×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Saturday, 16 January 2021

ASIA KAKEHASHI Project 2021 ဂျပန်နိုင်ငံနှင့် အာရှနိုင်ငံများရှိအထက်တန်းကျောင်းသား၊ ကျောင်းသူများအကြားပေါင်းကူးဆက်သွယ်မှုတည်ဆောက်ခြင်း။

ASIA KAKEHASHI Project 2021 ဂျပန်နိုင်ငံနှင့် အာရှနိုင်ငံများရှိအထက်တန်းကျောင်းသား၊ ကျောင်းသူများအကြားပေါင်းကူးဆက်သွယ်မှုတည်ဆောက်ခြင်း။

 

ဂျပန်မှာရှိတဲ့ကျောင်းမှာကုန်ကျစရိတ်အကုန်လုံးကင်းလွတ်ခွင့်နဲ့သွားရောက်လေ့လာလိုပါသလား?ဂျပန်နဲ့အာရှနိုင်ငံကကျောင်းသားတွေနဲ့ကျောင်းတူတူတက်ရမယ့်အတွေ့အကြုံတွေလိုချင်ပါသလား?

အကယ်လို့ သင်က အပေါ်က အကြောင်းအရာတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ သည် Asia Kakehashi Project 2021 ကသင့်အတွက်ဖြစ်ပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ် Asia Kakehashi 2020 Project အစီအစဉ်မှာ မြန်မာကျောင်းသား စုစုပေါင်း (၁၄) ယောက်တောင် ရွေးချယ်စေလွှတ်ခံခဲ့ရတာမို့ လုံးဝ လက်မလွတ်သင့်တဲ့ အခွင့်အရေးကြီးနော်။

 

Asia_Kakehashi_Project_2021ဆိုတာဘာလဲ?
ဂျပန်နိုင်ငံမှာရှိတဲ့ အထက်တန်းကျောင်းတွေမှာ (၆) လကနေ (၁၀) လအထိ သွားရောက်လေ့လာဖို့ မြန်မာကျောင်းသားတွေကို ရွေးချယ် စေလွှတ်မယ့် အစီအစဉ်ဖြစ်ပါတယ်။ ကုန်ကျစရိတ်အားလုံးကို ဂျပန်အစိုးရက ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

 

ဘယ်လောက်ကြာမှာလဲ ?
သြဂုတ်လ ၂၀၂၁ - မတ်လ ၂၀၂၂

 

ရွေးချယ်ခံရရင်ဘာလုပ်ရမှာလဲ ?
ဂျပန်နိုင်ငံမှာရှိတဲ့ ကျောင်းဆောင် (သို့) အိမ်မှာ နေထိုင်ရမှာဖြစ်ပြီးတော့ ဂျပန်အထက်တန်းကျောင်းတွေမှာ တက်ရောက်လေ့လာပြီး အထက်တန်းကျောင်း ပညာသင်ကြားရေး အတွေ့အကြုံတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

 

သည်အစီအစဉ်မှာပါဝင်ရင်ဘယ်လောက်ကုန်ကျမလဲ?
ကုန်ကျစရိတ်အားလုံးကို ဂျပန်အစိုးရက ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

 

ဘယ်သူတွေလျှောက်လို့ရလဲ ?
• အသက် (၁၅) နှစ်မှ (၁၈) နှစ်အတွင်း(၂၀၀၃ ခုနှစ် ဧပြီလ (၂) ရက်နေ့ နောက်ပိုင်းနှင့် ၂၀၀၆ ခုနှစ် ဧပြီလ (၁) ရက်နေ့ မတိုင်မီ မွေးဖွားသူများဖြစ်ရမည်)
• မြန်မာနိုင်ငံသားဖြစ်ရမည်။
• နောက်ဆုံးဖြေဆိုခဲ့သည့် စာမေးပွဲတွင် ဘာသာရပ်တိုင်း၌ အနည်းဆုံး အမှတ် ၆၀% ရရှိရပါမည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း ဖြေဆိုခဲ့သော စာမေးပွဲများတွင်လည်း ဘာသာရပ်အားလုံး စုစုပေါင်းရမှတ်သည် ပျှမ်းမျှ ၆၀% ရရှိရပါမည်။
• ဂျပန်ဘာသာရပ်ကို လေ့လာသင်ယူနေသူဖြစ်ရမည်။
• အစီအစဉ်ကာလအတွင်းနှင့် အစီအစဉ်ပြီးဆုံးချိန်တွင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား ပေါင်းကူးဆက်သွယ်မှုအတွက် စိတ်အားထက်သန်စွာဖြင့် ဦးစီးလုပ်ဆောင်နိုင်ရမည်။
• ASIA KAKEHASHI အစီအစဉ်တွင် ယခင်ကမပါဝင်ဖူးသူဖြစ်ရမည်။
• ရွေးချယ်ခံရပါက (MAJA) အသင်းမှ လိုအပ်သည့် သင်ကြားလေ့ကျင့်မှုများပြုလုပ်ပေးမည်ဖြစ်ပါသည်။ အဆိုပါကာလအတွင်းစည်းကမ်းလိုက်နာရန်ပျက်ကွက်ပါကရွေးချယ်စေလွှတ်မှုအားပယ်ဖျက်ခံရမည်ဖြစ်ပါသည်။

