×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Tuesday, 08 December 2020

ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေအတွက် အသုံးဝင်မယ့် G-Suite Tools များ

ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေအတွက် အသုံးဝင်မယ့် G-Suite Tools များ

ဒီနေ့အတွက်တော့ ကျောင်းပိတ်ရက်တွေမှာ အချိန်တွေ အချီးအနှီးမဖြစ်ရလအေောင် နည်းပညာတွေ ဆက်လက်လေ့လာနိုင်စေဖို့ရာရည်ရွယ်ပြီး အသုံးဝင်လှတဲ့ Google Tools လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Google Tools လို့ပြောလိုက်ရင် လေ့လာစရာတွေ အများကြီးပါ။ ဒီအထဲမှာမှ ကျောင်းသားတွေနဲ့ ဆရာဆရာမတွေအတွက် သင်ထောက်ကူဖြစ်စေနိုင်မယ့် G-Suite Tools လေးတွေကို ရွေးချယ် တင်ပြပေးလိုက်ပါတယ်။

 

( ၁ ) Google Classroom
Google Classroom က ဆရာနဲ့ကျောင်းသားတွေ စာသင်လို့ရမယ့် လေပေါ်က စာသင်ခန်းလေးပါ။ ဒီ Google Classroom ထဲမှာဆိုရင် Assignment တွေတင်လို့ရတယ်၊ ထုတ်ပြန်ချက်တွေ share လို့ရတယ်၊ Power Point တွေ ၊ တခြားသောfile တွေကိုလည်း ဝေမျှလို့ရတဲ့ သီးသန့်အတန်းလေးဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ Classroom ထဲက ဒေတာတွေက လုံးဝကိုလုံခြုံမှုအပြည့်အဝရှိတာမို့ တော်တော်လေးအဆင်ပြေပါတယ်။ ကျောင်းသားအချင်းချင်းသော်လည်းကောင်း၊ ကျောင်းသားနဲ့ဆရာသော်လည်းကောင်း ထိတွေ့ဆက်ဆံလို့ရမယ့်နေရာလေးတစ်ခု ဖြစ်တာကြောင့် ပညာရေးအတွက် အထောက်အကူပြုတဲ့ app လေးတစ်ခုပါ။

 

( ၂ ) Google Drive
သူကတော့ သိပ်ကိုအသုံးဝင်တဲ့ Tool လေးတစ်ခုပါ။ ကိုယ့်ရဲ့ Files တွေအားလုံးကို တစ်နေရာတည်းမှာ အလွယ်တကူသိမ်းထားနိုင်တဲ့ Function ပါပါတယ်။ ပုံမှန် Microsoft app တွေက Device တစ်ခုတည်းမှာပဲ သိမ်းထားလို့ရပြီး လုပ်လက်စမသိမ်းလိုက်မိဘူး ဆိုရင် အားလုံးပျောက်သွားနိုင်ပါတယ်။ ဒါပေမဲ့ Drive မှာသွားသိမ်းရင်တော့ သူ က Auto Save ဖြစ်တဲ့အတွက် အမှားအယွင်းတစ်ခုခုကြောင့်ပျက်သွားမှာ စိတ်ပူဖို့မလိုပါဘူး။ ဒါ့အပြင် သူက လိုင်းပေါ်မှာ သိမ်းထားတဲ့ File တွေဖြစ်တဲ့အတွက် Device ပြောင်းလိုက်လည်း အားလုံးကို အလွယ်တကူပြန်ရနိုင်ပါတယ်။

 

( ၃ ) Google Forms
Google Forms က စာမေးပွဲစစ်ဖို့သင့်တော်တဲ့ Tool ပါ။ သူလည်း စာသင်တဲ့နေရာမှာ သိပ်အသုံးဝင်ပါတယ်။ ဆရာအနေနဲ့ Google Form နဲ့မေးခွန်းလုပ်ပြီး share ပေးလိုက်တာနဲ့ ကျောင်းသားတွေက အဲ့ထဲဝင်ပြီး မေးခွန်းတွေဖြေရုံပါပဲ။ ဆရာအနေနဲ့လည်း ပြန်စစ်တဲ့အခါ Form ထဲဝင်ပြီးပြန်စစ်အမှတ်ပေးရုံပါပဲ။ သိပ်ကိုလွယ်ကူအဆင်ပြေတဲ့ Tool တစ်ခုလို့ ဆိုချင်ပါတယ်။

