ဂျပန်နိုင်ငံမှာနေထိုင်တဲ့ မြန်မာကျောင်းသားများလျှောက်ထားနိုင်တဲ့ JAPAN Tent Program ပါဝင်နိုင်ရန်အတွက် မြန်မာပညာသင် ကျောင်းသားများအား ဖိတ်ခေါ်လျက်ရှိတယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံ အစိုးရအဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာဝန် ကြီးဌာန၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနများနဲ့ အခြား စီးပွားရေးအဖွဲ့အစည်းများရဲ့ အထောက်အပံ့နဲ့ အိရှိကဝခရိုင်မှာနှစ်စဉ်ပြုလုပ်တဲ့ JAPAN Tenet Program မှာ ပါဝင်နိုင်ရန် မြန်မာပညာသင် ကျောင်းသားတွေကို ဖိတ်ခေါ်ထားပါတယ်။
Recommended for you - တက္ကသိုလ်ဝင်တန်း အောင်ချက်ကျဆင်းရခြင်း၏ အကြောင်းရင်းများ နိုင်ငံတော်သမ္မတရုံးသို့ စိစစ်တင်ပြရမည်
အဆိုပါအစီအစဉ်ဟာ နိုင်ငံတကာကျောင်းသား၊ ကျောင်းသူများအား ဖိတ်ခေါ်လျက် International exchange program များပြုလုပ်ခြင်း၊ home stay နေထိုင်ခြင်းနဲ့ ဂျပန်ရိုးရာယဉ်ကျေးမှုကို ပိုမိုနက်ရှိုင်းစွာလေ့လာနိုင်ပြီး အသိမိတ်ဆွေများစွာ တိုးပွားစေမယ့် အစီအစဉ်တစ်ရပ်ဖြစ်ပြီး သြဂုတ်လ၂၃ ရက် မှ ၂၉ ရက် အထိ ကာနဇဝမြို့နဲ့ အိရှိကဝခရိုင်အတွင်းရှိ မြို့တွေမှာ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ ခရီးသွားလာစရိတ်နဲ့ နေထိုင်စရိတ်များကို အစီအစဉ်ကျင်းပသူဘက်မှ ကျခံပေးသွားမှာဖြစ်ပြီး ပါဝင်လိုသူတွေအနေနဲ့ အသက် ၁၈ နှစ်နဲ့ အထက် ရှိရမှာဖြစ်သလို လူဦးရေ ၃ဝဝ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
လျှောက်လွှာတွေကို ဇူလိုင်လ ၆ ရက် နောက်ဆုံးထား ပေးပို့ လျှောက်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။ လျှောက်ထားလို သူတွေအနေနဲ့ အသေးစိတ်သိရှိလိုပါက အီးမေးလ် This email address is being protected from spambots. You need JavaScript enabled to view it. နဲ့ Ms. Nozawa, Director of the JAPAN Tent Steering Committee ဖုန်း (၀၇၆)၂၅၅-၂၄၄၆၊ Fax (၀၇၆) ၂၅၅-၂၄၄၉ သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
Recommended for you - အမေရိကန်တက္ကသိုလ်များမှ ပညာသင်ဆု ၊ ဘာသာရပ်နှင့် ကျောင်းဝင်ခွင့် အကြောင်းလာရောက်ရှင်းလင်းပြောကြားမည့်အစီအစဉ်
Recommended for you - ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပထမနှစ်သင်တန်း ၀င်ခွင့်လျှောက်လွှာခေါ်ယူခြင်း
Credit; INETRNET Journal