၂၀၁၈-၂၀၁၉ ခုနှစ် မန္တလေးတက္ကသိုလ်ရဲ့ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုမဟာဘွဲ့ (MBA) အချိန်ပြည့်သင်တန်း အမှတ် (၈) အတွက် လျှောက်လွှာခေါ်ယူနေပါတယ်။
သင်တန်းကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ၊ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၂ နှစ် ရှိသူတွေ လျှောက်ထားတက်ရောက်နိုင်ပါတယ်။
လျှောက်လွှာပုံစံတွေကို မန္တလေးတက္ကသိုလ် စီးပွားရေးပညာဌာန (လေးထပ်ဆောင်) မှာ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်မှ စတင်ဝယ်ယူနိုင်မှာဖြစ်ပြီး သြဂုတ်လ ၂၇ ရက်နောက်ဆုံးထားကာ ပြန်လည် တင်သွင်းရမှာပါ။
Recommended for you - ဝင်ခွင့်ရတက္ကသိုလ်တစ်ခုမှ အခြားတက္ကသိုလ်တစ်ခုသို့ ပြောင်းရွှေ့ဖို့ လိုအပ်သည့် အချက်အလက်များ
သင်တန်းဝင်ခွင့် ရေးဖြေစာမေးပွဲကို စက်တင်ဘာလ ၁ ရက်၊ မန္တလေးတက္ကသိုလ်မှာ ဖြေဆိုရမှာဖြစ်ပြီး လျှောက်ထားလိုသူတွေ အနေနဲ့ ဌာနမှူး၊ သင်တန်းရေးရာဌာန၊ မန္တလေးတက္ကသိုလ် ဖုန်း -(၀၉-၄၀၀၀၀၉၅၃၆၊ ၀၂-၂၈၃၂၁၂၉) နဲ့ စီးပွားရေးပညာဌာန၊ မန္တလေးတက္ကသိုလ် ဖုန်း – ၀၉၄၂၄၉၄၂၈၂၇၊ ၀၉၇၆၀၆၁၂၆၅၂ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။
ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။
Recommended for you - ရည်မှန်းချက်ကို စတင်ဖို့အသုံးဝင်မယ့် နည်းလမ်း (၆) ခု
Recommended for you - A.G.T.I ဝင်ခွင့်ရဖို့ နည်းလမ်း (၂) သွယ်ရှိ
Credit; internet journal