×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Thursday, 16 August 2018

ကျောင်းသားများနည်းပညာနဲ့ပတ်သက်လို့ဘယ်အတိုင်းအတာသိရှိတတ်မြောက်သင့်သလဲ???

ကျောင်းသားများနည်းပညာနဲ့ပတ်သက်လို့ဘယ်အတိုင်းအတာသိရှိတတ်မြောက်သင့်သလဲ??? google.com

သူငယ်တန်း

  ကျောင်းသားများအနေဖြင့် ကွန်ပြူတာ၊ မောက်စ်၊ အသံ (Volume)၊ အက်ပ် (app) နှင့် ကလစ် (click) ဟူသော ဝေါဟာရ များကို သိရှိ နားလည်သင့်သည်။

ကျောင်းသားများက အိုင်ကွန်တစ်ခုကို နှစ်ကြိမ်ဆက်တိုက် ကလစ် (double click) လုပ်၍ ဖွင့်နိုင်ရမည်။ မျက်နှာပြင်ကို ထိတွေ့ အသုံးပြုနိုင်ရမည်။ Trackpad မျက်နှာပြင်ကို ထိတွေ့၍ ရွေ့လျားကလစ် နိုင်ရမည်။

 • ကျောင်းသားများအနေဖြင့် ဧည့်သည့် အကောင့်ကိုသုံး၍ ကွန်ပြူတာစက်တစ်ခုအတွင်းသို့ ဝင်ရောက် အသုံးပြုနိုင်သင့်သည်။

 • ကျောင်းသားများအနေဖြင့် သူကိုယ်တိုင် အမှီအခို ကင်းစွာ၊ ပုံဆွဲခြင်း၊ ပုံများ ဖန်တီးခြင်း သို့မဟုတ်၊ ဆော့ဖ်ဝဲယားသုံး၍ ပုံများဖန်တီးနိုင် သင့်သည်။

 

-တန်း

 • ကျောင်းသားများအနေဖြင့် Tool bar (ကိရိယာ ဘားတန်း)၊ မှတ်တမ်း (document)၊ ဘရောက်ဇာ (Browser)၊ ပရင့်တာ (Printer)၊ ရွေးချယ်စရာ အမျိုးအမည် (Menu) စသည့် ဝေါဟာရများကို သိရှိ သင့်သည်။

 • ကျောင်းသားများအနေဖြင့် ကိရိယာဘားတန်း (Tool bar) ပေါ်တွင် ကလစ်မလုပ်ဘဲ၊ ရွေးချယ်စရာများ သွားရောက် ရှာဖွေနိုင်သင့်သည်။

 ကျောင်းသားများအနေဖြင့် အပေါ်မှကျလာသော ရွေးချယ်စရာ အမျိုးအမည်များကို မှတ်မိနေကာ၊ သုံးစွဲနိုင်ရမည်။

 • ကျောင်းသားများအနေဖြင့် အမည်နှင့် စကားဝှက် (Username and password) ကို ထည့်သွင်း၍ ကွန်ပြူတာစက်တစ်ခုကို ဝင်ရောက် အသုံးပြု နိုင်သင့်သည်။

 • ကျောင်းသားများအနေဖြင့် ဝက်ဘ်စာမျက်နှာ ဘရောက်ဇာ တစ်ခုကို ဖွင့်တတ်သင့်သည်။

 

-တန်း

 • ကျောင်းသားများအနေဖြင့် တက်ဘ် (Tab)၊ ဇယား (Spreadsheet)၊ ချိတ်ဆက်ရန် လင့်ခ် (Hyperlink)၊ ဖြတ်လမ်းတိုနည်း(Shortcut) ဟူသော ဝေါဟာရများကို သိရှိ နားလည်သင့်သည်။

 ကျောင်းသားများအနေဖြင့် ရုပ်ပုံအပေါ် ညာဖက် ကလစ်ကို နှိပ်၍ မိတ္တူကူးရန်သော်လည်းကောင်း၊ သိမ်းဆည်ရန်သော်လည်းဆောင်ရွက်နိုင်သင့်သည်။

 ကျောင်းသားများအနေဖြင့် ကိုယ်တိုင် အမှီအခိုကင်းစွာ ဖိုင်များကို နေရာရှာဖွေခြင်း၊ ဖွင့်ခြင်း၊ အမည်ပေးခြင်း၊ သိမ်းဆည်းခြင်း ပြုနိုင်သင့်သည်။

 • ကျောင်းသားများအနေဖြင့် လွယ်ကူသောဆလိုဒ် တင်ပြမှုများကို ပုံများ၊ စာများ ရောစပ်၍ ပြုလုပ်နိုင် သင့်သည်။

