×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Monday, 20 January 2020

အေမရိကန္ႏိုင္ငံဟာ ကမာၻ ေပၚမွာ ဘာလို႔အရာရာ top ျဖစ္ေနရလဲဆိုေတာ့

အေမရိကန္ႏိုင္ငံဟာ ကမာၻ ေပၚမွာ ဘာလို႔အရာရာ top ျဖစ္ေနရလဲဆိုေတာ့ google

အမေရိကန်နိုင်ငံဟာ ကမ္ဘာ ပေါ်မှာ...


ဘာလို့အရာရာ top ဖြစ်နေရလဲဆိုတာ
ဒီ..မူကြို ဆရာမလေးရဲ့အဖြေကိုဖတ်ကြည့်ပြီး
မအံ့ဩတော့ဘူး....... ...
.... ... ... ...

အိပ်ခန်းထဲရှိ စလောင်းတီဗွီ၌
အင်တာဗျူ း တစ်ခုလာနေသည်။

၎င်း အင်တာဗျူးကို....
စိတ်ဝင်တစားနားထောင်မိခဲ့သည်။
သဘောကျ မိပါသည်။

ယင်းအင်တာဗျူ းတွင် မူကြိုကျောင်းမှ ဆရာမငယ်တစ်ဦးကို မေးမြန်းခြင်းဖြစ်သည်။

ပြထားသော နောက်ခံလှုပ်ရှားမှုတွင် ကလေးငယ်များက မြက်ခင်းပေါ်တွင် ဆော့ကစားနေကြသည်။

" ဆရာမ တာဝန်ထမ်းတာ ကြာပြီလား "

" ၃နှစ်လောက်ရှိပြီ"

" ဘာတာဝန်ယူရလဲ "

" ကလေးတွေရဲ့ စရိုက်သဘာဝကို သူတို့စရိုက် အမှန်အတိုင်း မိဘတွေသိဖို့ ၊ ကလေးတွေကိုယ်တိုင် သိဖို့ တာဝန်ကိုယူရတယ် "

" မူကြိုဆရာ အလုပ်ကိုဘာကြောင့်ရွေးချယ်ဖြစ်တာလဲ "

" နောင်တစ်ချိန်မှာ တန်ဖိုးအရှိဆုံး လူသားတွေ ဖြစ်လာမဲ့ ကလေးငယ်တွေကို အသေအချာ လေ့လာခွင့် ထိတွေ့ခွင့်ရတဲ့ အလုပ်ဆိုတာ မူကြိုဆရာ မအလုပ်ပဲ ရှိတာလေ ဒါကြောင့်မူကြိုဆရာမ. အလုပ်ကို ကျွန်မရွေးချယ်တာ "

" ဒီထက်ပိုရှင်းပြလို့ရမလား "

" ကလေးဆိုတာ ချစ်စရာကောင်းတယ် အားကိုးစရာကောင်းတယ် ကြောက်စရာကောင်းတယ်ရှင့် "

" ဘာကြောင့်လဲ "

ရိုးသားလို့. ချစ်စရာကောင်းတာလေ ။ အနာဂတ်အတွက် ပညာတတ်တွေ ပညာရှင်တွေ ဖြစ်လာမှာမို့ အားကိုးစရာလည်းကောင်းတယ် "

"ဒါဖြစ်ရင် ဘာလို့ ကြောက်စရာ ကောင်းတာလဲ "

" ဒီကလေးတွေ ယဉ်ကျေး လိမ္မာခြင်းမရှိပဲ ကြီးလာခဲ့ရင် အားလုံးအတွက်ရန်သူဖြစ်နိုင်လို့ ပဲ ...အရှေ့တိုင်းစာပေမှာ အမွေခံသားသမီးဆိုးကို ရန်သူထဲမှာ ထည့်ထားတာဖတ်ဖူးတယ်။ ဒီတော့ကလေးဆိုတာ ကျွန်မတို့ပညာရေး ပေါ်လစီမှားရင် ရန်သူဖြစ်လာနိုင်တယ် ...ဒါကြောင့် ကြောက်တာ "

" ဟုတ်တယ်နော် ..ဆက်ပြောပါဦး "

