယ်” “မကျွမ်းဘူး” ဒီစကားတွေကို တော်တော်များများ သုံးဖူးကြမယ် ထင်ပါတယ်။

ကျွန်တော်ကိုယ်တိုင်လည်း ခနခန သုံးခဲ့ဖူးပါတယ်။ တစ်ချို့တွေက ဒီစကားကို ပြောရုံလောက်သာ ပြောကြပေမယ့် တစ်ချို့ကျတော့ ဒီစကားရဲ့ နောက်မှာ ပုန်းကွယ်ပြီး ကိုယ်အားနည်းတဲ့ အရာကို ရင်ဆိုင်ဖို့ ခေါင်းရှောင်တာမျိုး၊ ထွက်ပြေးတာမျိုး လုပ်တတ်ကြပါတယ်။

ကျွန်တော်လည်း လုပ်ခဲ့ဖူးပါတယ် ကျွန်တော်က ကွန်ပျူတာနဲ့ ပက်သက်လာရင် အရမ်းအားနည်းတာပါ။ သင်ပေးလည်း နားမလည်၊ ပြောလည်း မမှတ်မိ၊ ခေါင်းထဲ ဘာဆိုဘာမှ မရှိတဲ့အခါ တဖြည်းဖြည်း ကြောက်လာတယ်၊ မလေ့လာ ချင်တော့ဘူး၊

“ကျွန်တော်က ကွန်ပျူတာနဲ့ ပက်သက်ရင် အားနည်းတယ်” ဆိုပြီး ခေါင်းရှောင်နေမိတယ်။ ပြောရရင် စာမရတဲ့ ကလေးတစ်ယောက် ကျောင်းတက်ရမှာ ကြောက်နေသလိုပေါ့။

ဒါပေမယ့် အကျိုးဆက်က ဘာဖြစ်လာလဲ ဆိုတော့ ကွန်ပျူတာနဲ့ ပက်သက်တာ ကျွန်တော်ဘာမှ မသိတော့ဘူး၊ အားလုံးနီးပါး သိကြတဲ့ အရာကိုတောင် ကျွန်တော့်အတွက် နားလည်ဖို့ ခက်နေတယ်၊ ကိုယ်တိုင်ကလည်း အရမ်းကို နောက်ကျကျန်ခဲ့တယ်၊ လွယ်လွယ် လုပ်လို့ ရနေတဲံ့ အရာကို မလုပ်တတ်တော့ဘူး၊ သိရမယ့်အရာတွေ သိခွင့်မရတော့ဘူး။

နောက်မှ တဖြည်းဖြည်း နားလည်လာတယ် ကိုယ်သတ္တိမရှိခဲ့လို့ ကိုယ်ရမယ့် အခွင့်အရေးနဲ့ အကျိုးအမြတ်တွေကို “မလုပ်နိုင်ဘူး” ဆိုတဲ့ စိတ်နဲ့ ကိုယ်တိုင်ဖျက်ဆီးခဲ့မိတာပဲ။ အားနည်းချက်ကို အကြောင်းပြပြီး ရှေ့ဆက်တိုးဖို့ ကြောက်နေခဲ့မိတာလေ။


ကျွန်တော့်လိုမျိုးတွေ တစ်ချို့ ရှိကြမယ်ထင်ပါတယ် မတူညီတဲ့ အကြောင်းပြချက် ကိုယ်စီနဲ့ အကြောက်တရားတွေပေါ့။

ကိုယ်တစ်ခုခုအပေါ်မှာ အားနည်းတာ၊ မကျွမ်းကျင်တာမျိုးက လူတိုင်းမှာ တစ်ခုမဟုတ် တစ်ခုတော့ ရှိတတ်ပါတယ် ပြီးတော့ ဒါကိုယ့်အပြစ်လည်း မဟုတ်ပါဘူး။

ဒါပေမယ့် အားနည်းပါတယ်ဆိုပြီး ပစ်ထားခဲ့ရင်၊ ခေါင်းရှောင်ခဲ့ရင်တော့ ကိုယ့်အမှားပဲ ဖြစ်သွားမှာပါ။ ဒီလိုမျိုးသာ ဆက်သွားနေမယ်ဆိုရင် အကြောက်တရားက ပိုပိုပြီး ကြီးလာလိမ့်မယ်။

“မလုပ်နိုင်ဘူး အားနည်းလို့” ဆိုတာကို နေရာတကာ သုံးမိနေလိမ့်မယ်။ တခြားအရာတွေကိုတောင် စမ်းသပ်ဖို့ သတ္တိနည်းလာလိမ့်မယ်။ ဒီလိုဆို အားနည်းချက် သေးသေးလေးက အကြီးမားဆုံး အကြောက်တရား ဖြစ်လာမယ် မတိုးတက်နိုင်တော့ဘူးလေ။ ဒါကြောင့် ဒီလို အကျင့်လေးတွေကို ပြင်ပေးဖို့ လိုအပ်တာပေါ့။


