သြစတြေးလျပညာရေးပြပွဲကို AVSS Myanmar မှ သြဂုတ်လ ၂၅ ရက်၊ နံနက် ၉ နာရီမှ ညနေ ၃ နာရီ အထိ ရန်ကုန်မြို့  Sule Shangri-La Hotel, Grand Ballroom မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ပြပွဲမှာ သြစတြေးလျနိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ် ၂၂ ကျောင်းပါဝင်မှာ ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအနေနဲ့လည်း မိမိလေ့လာသင်ယူချင်တဲ့ ဘာသာရပ်များအကြောင်း၊ ကျောင်းဝင်ခွင့် လိုအပ်ချက်များ၊ ပညာသင်ဆု အခွင့်အလမ်းများနဲ့ မိမိတို့ သိရှိလိုတာတွေကို ကျောင်းကိုယ်စားလှယ်များနဲ့ တစ်ဦးချင်း တွေ့ ဆုံဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ ပြပွဲနေ့မှာ ကျောင်းလျှောက်ထားသူတွေကို Application Fee များ ကင်းလွတ်ခွင့်ပေးမည်ဖြစ်ပြီး ကျန်းမာရေးအာမခံ (၆) လစာကိုလည်း AVSS မှ လက်ဆောင် ပြန်ပေးမယ်လို့ သိရပါတယ်။
ဒါ့အပြင် သြစတြေးလျသံရုံး၊ AusTrade ဌာနမှ တာဝန်ရှိသူမှ “ Study in Australia ” ခေါင်းစဉ်နဲ့ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ University of Technology Sydney ၏ English, Foundation & Diploma courses တွေကို သင်ကြားပေးနေတဲ့ UTS: Insearch မှ မြန်မာနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ အင်္ဂလိပ်စာသင်တန်းကျောင်းဖြစ်တဲ့ AEC English Centre မှ သင်ကြားရေး ဒါရိုက်တာက “ Successful Study Abroad by AEC English Centre ” ခေါင်းစဉ်နဲ့ ဟောပြောပေးသွားမှာပါ။
Recommended for you - ပဲခူးမြို့တွင် AGTI သင်တန်းကျောင်းနှင့် သက်မွေးပညာသင်တန်းများ၊ နည်းပညာရပ်နှင့် သက်ဆိုင်သော ကာလတိုသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိ
တက်ရောက်လိုသူတွေ အနေနဲ့ http://bit.ly/2M9nind မှာ ကြိုတင်စာရင်းပေးသွင်းနိုင်သလို AVSS Yangon ဖုန်း ၀၉ ၄၅၀၀၀ ၆၉၄၄၊ ၀၉ ၄၅၀၀၀ ၆၉၅၅ ၊ ၀၉ ၇၉၉ ၄၅၀ ၉၄၄၊ ၀၉ ၇၉၉ ၄၅၀ ၉၅၅ ကိုလည်း ဆက်သွယ် စုံစမ်းနိုင်ပါတယ်။
ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။
Recommended for you - စင်ကာပူနိုင်ငံရှိ PSB Academy မှာ Study Grant တွေ လျှောက်ထားပြီး တက်ရောက်နိုင်
Recommended for you - အခြေခံကျန်းမာရေး (၁) နှစ် သင်တန်းအတွက် လျှောက်လွှာခေါ်ယူ
Credit; Internet Journal