 

 -တန်း

 • ကျောင်းသားများအနေဖြင့် ဖိုလ်ဒါ (Folder)၊ နေရာ ရှာဖွေခြင်း (navigate)၊ ပေါ့ဒ်ကတ်စ်လွှင့်ခြင်း (podcast)၊ ခိုးချ မရိုးမသားပြုခြင်း (plagiarism) ဟူသော ဝေါဟာရများကို သိရှိနားလည်သင့်သည်။

 • ကျောင်းသားများအနေဖြင့် ညာဖက်ကလစ်ကို နှိပ်၍ အနီရောင် အောက်ခြေလိုင်းများ ပေါ်နေသည့် စကားလုံးများကို စာလုံးပေါင်းသတ်ပုံ စစ်ဆေး ပြင်ဆင်ခြင်း ပြုနိုင်သင့်သည်။

 • ကျောင်းသားများအနေဖြင့် ဖြတ်ယူ၊ မိတ္တူကူး၊ ပြန်ဖော်ထုတ် (cut, copy and paste) လုပ်နိုင် သင့်သည်။

 • ကျောင်းသားများအနေဖြင့် ခိုင်မာ အားကောင်းသည့် စကားဝှက်များ (Passwords) ကို ဖန်တီး၊ အသုံးပြု နိုင်သင့်သည်။

 

 -တန်း

 • ကျောင်းသားများအနေဖြင့် မူရင်းပုံစံ (template)၊ ဆိုင်ဘာ ဗိုလ်ကျနှောက်ယှက်ခြင်း (cyberbullying)၊ အနှစ်မဲ့စာများ(spam)၊ နှင့် လူမှုမီဒီယာ (social media) ဟူသော ဝေါဟာရများကို သိရှိနားလည် သင့်သည်။

 • ကျောင်းသားများအနေဖြင့် ညာဖက်ကလစ်ကို နှိပ်၍ ချိတ်ဆက်ရန်လင့်ခ် (hyperlink) တွင် “နောက်ထပ် တက်ဘ် (tab) အသစ်တွင် ဖွင့်ရန်” ဟူသည်ကို လုပ်ကိုင်နိုင်သင့်သည်။

 • ကျောင်းသားများအနေဖြင့် ကိုယ်တိုင် အမှီအခို ကင်းစွာ၊ ဝက်ဘ်မှ အသံလွှင့်ရန် (podcast) အတွက် Garage Band (ဂါးရာ့ခ်ျဘန်းဒ်) ဆော့ဖ်ဝဲယားကို သုံး၍ အသံတည်းဖြတ် နိုင်သင့်သည်။

 • ကျောင်းသားများအနေဖြင့် အသင့်ပြင်ဆင် ထားသည့် ပုံစံ (template) ကို သုံး၍ လွယ်ကူသည့် ဝက်ဘ်စာမျက်နှာ တစ်ခုကိုတည်းဖြတ်နိုင်သင့်သည်။

 

 -တန်း

 • ကျောင်းသားများအနေဖြင့် ကျမ်းကိုးစာရင်း (bibliography)၊ အပေါ်စာသား (header)၊ အောက်ခြေ စာသား (footer)၊ ရှာဖွေစက် (search engine) ဟူသော ဝေါဟာရများကို သိရှိနားလည် သင့်သည်။

 • ကျောင်းသားများအနေဖြင့် မျိုးစုံသော အသုံးပြုနေမှုများမှ ကွန်ပြူတာဝင်းဒိုးစ် (Windows) ကို တစ်ပြိုင်နက်တည်း မြင်နိုင်ရန်၊အရွယ်အစား ပြင်နိုင်ရမည်။

 • ကျောင်းသားများအနေဖြင့် iMovie သို့မဟုတ် Moviemaker ကဲ့သို့သော လွယ်ကူသည့် ဗီဒီယို တည်းဖြတ်ေ ဆာ့ဖ်ဝဲယားများကို အသုံးပြုနိုင် သင့်သည်။

 • ကျောင်းသားများအနေဖြင့် လွယ်ကူသည့် ဝက်ဘ်စာမျက်နှာ တစ်ခုကို၊ ယင်း၏ ပင်မပုံစံ (theme)၊ အရောင်များ၊ သို့မဟုတ် ချိတ်ဆက်ရန် လင့်ခ် (hyperlinks) များကို ပြုပြင် ပြောင်းလဲနိုင်သင့်သည်။

 