မှန်ပါတယ် ဒီလိုအကြောက်တရား ထဲကနေ ရုန်းထွက်နိုင်ဖို့ တကယ်မလွယ်ပါဘူး။ ဒီလိုမျိုး ရုန်းထွက်ပြီး ရင်ဆိုင်နိုင်ဖို့ အရင်ဆုံး စိတ်ဓာတ်က အရေးကြီးပါတယ်။

ပြီးရင် လက်တွေ့ လုပ်ဆောင်မှုလည်း လိုအပ်ပါတယ်။ စိတ်ဓာတ်ပြင်းထန်မှုနဲ့ လက်တွေ့ ပူးပေါင်းမှပဲ အောင်အောင်မြင်မြင် ရုန်းထွက်နိုင်မှာပါ။ ဒါဆိုရင် အားနည်းချက်တွေကို ရင်ဆိုင်နိုင်ဖို့၊ မလုပ်နိုင်ဘူးဆိုပြီး ပုန်းနေတာတွေ မဖြစ်တော့အောင် ဘယ်လို နည်းလမ်းလေးတွေနဲ့ ကျော်ဖြတ်ကြမလဲ ကြည့်ကြည့်ရအောင်နော်။

 

၁. အောက်ခြေကနေ လေ့လာပါ

တစ်ခါတည်းနဲ့ အကြီးကြီးတွေ သွားလုပ်လို့ မဖြစ်တာမို့ ကိုယ်အားနည်းခဲ့ပါတယ် ဆိုတဲ့ အရာကို ဟိုး အောက်ခြေကနေ တစ်ဆင့်ချင်း လေ့လာပါ။

ကိစ္စရပ်တွေ အများစုမှာ အခြေခံက အရေးကြီးဆုံးမို့ တစ်ခါနဲ့ မရရင် နှစ်ခါ သုံးခါလောက် ဖြစ်ဖြစ် အောက်ခြေကို နောကြေပိုင်နိုင်အောင် ကြိုးစားပါ။

တစ်ခါတည်းနဲ့ တတ်သွားမယ်တော့ မထင်ပါနဲ့။ အဲလို အများကြီး မျှော်လင့်လွန်းပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာကလည်း မကောင်းပါဘူးနော်။

ဒါကြောင့် စိတ်ကို ရှင်းရှင်းထားပြီး အခြေခံကို မကျွမ်းကျင်မချင်း လေ့လာပါ။ အောက်ခြေကို ပိုင်နိုင်သွားရင် နောက်တစ်ဆင့်ဆိုတာ လွယ်ကူလာပါလိမ့်မယ်။ ပြီးတော့ သတ္တိလည်း ပိုရှိလာမှာပါ။


၂. နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားပါ

ကိုယ်က လေ့တော့လေ့လာပါရဲ့ ဒါပေမယ့် နားမလည်ပါဘူး၊ ဘာမှမထူးပါဘူး ဆိုပြီး လက်မလျှော့လိုက်ပါနဲ့။ နည်းလမ်းဆိုတာ အမြဲရှိပါတယ်။

ဒီတစ်နည်းနဲ့ လေ့လာလို့မှ နားမလည်ဘူးဆိုရင် နောက်တစ်နည်းနဲ့ စမ်းသပ်ပါ။ ကိုယ်နားလည် သဘောပေါက်တဲ့အထိ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားကြည့်ပါ။

စာဖတ်လို့ နားမလည်ရင် Video ကြည့်တာပဲ ဖြစ်ဖြစ် အဲလိုမျိုးတွေပေါ့။ တစ်ချို့တွေက တစ်မျိုးလောက် စမ်းပြီး အဆင်မပြေတာနဲ့ “လုပ်တာပဲ မရဘူး” ဆိုပြီး လွယ်လွယ် အရှုံးပေးတတ်ပါတယ်။

စိတ်ဓာတ်ကြံခိုင်ဖို့ လိုအပ်ပါတယ်နော်။ နည်းလမ်းမျိုးစုံ ထောင့်ပေါင်းစုံကနေ ကြိုးစားပြီးမှ လုံးဝမဖြစ်နိုင်ဘူးဆိုရင်တော့ တစ်မျိုးပေါ့။ အရင်ဆုံး နည်းလမ်းတွေ ရှာပြီး စမ်းသပ်ကြည့်ပါ အဆင်ပြေတာ တစ်ခုခုတော့ သေချာပေါက် ထွက်လာပါလိမ့်မယ်။

 


၃. အပေါင်းအသင်းရှာပါ

လူဆိုတာ တစ်ယောက်တည်း ရှင်သန်ရပ်တည်ဖို့ မဖြစ်နိုင်သလို ဒီနေရာမှာလည်း ပေါင်းသင်းဆက်ဆံရေးက လိုအပ်လာပြန်တာပါပဲ။