" ကျွန်မ ဒါကြောင့် ဆရာမ အလုပ်ကို နှစ်သက်တာ ရောက်စတုန်းကတော့ စိတ်ညစ်တာပေါ့ရှင် မျောက်တွေ ကျားတွေ ထိန်းနေရတဲ့အတိုင်းပဲ။တဖြည်းဖြည်းနဲ့ သူတို့ရဲ့ ချစ်စရာအမူအကျင့်တွေကြောင့် ချစ်တတ်လာတယ်။ဒီလိုပဲ ကိုယ့်ရဲ့တာဝန်ကို ကိုယ်ကိုယ်တိုင် ကျေနပ်လာတဲ့အတွက် ပျော်လာတယ်။ "

"ပညာရေးရဲ့ အဓိကရည်မှန်းချက်ကဘာလဲဗျ
ခင်ဗျားနားလည်သလို ပြောပြစမ်းပါ "

"ကျွန်မ အယူအဆကိုပြောပြမယ်နော်ပညာရေးရဲ့. အဓိက ရည်မှန်းချက် ဆိုတာ ဧကရာဇ် ဘုရင်ကြီးတွေ မွေးဖွားပေးဖို့ လည်းမဟုတ်ဘူး ။ မဟာသူဌေးမင်းကြီးတွေ ပေါ်ပေါက်လာဖို့လည်းမဟုတ်ဘူး ။

မဟာပညာကျော်ကြီးတွေ ဖြစ်လာဖို့လည်း မဟုတ်ဘူး ။ ပညာရေးရဲ့. အဓိက. ရည်မှန်းချက် က တိုင်းပြည်အနေနဲ့ပြောရမယ်ဆိုရင် နိုင်ငံသူ နိုင်ငံသား ကောင်းတွေ မွေးထုတ်ပေးဖို့ပဲ။

လူတွေကိုချစ်တတ်လာအောင်သင်ပေးဖို့ပဲ။ အိမ်တစ်အိမ်အနေနဲ့ ပြောရမယ်ဆိုရင် သားကောင်းသမီးကောင်း ၊ မိသားစုကောင်း ဖြစ်အောင် သင်ပေးခြင်းက. အ​ခြေခံပညာရေးရဲ့ ရည်မှန်းချက် ပဲ "

" ခင်ဗျားဖြေတာတော်တော်ကောင်းတာပဲ...
ဆက်ပြီးမေးခွင့်ပြုပါ။ "

" ရပါတယ် "

" လစာဘယ်လောက်ရလဲ "

" ဒီမေးခွန်းတော့ မမေးသင့်ဘူးထင်တယ် "

" ဒီလိုပါ ...ဝန်ထမ်းတစ်ယောက်ဟာ လစာလုံလောက်စွာမရရင် အကျင့်ပျက်နိုင်တယ်။ အကျင့်ပျက်ဝန်ထမ်းဆိုတာ သူ့အလိုလို ဖြစ်လာတာမဟုတ်ဘူး။ ခေတ်အခြေအနေ လစာညီမျှမှုမရှိခြင်းဟာ အကျင့်ပျက်ဝန်ထမ်းကိုမွေးဖွားပေးတတ်တယ်။ ဒါကြောင့်မေးတာပါ။ "

" လစာကလုံလောက်ပါတယ် ။ ခံစားခွင့်တွေလည်း အပြည့်အဝပေးထားတယ်လေ ။ ဒီတော့ ကျမတို့ဘက်က ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ စေတနာလည်းပါသင့်တယ် ။ ဝါသနာလည်းပါသင့်တယ်။ ကိုယ့်အလုပ်ကို
ကိုယ်တန်ဖိုးထားတတ်ဖို့ လည်းလိုတယ်။ ဒါမှ ဝန်ထမ်းကောင်းဖြစ်မှာရှင့် " ဆက်ပြီးမေးပါရစေ "

" ကောင်းပါပြီ ..မေးပါရှင် "

" ကလေးတွေဉာဏ်ရည်ဘယ်လိုနေသလဲ "

" ပြန်ပြီးမေးပါ ..မေးခွန်းကို နားမလည်လို့ပါ "

