၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ စတင်သင်ကြားမယ့် ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသား ကျောင်းသူတွေအတွက် ပညာသင်ဆု ပေးအပ်မယ်လို့ သိရပါတယ်။
အဆိုပါ ပညာသင်ဆု/ပညာသင်ထောက်ပံ့ကြေးကို ရန်ကုန်စက်မှုတက္ကသိုလ် ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့က ပေးအပ်တာဖြစ်ပါတယ်။ ပညာသင်ဆုကို သင့်လျော်သော အရည်အချင်းနဲ့ ပြည့်စုံသူတွေကို ကျောင်းပြီးဆုံး သည်အထိ ပေးအပ်မှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ ကာလီဖိုးနီးယား မြောက်ပိုင်းရောက် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းများအသင်း Norcal RIT AA ပညာသင်ဆုနဲ့ KMD Foundation ပညာသင်ဆုတွေ ပေးအပ်မှာဖြစ်တယ်လို့ သိရပါတယ်။
Norcal RIT AA လျှောက်ထားလိုသူတွေအတွက် www.norcalritaa.org သို့ လည်းကောင်း၊ မြန်မာနိုင်ငံအတွင်း လျှောက်ထားလိုသူတွေအတွက် ရန်ကုန်နည်းပညာတက္ကသိုလ်၊ အဆောင် ၂၊ မြေညီထပ်၊ အခန်းအမှတ် 2-1-1 ကျောင်းသားဟောင်း ရုံးခန်း မှာလည်းကောင်း လျှောက်လွှာရယူနိုင်ပါတယ်။ လျှောက်လွှာတွေကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၉ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်း-၀၉၅၁၇၀၃၉၉၊ ၀၉၅၁၅၂၁၁၄ ကို ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်ပါတယ်။
ပညာရပ်အမျိုးမျိုးကို သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ပညာရပ်အမျိုးမျိုးကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။
Recommended for you - Steve Job ထံမှရရှိသော ဘဝနှင့်လုပ်ငန်းခွင် သင်ခန်းစာ (၁၀)ခု
Recommended for you - Dip ECCD သင်တန်းဖွင့်လှစ်မည့် အစီအစဉ် ကြေညာချက်
Credit; Internet Journal