တစ်ယောက်တည်း ခက်ခက်ခဲခဲ သဲကြီးမဲကြီးနဲ့ လေ့လာနေတာထက်စာရင် အဲ့ဒီနယ်ပယ်ကို စိတ်ဝင်စားတဲ့သူ၊ ဝါသနာပါတဲ့သူ၊

ကျွမ်းကျင်တဲ့သူမျိုးနဲ့ သိထားရင် ကိုယ်လေ့လာတဲ့နေရာမှာ အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ ကျောင်းမှာ စာနားမလည်လို့ သူငယ်ချင်းက ရှင်းပြလိုက်တဲ့အခါ ပိုရှင်းပြီး လွယ်လွယ်နဲ့ နားလည်သွားသလိုပဲပေါ့။

ဒါဆိုရင် ကိုယ်မသိတာတွေ၊ နားမလည်တာတွေကို သူတို့ ရှင်းပြပေးလို့ ရတယ်၊ အတူတူ ရှာဖွေလေ့လာလို့ ရတယ်၊ သူတို့က သင်ပြပေးနိုင်တယ် ပြောရရင် ခဲတစ်လုံးနဲ့ ငှက်သုံးကောင် ပစ်လိုက်သလိုပေါ့။

အပေါင်းအသင်းလည်း တိုးလာမယ်၊ သိချင်တာလည်း သိရမယ်၊ ပျော်ဖို့လည်း ကောင်းတယ်လေ။ ဒါကြောင့် တစ်ယောက်တည်း ကြိတ်မလုပ်ဘဲ အပေါင်းအသင်း နယ်ချဲ့ကြည့်ပါနော်။

 


၄. ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ပါ

စိန်ခေါ်မှု မရှိရင် ပျော်ဖို့ ဘယ်ကောင်းပါတော့မလဲ။ စိန်ခေါ်ထားရင် ပိုပြီး တက်ကြွတယ် မဟုတ်လား။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ပါ။

ဥပမာ ဘယ်နှစ်လအတွင်း ကိုယ့်ရဲ့ English က ဘယ်အဆင့် ရောက်နေရမယ် ဆိုတာမျိုးပေါ့။ အရမ်းကြီးကြီးမားမား လုပ်စရာမလိုပါဘူး။

သေးငယ်တဲ့ အရာလေးတွေကနေ စတင်နိုင်ပါတယ် သေးငယ်တဲ့ အရာလေးတွေ စုပေါင်းပြီး ကြီးမားတဲ့အရာတွေ ဖြစ်လာကြတာပဲလေ။

ပြီးတော့ ဖြစ်နိုင်ရင် စိန်ခေါ်မှုတွေ လုပ်ရင်းနဲ့ အောင်မြင်သွားရင် ဆုပေးတာမျိုး၊ ကျရှုံးသွားရင် ဒဏ်ပေးတာမျိုးလေး လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။

ဥပမာ ကိုယ်သတ်မှတ်ထားတဲ့အတိုင်း အောင်မြင်ရင် မာလာရှမ်းကော စားရမယ်၊ မအောင်မြင်ရင် နှစ်ရက် ဖုန်းသုံးခွင့်ပိတ်မယ် ဆိုတာမျိုးတွေပေါ့။ ဒီလိုဆို စိတ်လှုပ်ရှားဖို့ ကောင်းတယ်လေ။

 


၅. လက်တွေ့လေ့ကျင့်ပါ

လေ့လာတာ အရမ်းကောင်းပါတယ် ဒါပေမယ့် တစ်ချိန်လုံး လေ့လာနေပြီး လက်တွေ့လေ့ကျင့်တာ ဘာမှ မရှိဘူးဆိုရင် တကယ်အပြင်လောကမှာ ဘယ်ကစရမှန်းမသိနဲ့ ဘာမှမလုပ်တတ် ဖြစ်နေပါလိမ့်မယ်။

ဥပမာ သင်တန်းပဲ တက်ပြီး သင်ထားတဲ့ဟာတွေကို မစမ်းကြည့်ရင် အသုံံးမချတတ် ဖြစ်ရသလိုပေါ့။ ဒါကြောင့် လေ့လာမှုနဲ့ လက်တွေ့လေ့ကျင့်မှု ဆိုတာ ပေါင်းစပ်ဖို့ လိုပါတယ်။

မဟုတ်ရင် ကိုယ်လေ့လာနေတာ တကယ်ရော ရရဲ့လား၊ ဘယ်လို အခြေအနေများ ရှိနေသလဲ သိနိုင်မှာ မဟုတ်ပါဘူး ဒီလိုဆို တိုးတက်မှု နှောင့်နှေးသွားပါလိမ့်မယ်။

ဆိုတော့ တတ်နိုင်သလောက် ကိုယ်လေ့လာထားသမျှတွေကို စမ်းသပ်ကြည့်တာမျိုး၊ လေ့ကျင့်ကြည့်တာမျိုးလေးတွေ မကြာမကြာ လုပ်ပေးပါ။ English စာလေ့လာနေရင် သူငယ်ချင်းနဲ့ ပြောတာမျိုး၊ Native speaker တွေနဲ့ ပြောဖို့ ကြိုးစားကြည့်တာမျိုးတွေပေါ့။