 

( ၄ ) Keep
ဒီ Tool ကတော့ လူသိနည်းပေမယ့် တန်ဖိုးရှိတဲ့Tool တစ်ခုပါ။ Keep ဆိုတဲ့အတိုင်း ကိုယ့်ရဲ့ Personal Data တွေ၊ To do list တွေကို မှတ်ထားသိမ်းထားနိုင်မယ့် နေရာလေးတစ်ခုပါ။ Keep ထဲမှာ ကိုယ်လုပ်ရမယ့်အရာတွေကို Note မှတ်ထားရုံနဲ့ လုပ်ရမယ့်အချိန်မှာ သူက ကိုယ့်ကို သတိပေးနေမှာပါ။ ဒါ့အပြင် self-assessment အနေနဲ့လည်း ပြန်ပြန်ကြည့်နေလို့ရတဲ့အတွက် Keep က တော်တော်အသုံးဝင်တဲ့ Tool တစ်ခုပါ။

 

ဒါတွေကတော့ ဘယ်အကြောင်းကြောင့်နဲ့မှ ကိုယ့်ပညာရေးမနှောင့်နှေးဖို့ ဆရာတွေရော၊ ကျောင်းသားတွေပါ အသုံးပြုသင့်တဲ့ Google Tools လေးတွေဖြစ်ပါတယ်။

 

 

 

ဆရာ၊ ဆရာမေတြနဲ႔ ေက်ာင္းသူေက်ာင္းသားေတြအတြက္ အသံုး၀င္မယ့္ G-Suite Tools မ်ား

ဒီေန႔အတြက္ေတာ့ ေက်ာင္းပိတ္ရက္ေတြမွာ အခ်ိန္ေတြ အခ်ီးအႏွီးမျဖစ္ရလေအောင္ နည္းပညာေတြ ဆက္လက္ေလ့လာႏိုင္ေစဖို႔ရာရည္ရြယ္ၿပီး အသံုး၀င္လွတဲ့ Google Tools ေလးေတြနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ Google Tools လို႔ေျပာလိုက္ရင္ ေလ့လာစရာေတြ အမ်ားႀကီးပါ။ ဒီအထဲမွာမွ ေက်ာင္းသားေတြနဲ႔ ဆရာဆရာမေတြအတြက္ သင္ေထာက္ကူျဖစ္ေစႏိုင္မယ့္ G-Suite Tools ေလးေတြကို ေရြးခ်ယ္ တင္ျပေပးလိုက္ပါတယ္။

 

( ၁ ) Google Classroom
Google Classroom က ဆရာနဲ႔ေက်ာင္းသားေတြ စာသင္လို႔ရမယ့္ ေလေပၚက စာသင္ခန္းေလးပါ။ ဒီ Google Classroom ထဲမွာဆိုရင္ Assignment ေတြတင္လို႔ရတယ္၊ ထုတ္ျပန္ခ်က္ေတြ share လို႔ရတယ္၊ Power Point ေတြ ၊ တျခားေသာfile ေတြကိုလည္း ေဝမွ်လို႔ရတဲ့ သီးသန႔္အတန္းေလးျဖစ္ပါတယ္။ ဒါ့အျပင္ ကိုယ့္ရဲ႕ Classroom ထဲက ေဒတာေတြက လုံးဝကိုလုံၿခဳံမႈအျပည့္အဝရွိတာမို႔ ေတာ္ေတာ္ေလးအဆင္ေျပပါတယ္။ ေက်ာင္းသားအခ်င္းခ်င္းေသာ္လည္းေကာင္း၊ ေက်ာင္းသားနဲ႔ဆရာေသာ္လည္းေကာင္း ထိေတြ႕ဆက္ဆံလို႔ရမယ့္ေနရာေလးတစ္ခု ျဖစ္တာေၾကာင့္ ပညာေရးအတြက္ အေထာက္အကူျပဳတဲ့ app ေလးတစ္ခုပါ။