" ကလေးတွေက တော်သလား ညံ့သလား လို့ဆိုလိုတာပါ "

" ဒါဆိုရင် ရှင့်ကို မေးခွန်းတစ်ခု ပြန်မေးမယ် ...နှင်းဆီပန်းနဲ့ စပယ်ပန်း ဘယ်ပန်းကလှလဲ "

" ဘာဆိုင်လို့လဲ "

" ဖြေကြည့်ပါ "

" နှင်းဆီ ပန်းကလှတာပေါ့ "

" ကျွန်မမေးတာ နှင်းဆီ ပန်းနဲ့ စံပယ်ပန်း ဘယ်ပန်းပိုလှ သလဲလို့ မေးတာလေ "

" ဖြေပြီးပြီလေ နှင်းဆီပန်းက လှတယ်လို့ "

" ကျွန်မမေးတာ ဘယ်ပန်းကိုပိုကြိုက်သလဲ လို့ မေးတာမဟုတ်ဘူး ..ရှင်က ..ရှင်ကြိုက်တဲ့ နှင်းဆီ ပန်းကိုပဲ လှတယ်လို့ ပြောနေတယ်။ "

"ဟုတ်သားပဲ ကျုပ်ကနှင်းဆီပန်းကိုကြိုက်တာဗျ ဒါကြောင့် နှင်းဆီပန်းကို လှတယ် လို့ဖြေလိုက်မိတာပဲ "

" တကယ်တော့ နှင်းဆီပန်းလည်းလှသလို စပယ်ပန်းလည်း လှတာပါပဲရှင် ။ ကလေးတွေကို တော်သလားညံသလားဆိုတဲ့မေးခွန်းဟာ လူကြီးတွေ ဘယ်တော့မှ မမေးသင့်တဲ့ မေးခွန်းပဲ ။ သူ့အလှနဲ့သူ အားလုံး လှကြပါတယ်။ ကျမတို့လူကြီးတွေကသာ လူငယ်တွေကို တန်ဖိုးထားတတ်ကြဖို့ ပိုပြီးလိုအပ်တယ်။

ဘာပဲပြောပြော ကလေးတွေအားလုံး မညံ့ကြပါဘူး ။ သူတို့မှာ ကျွန်မတို့နဲ့ မတူတဲ့ စိတ်ကူးစိတ်သန်းတွေ ရှိတယ်။ လူငယ်တွေရဲ့ စိတ်ကူးစိတ်သန်းဟာ တိုင်းပြည်တစ်ပြည်ရဲ့ သယံဇာတ တစ်ခုပါပဲရှင့်။

အဲဒီစိတ်ကူး စိတ်သန်းတွေကို ဖျက်ဆီးမပစ်ဖို့ဘဲလိုတယ်။လူငယ်တွေရဲ့အိမ်မက်တွေကို တည်ဆောက်ပေးခြင်းဟာ နိုင်ငံတစ်ခုရဲ့တာဝန်ပဲရှင့် "

" ခင် ဗျားက ဆရာမလုပ်သက် အနည်းငယ်သာရှိပေမယ့် မေး ခွန်းတွေရဲ့ အဖြေကို စနစ်တကျပြောတတ်တယ်နော် "

" စာဖတ်လို့ပါ "

"ဘာစာတွေဖတ်လဲ "

" အစုံ ဖတ်တယ် အားရင် ကျွန်မစာဖတ်တယ် "

" ဒါနဲ့.မေးရအုံးမယ် အိုဘားမားကို နှစ်သက်လား "

" နှစ်သက်ခဲ့ပါတယ် "

" နောက်တစ်ကြိမ်အတွက် ထပ်ပြီးနှစ်သက်နိုင်ပါ ဦးမလား "

" ဒါကတော့ မပြောနိုင်ဘူးရှင့် သူ့အပြောနဲ့ သူ့အလုပ်ကို စောင့်ကြည့်ရမှာပဲ အပြောနဲ့ အလုပ်ညီရင်တော့ တစ်မျိုးပေါ့ အပြောတခြား အလုပ်တခြားဆိုရင်တော့လည်းတစ်မျိုးပေါ့လေ "