 


၆. အပြောအဆို ခံနိုင်ပါစေ

ကိုယ့်အတွက် နားလည်ဖို့ ခက်ခဲတဲ့အရာ၊ အားနည်းတဲ့အရာတစ်ခုကို လေ့လာတဲ့အခါမှာ ချောချောမွေ့မွေ့နဲ့ သင်သွား တတ်သွားနိုင်ဖို့တော့ ခက်ခဲပါလိမ့်မယ်။

တခြားသူတွေနဲ့ ယှဉ်ရင် ကိုယ်က အားနည်းနေတာမို့ သူများထက် တတ်တာ နှေးမယ်၊ မှတ်တာ နှေးမယ်၊ သင်ရတာ ပိုခက်ခဲလိမ့်မယ်။ အဲဒီအခါကျရင် တစ်ခါတစ်လေ ဆရာတွေက ဆူတာမျိုးလည်း ရှိနိုင်တယ်၊ သူငယ်ချင်းက စိတ်ပျက်တာမျိုးလည်း ဖြစ်နိုင်တယ်၊ သူများတွေက ညံ့လိုက်တာ ဆိုပြီး ဝိုင်းရီကြတာလည်း ဖြစ်နိုင်တာပဲ၊ အမျိုးတွေက နှိမ်ကြတာလည်း ဖြစ်နိုင်တယ်။

အငြိမ်မနေနိုင်တဲ့ ပတ်ဝန်းကျင်ကတော့ တစ်ခုမဟုတ် တစ်ခု ပြောမှာ အသေအချာပဲလေ။

အဲဒီအတွက် အပြောအဆို ခံနိုင်အောင် စိတ်ဓာတ်ကို ကြိုတင် ပြင်ဆင်ထားပါ ဒါမှသူများပြောတိုင်း လွယ်လွယ်နဲ့ လဲပြိုမသွားမှာပါ။

ကိုယ့်အောင်မြင်မှုကိုတော့ အလဲအထပ် မလုပ်သင့်ဘူးလေ။ ဒါကြောင့် အဆိုးဆုံး အခြေအနေတွေအထိ ကြိုတင်ပြင်ဆင်ထားပါ တွေးထားပါ။ ဒါဆိုရင် ရင်ဆိုင်ရ ပိုလွယ်ကူမှာပါ။


လိုအပ်တာလေးတွေတော့ ပြောပြပြီးပြီနော်။ “မလုပ်နိုင်ဘူး အားနည်းတယ် မကျွမ်းဘူး” ဆိုတဲ့ စကားတွေရဲ့ နောက်ကနေ ထွက်လာပြီး ရင်ဆိုင်ဖို့ပဲ ကျန်ပါတော့တယ်။

ဖောက်ထွက်ပြီး ရင်ဆိုင်မှပဲ ကမ္ဘာအသစ် ဆိုတာကို ဖန်တီးနိုင်မှာပါနော်။ မဟုတ်ရင် အိမ်မက်သက်သက်နဲ့ ပြီးသွားပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပိတ်မထားပါနဲ့ ထွက်လာခဲ့ပါ ရင်ဆိုင်လိုက်ပါ ကိုယ်လိုချင်တဲ့ ကမ္ဘာကို ကိုယ်တိုင် ဖန်တီးပါ အားနည်းချက်တွေကို အားသာချက်အဖြစ် ပြောင်းလဲလိုက်ပါနော်။ အဆင်ပြေပါစေ။

 

Credit : LiveTheDream

 

 

“မလုပ္ႏိုင္ဘူး” “အားနည္းတယ္” “မကြၽမ္းဘူး” ဒီစကားေတြကို ေတာ္ေတာ္မ်ားမ်ား သုံးဖူးၾကမယ္ ထင္ပါတယ္။

ကြၽန္ေတာ္ကိုယ္တိုင္လည္း ခနခန သုံးခဲ့ဖူးပါတယ္။ တစ္ခ်ိဳ႕ေတြက ဒီစကားကို ေျပာ႐ုံေလာက္သာ ေျပာၾကေပမယ့္ တစ္ခ်ိဳ႕က်ေတာ့ ဒီစကားရဲ႕ ေနာက္မွာ ပုန္းကြယ္ၿပီး ကိုယ္အားနည္းတဲ့ အရာကို ရင္ဆိုင္ဖို႔ ေခါင္းေရွာင္တာမ်ိဳး၊ ထြက္ေျပးတာမ်ိဳး လုပ္တတ္ၾကပါတယ္။