 -တန်း

ကျောင်းသားများအနေဖြင့် လွှဲပြောင်းခြင်း (transfer)၊ မူပိုင်ခွင့် (copyright)၊ မျှတလျော်ကန်စွာ အသုံးပြုခြင်း (fair use) နှင့် စိစစ်ခြင်း (filter) ဟူသည့် ဝေါဟာရများကို သိရှိနားလည် သင့်သည်။

 • ကျောင်းသားများအနေဖြင့် သူတို့ရမှတ် Grade ကို အွန်လိုင်းတွင် စစ်ဆေးတတ်ရမည်။

 • ကျောင်းသားများအနေဖြင့် မူရင်းပုံစံ (template) ကို အသုံးပြု၍ လွယ်ကူသည့် ဝက်ဘ်ဆိုဒ် တစ်ခုကို တည်းဖြတ်နိုင်သင့်သည်။

 • ကျောင်းသားများအနေဖြင့် ကီးဘုတ် စာရိုက်ခုံကို မကြည့်ဘဲ၊ တစ်မိနစ်လျှင် စာလုံးရေ ၂၀ ရိုက်နိုင်သင့်သည်။သူငယ်တန်း

 • ကျောင်းသားများအနေဖြင့် ကွန်ပြူတာ၊ မောက်စ်၊ အသံ (Volume)၊ အက်ပ် (app) နှင့် ကလစ် (click) ဟူသော ဝေါဟာရ များကို သိရှိ နားလည်သင့်သည်။

 • ကျောင်းသားများက အိုင်ကွန်တစ်ခုကို နှစ်ကြိမ်ဆက်တိုက် ကလစ် (double click) လုပ်၍ ဖွင့်နိုင်ရမည်။ မျက်နှာပြင်ကို ထိတွေ့ အသုံးပြုနိုင်ရမည်။ Trackpad မျက်နှာပြင်ကို ထိတွေ့၍ ရွေ့လျားကလစ် နိုင်ရမည်။

 • ကျောင်းသားများအနေဖြင့် ဧည့်သည့် အကောင့်ကိုသုံး၍ ကွန်ပြူတာစက်တစ်ခုအတွင်းသို့ ဝင်ရောက် အသုံးပြုနိုင်သင့်သည်။

 • ကျောင်းသားများအနေဖြင့် သူကိုယ်တိုင် အမှီအခို ကင်းစွာ၊ ပုံဆွဲခြင်း၊ ပုံများ ဖန်တီးခြင်း သို့မဟုတ်၊ ဆော့ဖ်ဝဲယားသုံး၍ ပုံများဖန်တီးနိုင် သင့်သည်။

 

 -တန်း

 • ကျောင်းသားများအနေဖြင့် ဒိုမိန်း (domain)၊ ခေါင်းစီး (banner)၊ လာဆို (lasso) ဟူသော ဝေါဟာရများကို သိရှိနားလည်သင့်သည်။

 • ကျောင်းသားများအနေဖြင့် ကိုယ်တိုင် အမှီအခို ကင်းစွာ၊ ဗီဒီယိုတည်းဖြတ် ဆော့ဝဲယားကို သုံးနိုင် သင့်သည်။

 • ကျောင်းသားများအနေဖြင့် တစ်မိနစ်လျှင် စာလုံးရေ ၂၅ ရိုက်နိုင်သင့်သည်။

 • ကျောင်းသားများအနေဖြင့် စာမျက်နှာအများပါ စာရင်းလွှာ (multiple sheet spreadsheets ) နှင့် အခြေအနေ အလိုက်သုံး သော ဖော်မြူလာများကို အသုံးပြုနိုင်သင့်သည်။

 

 -တန်း

 • ကျောင်းသားများအနေဖြင့် နယ်ပယ် (field)၊ စာအုပ်ပြင်ဆင်ခြင်း (layout)၊ ဇယား (table) နှင့် ပုဂ္ဂိုလ်ရေး မှတ်တမ်း(personal portfolio) ဟူသော ဝေါဟာရများကို သိရှိနားလည်နိုင်ရမည်။

 ကျောင်းသားများအနေဖြင့် အွန်လိုင်းတွင် ကျောင်းသား၏ ကိုယ်ရေးမှတ်တမ်းကို၊ ကြီးကြပ် လမ်းညွှန်မှုဖြင့် ဖန်တီး၊ တင်ပြနိုင်သင့်သည်။

 • ကျောင်းသားများအနေဖြင့် တစ်မိနစ်လျှင် စာလုံးရေ ၃၀ ရိုက်နိုင်သင့်သည်။

 ကျောင်းသားများအနေဖြင့် ဒေတာ အချက်အလက်များ စုဆောင်းရန် အွန်လိုင်း စစ်တမ်း ကောက်ယူမှုကို စတင် အသုံးပြုနိုင်သင့်သည်။

