×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Wednesday, 01 August 2018

နိုင်ငံခြားမှာ ကျောင်းသွားတက်မယ်ဆိုရင် ဘာတွေပြင်ဆင်သင့်လဲ၊ ဘယ်လိုအရည်အချင်းတွေ လိုမလဲ?

ဘာတွေပြင်ဆင်မလဲ

၁။ မိမိအနေဖြင့် အမှန်တကယ် ဝါသနာပါတဲ့ ဘာသာရပ်ကို ရွေးချယ်ပါ။ ဒါမှ ထိရောက်အောင် ကြိုးစားနိုင်မှာပါ။

၂။ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်နားလည်အောင် ပြုလုပ်ထားပါ။ ဒါမှ ကျောင်းကိုလျှောက်နိုင် မှာပါ။

၃။ ကိုယ်တက်မယ့်ကျောင်းရဲ့ စည်းမျဉ်းဥပဒေတွေကို ကြိုတင်လေ့လာထားပါ။

၎။ ကိုယ်သွားတက်မယ့်ကျောင်းရှိတဲ့ နိုင်ငံရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာတွေကို ကြိုတင်လေ့လာထားပါ။ ဒါမှ Culture Shock မဖြစ်မှာပါ။

၅။ အိမ်လွမ်းတဲ့ ဝေဒနာမဖြစ်အောင် ကြိုတင်ပြင်ဆင်ထားပါ။

၆။ လိုအပ်တဲ့ Certificate နဲ့ ငွေကြေးပြည့်စုံအောင် ပြင်ဆင်ထားပါ။ ဒါမှ Visa reject မထိမှာပါ။

၇။ စိတ်ဓာတ်ခိုင်မာပြီး ကျန်းမာရေးကောင်းအောင် လုပ်ထားပါ။

၈။ ကျောင်းလျှောက်ဖို့ Agent ကိုတော့ အင်တာနက်မှာ သူတို့ရဲ့ နာမည်နဲ့ ဘယ်လောက်ယုံကြည်ရမလဲ ဆိုတာကို စုံစမ်းပါ။

 

Recommended for you - ဥပဒေပညာသင်ကို Online မှတစ်ဆင့် သင်ယူနိုင်


ဘယ်လိုအရည်အချင်းတွေ လိုမလဲ

၁။ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူဖြစ်ရမည်။

၂။ IELTS အမှတ် အနည်းဆုံး ၅.၅ ရှိဖို့ လိုအပ်ပါသည်။

၃။ အမေရိကန်တက္ကသိုလ်တွေအတွက်ဆို TOEFL အင်္ဂလန်တက္ကသိုလ်အတွက်ဆိုရင် GCE (O) Level၊ IELTS ရှိဖို့လိုပါတယ်။

၎။ အသက် ၁၇ ပြည့်ထားရင် ပိုကောင်းပါတယ်။

၅။ အင်္ဂလိပ်ဘာသာ နားလည်နိုင်မှု စွမ်းရည် နဲ့ speaking skill လည်းရှိသင့်ပါသည်။

၆။ Reading skill လည်းအထိုက်အလျောက် ကောင်းသင့်ပါသည်။

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။

Recommended for you - EDUVISION မှ ကျင်းပပြုလုပ်ပေးတဲ့ အမေရိကန် ပညာသင်ဆုများအကြောင်း ဆွေးနွေးပွဲ

 

Recommended for you - "မြန်မာပြည်မှာ MBA ဘယ်လိုတက်မလဲ"

 

Credit; EDGE

Read times Last modified on Friday, 10 January 2020 11:24
Rate this articles
(2 votes)