 

ဘာစာရွက်စာတမ်းတွေလိုအပ်လဲ
• ပညာအရည်အချင်းအထောက်အထားနှင့် တကွ အမှတ်စာရင်း (နောက်ဆုံး (၃)နှစ်စာ)
• အပေါ်ကဆိုလိုတာက ဘာလဲဆိုတော့ ဆယ်တန်းအောင်ထားရင် ၈-၉-၁၀ တန်းအမှတ်တွေကို ပြနိုင်ဖို့လိုပါတယ်။
• ဓါတ်ပုံ(1)ပုံ ( 3cm x 4cm )

 

ဘယ်လိုလျှောက်ရမလဲ ?
အပေါ်ကအချက်တွေနဲ့ ကိုက်ညီရင် စာရွက်စာတမ်းအပြည့်အစုံတွေကို အောက်က Google Form Link ထဲ ဝင်ရောက်ဖြည့်စွက်ပြီး လျှောက်ထားရမှာဖြစ်ပါတယ်။ >>> https://bit.ly/3qhUUzJ <<<
•Linkထဲဝင်တဲ့အခါမှာ Email အရင်ထည့်ပြီးဝင်ဖို့လိုပါတယ်။

 

Deadlineဘယ်တော့လဲ ?
February 1st 2021

 

Formမှာဘာအက်ဆေးမှမရေးရဘူးလား_ဘယ်လိုရွေးချယ်မှာလဲ ?
အက်ဆေးတွေမရေးရပါဘူး။ လိုအပ်တဲ့ စာရွက်စာတမ်း အပြည့်အစုံရှိပြီး လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ကျောင်းသားကျောင်းသူတွေက အွန်လိုင်းကနေ ရေးဖြေစာမေးပွဲ ဖြေရမှာ ဖြစ်ပါတယ်။ ရေးဖြေစာမေးပွဲအောင်တဲ့သူတွေက အင်တာဗျူးပြန်ဖြေရမှာ ဖြစ်ပါတယ်။ (သည်အချက်တွေကတော့ ကျတော် ဖုန်းဆက်ပြီး မေးထားပါတယ်)

 

သည်အစီအစဉ်နဲ့ပတ်သက်ပြီးမရှင်းတာတွေရှိရင်ဘယ်လိုလုပ်ရမလဲ?
• အသေးစိတ်သိရှိလိုပါက မမြရည်ညို (Project Coordinator) တယ်လီဖုန်းအမှတ် ၀၉-၇၉၅၂၆၆၀၁၈ သို့ ရုံးချိန် - မနက် 9နာရီခွဲ မှ ညနေ 4နာရီခွဲ အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။
• (နေ့လည် 12နာရီမှ 1နာရီ ထမင်းစားချိန် နားပါသည်)

 

Source - Myanmar Association of Japan Alumni (MAJA)

ကိုယ့်စီမှာ သည်အစီအစဉ်နဲ့ ကိုက်ညီတဲ့ ညီလေးညီမလေးတွေရှိရင် လျှောက်ဖြစ်အောင် လျှောက်ဖို့ တိုက်တွန်းလိုက်ပါအုံးနော်။
အားလုံးကံကောင်းကြပါစေ။

 

Credit – Guide with Mahuyar

 

 

ASIA KAKEHASHI Project 2021 ဂ်ပန္ႏိုင္ငံႏွင့္ အာရွႏိုင္ငံမ်ားရွိအထက္တန္းေက်ာင္းသား၊ ေက်ာင္းသူမ်ားအၾကားေပါင္းကူးဆက္သြယ္မႈတည္ေဆာက္ျခင္း။

 

ဂ်ပန္မွာရွိတဲ့ေက်ာင္းမွာကုန္က်စရိတ္အကုန္လုံးကင္းလြတ္ခြင့္နဲ႔သြားေရာက္ေလ့လာလိုပါသလား?ဂ်ပန္နဲ႔အာရွႏိုင္ငံကေက်ာင္းသားေတြနဲ႔ေက်ာင္းတူတူတက္ရမယ့္အေတြ႕အႀကဳံေတြလိုခ်င္ပါသလား?