 

 Recommend for you-တက္ကသိုလ်ဘွဲ့ရများအတွက် အလုပ်အကိုင်အခွင့်အလမ်းအများဆုံး နိုင်ငံများ

 

-၁၀-တန်း

 • ကျောင်းသားများအနေဖြင့် ပစ်ဇဲ (pixel)၊ အရောင်သွေး (hue)၊ ကြားခံလွှာ (filter)၊ နှင့် ပုံရိပ် ပြတ်သားမှု (resolution) ဟူသော ဝေါဟာရများကို သိရှိနားလည်သင့်သည်။

 • ကျောင်းသားများအနေဖြင့် ခိုးကူးခြင်း နှင့် ခိုးယူ ကူးချခြင်း၏ ကျင့်ဝတ်ပိုင်းဆိုင်ရာနှင့် ဥပဒေကြောင်း နောက်ဆက်တွဲ ဆိုးကျိုးများကို နားလည်စေ သင့်သည်။

 • ကျောင်းသားများအနေဖြင့် ရင်းမြစ်မျိုးစုံကို အသုံးပြု၍ သီးသန့် အမှီအခိုကင်းစွာ၊ သုတေသနဆိုင်ရာ ကျွမ်းကျင်မှုများကို လေ့ကျင့် သင့်သည်။

 • ကျောင်းသားများအနေဖြင့် ဝက်ဘ်ဆိုဒ်များကို ယင်းတို့၏ ကျိုးကြောင်းခိုင်လုံမှု၊ ယုံကြည် အားထားရမှု၊ ရည်ရွယ်ချက်များကို အကဲဖြတ်နိုင်စွမ်း ရှိသင့်သည်။

 • ကျောင်းသားများအနေဖြင့် ဖိုတိုရှော့ပ် (Photoshop)၊ အီလျူစထရေးတာ (Illustrator) သို့မဟုတ် ပီကာဆာ (Picassa) အစရှိသည့် ဆော့ဖ် ဝဲယားများကို အသုံးပြု၍ ဓာတ်ပုံများကို တည်းဖြတ် နိုင်သင့်သည်။

 • ကျောင်းသားများအနေဖြင့် တစ်မိနစ်လျှင် စာလုံးရေ ၄၀ ရိုက်နိုင်သင့်သည်။

 

 ၁၁-၁၂ -တန်း

 • ကျောင်းသားများအနေဖြင့် ပရိုတိုကော (protocol)၊ ဒိုမိန်း အမည် (domain name)၊ ဆာဗာ လမ်းကြောင်း (server path)၊ နှင့် ဒစ်ဂျစ်တယ် လှည့်စားပုံပြောင်းခြင်း (digital manipulation) ဟူသော ဝေါဟာရများကို သိရှိနားလည်သင့်သည်။

 • ကျောင်းသားများအနေဖြင့် အွန်လိုင်းတွင် တင်ပြမှု၊ သို့မဟုတ် မိမိ၏ကိုယ်ရေးမှတ်တမ်းကို လေ့လာသင်ယူနေမှုကို ပြသသည့်အနေဖြင့် တင်ပြ နိုင်သင့်သည်။

 • ကျောင်းသားများအနေဖြင့် နည်းပညာ အထူးပြု၊ သို့မဟုတ် သုတေသန စာကြည့်တိုက်များကို အသုံးပြု နိုင်သင့်သည်။

 • ကျောင်းသားများအနေဖြင့် ဒေတာရင်းမြစ်များမှ မှတ်တမ်းများကို စာရိုက်/စာပြင် (word processing) မှတ်တမ်းတစ်ခုထဲသို့စုပေါင်း (merge) ပြုနိုင်ရမည်။

 • ကျောင်းသားများအနေဖြင့် တစ်မိနစ်လျှင် စာလုံးရေ ၅၀ ရိုက်နိုင်သင့်သည်။

 

 Recommend for you-နိုင်ငံခြားမှာ ကျောင်းသွားတက်လိုလျှင် ဘာတွေပြင်ဆင်သင့်လဲ။

 

Recommend for you-၂၀၁၈ ခုနှစ် ကမ္ဘာ့ထိပ်တန်းဝင် တက္ကသိုလ် (၁၀) ခု

 

Credit; Aung Thu Nyeen 

Read times Last modified on Saturday, 11 January 2020 10:26
Rate this articles
(1 Vote)