IGCSE နဲ့ အခြေခံပညာအထက်တန်း အောင်မြင်ထားသူတွေအတွက် Kaplan Myanmar University College ရဲ့ ပညာရေး ဆွေးနွေးပွဲကို သြဂုတ်လ ၄ ရက်၊ နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိ KMUC Campus မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲမှာ IGCSE နဲ့ ဆယ်တန်းအောင်မြင်ထားတဲ့ ကျောင်းသား/သူများအတွက် ပညာရေးလမ်းကြောင်းတွေ၊ ပြည်တွင်းပြည်ပ ပညာရေးအခွင့်အလမ်းတွေအကြောင်း၊ မိမိလျှောက်လှမ်းမယ့် ပညာရေးလမ်းကြောင်းမှတစ်ဆင့် ပြည်တွင်းပြည်ပ အလုပ်အကိုင် အခွင့်အလမ်းတွေအကြောင်း၊ Kaplan Myanmar ကသင်ကြားပေးမယ့် ဘာသာရပ်တွေအကြောင်း၊ ပညာသင်ဆုတွေအကြောင်း၊ University Direct Partner ချိတ်ဆက်ထားမှုနဲ့ Exchange Programme တွေအကြောင်းကို ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။
အဆိုပါပွဲကိုတက်ရောက် လိုသူတွေအနေနဲ့ Kaplan Myanmar University College ဖုန်း – 09777 63 6000 နဲ့ 09777 68 6000 တို့မှာ စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။
Recommended for you - တက္ကသိုလ်ဝင်စာမေးပွဲ နမူနာမေးခွန်းပုံစံ (မြန်မာစာဘာသာရပ်)
ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။
Recommended for you - မိဘတွေသိထားသင့်တဲ့ သားသမီးကိုပျိုးထောင်ပေးထားရမည့် အကျင့်များ
Recommended for you - သူငယ်တန်းမှ ဒုတိယတန်းအထိ ဇူလိုင်အခန်းဆုံးစာမေးပွဲမရှိ
Credit; internetjournal