×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Tuesday, 28 August 2018

အိန္ဒိယနိုင်ငံ၏ Feed The Future India Triangular Training (FTF-ITT) Program ပညာသင်ဆုများခေါ်ယူ

အိန္ဒိယနိုင်ငံ၏ Feed The Future India Triangular Training (FTF-ITT) Program ပညာသင်ဆုများခေါ်ယူ google.com

အိန္ဒိယနိုင်ငံ USAID နဲ့ MANAGE အစီအစဉ်နဲ့ Feed The Future India Triangular Training (FTF ITT) Program ပညာသင်ဆုများအတွက် လျှောက်လွှာတွေခေါ်ယူနေပြီလို့ သိရပါတယ်။


ပညာသင်ဆုလျှောက်ထားလိုတဲ့ အရည်အချင်း ပြည့်မီသူတွေအနေနဲ့ ကုန်သည်စက်မှုအသင်းချုပ်မှတစ်ဆင့် ယှဉ်ပြိုင်လျှောက်ထား နိုင်ပါတယ်။ သင်တန်းများကို သတ်မှတ်အရည်အချင်းတွေနဲ့ ကိုက်ညီတဲ့ ကုန်သည်စက်မှု အသင်းချုပ်ဝန်ထမ်းများ၊ ညီနောင် အသင်းများမှ ဝန်ထမ်းများ၊ ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်ကုမ္ပဏီတွေရဲ့ အဖွဲ့ဝင်များ (သို့) ဝန်ထမ်းများ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ ရွေးချယ်ခံရသူတွေအနေနဲ့ လေယာဉ်စရိတ်၊ ခရီးသွားလာစရိတ်၊ နေထိုင်စားသောက်စရိတ်၊ သင်တန်းကြေး၊ ဗီဇာစရိတ်နဲ့ ကျန်းမာ ရေးအာမခံကြေးများကို USAID နဲ့ MANAGE တို့က ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ FTF ITT Training Program များကို လျှောက်ထားရန် စိတ်ပါဝင်စားသူတွေအနေနဲ့ Application Form ဖြစ်တဲ့ ဒီ Link မှာ ဖြည့်စွက်ရမှာ ဖြစ်ပါတယ်။


အသင်းဝင်ကတ်မိတ္တူ၊ မှတ်ပုံတင်မိတ္တူတို့ ပူးတွဲကာ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ အမှုဆောင် (သို့) ဝန်ထမ်း၊ အသင်းချုပ်ရဲ့ အသင်းဝင်ကုမ္ပဏီများမှ အဖွဲ့ဝင် (သို့) ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာတို့နဲ့အတူ မိမိတို့ရဲ့ ဘာသာရပ်နဲ့သက်ဆိုင်တဲ့ သင်တန်းများ အမျိုးအစားများကို လျှောက်လွှာပိတ်ရက်မတိုင်မီ ၂ ပတ်ကြိုတင်ကာ အသင်းချုပ်၊ HRD ဌာနသို့ လျှောက်ထားပေးပို့ရမှာ ဖြစ်ပါတယ်။ အသေးစိတ်ကို HRD ဌာန ဖုန်း ၀၁-၂၃၁၄၃၄၄ – ၄၉၊ လိုင်းခွဲ ၁၃၃၊ ၁၃၄ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

 

Recommended for you - မြန်မာတက္ကသိုလ်တွေရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်များ

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - အိုဘားမားဖောင်ဒေးရှင်းမှ ပညာသင်ဆု လျှောက်လွှာခေါ်ယူ

 

Recommended for you - ကလေးငယ်များကို မူကြိုကောင်းကောင်းထားမယ်ဆို ဒီအကျိုးကျေးဇူးတွေ ရလာနိုင်ပါတယ်

 

Credit; Internet Journal

Read times Last modified on Saturday, 11 January 2020 11:16
Rate this articles
(1 Vote)