" သမ္မတ ကြီးနဲ့ ခင်ဗျားနဲ့ ဘယ်သူက တိုင်းပြည်အတွက်ပိုအရေးကြီးသလဲ "

"တိုင်းပြည်အတွက်ဆိုရင်တော့ သူရော၊ ကျွန်မရော ၊ ရှင်ရော ဒီနိုင်ငံမှာရှိတဲ့လူတွေအားလုံး အတူတူပဲ အရေးကြီးတယ။် ရှင့်မေးခွန်းက တစ်ခုခုလိုနေသလိုပဲ ။

ဒီနိုင်ငံမှာနေ ဒီမြေ ၊ ဒီရေ ၊ ဒီလေ နဲ့အသက်ရှင်ကြသူအချင်းချင်း အားလုံးအတွက် ...အားလုံး အရေးကြီးတယ်...အားလုံးအရေးပါတယ်။ အားလုံးကောင်းမှ အားလုံးကောင်းမယ် ။ တစ်ဦးတစ်ယောက် တစ်သင်းတစ်ဖွဲ့ ကောင်းရုံနဲ့အားလုံးမကောင်းနိုင်ပါဘူး "

" all rightsကောင်းလိုက်တဲ့အဖြေဗျာ နောက်ဆုံးမေးခွန်းတစ်ခုမေးပါရစေ "

" သမ္မတ ကြီးနဲ့ ခင်ဗျား တိုင်းပြည်အတွက် ဘယ်သူက ပိုပြီးတာဝန်ရှိသလဲ "

" ဒါကလည်းရှင်းရှင်းလေးပါ ကျွန်မက ပိုပြီးတာဝန်ရှိတာပေါ့ "

" ဘာကြောင့်လဲဗျ ခင်ဗျားအဖြေက တစ်မျိုးကြီးပါလား "

" ဟုတ်တယ်ရှင့်...သမ္မတ တို့ ဝန်ကြီးချုပ်တို့အမတ်တို့ဆိုတာ ပါတီနောက်ခံတစ်ခုနဲ့ ရွေးချယ်ခံရပြီး တာဝန်အပ်နှင်းခံရတဲ့သူတွေလေ ..၄..နှစ်သက်တမ်းအတွင်းမှာကို တာဝန်ကရပ်စဲခြင်းခံရနိုင်တာပဲ ။ နောက်ထပ် ၄..နှစ်ဆိုတာ ဘာမှမသေချာဘူးလေ။ ကျွန်မတို့က နိုင်ငံဝန်ထမ်းတွေရှင့်။ပင်စင်မယူမချင်းအလုပ်လုပ်ကြရမှာ ..တိုင်းပြည်အတွက် ကျမတို့ ဝန်ထမ်းတွေက ပိုပြီးတာဝန်ရှိတာပေါ့ရှင်...ဝန်ထမ်းကောင်းမှ
တိုင်းပြည်ကောင်းမှာရှင့် "

" ကျေးဇူးတင်ပါတယ် ..ခင်ဗျားအဖြေကိုသဘောကျပါတယ် "

" ကျွန်မလည်း ဖြေဆိုခွင့်ရလို့ ကျေးဇူးတင်ပါတယ်

အနှစ်ချုပ်ကြည့်ရင်ဖြင့် တစ်ခါတစ်ရံ တွင် လူတို့သည်
ကိုယ့်တန်ဖိုးကိုကိုယ်မသိကြပေ။
ကိုယ့်နေရာကိုယ် တန်ဖိုးမထားကြ ၊
ကိုယ့်တာဝန်ကိုယ် မသိကြပါ။

credit - original upload

 

(Zawgyi)

အေမရိကန္ႏိုင္ငံဟာ ကမာၻ ေပၚမွာ ဘာလို႔အရာရာ top ျဖစ္ေနရလဲဆိုေတာ့

အေမရိကန္ႏိုင္ငံဟာ ကမာၻ ေပၚမွာ...
ဘာလို႔အရာရာ top ျဖစ္ေနရလဲဆိုတာ
ဒီ..မူႀကိဳ ဆရာမေလးရဲ႕အေျဖကိုဖတ္ၾကည့္ၿပီး
မအံ့ဩေတာ့ဘူး....... ...
.... ... ... ...

