×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Wednesday, 29 August 2018

ကလေးတွေ ဘာ့ကြောင့် မူကြိုကျောင်းမှာ ငိုကြတာလဲ?

ကလေးတွေ ဘာ့ကြောင့် မူကြိုကျောင်းမှာ ငိုကြတာလဲ? google.com

ကလေးတစ်ယောက် မူကြိုမှာ ငိုတယ်ဆိုတာက ဖြစ်နေကျဆိုပေမယ့် ရှောင်လွှဲလို့မရတဲ့အရာတော့ မဟုတ်ပါဘူး။ ကလေးတွေက အကြောင်းအမျိုးကြောင့် ငိုကြပါတယ်။

ဒါပေမယ့် အဓိကအကြောင်းအရင်း နှစ်ချက်ကတော့ ပုံမှန်ထက်လွန်ကဲသော စိတ်ခံစားမှုလွယ်ခြင်းနှင့် ခွဲခွာခြင်းမှ ဖြစ်ပေါ်လာတဲ့ စိုးရိမ်ပူပန်ရမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။


အခုဖော်ပြမယ့် အချက်တွေက ဘာကြောင့်မူကြိုမှာ ကလေးတွေငိုကြတယ်၊ သူတို့လေးတွေရဲ့ မျက်နှာမှာ အပြုံးပန်းဆင်ဖို့အတွက် ဘာတွေလုပ်သင့်သလဲဆိုတာကို သင်နားလည်လာအောင် ကူညီပေးနိုင်ပါလိမ့်မယ်။


၁။ စိတ်ထိခိုက်ခံစားလွယ်သလားဆိုတာ သတိပြုရမယ်

မူကြိုကျောင်းမှာငိုတယ်ဆိုတာ ကလေးရဲ့ပင်ကိုဗီဇမှာကိုက စိတ်ထိခိုက်ခံစားလွယ်တတ်တဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ ကလေးအများကြီးမှာမှ တခြားကလေးအတွက် ဘာမှမဟုတ်လောက်တဲ့အရာတစ်ခုကို ဒီကလေးက စိတ်ထိခိုက်နေခံစားနေတယ်ဆိုရင်တော့ စိုးရိမ်ပူပန်မှုတွေ ဖြစ်လာဖို့ ပိုများပါတယ်။


စိတ်ထိခိုက်ခံစားမှု ပြင်းထန်တဲ့ကလေးတွေက သူတို့ရဲ့ အတန်းဖော်တွေထက်လည်း ပိုခေါင်းမာတတ်ကြပြီး တခါတလေမှာ အခြေအနေအချိန်အခါကို နားလည်နိုင်မှု မရှိကြပါဘူး။ ဒီလိုကလေးတစ်ယောက်က စိတ်ခံစားမှုတွေလွှမ်းမိုးသွားတဲ့အခါ မူကြိုကျောင်းမှာ ငိုတော့တာပါပဲ။


၂။ စိတ်ထိခိုက်ခံစားလွယ်သော မူကြိုကလေးငယ်တစ်ယောက်ကို ကူညီခြင်း

စိတ်ထိခိုက်ခံစားလွယ်တဲ့ ကလေးတွေဟာ တခါတလေမှာ ရွေးချယ်စရာတွေမရှိတာကြောင့် စိတ်ပျက်စိတ်တိုခြင်းတွေ ဖြစ်လာပါတယ်။ ဆရာတစ်ယောက်အနေနဲ့ကတော့ မူကြိုကလေးတွေကို ထိန်းကျောင်းတဲ့အခါမှာ တိကျသေချာတဲ့ပုံစံခွက်တွေနဲ့ ထားရှိပေးဖို့ တာဝန်ရှိပါတယ်။ ဒါပေမယ့် စိတ်ထိခိုက်ခံစားလွယ်တဲ့ ကလေးတွေ သူတို့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့အရာတွေကို လိုက်နိုင်တယ်လို့ ခံစားရစေဖို့အတွက်ကတော့ ကူညီပေးနိုင်ပါတယ်။


