မြန်မာ့ပညာရေး ရုပ်သံလိုင်း (Myanmar Education Channel) ကို ရုံးဖွင့်ရက်များတွင် နံနက် (၁၀:၀၀) နာရီမှ ညနေ (၄:၀၀) နာရီအထိ ထုတ်လွှင့်ပြသလျှက်ရှိရာ အဆိုပါ မြန်မာ့ပညာရေးရုပ်သံ (Myanmar Education Channel)ကို MRTV Platform ၏ Channel အမှတ် (၇)တွင် ဖမ်းယူကြည့်ရှုလေ့လာနိုင်ပါသည်။
ဖမ်းယူကြည့်ရှုနိုင်မည့် စက်အမျိုးအစားများမှာ DVB-T2 Set-top Box ဖြင့်လည်းကောင်း၊ DVB-T2 Tuner ပါရှိသော LCD, LED Flat TV များတွင် အင်တင်နာဖြင့်လည်းကောင်း၊ Analog TV များတွင် Set-top Box ဖြင့် ချိတ်ဆက်ကြည့်ရှုပါက Aspect Ratio ရွေးချယ်၍လည်းကောင်း ကြည့်ရှုနိုင်ပါသည်။
ယခုအပတ် မြန်မာ့ပညာရေးရုပ်သံလိုင်း ထုတ်လွှင့်မှုအစီအစဉ် ၁၉-၁၀-၂၀၂၀ (တနင်္လာနေ့)မှ ၂၃-၁၀-၂၀၂၀ (သောကြာနေ့)ထိ [တစ်ကြိမ်လျှင် လေးနာရီနှုန်းဖြင့် (၂)ကြိမ်ဆက်ထုတ်လွှင့်ပါမည်။] ထုတ်လွှင့်ပြသမည့် အစီအစဉ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။