တိုးတက်ပြောင်းလဲလာတဲ့ ၂၁ ရာစုခေတ်ကြီးမှာ ပညာရေးဆိုလည်း လျှင်လျှင်မြန်မြန်ပြောင်းလဲတိုးတက်လာတယ်။
စီပွားရေးတွေလဲ တဟုန်ထိုး ပြောင်းလဲတိုးတက်လာတယ်။ နေထိုင်စားသောက်မှု ပုံစံတွေကအစ ပြောင်းလဲလာကြတယ်။ နည်းပညာသစ်တွေလဲ ပေါ်ပေါက်လာတယ်။
ယနေ့ခေတ်လူငယ်တွေထဲမှာ ပညာတတ်တွေပိုများလာတယ်။ မိဘတွေကလဲ ကိုယ့်သားသမီး ပညာရေးကို အဓိကအာရုံစိုက်လာကြတယ်။ နောက်တက်လာတဲ့ မျိုးဆက်သစ်လေးတွေက ဥာဏ်ရည်တော်တော်မြင့်လာကြတယ်။
ကျွန်တော် မိဘများအတွက် ကလေးငယ်တွေ ပညာရေးဆွေးနွေးပွဲနဲ့ပတ်သက်တဲ့ သတင်းကောင်းလေးတစ်ခု ပြောပြချင်ပါတယ်။ ယနေ့ခေတ် နာမည်ကြီးနေသော အဆိုတော် ချစ်သုဝေနဲ့ လူငယ်ဆရာဝန်စာရေးဆရာ ဒေါက်တာဖြိုးသီဟ တို့က ကလေးငယ်များ ၂၁ ရာစုတွင် ကြုံတွေ့နိုင်သည့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် လိုအပ်သည့် အသိပညာနှင့် အရည်အချင်းများအကြောင်း ဆွေးနွေးပေးမယ့် Gakken Classroom Education Seminar သို့တက်ရောက်နိုင်တဲ့အကြောင်း ပြောပြပေးချင်ပါတယ်။
Gakken Classroom သည် မြန်မာနိုင်ငံ၌ ကျောင်းပေါင်း ၁၈ခု အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါသည်။မြန်မာနိုင်ငံမှာ ထိပ်တန်းစာရင်းဝင် အကောင်းဆုံးပညာရေးဆိုင်ရာ ဖြန့်ဝေသူအဖြစ် အသိအမှတ်ပြုခံရတဲ့ The Best Franchise Education Provider Award ကိုလည်း ရရှိထားပါတယ်။ ဂျပန်နိုင်ငံ Gakken Classroom မှ ထုတ်လုပ်သော သင်ရိုးညွှန်းတန်းများကို အသုံးပြုပြီး original worksheet များဖြင့် သင်ကြားပို့ချပါသည်။
သားသားမီးမီးတို့ သင်္ချာပုစ္ဆာများကို ကိုယ်တိုင် ဖြေရှင်းသည့်နည်းကို အခြေခံ၍ logical thinking skill (စဉ်းစားတွေးခေါ်နိုင်မှုစွမ်းရည်)၊ problem solving skills(ပြဿနာကိုဖြေရှင်းနိုင်သည့်စွမ်းနိုင်သည့်စွမ်းရည်)၊ self learning skills(ကိုယ်တိုင်လေ့လာ သင်ယူမှုစွမ်းရည်)၊ တို့ကို Gakken Classroom ၌တက်ရောက်ခြင်းအားဖြင့် တိုးတက်လာစေပါမည်။
ကလေးငယ်များ ၂၁ ရာစုတွင် ကြုံတွေ့နိုင်သည့် အခက်အခဲများကို ရင်ဆိုင်ကျော်လွားနိုင်ရန်အတွက် လိုအပ်သည့် အသိပညာနှင့် အရည်အချင်းများအကြောင်း ဟောပြောဆွေးနွေးပွဲကို ဇွန်လ ၃၀ ရက်နေ့၊ နေ့လည် ၁ နာရီကနေ ၂ နာရီခွဲထိ Novotel Hotel Ballroom ၌ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
Gakken Classroom ၌တက်ရောက်နေသော သားသား၊ မီးမီးတို့ အနေဖြင့် မိဘနှစ်ဦးအား Gakeen Classroom Education ပွဲသို့တက်ရောက်ရန် ခေါ်ဆောင်ခွင့်ရရှိကြောင်း အသိပေးကြေညာလိုပါသည်။ ပွဲအစီအစဉ်နဲ့ ပတ်သက်လို့အသေးစိတ်စုံစမ်းလိုပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။
Phone : (+95) 9-424264642
Mobile : (+95) 9-73100351, 09-258936343
ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။Recommended for you - အရှုံးတွေကနေ အမြတ်ရယူနိုင်ဖို့
Credit; Free 4 Reader