×
Warning
JUser: :_load: Unable to load user with ID: 81428
Student
Wednesday, 09 October 2019
လူငယ်တွေအနေနဲ့ တက္ကသိုလ်ကျောင်းပိတ်ရက်တွေမှာ ဘယ်လိုသင်တန်းတွေတက်ထားသင့်လဲ…?
လူငယ်တွေအနေနဲ့ တက္ကသိုလ်ကျောင်းပိတ်ရက်တွေမှာ ဘယ်လိုသင်တန်းတွေတက်ထားသင့်လဲ…? google.com
<<< Zawgyi >>>
(၁) ကွန်ပျူတာသင်တန်း
(၂) ဘာသာစကား သင်တန်း
(၃) အနုပညာ သင်တန်း
(၄) Workshop တွေ
<<< Unicode >>>
တက္ကသိုလ်ကျောင်းပိတ်ရက်တွေမှာ ဘယ်လိုသင်တန်းတွေတက်ထားသင့်လဲ…?
ယခုချိန်ခါဟာ တက္ကသိုလ်ကျောင်းတွေ ပိတ်ထားတာဆိုတော့ အားလပ်ချိန်တွေမှာ ဘာလုပ်ရမလဲမသိ ဖြစ်နေတက်ပါတယ်။
ဒါကြောင့် ဘာသင်တန်းတွေ၊ ဘာကျောင်းတွေ တတ်ကြမလဲဆိုတာ စဉ်းစားမရဖြစ်နေသူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
(၁) ကွန်ပျူတာသင်တန်း
ယနေ့ခေတ်မှာဆိုရင်တော့ ရေပန်းအစားဆုံးကတော့ ကွန်ပျူတာဆိုတဲ့ နည်းပညာပါပဲ။ ကွန်ပျူတာဆိုပေမယ့် Excel နဲ့ Word လောက်မှ မသုံးတတ်ရင် အလုပ်ဝင်ဆိုတာ သိပ်မလွယ်ကူပါဘူး။
နောက်ပြီး ပိုအရေးကြီးတာ လုပ်ငန်းခွင်အတော်များများမှာ Presentation တွေ လုပ်ရပါတယ်။
အဲ့အခါကျရင် မိမိအနေဖြင့် Power Point ကို ကျွမ်းကျွမ်း ကျင်ကျင် တတ်ထားဖို့ လိုအပ်လာပါတယ်။ ကွန်ပျူတာကို အခြေခံ လောက်ကတော့ အတော်များများ
တတ်ပြီးသားဆိုပေမယ့် မြန်မာစာ စာစီစာရိုက်နဲ့ Graphic Design Basic လေးပါတတ်ရင်တော့ ပိုအဆင်ပြေပါတယ်။
(၂) ဘာသာစကား သင်တန်း
မိမိစိတ်ဝင်စားတဲ့ ဘာသာစကားအသစ်တစ်ခုကို လေ့လာသင်ယူပါ။ အများစုကတော့ အင်္ဂလိပ်စာ သင်တန်း၊ ဂျပန်သင်တန်းတို့၊ တရုတ်သင်တန်းတို့ ကို တက်ကြတာများပါတယ်။
အားလပ်ရက်မှာ မိမိကြိုက်နှစ်သက်ရာ ဘာသာစကားတစ်ခုခုကိုတော့ မဖြစ်မနေ တက်ထားသင့်ပါတယ်။ ဘာသာစကားတွေ ပြောတတ်ဆိုတတ် ခြင်းက လုပ်ငန်းခွင် ဝင်တဲ့ အခါမှာ တော်တော်လေးကို အထောက်အကူပြုပါတယ်။
(၃) အနုပညာ သင်တန်း
အနုပညာ ဝါသနာပါတဲ့ ကလေးတွေ အများကြီးရှိမယ်လို့ ထင်ပါတယ်။ အခုလို ဖြေပြီးခါစအချိန်မှာ ဒီလိုအားလပ်ချိန်မျိုးက ဘဝမှာ နောက်တစ်ကြိမ် ရဖို့ မလွယ်ပါဘူး။ ဂစ်တာ တီးချင်လား ? ဂစ်တာသင်တန်းတတ်ပါ၊
