×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Friday, 17 January 2020

“Capernaum" ရုပ်ရှင်ကားကြောင့် ဒုက္ခသည်ဘဝကနေ ပြောင်းလဲသွားတဲ့သရုပ်ဆောင် ဇိမ်း"

“Capernaum" ရုပ်ရှင်ကားကြောင့် ဒုက္ခသည်ဘဝကနေ ပြောင်းလဲသွားတဲ့သရုပ်ဆောင် ဇိမ်း" google

မိဘတွေကို ပြန်တရားစွဲဆိုတဲ့ဇာတ်လမ်းအဖြစ် နာမည်ကြီးခဲ့တဲ့ “Capernaum" ဆိုတဲ့ လစ်ဘနွန်ဒရမ်မာရုပ်ရှင် ဇာတ်လမ်းထဲက အဓိကဇာတ်ကောင် “စိမ်း” (Zain) ဆိုတဲ့ ၁၂ နှစ် အရွယ်ကောင်လေးကို မှတ်မိကြမယ်ထင်ပါ တယ်။

လူရာသွင်းမခံရလောက်အောင် နိမ့်ကျတဲ့မိသားစုမှာ မွေးဖွားလာပြီး အရွယ်နဲ့မလိုက်အောင် အလုပ်လုပ် ခဲ့ရတဲ့ ဇိမ်း၊ ညီမလေး ကို အရမ်းချစ်ရှာပေမဲ့ ကလေးအရွယ်မှာပဲ ယောကျာ်းပေးစားခံလိုက်ရတဲ့အခါ စိတ်ဆိုးဆိုးနဲ့ အိမ်ကထွက်သွားခဲ့တဲ့ ဇိမ်း၊ အိမ်ခဏပြန်လာချိန်မှာ ညီမဖြစ်သူရဲ့ သတင်းဆိုးကြောင့် ဓါးထိုးမှုဖြစ် ကာ ထောင်ကျခဲ့ရတဲ့ ဇိမ်း၊ မကျွေးနိုင်ဘဲ ကလေးတွေကို လူ့လောကထဲခေါ်သွင်းပြီး ညှင်းပန်းနှိပ်စက်သလို ဖြစ်ခဲ့တာကြောင့် မိဘတွေကို ပြန်တရားစွဲချင်ပါတယ်ဆို တဲ့ ဇိမ်း“Capernaum” ဇာတ်လမ်းထဲမှာ လမ်းဘေးရောက်နေတဲ့ ၁၂ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ ခါးသီးလွန်းတဲ့ ဘဝကို ပုံဖော်ထားပြီး ကလေးငယ်တွေ ညှင်းပန်းနှိပ်စက်ခံရမှု တွေနဲ့ အရွယ်မတိုင်သေးဘဲ အိမ်ထောင်ပြုရတဲ့ ဓလေ့စရိုက်တွေကိုလည်း မီးမောင်းထိုးပြ ထားပါတယ်။

Header_2308370_1.1.jpg

ဒါ့ပြင် အဲဒီဇာတ်လမ်းဟာ လက်တွေ့ မှာလည်း ဒုက္ခသည်အဖြစ် နေထိုင် နေရတဲ့ ၁၂ နှစ်အရွယ် ကောင်လေးတစ်ယောက်နဲ့ သူ့မိသားစုရဲ့ ဘဝကို အမှန်တကယ် ပြောင်းလဲသွားစေခဲ့ပါတယ်။ ဇိမ်းကို ၂၀၀၄ ခုနှစ်က ဆီးရီးယားနိုင်ငံ၊ Daraa မှာ မွေးဖွားခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာတော့ သူတို့မိသားစုဟာ လစ်ဘနွန်ကို ပြောင်းရွှေ့ရောက်ရှိလာခဲ့ပါတယ်။ အဲဒီမှာ ဆီးရီး ယားဒုက္ခသည်တစ်ယောက်အဖြစ် မိသားစုနဲ့ အတူ နေထိုင်ရင်း အရွယ်ရောက်လာခဲ့ ပါတယ်။ ဂိမ်း ၁၂ နှစ်အရွယ်လောက်မှာတော့ “Capernaum” ရုပ်ရှင်ရဲ့ ဒါရိုက်တာဖြစ်သူ Nadine Labaki က လစ်ဘနွန်က Beirut လမ်းတွေပေါ်မှာ သူ့ကို ရှာဖွေတွေ့ရှိသွားပြီး အခုလို ရုပ်ရှင်ထဲမှာ အဓိကနေရာက ပါဝင်ဖို့ ဖြစ်လာခဲ့တာပါ။