ကြၽန္ေတာ္လည္း လုပ္ခဲ့ဖူးပါတယ္ ကြၽန္ေတာ္က ကြန္ပ်ဴတာနဲ႔ ပက္သက္လာရင္ အရမ္းအားနည္းတာပါ။ သင္ေပးလည္း နားမလည္၊ ေျပာလည္း မမွတ္မိ၊ ေခါင္းထဲ ဘာဆိုဘာမွ မရွိတဲ့အခါ တျဖည္းျဖည္း ေၾကာက္လာတယ္၊ မေလ့လာ ခ်င္ေတာ့ဘူး၊

“ကြၽန္ေတာ္က ကြန္ပ်ဴတာနဲ႔ ပက္သက္ရင္ အားနည္းတယ္” ဆိုၿပီး ေခါင္းေရွာင္ေနမိတယ္။ ေျပာရရင္ စာမရတဲ့ ကေလးတစ္ေယာက္ ေက်ာင္းတက္ရမွာ ေၾကာက္ေနသလိုေပါ့။

ဒါေပမယ့္ အက်ိဳးဆက္က ဘာျဖစ္လာလဲ ဆိုေတာ့ ကြန္ပ်ဴတာနဲ႔ ပက္သက္တာ ကြၽန္ေတာ္ဘာမွ မသိေတာ့ဘူး၊ အားလုံးနီးပါး သိၾကတဲ့ အရာကိုေတာင္ ကြၽန္ေတာ့္အတြက္ နားလည္ဖို႔ ခက္ေနတယ္၊ ကိုယ္တိုင္ကလည္း အရမ္းကို ေနာက္က်က်န္ခဲ့တယ္၊ လြယ္လြယ္ လုပ္လို႔ ရေနတဲံ့ အရာကို မလုပ္တတ္ေတာ့ဘူး၊ သိရမယ့္အရာေတြ သိခြင့္မရေတာ့ဘူး။

ေနာက္မွ တျဖည္းျဖည္း နားလည္လာတယ္ ကိုယ္သတၱိမရွိခဲ့လို႔ ကိုယ္ရမယ့္ အခြင့္အေရးနဲ႔ အက်ိဳးအျမတ္ေတြကို “မလုပ္ႏိုင္ဘူး” ဆိုတဲ့ စိတ္နဲ႔ ကိုယ္တိုင္ဖ်က္ဆီးခဲ့မိတာပဲ။ အားနည္းခ်က္ကို အေၾကာင္းျပၿပီး ေရွ႕ဆက္တိုးဖို႔ ေၾကာက္ေနခဲ့မိတာေလ။


ကြၽန္ေတာ့္လိုမ်ိဳးေတြ တစ္ခ်ိဳ႕ ရွိၾကမယ္ထင္ပါတယ္ မတူညီတဲ့ အေၾကာင္းျပခ်က္ ကိုယ္စီနဲ႔ အေၾကာက္တရားေတြေပါ့။

ကိုယ္တစ္ခုခုအေပၚမွာ အားနည္းတာ၊ မကြၽမ္းက်င္တာမ်ိဳးက လူတိုင္းမွာ တစ္ခုမဟုတ္ တစ္ခုေတာ့ ရွိတတ္ပါတယ္ ၿပီးေတာ့ ဒါကိုယ့္အျပစ္လည္း မဟုတ္ပါဘူး။

ဒါေပမယ့္ အားနည္းပါတယ္ဆိုၿပီး ပစ္ထားခဲ့ရင္၊ ေခါင္းေရွာင္ခဲ့ရင္ေတာ့ ကိုယ့္အမွားပဲ ျဖစ္သြားမွာပါ။ ဒီလိုမ်ိဳးသာ ဆက္သြားေနမယ္ဆိုရင္ အေၾကာက္တရားက ပိုပိုၿပီး ႀကီးလာလိမ့္မယ္။

“မလုပ္ႏိုင္ဘူး အားနည္းလို႔” ဆိုတာကို ေနရာတကာ သုံးမိေနလိမ့္မယ္။ တျခားအရာေတြကိုေတာင္ စမ္းသပ္ဖို႔ သတၱိနည္းလာလိမ့္မယ္။ ဒီလိုဆို အားနည္းခ်က္ ေသးေသးေလးက အႀကီးမားဆုံး အေၾကာက္တရား ျဖစ္လာမယ္ မတိုးတက္ႏိုင္ေတာ့ဘူးေလ။ ဒါေၾကာင့္ ဒီလို အက်င့္ေလးေတြကို ျပင္ေပးဖို႔ လိုအပ္တာေပါ့။


မွန္ပါတယ္ ဒီလိုအေၾကာက္တရား ထဲကေန ႐ုန္းထြက္ႏိုင္ဖို႔ တကယ္မလြယ္ပါဘူး။ ဒီလိုမ်ိဳး ႐ုန္းထြက္ၿပီး ရင္ဆိုင္ႏိုင္ဖို႔ အရင္ဆုံး စိတ္ဓာတ္က အေရးႀကီးပါတယ္။