ရိုးရှင်းတဲ့နည်းလမ်းတစ်ခုကတော့ သူတို့ကို တချို့လှုပ်ရှားမှု (activities) တွေကို ဘယ်လိုထင်လဲဟု မေးမြန်းခြင်းပဲ ဖြစ်ပါတယ်။ ပြီးတော့ ဂိမ်းလှုပ်ရှားမှုတွေ အစီအစဉ်တွေနဲ့ ပတ်သက်ပြီးတော့လည်း သူတို့ကိုဒီထက်ပိုများတဲ့ ရွေးချယ်စရာတွေပေးခြင်းပဲ ဖြစ်ပါတယ်။


အကယ်၍ စိတ်ထိခိုက်ခံစားလွယ်တဲ့ မူကြိုကလေးတစ်ယောက်က အခြေအနေတစ်ခုကို နားမလည်ဘူးဆိုရင်၊ ပြဿနာတွေ ဖြေရှင်းမရတဲ့အခါ မျက်ရည်ကလည်း ကျလာနိုင်ပါတယ်။ ဒီအတွက်ကြောင့်ငိုတာမျိုးကို ကာကွယ်ချင်တာဆိုရင်တော့ အတန်းကို ပုံမှန်ဝင်ပြီး ဒီကလေးတွေ အတန်းထဲက တခြားကလေးတွေနည်းတူ သေချာစာလိုက်နိုင်နေဖို့ လုပ်ဆောင်ရပါမယ်။


သူတို့လေးတွေက သူတို့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေသမျှကို နားလည်နိုင်ရင် စိတ်ခံစားမှုရဲ့လွှမ်းမိုးမှုကလည်း အများကြီးနည်းသွားနိုင်ချေ ရှိပါတယ်။ ကလေးမိဘတွေကိုလည်း ကလေးက အိမ်ကို စိတ်ပျက်ဝမ်းနည်းပြီး ပြန်ရောက်လာသလားဆိုတာ မေးကြည့်လို့ရပါတယ်၊ ဒါမှ ဆရာက အတန်းထဲမှာ ဘာ့ကြောင့် ကလေးအဲ့လို ခံစားရလဲဆိုတာကို ဖြေရှင်းလို့ရမှာမို့လို့ပါ။

 

Recommended for you - အဆင့်မြင့်ပညာရေး၊ အဆင့်မြင့်တက္ကသိုလ်ဖြစ်ရေးကြိုးပမ်း


၃။ ခွဲခွာချိန်စိုးရိမ်ပူပန်မှုရှိတဲ့ မူကြိုကလေးကို သတိပြုမိခြင်း

စိုးရိမ်ပူပန်မှုက အတွေ့အကြုံအသစ်တွေနဲ့ ပတ်သက်လာရင် ဖြစ်နေကျပဲ ဖြစ်ပါတယ်။ မူကြိုပထမဆုံးနေ့တွေဆိုရင် မရင်းနှီးတဲ့နေရာတွေ၊ လူတွေ၊ စည်းမျဉ်းတွေအပြည့် ဖြစ်နေတာပါ။ ကလေးတော်တော်များများကတော့ လွပ်လပ်မှုရဲ့ အရသာသစ်အတွက် စိတ်လှုပ်ရှားကောင်း လှုပ်ရှားနေပေမယ့် မိဘတွေနဲ့ခွဲရတဲ့အခါ နှုတ်ဆက်ရတဲ့အခါမှာတော့ ဒီပြောင်းလဲမှုက မျက်ရည်ကျဖွယ်ရာ အဖြစ်အပျက်တစ်ခုကို ဖြစ်စေပါတယ်။


ခွဲခွာချိန် စိုးရိမ်ပူပန်မှု လက္ခဏာတွေကို အချိန်ယူသတိမူခြင်းအားဖြင့် ကလေးတစ်ယောက် ဘာကြောင့်စိတ်ပျက်ဝမ်းနည်းနေရလဲဆိုတာကို နားလည်စေနိုင်ပါလိမ့်မယ်။ ခွဲခွာချိန် စိုးရိမ်ပူပန်မှု ရှိနေတဲ့ ကလေးငယ်တွေက မိဘအပေါ် တွယ်ကပ်မှု၊ သောင်းကျန်းမှုနဲ့ ငိုကျွေးမှုတွေကိုပါ တွေ့ကြုံရနိုင်ပါတယ်။