b1f2050c-3516-11e9-9be1-7dc6e2dfa65e.jpg
၂၀၁၈ ခုနှစ်က ပွဲထုတ်ပြသခဲ့တဲ့ “Capernaum" ဟာ နိုင်ငံတကာမှာ အတော်လေးအောင်မြင်မှုရရှိခဲ့ပြီး ဆုပေါင်းများစွာ ပိုင်ဆိုင်ခဲ့သလို ဝင်ငွေလည်း ကောင်းခဲ့တဲ့ ဇာတ်လမ်းဖြစ် ပါတယ်။ The New York Times ရဲ့ ၂၀၁၈ ခုနှစ်အတွက် အကြီးကျယ်ဆုံးရုပ်ရှင်တွေထဲက တစ်ခုအပါအဝင် ဖြစ်ခဲ့သလို ၉၁ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲမှာလည်း အကောင်းဆုံးနိုင်ငံခြားဘာသာစကားသုံး ရုပ်ရှင်တစ်ကား အဖြစ် ဆန်ခါတင် စာရင်းဝင်ခဲ့ပါတယ်။ဘတ်ဂျက်အနေနဲ့ အမေရိကန်ဒေါ်လာ ၄ သန်းပဲ အသုံးပြုခဲ့ပေမဲ့ ဒေါ်လာ ၆၈ သန်းကျော် ဝင်ငွေရရှိခဲ့တဲ့ “Capernaum” ဟာ ဝင်ငွေ အကောင်းဆုံး Arabic ရုပ်ရှင်ဖြစ်ပြီး ခေတ် အဆက်ဆက်မှာ ဝင်ငွေ အကောင်းဆုံး အရှေ့အလယ်ပိုင်းဒေသက ရုပ်ရှင်လည်း ဖြစ်ပါတယ်။

MV5BYWY5ZjNmMzEtM2ExYS00NDk3LWIzM2ItMzgyZmM1ZTkxYzM0XkEyXkFqcGdeQXVyNTc5OTMwOTQ._V1_SX400_CR00400266_AL_.jpg

အဲဒီရုပ်ရှင်ဟာ ၂၀၁၈ ခုနှစ်ရဲ့ ကိန်းရုပ်ရှင်ပွဲတော်မှာ Jury Prize ရရှိခဲ့သလို ဇိမ်း ဟာလည်း နိုင်ငံတကာကပေးတဲ့ အကောင်းဆုံးမင်းသားဆုတွေကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ဇာတ်လမ်းရဲ့ အောင်မြင်မှုကြောင့် ဂိမ်းလေးဟာလည်း ဆီးရီးယားဒုက္ခသည်ဘဝနဲ့ ခိုလှုံနေထိုင်သူဘဝကနေ တရားဝင်နေထိုင်ခွင့် ရရှိသွားခဲ့ပြီး အခုဆိုရင် မိသားစုနဲ့အတူ နော်ဝေ နိုင်ငံမှာ အခြေချနေထိုင်နေပြီ ဖြစ်ပါတယ်။ ဒါ့ပြင် ဂိမ်းဟာ သူ့ဘဝမှာ ပထမဆုံးအဖြစ် ကျောင်းတက်ရောက်ပြီး ပညာသင်ကြားခွင့် ရရှိသွားခဲ့ပါပြီ။ ရှေ့ အနာဂတ်လေး ထွန်းလင်း တောက်ပလာပြီဖြစ်တဲ့ ဇီမ်းဟာ အခုဆိုရင် ဓါးတွေ၊ အမှိုက်ပုံတွေကြား မကစားရတော့ဘဲ သာယာတဲ့ ဥယျာဉ်ထဲမှာ အများနည်းတူကစားနိုင်နေပါပြီ။

