၂၀၁၈ ပညာသင်နှစ်အတွက် PSB Academy မှာ တက်ရောက်လိုတဲ့ မြန်မာကျောင်းသူကျောင်းသားတွေအနေဖြင့် Study Grant တွေ လျှောက်ထားပြီး စင်ကာပူနိုင်ငံမှာ ကျောင်းတက်နိုင်ပါပြီ။ PSB Academy ဟာ Engineering ဘာသာရပ်တွေ၊ Business ဘာသာရပ်တွေ၊ Tourism ဘာသာရပ်တွေ၊ IT ဘာသာရပ်တွေအပြင် Medicine နဲ့ Sport Sciences ဘာသာရပ်တွေကိုပါ သင်ကြားပေးမယ့် ကျောင်းဖြစ်ပါတယ်။
PSB Academy မှာ Engineering ဘာသာရပ်တွေအနေနဲ့ Diploma in Electrical Engineering Technology, Diploma in Mechanicl Engineering Technology, Diploma in Industrial Engineering ဘာသာရပ်တွေထဲက ကြိုက်နှစ်သက်ရာ ဘာသာရပ်ကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ PSB Academy ရဲ့ ဒီပလိုမာ အောင်မြင်ထားတဲ့ ကျောင်းသူ ကျောင်းသားတွေအနေနဲ့ ယူကေနိုင်ငံ Coventry University နဲ့ ဩစတြေးလျနိုင်ငံ The University of Newscastle တို့က ဘွဲ့ဒီဂရီတွေကို စင် ကာပူနိုင်ငံမှာ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ရွေးချယ်တဲ့ကျောင်းပေါ်မူတည်ပြီး ဘွဲ့ဒီဂရီအတွက် ၁၆ လက ၃၆ လအထိ တက်ရောက်ရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံက တက္ကသိုလ်ဝင်တန်း အောင်မြင်ထားတဲ့ ကျောင်းသူ ကျောင်းသားတွေ၊ IGCSE အောင်မြင်ထားသူတွေအနေနဲ့ PSB Academy မှာ Foundation တန်းတွေကစပြီး တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ Foundation အတွက် ကြာချိန်မှာ ခြောက်လ ဖြစ် ပြီး အင်္ဂလိပ်စာဝင်ခွင့်သတ်မှတ်ချက်အနေနဲ့ IELTS 5.5 ရရှိဖို့ လိုအပ်ပါတယ်။
Recommended for you - အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) တွင် အားကစားသင်တန်းများ သင်ကြားပေး
AGTI , BTech , BE နဲ့ HND ပြီးထားတဲ့ ကျောင်းသူကျောင်းသားတွေအနေနဲ့ ဒီပလိုမာတန်းတွေအတွက် Study Grant (500), Postgraduate Diploma တန်းတွေအတွက် Study Grant (500), Postgraduate Diploma တန်းတွေအတွက် Study Grant (2000), Master of Science တန်းတွေအတွက် Study Grant (2000) လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ လုပ်ငန်းအတွေ့အကြုံမရှိသေးဘဲ MBA ဘွဲ့ယူလိုတဲ့ ကျောင်းသူ ကျောင်းသားတွေအတွက် Coventry University က ချီးမြင့်တဲ့ MBA ဘွဲ့ကို Study Grant 5000 ရယူပြီး တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
အသေးစိတ်သိရှိလိုပါက Study Abroad Information Centre ရန်ကုန်ရုံး၊ ဒိုင်းမွန်းကွန်ဒို၊ တိုက် (ဘီ) ၁၅ လွှာ၊ အခန်းအမှတ် ၁၅၀၂၊ ပြည်လမ်း၊ မေတ္တာဦးဆေးခန်း အနီး ၊ ကမာရွတ်မြို့နယ် ရန်ကုန် ဖုန်း- ဝ၉၅၁၅၁ဝဝ၈၊ ဝ၉ ၇၃ ၂၄၂၄ ၀၁ နဲ့ မန္တလေးရုံး၊ အ မှတ် ၃၂၆ ၊ ၆၂ လမ်း၊ ၂၉ လမ်း နဲ့ လမ်း ၃၀ ကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေး ဖုန်း - ဝ၉ ၄၂ဝဝ ၉၉၉၇ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။
Recommended for you - ငယ်ရွယ်စဉ်မှာ မလုပ်ခဲ့ပါက အသက်ကြီးလာတဲ့အခါ သင်တွေ့ရမယ့် နောင်တများ
Recommended for you - MPT-University ဘောလုံးပြိုင်ပွဲမှ အကောင်းဆုံးကစားသမားများကို မြန်မာ့လက်ရွေးစင်တက္ကသိုလ်အသင်းအတွက် ရွေးချယ်သွားမည်
Credit; Kumudra