ၿပီးရင္ လက္ေတြ႕ လုပ္ေဆာင္မႈလည္း လိုအပ္ပါတယ္။ စိတ္ဓာတ္ျပင္းထန္မႈနဲ႔ လက္ေတြ႕ ပူးေပါင္းမွပဲ ေအာင္ေအာင္ျမင္ျမင္ ႐ုန္းထြက္ႏိုင္မွာပါ။ ဒါဆိုရင္ အားနည္းခ်က္ေတြကို ရင္ဆိုင္ႏိုင္ဖို႔၊ မလုပ္ႏိုင္ဘူးဆိုၿပီး ပုန္းေနတာေတြ မျဖစ္ေတာ့ေအာင္ ဘယ္လို နည္းလမ္းေလးေတြနဲ႔ ေက်ာ္ျဖတ္ၾကမလဲ ၾကည့္ၾကည့္ရေအာင္ေနာ္။

 

၁. ေအာက္ေျခကေန ေလ့လာပါ

တစ္ခါတည္းနဲ႔ အႀကီးႀကီးေတြ သြားလုပ္လို႔ မျဖစ္တာမို႔ ကိုယ္အားနည္းခဲ့ပါတယ္ ဆိုတဲ့ အရာကို ဟိုး ေအာက္ေျခကေန တစ္ဆင့္ခ်င္း ေလ့လာပါ။

ကိစၥရပ္ေတြ အမ်ားစုမွာ အေျခခံက အေရးႀကီးဆုံးမို႔ တစ္ခါနဲ႔ မရရင္ ႏွစ္ခါ သုံးခါေလာက္ ျဖစ္ျဖစ္ ေအာက္ေျခကို ေနာေၾကပိုင္ႏိုင္ေအာင္ ႀကိဳးစားပါ။

တစ္ခါတည္းနဲ႔ တတ္သြားမယ္ေတာ့ မထင္ပါနဲ႔။ အဲလို အမ်ားႀကီး ေမွ်ာ္လင့္လြန္းၿပီး ကိုယ့္ကိုယ္ကိုယ္ အထင္ႀကီးတာကလည္း မေကာင္းပါဘူးေနာ္။

ဒါေၾကာင့္ စိတ္ကို ရွင္းရွင္းထားၿပီး အေျခခံကို မကြၽမ္းက်င္မခ်င္း ေလ့လာပါ။ ေအာက္ေျခကို ပိုင္ႏိုင္သြားရင္ ေနာက္တစ္ဆင့္ဆိုတာ လြယ္ကူလာပါလိမ့္မယ္။ ၿပီးေတာ့ သတၱိလည္း ပိုရွိလာမွာပါ။

 


၂. နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ ႀကိဳးစားပါ

ကိုယ္က ေလ့ေတာ့ေလ့လာပါရဲ႕ ဒါေပမယ့္ နားမလည္ပါဘူး၊ ဘာမွမထူးပါဘူး ဆိုၿပီး လက္မေလွ်ာ့လိုက္ပါနဲ႔။ နည္းလမ္းဆိုတာ အၿမဲရွိပါတယ္။

ဒီတစ္နည္းနဲ႔ ေလ့လာလို႔မွ နားမလည္ဘူးဆိုရင္ ေနာက္တစ္နည္းနဲ႔ စမ္းသပ္ပါ။ ကိုယ္နားလည္ သေဘာေပါက္တဲ့အထိ နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ ႀကိဳးစားၾကည့္ပါ။

စာဖတ္လို႔ နားမလည္ရင္ Video ၾကည့္တာပဲ ျဖစ္ျဖစ္ အဲလိုမ်ိဳးေတြေပါ့။ တစ္ခ်ိဳ႕ေတြက တစ္မ်ိဳးေလာက္ စမ္းၿပီး အဆင္မေျပတာနဲ႔ “လုပ္တာပဲ မရဘူး” ဆိုၿပီး လြယ္လြယ္ အရႈံးေပးတတ္ပါတယ္။

စိတ္ဓာတ္ႀကံခိုင္ဖို႔ လိုအပ္ပါတယ္ေနာ္။ နည္းလမ္းမ်ိဳးစုံ ေထာင့္ေပါင္းစုံကေန ႀကိဳးစားၿပီးမွ လုံးဝမျဖစ္ႏိုင္ဘူးဆိုရင္ေတာ့ တစ္မ်ိဳးေပါ့။ အရင္ဆုံး နည္းလမ္းေတြ ရွာၿပီး စမ္းသပ္ၾကည့္ပါ အဆင္ေျပတာ တစ္ခုခုေတာ့ ေသခ်ာေပါက္ ထြက္လာပါလိမ့္မယ္။

 


၃. အေပါင္းအသင္းရွာပါ

လူဆိုတာ တစ္ေယာက္တည္း ရွင္သန္ရပ္တည္ဖို႔ မျဖစ္ႏိုင္သလို ဒီေနရာမွာလည္း ေပါင္းသင္းဆက္ဆံေရးက လိုအပ္လာျပန္တာပါပဲ။