Credit - We media

 

(Zawgyi)


မိဘတွေကို ပြန်တရားစွဲဆိုတဲ့ဇာတ်လမ်းအဖြစ် နာမည်ကြီးခဲ့တဲ့ “Capernaum" ဆိုတဲ့ လစ်ဘနွန်ဒရမ်မာရုပ်ရှင် ဇာတ်လမ်းထဲက အဓိကဇာတ်ကောင် “စိမ်း” (Zain) ဆိုတဲ့ ၁၂ နှစ် အရွယ်ကောင်လေးကို မှတ်မိကြမယ်ထင်ပါ တယ်။ လူရာသွင်းမခံရလောက်အောင် နိမ့်ကျတဲ့မိသားစုမှာ မွေးဖွားလာပြီး အရွယ်နဲ့မလိုက်အောင် အလုပ်လုပ် ခဲ့ရတဲ့ ဇိမ်း၊ ညီမလေး ကို အရမ်းချစ်ရှာပေမဲ့ ကလေးအရွယ်မှာပဲ ယောကျာ်းပေးစားခံလိုက်ရတဲ့အခါ စိတ်ဆိုးဆိုးနဲ့ အိမ်ကထွက်သွားခဲ့တဲ့ ဇိမ်း၊ အိမ်ခဏပြန်လာချိန်မှာ ညီမဖြစ်သူရဲ့ သတင်းဆိုးကြောင့် ဓါးထိုးမှုဖြစ် ကာ ထောင်ကျခဲ့ရတဲ့ ဇိမ်း၊ မကျွေးနိုင်ဘဲ ကလေးတွေကို လူ့လောကထဲခေါ်သွင်းပြီး ညှင်းပန်းနှိပ်စက်သလို ဖြစ်ခဲ့တာကြောင့် မိဘတွေကို ပြန်တရားစွဲချင်ပါတယ်ဆို တဲ့ ဇိမ်း“Capernaum” ဇာတ်လမ်းထဲမှာ လမ်းဘေးရောက်နေတဲ့ ၁၂ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ ခါးသီးလွန်းတဲ့ ဘဝကို ပုံဖော်ထားပြီး ကလေးငယ်တွေ ညှင်းပန်းနှိပ်စက်ခံရမှု တွေနဲ့ အရွယ်မတိုင်သေးဘဲ အိမ်ထောင်ပြုရတဲ့ ဓလေ့စရိုက်တွေကိုလည်း မီးမောင်းထိုးပြ ထားပါတယ်။ 

Header_2308370_1.1.jpg

ဒါ့ပြင် အဲဒီဇာတ်လမ်းဟာ လက်တွေ့ မှာလည်း ဒုက္ခသည်အဖြစ် နေထိုင် နေရတဲ့ ၁၂ နှစ်အရွယ် ကောင်လေးတစ်ယောက်နဲ့ သူ့မိသားစုရဲ့ ဘဝကို အမှန်တကယ် ပြောင်းလဲသွားစေခဲ့ပါတယ်။ ဇိမ်းကို ၂၀၀၄ ခုနှစ်က ဆီးရီးယားနိုင်ငံ၊ Daraa မှာ မွေးဖွားခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာတော့ သူတို့မိသားစုဟာ လစ်ဘနွန်ကို ပြောင်းရွှေ့ရောက်ရှိလာခဲ့ပါတယ်။ အဲဒီမှာ ဆီးရီး ယားဒုက္ခသည်တစ်ယောက်အဖြစ် မိသားစုနဲ့ အတူ နေထိုင်ရင်း အရွယ်ရောက်လာခဲ့ ပါတယ်။ ဂိမ်း ၁၂ နှစ်အရွယ်လောက်မှာတော့ “Capernaum” ရုပ်ရှင်ရဲ့ ဒါရိုက်တာဖြစ်သူ Nadine Labaki က လစ်ဘနွန်က Beirut လမ်းတွေပေါ်မှာ သူ့ကို ရှာဖွေတွေ့ရှိသွားပြီး အခုလို ရုပ်ရှင်ထဲမှာ အဓိကနေရာက ပါဝင်ဖို့ ဖြစ်လာခဲ့တာပါ။