၎။ ခွဲခွာချိန်စိုးရိမ်ပူပန်မှုရှိတဲ့ မူကြိုကလေးတစ်ယောက်ကို ကူညီခြင်း

ကလေးတွေက မကြာခဏဆိုသလို သူတို့ဘေးပတ်ဝန်းကျင်မှာရှိတဲ့ လူတွေရဲ့စိတ်ခံစားချက်တွေကို သုံးစွဲကြပါတယ်။ ဒါကလည်း သူတို့မိဘတွေနဲ့ပတ်သက်လာရင် တစိတ်တပိုင်းတော့ မှန်ပါတယ်။ ကလေးတွေမှာ တွေ့ရတဲ့ ခွဲခွာချိန်စိုးရိမ်ပူပန်မှုက ကလေး မူကြိုစထားရင် မိဘတွေ တွေ့ကြုံရတဲ့ စိုးရိမ်ပူပန်မှုနဲ့ ချိတ်ဆက်နေပါတယ်။ ဒီအချင်းအရာက အရေးကြီးတဲ့အတွက် မူကြိုကလေးတွေရဲ့ မိဘတွေနဲ့ ဆွေးနွေးရမှာပါပဲ ဖြစ်ပါတယ်။ မိဘတွေကတော့ ကိုယ့်ကိုယ်ကို ဂရုပြုမိကြဟန်မတူပါဘူး၊ ဒါမှမဟုတ်လည်း ဝန်တောင် ဝန်မခံချင်ကြပါဘူး။ ဒါပေမယ့် သူတို့ရဲ့အပြုအမူတွေက ကလေးတွေဆီမှာ ခွဲခွာချိန်စိုးရိမ်ပူပန်မှုတွေကို ဖန်တီးနိုင်ပါတယ်။


မူကြိုကျောင်း ဆရာတွေအနေနဲ့ မိဘတွေနဲ့မျှဝေနိုင်တဲ့ ခွဲခွာတဲ့အချိန် စိုးရိမ်ပူပန်မှုကို လျော့နည်းစေတဲ့ နည်းလမ်း (tips) တွေထဲမှာ ပါဝင်တာတွေကတော့ ကလေးတွေကို ကျောင်းပို့တဲ့အခါ ယုံကြည်မှုရှိရှိနေခြင်း၊ အကောင်းဘက်ဆောင်တဲ့ ကိုယ်နေဟန်ထား (body language) ရှိခြင်း၊ မနက်တိုင်းမှာ ကလေးကျောင်းပို့ပြီးတာနဲ့ ချက်ချင်းပြန်တဲ့ လုပ်ရိုးလုပ်စဉ်လေးတစ်ခု လုပ်ထားခြင်းတို့ပဲ ဖြစ်ပါတယ်။ ကျောင်းမစခင် တစ်ရက်ရက်မှာ ကလေးနှင့်အတူ ကျောင်းကိုသွားပြီး စာသင်ခန်းတွေကို အရင်လေ့လာစေခြင်းကလည်း ကျောင်းစချိန် ဖြစ်လေ့ဖြစ်ထရှိတဲ့ ခွဲခွာချိန် စိုးရိမ်ပူပန်မှုတွေကို ကာကွယ်နိုင်ပါတယ်။

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - Talylor’s University မှ အခမဲ့ပညာရေးနှီးနှောဖလှယ်ပွဲ ကျင်းပမည်

 

Recommended for you - ရန်ကုန်နှင့် မန္တလေး အဝေးသင်တက္ကသိုလ်တို့ပူးပေါင်းပြီး အမျိုးသားအဝေးသင်တက္ကသိုလ်တစ်ခုဖွဲ့စည်းရန် Open University (UK) မှ အကြံပြု

 

Credit; EDGE

Read times Last modified on Friday, 17 January 2020 13:54
Rate this articles
(1 Vote)