တစ္ေယာက္တည္း ခက္ခက္ခဲခဲ သဲႀကီးမဲႀကီးနဲ႔ ေလ့လာေနတာထက္စာရင္ အဲ့ဒီနယ္ပယ္ကို စိတ္ဝင္စားတဲ့သူ၊ ဝါသနာပါတဲ့သူ၊

ကြၽမ္းက်င္တဲ့သူမ်ိဳးနဲ႔ သိထားရင္ ကိုယ္ေလ့လာတဲ့ေနရာမွာ အမ်ားႀကီး အေထာက္အကူ ျဖစ္ေစပါတယ္။ ေက်ာင္းမွာ စာနားမလည္လို႔ သူငယ္ခ်င္းက ရွင္းျပလိုက္တဲ့အခါ ပိုရွင္းၿပီး လြယ္လြယ္နဲ႔ နားလည္သြားသလိုပဲေပါ့။

ဒါဆိုရင္ ကိုယ္မသိတာေတြ၊ နားမလည္တာေတြကို သူတို႔ ရွင္းျပေပးလို႔ ရတယ္၊ အတူတူ ရွာေဖြေလ့လာလို႔ ရတယ္၊ သူတို႔က သင္ျပေပးႏိုင္တယ္ ေျပာရရင္ ခဲတစ္လုံးနဲ႔ ငွက္သုံးေကာင္ ပစ္လိုက္သလိုေပါ့။

အေပါင္းအသင္းလည္း တိုးလာမယ္၊ သိခ်င္တာလည္း သိရမယ္၊ ေပ်ာ္ဖို႔လည္း ေကာင္းတယ္ေလ။ ဒါေၾကာင့္ တစ္ေယာက္တည္း ႀကိတ္မလုပ္ဘဲ အေပါင္းအသင္း နယ္ခ်ဲ႕ၾကည့္ပါေနာ္။

 


၄. ကိုယ့္ကိုယ္ကိုယ္ စိန္ေခၚပါ

စိန္ေခၚမႈ မရွိရင္ ေပ်ာ္ဖို႔ ဘယ္ေကာင္းပါေတာ့မလဲ။ စိန္ေခၚထားရင္ ပိုၿပီး တက္ႂကြတယ္ မဟုတ္လား။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ စိန္ေခၚပါ။

ဥပမာ ဘယ္ႏွစ္လအတြင္း ကိုယ့္ရဲ႕ English က ဘယ္အဆင့္ ေရာက္ေနရမယ္ ဆိုတာမ်ိဳးေပါ့။ အရမ္းႀကီးႀကီးမားမား လုပ္စရာမလိုပါဘူး။

ေသးငယ္တဲ့ အရာေလးေတြကေန စတင္ႏိုင္ပါတယ္ ေသးငယ္တဲ့ အရာေလးေတြ စုေပါင္းၿပီး ႀကီးမားတဲ့အရာေတြ ျဖစ္လာၾကတာပဲေလ။

ၿပီးေတာ့ ျဖစ္ႏိုင္ရင္ စိန္ေခၚမႈေတြ လုပ္ရင္းနဲ႔ ေအာင္ျမင္သြားရင္ ဆုေပးတာမ်ိဳး၊ က်ရႈံးသြားရင္ ဒဏ္ေပးတာမ်ိဳးေလး လုပ္ေပးႏိုင္ရင္ ပိုေကာင္းပါတယ္။

ဥပမာ ကိုယ္သတ္မွတ္ထားတဲ့အတိုင္း ေအာင္ျမင္ရင္ မာလာရွမ္းေကာ စားရမယ္၊ မေအာင္ျမင္ရင္ ႏွစ္ရက္ ဖုန္းသုံးခြင့္ပိတ္မယ္ ဆိုတာမ်ိဳးေတြေပါ့။ ဒီလိုဆို စိတ္လႈပ္ရွားဖို႔ ေကာင္းတယ္ေလ။

 


၅. လက္ေတြ႕ေလ့က်င့္ပါ

ေလ့လာတာ အရမ္းေကာင္းပါတယ္ ဒါေပမယ့္ တစ္ခ်ိန္လုံး ေလ့လာေနၿပီး လက္ေတြ႕ေလ့က်င့္တာ ဘာမွ မရွိဘူးဆိုရင္ တကယ္အျပင္ေလာကမွာ ဘယ္ကစရမွန္းမသိနဲ႔ ဘာမွမလုပ္တတ္ ျဖစ္ေနပါလိမ့္မယ္။

ဥပမာ သင္တန္းပဲ တက္ၿပီး သင္ထားတဲ့ဟာေတြကို မစမ္းၾကည့္ရင္ အသံုံးမခ်တတ္ ျဖစ္ရသလိုေပါ့။ ဒါေၾကာင့္ ေလ့လာမႈနဲ႔ လက္ေတြ႕ေလ့က်င့္မႈ ဆိုတာ ေပါင္းစပ္ဖို႔ လိုပါတယ္။

