×
Warning
JUser: :_load: Unable to load user with ID: 81428
Student
Saturday, 23 January 2021
Global UGRAD Program
မြန်မာနိုင်ငံက တက္ကသိုလ်ကျောင်းသားတော်တော် များများ စိတ်ဝင်စားတဲ့ Global UGRAD Program အတွက် လျှောက်လွှာခေါ်နေပါပြီ။
ရွေးချယ်ခံရရင် အမေရိကမှာရှိတဲ့ တက္ကသိုလ်မှာ Semester တစ်ခုအတွက် Full Scholarship နဲ့ သွားတက်ရမှာမို့ အက်ဆေးတွေကို သေသေချာချာ အချိန်ပေး ရေးပြီး လျှောက်စေချင်ပါတယ်။
Global_UGRADဆိုတာဘာလဲ
ကမ္ဘာလုံးဆိုင်ရာ ဘွဲ့ကြိုနှီးနှောဖလှယ်ရေးပညာသင်ဆု အစီအစဉ်ဆိုတာ အခွင့်အလမ်းနည်းပါးတဲ့ လူမှုအသိုက်အဝန်းတွေက ကျောင်းသူ၊ ကျောင်းသားတွေကို အမေရိကန်ယဉ်ကျေးမှုနဲ့ စံတန်ဖိုးတွေကိုလေ့လာရင်း သူတို့ရဲ့ခေါင်းဆောင်မှု အရည်အသွေး၊ ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုနဲ့ လူမှုရေးလုပ်ငန်းဆောင်ရွက်လိုတဲ့စိတ်ဓာတ်တွေ ပိုမိုအားကောင်းလာစေဖို့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ တက္ကသိုလ် ဒါမှမဟုတ် ကောလိပ် တစ်ခုခုမှာ semester တစ်ခုစာ သွားရောက် ပညာသင်ဖို့ ပံ့ပိုးပေးတဲ့အစီအစဉ်ဖြစ်ပါတယ်။
ရွေးချယ်ခံရရင်ဘာအကျိုးကျေးဇူးတွေရမလဲ
*** ဗီဇာစရိတ်
*** လေယာဉ်စရိတ်
*** ကျောင်းစရိတ်
*** လစဉ်နေထိုင်စားသောက်စရိတ် စတဲ့ Program နဲ့ ဆိုင်တဲ့ ကုန်ကျစရိတ် အကုန်လုံး ကင်းလွတ်ခွင့်နဲ့ အမေရိကမှာရှိတဲ့ တက္ကသိုလ်တစ်ခုမှာ Semester တစ်ခုအတွက် သွားလေ့လာနိုင်မယ့် အခွင့်အရေးကို ရရှိမှာ ဖြစ်ပါတယ်။
ဘယ်သူတွေလျှောက်လို့ရလဲ
*** August 1, 2021 တွင် အသက် (၁၈) နှစ်ပြည့်ထားသူ ဖြစ်ရပါမယ်။
*** အင်္ဂလိပ်စာအရေးအပြော ကျွမ်းကျင်သူဖြစ်ရပါမယ်။
*** အထက်တန်းအောင်မြင်ထားသူဖြစ်ရပါမယ်။
*** မြန်မာနိုင်ငံမှာ ဘွဲ့ကြိုအတွက် တက္ကသိုလ်တက်နေတဲ့သူ ဖြစ်ရပါမယ်။
*** January 2022 တွင်အမေရိကမှာ ကျောင်းသွားတက်နိုင်တဲ့သူ ဖြစ်ရပါမယ်။
ဘာစာရွက်စာတမ်းတွေလိုအပ်လဲ
*** Academic Letter of Recommendation
*** Personal Letter of Recommendation (Letter of Recommendation အတွက် သူတို့ Website က သတ်မှတ်ထားတဲ့ Form ကို Download လုပ်ပြီး ဖြည့်ရမှာ ဖြစ်ပါတယ်)
*** Passport (သို့) မှတ်ပုံတင်
*** Official Transcripts
ဘယ်လိုလျှောက်ရမလဲ
*** STEP 1 : အောက်က Link ထဲဝင်ပြီး Sign Up လုပ်ပြီး Acc လုပ်ပါ။ >>> https://bit.ly/395hFkt <<<
*** STEP 2 : အက်ဆေး(၂) ပုဒ်ရေးပါ။
*** အက်ဆေးမေးခွန်းက (၃) ခုရှိပါတယ်။
Essay 1 ကို မဖြစ်မနေ ရေးရမှာဖြစ်ပါတယ်။
Essay 2 & 3 ကတော့ ကိုယ်ကြိုက်တဲ့ တစ်ပုဒ်ရွေးပြီးရေးလို့ရပါတယ်။