အကယ္လို႔ သင္က အေပၚက အေၾကာင္းအရာေတြကို စိတ္ဝင္စားတယ္ဆိုရင္ေတာ့ သည္ Asia Kakehashi Project 2021 ကသင့္အတြက္ျဖစ္ပါလိမ့္မယ္။ ၿပီးခဲ့တဲ့ႏွစ္ Asia Kakehashi 2020 Project အစီအစဥ္မွာ ျမန္မာေက်ာင္းသား စုစုေပါင္း (၁၄) ေယာက္ေတာင္ ေ႐ြးခ်ယ္ေစလႊတ္ခံခဲ့ရတာမို႔ လုံးဝ လက္မလြတ္သင့္တဲ့ အခြင့္အေရးႀကီးေနာ္။

 

Asia_Kakehashi_Project_2021ဆိုတာဘာလဲ?
ဂ်ပန္ႏိုင္ငံမွာရွိတဲ့ အထက္တန္းေက်ာင္းေတြမွာ (၆) လကေန (၁၀) လအထိ သြားေရာက္ေလ့လာဖို႔ ျမန္မာေက်ာင္းသားေတြကို ေ႐ြးခ်ယ္ ေစလႊတ္မယ့္ အစီအစဥ္ျဖစ္ပါတယ္။ ကုန္က်စရိတ္အားလုံးကို ဂ်ပန္အစိုးရက ေထာက္ပံ့ေပးမွာ ျဖစ္ပါတယ္။

 

ဘယ္ေလာက္ၾကာမွာလဲ ?
ၾသဂုတ္လ ၂၀၂၁ - မတ္လ ၂၀၂၂

 

ေ႐ြးခ်ယ္ခံရရင္ဘာလုပ္ရမွာလဲ ?
ဂ်ပန္ႏိုင္ငံမွာရွိတဲ့ ေက်ာင္းေဆာင္ (သို႔) အိမ္မွာ ေနထိုင္ရမွာျဖစ္ၿပီးေတာ့ ဂ်ပန္အထက္တန္းေက်ာင္းေတြမွာ တက္ေရာက္ေလ့လာၿပီး အထက္တန္းေက်ာင္း ပညာသင္ၾကားေရး အေတြ႕အႀကဳံေတြကို ရရွိႏိုင္မွာ ျဖစ္ပါတယ္။

 

သည္အစီအစဥ္မွာပါဝင္ရင္ဘယ္ေလာက္ကုန္က်မလဲ?
ကုန္က်စရိတ္အားလုံးကို ဂ်ပန္အစိုးရက ေထာက္ပံ့ေပးမွာ ျဖစ္ပါတယ္။

 

ဘယ္သူေတြေလွ်ာက္လို႔ရလဲ ?
• အသက္ (၁၅) ႏွစ္မွ (၁၈) ႏွစ္အတြင္း(၂၀၀၃ ခုႏွစ္ ဧၿပီလ (၂) ရက္ေန႔ ေနာက္ပိုင္းႏွင့္ ၂၀၀၆ ခုႏွစ္ ဧၿပီလ (၁) ရက္ေန႔ မတိုင္မီ ေမြးဖြားသူမ်ားျဖစ္ရမည္)
• ျမန္မာႏိုင္ငံသားျဖစ္ရမည္။
• ေနာက္ဆုံးေျဖဆိုခဲ့သည့္ စာေမးပြဲတြင္ ဘာသာရပ္တိုင္း၌ အနည္းဆုံး အမွတ္ ၆၀% ရရွိရပါမည္။ လြန္ခဲ့ေသာ ႏွစ္ႏွစ္အတြင္း ေျဖဆိုခဲ့ေသာ စာေမးပြဲမ်ားတြင္လည္း ဘာသာရပ္အားလုံး စုစုေပါင္းရမွတ္သည္ ပွ်မ္းမွ် ၆၀% ရရွိရပါမည္။
• ဂ်ပန္ဘာသာရပ္ကို ေလ့လာသင္ယူေနသူျဖစ္ရမည္။
• အစီအစဥ္ကာလအတြင္းႏွင့္ အစီအစဥ္ၿပီးဆုံးခ်ိန္တြင္ ျမန္မာႏိုင္ငံႏွင့္ ဂ်ပန္ႏိုင္ငံအၾကား ေပါင္းကူးဆက္သြယ္မႈအတြက္ စိတ္အားထက္သန္စြာျဖင့္ ဦးစီးလုပ္ေဆာင္ႏိုင္ရမည္။
• ASIA KAKEHASHI အစီအစဥ္တြင္ ယခင္ကမပါဝင္ဖူးသူျဖစ္ရမည္။
• ေ႐ြးခ်ယ္ခံရပါက (MAJA) အသင္းမွ လိုအပ္သည့္ သင္ၾကားေလ့က်င့္မႈမ်ားျပဳလုပ္ေပးမည္ျဖစ္ပါသည္။ အဆိုပါကာလအတြင္းစည္းကမ္းလိုက္နာရန္ပ်က္ကြက္ပါကေ႐ြးခ်ယ္ေစလႊတ္မႈအားပယ္ဖ်က္ခံရမည္ျဖစ္ပါသည္။