အိပ္ခန္းထဲရွိ စေလာင္းတီဗြီ၌
အင္တာဗ်ဴ း တစ္ခုလာေနသည္။

၎ အင္တာဗ်ဴးကို....
စိတ္ဝင္တစားနားေထာင္မိခဲ့သည္။
သေဘာက် မိပါသည္။

ယင္းအင္တာဗ်ဴ းတြင္ မူႀကိဳေက်ာင္းမွ ဆရာမငယ္တစ္ဦးကို ေမးျမန္းျခင္းျဖစ္သည္။

ျပထားေသာ ေနာက္ခံလႈပ္ရွားမႈတြင္ ကေလးငယ္မ်ားက ျမက္ခင္းေပၚတြင္ ေဆာ့ကစားေနၾကသည္။

" ဆရာမ တာဝန္ထမ္းတာ ၾကာၿပီလား "

" ၃ႏွစ္ေလာက္ရွိၿပီ"

" ဘာတာဝန္ယူရလဲ "

" ကေလးေတြရဲ႕ စ႐ိုက္သဘာဝကို သူတို႔စ႐ိုက္ အမွန္အတိုင္း မိဘေတြသိဖို႔ ၊ ကေလးေတြကိုယ္တိုင္ သိဖို႔ တာဝန္ကိုယူရတယ္ "

" မူႀကိဳဆရာ အလုပ္ကိုဘာေၾကာင့္ေ႐ြးခ်ယ္ျဖစ္တာလဲ "

" ေနာင္တစ္ခ်ိန္မွာ တန္ဖိုးအရွိဆုံး လူသားေတြ ျဖစ္လာမဲ့ ကေလးငယ္ေတြကို အေသအခ်ာ ေလ့လာခြင့္ ထိေတြ႕ခြင့္ရတဲ့ အလုပ္ဆိုတာ မူႀကိဳဆရာ မအလုပ္ပဲ ရွိတာေလ ဒါေၾကာင့္မူႀကိဳဆရာမ. အလုပ္ကို ကြၽန္မေ႐ြးခ်ယ္တာ "

" ဒီထက္ပိုရွင္းျပလို႔ရမလား "

" ကေလးဆိုတာ ခ်စ္စရာေကာင္းတယ္ အားကိုးစရာေကာင္းတယ္ ေၾကာက္စရာေကာင္းတယ္ရွင့္ "

" ဘာေၾကာင့္လဲ "

႐ိုးသားလို႔. ခ်စ္စရာေကာင္းတာေလ ။ အနာဂတ္အတြက္ ပညာတတ္ေတြ ပညာရွင္ေတြ ျဖစ္လာမွာမို႔ အားကိုးစရာလည္းေကာင္းတယ္ "

"ဒါျဖစ္ရင္ ဘာလို႔ ေၾကာက္စရာ ေကာင္းတာလဲ "

" ဒီကေလးေတြ ယဥ္ေက်း လိမၼာျခင္းမရွိပဲ ႀကီးလာခဲ့ရင္ အားလုံးအတြက္ရန္သူျဖစ္ႏိုင္လို႔ ပဲ ...အေရွ႕တိုင္းစာေပမွာ အေမြခံသားသမီးဆိုးကို ရန္သူထဲမွာ ထည့္ထားတာဖတ္ဖူးတယ္။ ဒီေတာ့ကေလးဆိုတာ ကြၽန္မတို႔ပညာေရး ေပၚလစီမွားရင္ ရန္သူျဖစ္လာႏိုင္တယ္ ...ဒါေၾကာင့္ ေၾကာက္တာ "

" ဟုတ္တယ္ေနာ္ ..ဆက္ေျပာပါဦး "

" ကြၽန္မ ဒါေၾကာင့္ ဆရာမ အလုပ္ကို ႏွစ္သက္တာ ေရာက္စတုန္းကေတာ့ စိတ္ညစ္တာေပါ့ရွင္ ေမ်ာက္ေတြ က်ားေတြ ထိန္းေနရတဲ့အတိုင္းပဲ။တျဖည္းျဖည္းနဲ႔ သူတို႔ရဲ႕ ခ်စ္စရာအမူအက်င့္ေတြေၾကာင့္ ခ်စ္တတ္လာတယ္။ဒီလိုပဲ ကိုယ့္ရဲ႕တာဝန္ကို ကိုယ္ကိုယ္တိုင္ ေက်နပ္လာတဲ့အတြက္ ေပ်ာ္လာတယ္။ "