 

( ၂ ) Google Drive
သူကေတာ့ သိပ္ကိုအသုံးဝင္တဲ့ Tool ေလးတစ္ခုပါ။ ကိုယ့္ရဲ႕ Files ေတြအားလုံးကို တစ္ေနရာတည္းမွာ အလြယ္တကူသိမ္းထားႏိုင္တဲ့ Function ပါပါတယ္။ ပုံမွန္ Microsoft app ေတြက Device တစ္ခုတည္းမွာပဲ သိမ္းထားလို႔ရၿပီး လုပ္လက္စမသိမ္းလိုက္မိဘူး ဆိုရင္ အားလုံးေပ်ာက္သြားႏိုင္ပါတယ္။ ဒါေပမဲ့ Drive မွာသြားသိမ္းရင္ေတာ့ သူ က Auto Save ျဖစ္တဲ့အတြက္ အမွားအယြင္းတစ္ခုခုေၾကာင့္ပ်က္သြားမွာ စိတ္ပူဖို႔မလိုပါဘူး။ ဒါ့အျပင္ သူက လိုင္းေပၚမွာ သိမ္းထားတဲ့ File ေတြျဖစ္တဲ့အတြက္ Device ေျပာင္းလိုက္လည္း အားလုံးကို အလြယ္တကူျပန္ရႏိုင္ပါတယ္။

 

( ၃ ) Google Forms
Google Forms က စာေမးပြဲစစ္ဖို႔သင့္ေတာ္တဲ့ Tool ပါ။ သူလည္း စာသင္တဲ့ေနရာမွာ သိပ္အသုံးဝင္ပါတယ္။ ဆရာအေနနဲ႔ Google Form နဲ႔ေမးခြန္းလုပ္ၿပီး share ေပးလိုက္တာနဲ႔ ေက်ာင္းသားေတြက အဲ့ထဲဝင္ၿပီး ေမးခြန္းေတြေျဖ႐ုံပါပဲ။ ဆရာအေနနဲ႔လည္း ျပန္စစ္တဲ့အခါ Form ထဲဝင္ၿပီးျပန္စစ္အမွတ္ေပး႐ုံပါပဲ။ သိပ္ကိုလြယ္ကူအဆင္ေျပတဲ့ Tool တစ္ခုလို႔ ဆိုခ်င္ပါတယ္။

 

( ၄ ) Keep
ဒီ Tool ကေတာ့ လူသိနည္းေပမယ့္ တန္ဖိုးရွိတဲ့Tool တစ္ခုပါ။ Keep ဆိုတဲ့အတိုင္း ကိုယ့္ရဲ႕ Personal Data ေတြ၊ To do list ေတြကို မွတ္ထားသိမ္းထားႏိုင္မယ့္ ေနရာေလးတစ္ခုပါ။ Keep ထဲမွာ ကိုယ္လုပ္ရမယ့္အရာေတြကို Note မွတ္ထား႐ုံနဲ႔ လုပ္ရမယ့္အခ်ိန္မွာ သူက ကိုယ့္ကို သတိေပးေနမွာပါ။ ဒါ့အျပင္ self-assessment အေနနဲ႔လည္း ျပန္ျပန္ၾကည့္ေနလို႔ရတဲ့အတြက္ Keep က ေတာ္ေတာ္အသုံးဝင္တဲ့ Tool တစ္ခုပါ။

 

ဒါေတြကေတာ့ ဘယ္အေၾကာင္းေၾကာင့္နဲ႔မွ ကိုယ့္ပညာေရးမေႏွာင့္ေႏွးဖို႔ ဆရာေတြေရာ၊ ေက်ာင္းသားေတြပါ အသုံးျပဳသင့္တဲ့ Google Tools ေလးေတြျဖစ္ပါတယ္။

Read times
Rate this articles
(0 votes)