×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Wednesday, 26 September 2018

တက္ကသိုလ်ပေါင်း ၁၀၀ ကျော်သို့ လျှောက်ထားနိုင်မည့် နိုင်ငံတကာ တက္ကသိုလ်များ ပညာရေးပြပွဲ ကျင်းပမည်

တက္ကသိုလ်ပေါင်း ၁၀၀ ကျော်သို့ လျှောက်ထားနိုင်မည့် နိုင်ငံတကာ တက္ကသိုလ်များ ပညာရေးပြပွဲ ကျင်းပမည် Internet

နိုင်ငံတကာတက္ကသိုလ်များ ပညာရေးပြပွဲ International Education Exhibition 2018 ကို အောက်တိုဘာ ၇ ရက်၊ နေ့လယ် ၁ နာရီ မှ ညနေ ၄ နာရီထိ ရန်ကုန်မြို့ရှိ NOVOTEL ဟိုတယ်မှာ ကျင်းပမယ်လို့ သိရပါတယ်။


စင်ကာပူ၊ အမေရိကန်၊ အင်္ဂလန်၊ အိုင်ယာလန်၊ သြစတြေးလျ၊ နယူးဇီလန်၊ ကနေဒါ နိုင်ငံတွေရှိ ထိပ်တန်းတက္ကသိုလ်တွေရဲ့ ပညာရေးအတိုင်ပင်ခံတွေနဲ့ တွေ့ဆုံဆွေးနွေးနိုင်မယ်လို့ သိရပါတယ်။ IELTS 4 Skill ရမှတ်ပေါ်မူတည်ပြီး ပညာသင်ဆု လျှောက်ထားနိုင်တဲ့ တက္ကသိုလ် ဝင်ခွင့်တွေအကြောင်း၊ SAT ရလာဒ်က နိုင်ငံတကာ တက္ကသိုလ်ဝင်ခွင့်ကို အကျိုးသက်ရောက်မှုရှိ/ မရှိ၊ HND တက်ထားပြီးခဲ့ပါက နိုင်ငံတစ်ခုနဲ့တစ်ခု ပညာရေးစနစ် မတူညီတဲ့အတွက် ဦးစားပေးလျှောက်ထား သင့်တဲ့နိုင်ငံတွေအကြောင်း၊ ဆေးကျောင်းအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေအကြောင်း အစရှိတာတွေအပြင် မာစတာတန်းကို တက်ရောက်နိုင်ဖို့ လိုအပ်တဲ့ ပညာရေးအချက်အလက်တွေ၊ နိုင်ငံတကာကျောင်းတွေရဲ့ ပညာသင်ဆုစနစ်တွေအကြောင်းကို ဆွေးနွေးမယ်လို့ သိရပါတယ်။


တက်ရောက်လိုသူတွေအနေနဲ့ AT & S (နိုင်ငံတကာ တက္ကသိုလ်ပညာရေး ဝန်ဆောင်မှုကုမ္ပဏီ) ဖုန်း – ၀၁-၆၅၂၃၂၀၊ ၀၉-၇၉၉၅၉၅၉၄၉ သို့ စာရင်းပေးနိုင်ကြောင်း သိရပါတယ်။

 

ပညာရပ်အမျိုးမျိုးကို သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm  တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ပညာရပ်အမျိုးမျိုးကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - ကျရှုံး/အောင်မြင်ရခြင်း အားလုံးရဲ့ အဖြေက သင့်ဆီမှာပါ

 

Recommended for you - ပညာရေးကောလိပ်ကျောင်းသား/သူများ၏ တောင်းဆိုချက်အား ပညာရေးဝန်ကြီးဌာန အနေဖြင့် စီစဉ်ထားရှိခြင်းကိစ္စ

 

Credit; Internet Journal

Read times Last modified on Wednesday, 08 January 2020 14:59
Rate this articles
(1 Vote)