"ပညာေရးရဲ႕ အဓိကရည္မွန္းခ်က္ကဘာလဲဗ်
ခင္ဗ်ားနားလည္သလို ေျပာျပစမ္းပါ "

"ကြၽန္မ အယူအဆကိုေျပာျပမယ္ေနာ္ပညာေရးရဲ႕. အဓိက ရည္မွန္းခ်က္ ဆိုတာ ဧကရာဇ္ ဘုရင္ႀကီးေတြ ေမြးဖြားေပးဖို႔ လည္းမဟုတ္ဘူး ။ မဟာသူေဌးမင္းႀကီးေတြ ေပၚေပါက္လာဖို႔လည္းမဟုတ္ဘူး ။

မဟာပညာေက်ာ္ႀကီးေတြ ျဖစ္လာဖို႔လည္း မဟုတ္ဘူး ။ ပညာေရးရဲ႕. အဓိက. ရည္မွန္းခ်က္ က တိုင္းျပည္အေနနဲ႔ေျပာရမယ္ဆိုရင္ ႏိုင္ငံသူ ႏိုင္ငံသား ေကာင္းေတြ ေမြးထုတ္ေပးဖို႔ပဲ။

လူေတြကိုခ်စ္တတ္လာေအာင္သင္ေပးဖို႔ပဲ။ အိမ္တစ္အိမ္အေနနဲ႔ ေျပာရမယ္ဆိုရင္ သားေကာင္းသမီးေကာင္း ၊ မိသားစုေကာင္း ျဖစ္ေအာင္ သင္ေပးျခင္းက. အ​ေျခခံပညာေရးရဲ႕ ရည္မွန္းခ်က္ ပဲ "

" ခင္ဗ်ားေျဖတာေတာ္ေတာ္ေကာင္းတာပဲ...
ဆက္ၿပီးေမးခြင့္ျပဳပါ။ "

" ရပါတယ္ "

" လစာဘယ္ေလာက္ရလဲ "

" ဒီေမးခြန္းေတာ့ မေမးသင့္ဘူးထင္တယ္ "

" ဒီလိုပါ ...ဝန္ထမ္းတစ္ေယာက္ဟာ လစာလုံေလာက္စြာမရရင္ အက်င့္ပ်က္ႏိုင္တယ္။ အက်င့္ပ်က္ဝန္ထမ္းဆိုတာ သူ႔အလိုလို ျဖစ္လာတာမဟုတ္ဘူး။ ေခတ္အေျခအေန လစာညီမွ်မႈမရွိျခင္းဟာ အက်င့္ပ်က္ဝန္ထမ္းကိုေမြးဖြားေပးတတ္တယ္။ ဒါေၾကာင့္ေမးတာပါ။ "

" လစာကလုံေလာက္ပါတယ္ ။ ခံစားခြင့္ေတြလည္း အျပည့္အဝေပးထားတယ္ေလ ။ ဒီေတာ့ က်မတို႔ဘက္က ကိုယ္လုပ္တဲ့အလုပ္အေပၚမွာ ေစတနာလည္းပါသင့္တယ္ ။ ဝါသနာလည္းပါသင့္တယ္။ ကိုယ့္အလုပ္ကို
ကိုယ္တန္ဖိုးထားတတ္ဖို႔ လည္းလိုတယ္။ ဒါမွ ဝန္ထမ္းေကာင္းျဖစ္မွာရွင့္ " ဆက္ၿပီးေမးပါရေစ "

" ေကာင္းပါၿပီ ..ေမးပါရွင္ "

" ကေလးေတြဉာဏ္ရည္ဘယ္လိုေနသလဲ "

" ျပန္ၿပီးေမးပါ ..ေမးခြန္းကို နားမလည္လို႔ပါ "

" ကေလးေတြက ေတာ္သလား ညံ့သလား လို႔ဆိုလိုတာပါ "