 

ဘာစာ႐ြက္စာတမ္းေတြလိုအပ္လဲ
• ပညာအရည္အခ်င္းအေထာက္အထားႏွင့္ တကြ အမွတ္စာရင္း (ေနာက္ဆုံး (၃)ႏွစ္စာ)
• အေပၚကဆိုလိုတာက ဘာလဲဆိုေတာ့ ဆယ္တန္းေအာင္ထားရင္ ၈-၉-၁၀ တန္းအမွတ္ေတြကို ျပႏိုင္ဖို႔လိုပါတယ္။
• ဓါတ္ပုံ(1)ပုံ ( 3cm x 4cm )

 

ဘယ္လိုေလွ်ာက္ရမလဲ ?
အေပၚကအခ်က္ေတြနဲ႔ ကိုက္ညီရင္ စာ႐ြက္စာတမ္းအျပည့္အစုံေတြကို ေအာက္က Google Form Link ထဲ ၀င္ေရာက္ျဖည့္စြက္ၿပီး ေလွ်ာက္ထားရမွာျဖစ္ပါတယ္။ >>> https://bit.ly/3qhUUzJ <<< 
•Linkထဲဝင္တဲ့အခါမွာ Email အရင္ထည့္ၿပီးဝင္ဖို႔လိုပါတယ္။

 

Deadlineဘယ္ေတာ့လဲ ?
February 1st 2021

 

Formမွာဘာအက္ေဆးမွမေရးရဘူးလား_ဘယ္လိုေ႐ြးခ်ယ္မွာလဲ ?
အက္ေဆးေတြမေရးရပါဘူး။ လိုအပ္တဲ့ စာ႐ြက္စာတမ္း အျပည့္အစုံရွိၿပီး လိုအပ္ခ်က္ေတြနဲ႔ ကိုက္ညီတဲ့ေက်ာင္းသားေက်ာင္းသူေတြက အြန္လိုင္းကေန ေရးေျဖစာေမးပြဲ ေျဖရမွာ ျဖစ္ပါတယ္။ ေရးေျဖစာေမးပြဲေအာင္တဲ့သူေတြက အင္တာဗ်ဴးျပန္ေျဖရမွာ ျဖစ္ပါတယ္။ (သည္အခ်က္ေတြကေတာ့ က်ေတာ္ ဖုန္းဆက္ၿပီး ေမးထားပါတယ္)

 

သည္အစီအစဥ္နဲ႔ပတ္သက္ၿပီးမရွင္းတာေတြရွိရင္ဘယ္လိုလုပ္ရမလဲ?
• အေသးစိတ္သိရွိလိုပါက မျမရည္ညိဳ (Project Coordinator) တယ္လီဖုန္းအမွတ္ ၀၉-၇၉၅၂၆၆၀၁၈ သို႔ ႐ုံးခ်ိန္ - မနက္ 9နာရီခြဲ မွ ညေန 4နာရီခြဲ အတြင္း ဆက္သြယ္ေမးျမန္းစုံစမ္းႏိုင္ပါတယ္။
• (ေန႔လည္ 12နာရီမွ 1နာရီ ထမင္းစားခ်ိန္ နားပါသည္)

 

Source - Myanmar Association of Japan Alumni (MAJA)

 

ကိုယ့္စီမွာ သည္အစီအစဥ္နဲ႔ ကိုက္ညီတဲ့ ညီေလးညီမေလးေတြရွိရင္ ေလွ်ာက္ျဖစ္ေအာင္ ေလွ်ာက္ဖို႔ တိုက္တြန္းလိုက္ပါအုံးေနာ္။
အားလုံးကံေကာင္းၾကပါေစ။

Credit – Guide with Mahuyar

Read times
Rate this articles
(1 Vote)