တခြား ပန်းချီ ၊ ပီယာနို ၊ Vocal အစရှိတာတွေ အကုန်လုံး သင်တန်း ကောင်းကောင်း စုံစမ်းပြီး တတ်ပါ။ ကျန်တဲ့ အချိန်ပိုတွေမှာလည်း အဲ့ပညာရပ် တွေကို သေချာပြန်လေ့ကျင့်ဖို့ မပျင်းပါနဲ့။
Recommended For You >>> "အလုပ်နဲ့ပတ်သတ်ပြီး လူငယ်တွေမှားယွင်းစွာ လက်ခံထားတဲ့ အယူအဆများ"
(၄) Workshop တွေ
သင်တန်းကြေးတွေ အများကြီး အကုန်မခံလိုတဲ့ ကလေးတွေကိုတော့ Workshop တွေ Join ဖို့ အကို ညွှန်းချင်ပါတယ်။ အထူးသဖြင့် ဓါတ်ပုံရိုက်တာ ဝါသနာပါတဲ့ လူတွေအတွက် Workshop တော်တော်များများရှိပါတယ်။
YU Photography Club , နောက် ပြင်သစ် သံရုံး ( Institut Francais de Birmanie) နဲ့ ဂျာမန် သံရုံး (Gothe Institute) က ဦးစီးပြီး လုပ်တဲ့ Workshop တွေက တကယ်ကောင်းပါတယ်။
(၄) Management သင်တန်းတွေ
Management Accounting ဆိုတာ စီးပွားရေးလုပ်ငန်းတစ်ခုမှာ အရေးပါတဲ့ ရေရှည်၊ ရေတိုဆုံးဖြတ်ချက်များကို မှန်မှန်ကန်ကန်၊
အချိန်နဲ့တပြေးညီ ချမှတ်နိုင်ရန် လိုအပ်တဲ့ ငွေရေးကြေးရေး/ဘဏ္ဍာရေးနှင့် ပက်သက်သော စာရင်းဇယား Report တွေ၊ Account တွေကိုပြင်ဆင်ခြင်းဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်ဖို့အတွက် လိုအပ်တဲ့ဆုံးဖြတ်ချက်တွေချမှတ်ရာမှာ Management Accounting ကရလာတဲ့ အစီရင်ခံစာတွေကို မှီငြမ်းရပါတယ်။
(၅)Financial Accounting
Financial Accounting ကလုပ်ငန်းတွင်းရှိလူများသာမက အထူးသဖြင့်လုပ်ငန်းပြင်ပမှာရှိတဲ့ လူများကို လုပ်ငန်းနှင့်ပက်သက်သော ငွေရေးကြေးရေးအချက်အလက်တွေ ဖော်ပြပေးခြင်းဖြစ်ပါတယ်။
(ဥပမာ။ ဘဏ်ချေးငွေအတွက် Statement of Financial Position တင်ပြတာ) Management Accounting ကတော့လုပ်ငန်းရှင်များအတွက်
Strategic Decision/ မဟာဗျူဟာကျတဲ့ ဆုံးဖြတ်ချက်တွေချမှတ်ရာမှာ အချက်အလက်များနဲ့ အထောက်အကူပြုနိုင်စေရန် ဖြစ်ပါသည်။
ဤလင့် https://www.sayar.com.mm/subjects.html မှာ ဖော်ပြပါ Skill များကို သင်ကြားပေးသော ဆရာ၊ ဆရာမများရှိပါသည်။
REF : EDGE
sayar.com.mm
Read times Last modified on Wednesday, 08 January 2020 16:01
Rate this articles
(1 Vote)