STEP 3 : အက်ဆေးတွေရေးပြီးသွားရင် အက်ဆေးရယ် လိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့အတူ ကိုယ့်ရဲ့ Account မှာ လိုအပ်တာတွေဖြည့်ပြီး တင်လိုက်ရုံပါပဲ။ အဲ့ဒါပြီးရင် ပြီးပါပြီ။
Essay 1 : The Global UGRAD Program is for young leaders committed to serving their home communities. Why would you be a great participant in the Global UGRAD Program? (450-600 Words)
Please answer either Essay 2 or Essay 3
Essay 2 : According to Martin Luther King Jr., “The ultimate measure of a person is not where they stand in moments of comfort, but where they stand at times of challenge and controversy.” Describe a time when you encountered a conflict and how you handled it. What strategies did you use to reach a resolution? What values guided your thoughts and actions? (450-600 words)
Essay 3 : Everyone’s approach to leadership is different. How would you describe your personal leadership style? What values do you consider the most important when leading others? (450-600 Words)
*** (From U.S Embassy Rangoon Facebook Post : လျှောက်ထားသူတွေအနေနဲ့ သူတို့ရဲ့လျှောက်လွှာတွေကို https://bit.ly/3cextDR ကတစ်ဆင့် တင်ပေးဖို့လိုအပ်ပြီး ထောက်ခံစာကိုတော့ This email address is being protected from spambots. You need JavaScript enabled to view it. ဆီ အီးမေးလ်နဲ့ပို့ပေးရမှာဖြစ်ပါတယ်)
***  Recommendation Letter ကလေ Website အရဆိုရင် ကိုယ့်ရဲ့ Account မှာပဲ တင်ဖို့ ပြောထားတယ်။ U.S. Embassy Rangoon ရဲ့ FB Post မှာတော့ Recommendation Letter ကို Email နဲ့ Embassy ကိုပို့ဖို့ ပြောထားတာတွေ့ရတယ်။ အဲ့တော့ Recommendation Letter ကို Email နဲ့ရော Account မှာရော နှစ်ခုလုံး တင်နိုင်ရင် ပိုစိတ်ချရလောက်တယ်)
Deadlineဘယ်တော့လဲ
*** February 28, 2021 (Midnight Eastern Time)
ရွေးချယ်ခံရရင်ဘယ်တော့သွားရမှာလဲ
*** January 2022
ဘယ်လောက်ကြာမှာလဲ
*** US က Semester တစ်ခုစာ သွားတက်ရမှာဆိုတော့ ၄-၆ လ ကြာနိုင်ပါတယ်။
*** Global_UGRADနဲ့ပတ်သက်ပြီးအသေးစိတ်ကိုဘယ်မှာဖတ်လို့ရလဲ အောက်က Link ထဲဝင်ပြီး Check လို့ရပါတယ်။ >>> https://bit.ly/2LKVac3 <<<
အားလုံးကံကောင်းကြပါစေ။
Source - U.S Embassy Rangoon
Credit – Guide with Mahuyar
*** ဗီဇာစရိတ်
*** လယောဉ်စရိတ်
*** ကျောင်းစရိတ်
***  Official Transcripts
ဘယ်လိုလျှောက်ရမလဲ
Deadlineဘယ်တော့လဲ
*** January 2022
ဘယ်လောက်ကြာမှာလဲ
Read times
Rate this articles
(0 votes)