b1f2050c-3516-11e9-9be1-7dc6e2dfa65e.jpg
၂၀၁၈ ခုနှစ်က ပွဲထုတ်ပြသခဲ့တဲ့ “Capernaum" ဟာ နိုင်ငံတကာမှာ အတော်လေးအောင်မြင်မှုရရှိခဲ့ပြီး ဆုပေါင်းများစွာ ပိုင်ဆိုင်ခဲ့သလို ဝင်ငွေလည်း ကောင်းခဲ့တဲ့ ဇာတ်လမ်းဖြစ် ပါတယ်။ The New York Times ရဲ့ ၂၀၁၈ ခုနှစ်အတွက် အကြီးကျယ်ဆုံးရုပ်ရှင်တွေထဲက တစ်ခုအပါအဝင် ဖြစ်ခဲ့သလို ၉၁ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲမှာလည်း အကောင်းဆုံးနိုင်ငံခြားဘာသာစကားသုံး ရုပ်ရှင်တစ်ကား အဖြစ် ဆန်ခါတင် စာရင်းဝင်ခဲ့ပါတယ်။ဘတ်ဂျက်အနေနဲ့ အမေရိကန်ဒေါ်လာ ၄ သန်းပဲ အသုံးပြုခဲ့ပေမဲ့ ဒေါ်လာ ၆၈ သန်းကျော် ဝင်ငွေရရှိခဲ့တဲ့ “Capernaum” ဟာ ဝင်ငွေ အကောင်းဆုံး Arabic ရုပ်ရှင်ဖြစ်ပြီး ခေတ် အဆက်ဆက်မှာ ဝင်ငွေ အကောင်းဆုံး အရှေ့အလယ်ပိုင်းဒေသက ရုပ်ရှင်လည်း ဖြစ်ပါတယ်။

MV5BYWY5ZjNmMzEtM2ExYS00NDk3LWIzM2ItMzgyZmM1ZTkxYzM0XkEyXkFqcGdeQXVyNTc5OTMwOTQ._V1_SX400_CR00400266_AL_.jpg

အဲဒီရုပ်ရှင်ဟာ ၂၀၁၈ ခုနှစ်ရဲ့ ကိန်းရုပ်ရှင်ပွဲတော်မှာ Jury Prize ရရှိခဲ့သလို ဇိမ်း ဟာလည်း နိုင်ငံတကာကပေးတဲ့ အကောင်းဆုံးမင်းသားဆုတွေကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ဇာတ်လမ်းရဲ့ အောင်မြင်မှုကြောင့် ဂိမ်းလေးဟာလည်း ဆီးရီးယားဒုက္ခသည်ဘဝနဲ့ ခိုလှုံနေထိုင်သူဘဝကနေ တရားဝင်နေထိုင်ခွင့် ရရှိသွားခဲ့ပြီး အခုဆိုရင် မိသားစုနဲ့အတူ နော်ဝေ နိုင်ငံမှာ အခြေချနေထိုင်နေပြီ ဖြစ်ပါတယ်။ ဒါ့ပြင် ဂိမ်းဟာ သူ့ဘဝမှာ ပထမဆုံးအဖြစ် ကျောင်းတက်ရောက်ပြီး ပညာသင်ကြားခွင့် ရရှိသွားခဲ့ပါပြီ။ ရှေ့ အနာဂတ်လေး ထွန်းလင်း တောက်ပလာပြီဖြစ်တဲ့ ဇီမ်းဟာ အခုဆိုရင် ဓါးတွေ၊ အမှိုက်ပုံတွေကြား မကစားရတော့ဘဲ သာယာတဲ့ ဥယျာဉ်ထဲမှာ အများနည်းတူကစားနိုင်နေပါပြီ။

Credit  - We Media

Read times
Rate this articles
(0 votes)