×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Monday, 21 January 2019

ခေါင်းဆောင်ကောင်းတစ်ယောက်၏ အခြေခံသဘောတရားများ

ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ ခိုင်မာမှုနဲ့ ယုံကြည်မှုဆိုတဲ့ အများလက်ခံယုံကြည်နိုင်လောက်တဲ့ အရေးကြီးဆုံး အခြေခံအုတ်မြစ်ကို တည်ဆောက်တယ်။

လူတွေ သင့်ကို ယုံကြည်လာတဲ့အခါ သူတို့ရဲ့ စောင့်သိမှုတွေကို လှုံ့ဆော်ပါ။

စိန်ခေါ်မှုတွေ မြင့်တက်လာတဲ့အခါ၊ ဒါမှမဟုတ် အောင်မြင်နိုင်ဖို့အတွက် အားလုံးစည်းရုံးညီညွတ်ဖို့ လိုအပ်လာတဲ့အခါမှာ ဆန်းစစ်ပါ။ ပြောင်မြောက်တဲ့ ခေါင်းဆောင်တိုင်းဟာ အခုဖော်ပြထားတဲ့ အခြေခံသဘောတရား နဲ့အတူ ပြောင်မြောက်တဲ့ အသင်းအဖွဲ့တွေကို ဖွဲ့စည်းတည်ဆောက်ကြတယ်။

ဆက်သွယ်ပါ

ညီတူမျှတူဖြစ်အောင် Feedback ပေးခြင်းနဲ့ မျှဝေပေးခြင်းတို့နဲ့ Feedback ရဲ့ တန်ဖိုး ကို တည်ဆောက်ပါ။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ယုံကြည်စိတ်ချရလောက်တဲ့ feedback နည်းနည်းလောက်သာ စုဆောင်မိချင် စုဆောင်းမိပါလိမ့်မယ်။ သူတို့ရဲ့အသံတွေက အရေးပါတယ်၊ သူတို့ရဲ့ အိုင်ဒီယာတွေက တန်ဖိုးရှိတယ်လို့ လူတွေမြင်လာမယ်၊ ခံစားလာရမယ်ဆိုရင် သူတို့ဟာလည်း ပိုပြီး စိတ်ပါဝင်စားလာပါလိမ့်မယ်။

ဂရုစိုက်ပါ

လူဆိုတာ သူတို့ကိုယ်သူတို့ တန်ဖိုးရှိတယ်လို့ မြင်ချင်ကြတယ်။ ဒါကို သင့်အနေနဲ့ သူတို့ရဲ့ ဘဝအကြောင်းတွေ မေးမြန်းခြင်းဖြင့် အားပေးမြှင့်တင်နိုင်တယ်။ ပျော်အောင် ဘယ်လိုနေထိုင်စားသောက်သလဲ၊ မိသားစုအခြေအနေ ဘယ်လိုနေလဲ စသဖြင့်ပေါ့။ အရာရာတိုင်းက အလုပ်ချည်းဖြစ်နေလို့ မရပါဘူး။ သူတို့ကို သူတို့ခေါင်းဆောင်ဖြစ်သူက လူတစ်ယောက်အနေနဲ့ အရာသွင်းဂရုစိုက်ပါလားလို့ မြင်လာမယ်လေလေ ခေါင်းဆောင်အပေါ် သစ္စာရှိလေလေပါပဲ။

ပူးပေါင်းဆောင်ရွက်ပါ

တောင်တစ်လုံးကို တစ်ယောက်တည်းရွှေ့ဖို့မဖြစ်နိုင်ပါဘူး။ ပူးပေါင်းဆောင်ရွက်မှဖြစ်နိုင်ပါလိမ့်မယ်။

communicate လုပ်ပါ

ရှင်းလင်းပြတ်သားတဲ့ direction ချပေးပါ။ ရလဒ်ကိုရောက်ဖို့ ပြီးမြောက်ဖို့လိုတဲ့အရာတွေကို နားလည်အောင် ချပြရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ လုပ်ရမယ့် တာဝန်တစ်ခုကိုပဲ ဆိုလိုတာပါ။ သင်နဲ့ သင့်ဝန်ထမ်းတွေဟာ ရပ်တည်ချက်ခြင်း တူညီနေလိမ့်မယ်လို့ မယူဆပါနဲ့။ စစ်ဆေးမှုတွေပြုလုပ်ပြီး အောင်မြင်မှုအတွက် သေချာအောင် မကြာခဏဆိုသလို ပြောပြပါ။

ပွင့်ပွင့်လင်းလင်းပြောပါ

ရိုးသားမှုဟာ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ အခြေခံကျတဲ့ အချက်တစ်ချက်ပါ။ ဒါပေမဲ့ သူများနာကျင်ခံစား ရမယ့် အရာတွေဆိုရင် စစ်မှန်နေပေမဲ့ ထိန်ချန်ထားတတ်ကြတယ်။ ပွင့်ပွင့်လင်းလင်းမပြောပြခဲ့တဲ့အရာတွေက အရေးကြုံလာတဲ့အခါ အမှားတွေကနေ သင်ယူမယ့်သူ ဘယ်သူမှမရှိတော့ဘူး။ ရိုးသားပွင့်လင်းတဲ့ communication ကနေ ပိုကောင်းလာအောင် လမ်းညွှန်ပေးခြင်းဖြင့် ဝန်ထမ်းတွေရဲ့ တန်ဖိုးကို ပြန်လည် အသက်သွင်းပေးပါ။

Reference: http://inc-asean.com

Read times Last modified on Thursday, 30 January 2020 14:57
Rate this articles
(1 Vote)