" ဒါဆိုရင္ ရွင့္ကို ေမးခြန္းတစ္ခု ျပန္ေမးမယ္ ...ႏွင္းဆီပန္းနဲ႔ စပယ္ပန္း ဘယ္ပန္းကလွလဲ "

" ဘာဆိုင္လို႔လဲ "

" ေျဖၾကည့္ပါ "

" ႏွင္းဆီ ပန္းကလွတာေပါ့ "

" ကြၽန္မေမးတာ ႏွင္းဆီ ပန္းနဲ႔ စံပယ္ပန္း ဘယ္ပန္းပိုလွ သလဲလို႔ ေမးတာေလ "

" ေျဖၿပီးၿပီေလ ႏွင္းဆီပန္းက လွတယ္လို႔ "

" ကြၽန္မေမးတာ ဘယ္ပန္းကိုပိုႀကိဳက္သလဲ လို႔ ေမးတာမဟုတ္ဘူး ..ရွင္က ..ရွင္ႀကိဳက္တဲ့ ႏွင္းဆီ ပန္းကိုပဲ လွတယ္လို႔ ေျပာေနတယ္။ "

"ဟုတ္သားပဲ က်ဳပ္ကႏွင္းဆီပန္းကိုႀကိဳက္တာဗ် ဒါေၾကာင့္ ႏွင္းဆီပန္းကို လွတယ္ လို႔ေျဖလိုက္မိတာပဲ "

" တကယ္ေတာ့ ႏွင္းဆီပန္းလည္းလွသလို စပယ္ပန္းလည္း လွတာပါပဲရွင္ ။ ကေလးေတြကို ေတာ္သလားညံသလားဆိုတဲ့ေမးခြန္းဟာ လူႀကီးေတြ ဘယ္ေတာ့မွ မေမးသင့္တဲ့ ေမးခြန္းပဲ ။ သူ႔အလွနဲ႔သူ အားလုံး လွၾကပါတယ္။ က်မတို႔လူႀကီးေတြကသာ လူငယ္ေတြကို တန္ဖိုးထားတတ္ၾကဖို႔ ပိုၿပီးလိုအပ္တယ္။

ဘာပဲေျပာေျပာ ကေလးေတြအားလုံး မညံ့ၾကပါဘူး ။ သူတို႔မွာ ကြၽန္မတို႔နဲ႔ မတူတဲ့ စိတ္ကူးစိတ္သန္းေတြ ရွိတယ္။ လူငယ္ေတြရဲ႕ စိတ္ကူးစိတ္သန္းဟာ တိုင္းျပည္တစ္ျပည္ရဲ႕ သယံဇာတ တစ္ခုပါပဲရွင့္။

အဲဒီစိတ္ကူး စိတ္သန္းေတြကို ဖ်က္ဆီးမပစ္ဖို႔ဘဲလိုတယ္။လူငယ္ေတြရဲ႕အိမ္မက္ေတြကို တည္ေဆာက္ေပးျခင္းဟာ ႏိုင္ငံတစ္ခုရဲ႕တာဝန္ပဲရွင့္ "

" ခင္ ဗ်ားက ဆရာမလုပ္သက္ အနည္းငယ္သာရွိေပမယ့္ ေမး ခြန္းေတြရဲ႕ အေျဖကို စနစ္တက်ေျပာတတ္တယ္ေနာ္ "

" စာဖတ္လို႔ပါ "

"ဘာစာေတြဖတ္လဲ "

" အစုံ ဖတ္တယ္ အားရင္ ကြၽန္မစာဖတ္တယ္ "

" ဒါနဲ႔.ေမးရအုံးမယ္ အိုဘားမားကို ႏွစ္သက္လား "

" ႏွစ္သက္ခဲ့ပါတယ္ "

" ေနာက္တစ္ႀကိမ္အတြက္ ထပ္ၿပီးႏွစ္သက္ႏိုင္ပါ ဦးမလား "

" ဒါကေတာ့ မေျပာႏိုင္ဘူးရွင့္ သူ႔အေျပာနဲ႔ သူ႔အလုပ္ကို ေစာင့္ၾကည့္ရမွာပဲ အေျပာနဲ႔ အလုပ္ညီရင္ေတာ့ တစ္မ်ိဳးေပါ့ အေျပာတျခား အလုပ္တျခားဆိုရင္ေတာ့လည္းတစ္မ်ိဳးေပါ့ေလ "