မဟုတ္ရင္ ကိုယ္ေလ့လာေနတာ တကယ္ေရာ ရရဲ႕လား၊ ဘယ္လို အေျခအေနမ်ား ရွိေနသလဲ သိႏိုင္မွာ မဟုတ္ပါဘူး ဒီလိုဆို တိုးတက္မႈ ေႏွာင့္ေႏွးသြားပါလိမ့္မယ္။

ဆိုေတာ့ တတ္ႏိုင္သေလာက္ ကိုယ္ေလ့လာထားသမွ်ေတြကို စမ္းသပ္ၾကည့္တာမ်ိဳး၊ ေလ့က်င့္ၾကည့္တာမ်ိဳးေလးေတြ မၾကာမၾကာ လုပ္ေပးပါ။ English စာေလ့လာေနရင္ သူငယ္ခ်င္းနဲ႔ ေျပာတာမ်ိဳး၊ Native speaker ေတြနဲ႔ ေျပာဖို႔ ႀကိဳးစားၾကည့္တာမ်ိဳးေတြေပါ့။

 


၆. အေျပာအဆို ခံႏိုင္ပါေစ

ကိုယ့္အတြက္ နားလည္ဖို႔ ခက္ခဲတဲ့အရာ၊ အားနည္းတဲ့အရာတစ္ခုကို ေလ့လာတဲ့အခါမွာ ေခ်ာေခ်ာေမြ႕ေမြ႕နဲ႔ သင္သြား တတ္သြားႏိုင္ဖို႔ေတာ့ ခက္ခဲပါလိမ့္မယ္။

တျခားသူေတြနဲ႔ ယွဥ္ရင္ ကိုယ္က အားနည္းေနတာမို႔ သူမ်ားထက္ တတ္တာ ေႏွးမယ္၊ မွတ္တာ ေႏွးမယ္၊ သင္ရတာ ပိုခက္ခဲလိမ့္မယ္။ အဲဒီအခါက်ရင္ တစ္ခါတစ္ေလ ဆရာေတြက ဆူတာမ်ိဳးလည္း ရွိႏိုင္တယ္၊ သူငယ္ခ်င္းက စိတ္ပ်က္တာမ်ိဳးလည္း ျဖစ္ႏိုင္တယ္၊ သူမ်ားေတြက ညံ့လိုက္တာ ဆိုၿပီး ဝိုင္းရီၾကတာလည္း ျဖစ္ႏိုင္တာပဲ၊ အမ်ိဳးေတြက ႏွိမ္ၾကတာလည္း ျဖစ္ႏိုင္တယ္။

အၿငိမ္မေနႏိုင္တဲ့ ပတ္ဝန္းက်င္ကေတာ့ တစ္ခုမဟုတ္ တစ္ခု ေျပာမွာ အေသအခ်ာပဲေလ။

အဲဒီအတြက္ အေျပာအဆို ခံႏိုင္ေအာင္ စိတ္ဓာတ္ကို ႀကိဳတင္ ျပင္ဆင္ထားပါ ဒါမွသူမ်ားေျပာတိုင္း လြယ္လြယ္နဲ႔ လဲၿပိဳမသြားမွာပါ။

ကိုယ့္ေအာင္ျမင္မႈကိုေတာ့ အလဲအထပ္ မလုပ္သင့္ဘူးေလ။ ဒါေၾကာင့္ အဆိုးဆုံး အေျခအေနေတြအထိ ႀကိဳတင္ျပင္ဆင္ထားပါ ေတြးထားပါ။ ဒါဆိုရင္ ရင္ဆိုင္ရ ပိုလြယ္ကူမွာပါ။


လိုအပ္တာေလးေတြေတာ့ ေျပာျပၿပီးၿပီေနာ္။ “မလုပ္ႏိုင္ဘူး အားနည္းတယ္ မကြၽမ္းဘူး” ဆိုတဲ့ စကားေတြရဲ႕ ေနာက္ကေန ထြက္လာၿပီး ရင္ဆိုင္ဖို႔ပဲ က်န္ပါေတာ့တယ္။

ေဖာက္ထြက္ၿပီး ရင္ဆိုင္မွပဲ ကမာၻအသစ္ ဆိုတာကို ဖန္တီးႏိုင္မွာပါေနာ္။ မဟုတ္ရင္ အိမ္မက္သက္သက္နဲ႔ ၿပီးသြားပါလိမ့္မယ္။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ ပိတ္မထားပါနဲ႔ ထြက္လာခဲ့ပါ ရင္ဆိုင္လိုက္ပါ ကိုယ္လိုခ်င္တဲ့ ကမာၻကို ကိုယ္တိုင္ ဖန္တီးပါ အားနည္းခ်က္ေတြကို အားသာခ်က္အျဖစ္ ေျပာင္းလဲလိုက္ပါေနာ္။ အဆင္ေျပပါေစ။

 

Credit : LiveTheDream

Read times
Rate this articles
(0 votes)