" သမၼတ ႀကီးနဲ႔ ခင္ဗ်ားနဲ႔ ဘယ္သူက တိုင္းျပည္အတြက္ပိုအေရးႀကီးသလဲ "

"တိုင္းျပည္အတြက္ဆိုရင္ေတာ့ သူေရာ၊ ကြၽန္မေရာ ၊ ရွင္ေရာ ဒီႏိုင္ငံမွာရွိတဲ့လူေတြအားလုံး အတူတူပဲ အေရးႀကီးတယ။္ ရွင့္ေမးခြန္းက တစ္ခုခုလိုေနသလိုပဲ ။

ဒီႏိုင္ငံမွာေန ဒီေျမ ၊ ဒီေရ ၊ ဒီေလ နဲ႔အသက္ရွင္ၾကသူအခ်င္းခ်င္း အားလုံးအတြက္ ...အားလုံး အေရးႀကီးတယ္...အားလုံးအေရးပါတယ္။ အားလုံးေကာင္းမွ အားလုံးေကာင္းမယ္ ။ တစ္ဦးတစ္ေယာက္ တစ္သင္းတစ္ဖြဲ႕ ေကာင္း႐ုံနဲ႔အားလုံးမေကာင္းႏိုင္ပါဘူး "

" all rightsေကာင္းလိုက္တဲ့အေျဖဗ်ာ ေနာက္ဆုံးေမးခြန္းတစ္ခုေမးပါရေစ "

" သမၼတ ႀကီးနဲ႔ ခင္ဗ်ား တိုင္းျပည္အတြက္ ဘယ္သူက ပိုၿပီးတာဝန္ရွိသလဲ "

" ဒါကလည္းရွင္းရွင္းေလးပါ ကြၽန္မက ပိုၿပီးတာဝန္ရွိတာေပါ့ "

" ဘာေၾကာင့္လဲဗ် ခင္ဗ်ားအေျဖက တစ္မ်ိဳးႀကီးပါလား "

" ဟုတ္တယ္ရွင့္...သမၼတ တို႔ ဝန္ႀကီးခ်ဳပ္တို႔အမတ္တို႔ဆိုတာ ပါတီေနာက္ခံတစ္ခုနဲ႔ ေ႐ြးခ်ယ္ခံရၿပီး တာဝန္အပ္ႏွင္းခံရတဲ့သူေတြေလ ..၄..ႏွစ္သက္တမ္းအတြင္းမွာကို တာဝန္ကရပ္စဲျခင္းခံရႏိုင္တာပဲ ။ ေနာက္ထပ္ ၄..ႏွစ္ဆိုတာ ဘာမွမေသခ်ာဘူးေလ။ ကြၽန္မတို႔က ႏိုင္ငံဝန္ထမ္းေတြရွင့္။ပင္စင္မယူမခ်င္းအလုပ္လုပ္ၾကရမွာ ..တိုင္းျပည္အတြက္ က်မတို႔ ဝန္ထမ္းေတြက ပိုၿပီးတာဝန္ရွိတာေပါ့ရွင္...ဝန္ထမ္းေကာင္းမွ
တိုင္းျပည္ေကာင္းမွာရွင့္ "

" ေက်းဇူးတင္ပါတယ္ ..ခင္ဗ်ားအေျဖကိုသေဘာက်ပါတယ္ "

" ကြၽန္မလည္း ေျဖဆိုခြင့္ရလို႔ ေက်းဇူးတင္ပါတယ္

အႏွစ္ခ်ဳပ္ၾကည့္ရင္ျဖင့္ တစ္ခါတစ္ရံ တြင္ လူတို႔သည္
ကိုယ့္တန္ဖိုးကိုကိုယ္မသိၾကေပ။
ကိုယ့္ေနရာကိုယ္ တန္ဖိုးမထားၾက ၊
ကိုယ့္တာဝန္ကိုယ္ မသိၾကပါ။

credit - original upload

Read times
Rate this articles
(0 votes)