×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Monday, 18 February 2019

အောင်မြင်မှုအတွက်ကျွမ်းကျင်ပိုင်နိုင်ရမည့် အရည်အချင်း (၁၀)ခု

အောင်မြင်သူတိုင်းမှာ တစ်ဦးနဲ့တစ်ဦး မတူကွဲပြားတဲ့ အရည်အချင်းတွေ အသီးသီးရှိကြပေမယ့် အခုဖော်ပြမယ့် အရည်အချင်း(၁၀)ခုကတော့ အားလုံးမှာ အနည်းအများဆိုသလို ကျွမ်းကျင်ထားကြပါတယ်။ သင်လည်း ဘ၀မှာ အောင်မြင်သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ဒီအရည်အချင်းတွေကို ကျွမ်းကျင်ပိုင်နိုင်အောင် ကြိုးစားလေ့ကျင့်ထားဖို့ လိုပါလိမ့်မယ်။

၁။ အဖွဲ့အစည်းလိုက်စီမံခန့်ခွဲနိုင်သည့် အရည်အချင်း

အဖွဲ့အစည်းလိုက် စီမံခန့်ခွဲနိုင်စွမ်းဟာ အောင်မြင်သူတွေအတွက် အရေးပါတဲ့ ကျွမ်းကျင်မှုတစ်ခု ဖြစ်ပါတယ်။ ဒီအရည်အချင်းဟာ အဖွဲ့အစည်းတစ်ခုအတွင်းပါဝင်သူအားလုံးအတွက် လုပ်ငန်းတာဝန်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်စေပြီး ယုံကြည်စိတ်ချရသူတွေ ဖြစ်လာစေပါတယ်။ အရေးကြီးတဲ့ အလုပ်တွေကို ဦးစားပေးဆောင်ရွက်နိုင်ဖို့နဲ့ ကြုံတွေ့ရတဲ့ပြဿနာ၊ အခက်အခဲတွေကို ထိထိရောက်ရောက် အဖြေရှာနိုင်ဖို့အတွက်လည်း အသုံးဝင်ပါတယ်။ ဒီလို အဖွဲ့အစည်းလိုက်စီမံခန့်ခွဲနိုင်စွမ်းမရှိဘူးဆိုရင် ကျရှုံးပြိုလဲဖို့ လွယ်ကူပါတယ်။

၂။ စေ့စပ်ညှိနှိုင်းမှု အရည်အချင်း

အောင်မြင်သူတွေဟာ ယုံကြည်မှုရှိပြီး ဆွဲဆောင်သိမ်းသွင်းနိုင်စွမ်းရှိကြတာကြောင့် စေ့စပ်ညှိနှိုင်းရာမှာ ထူးချွန်တဲ့သူတွေ ဖြစ်ကြပါတယ်။ ဒီအရည်အချင်းဟာ အလုပ်မှာသာက ပုဂ္ဂိုဟ်ရေးဘ၀မှာပါ အသုံးဝင်တဲ့အတွက် နေ့စဉ်ဘ၀ကို အဆင်ပြေပြေနဲ့ဖြတ်သန်းနိုင်အောင် ကူညီပေးပါတယ်။ လုပ်ငန်းခွင်အတွင်းမှာ ညှိနှိုင်းမှုကျွမ်းကျင်တာဟာ ရာထူးလစတိုးမြှင့်ခံရဖို့နဲ့ ဖောက်သည်အသစ်တွေ ရဖို့ အထောက်အကူဖြစ်စေပါတယ်။

၃။ ပြောဆိုဆက်ဆံမှု အရည်အချင်း

သင့်ရဲ့အလုပ်၊ သင့်ရဲ့အခြေအနေက ဘာပဲဖြစ်နေပါစေ၊ အပြောအဆိုကျွမ်းကျင်ပိုင်နိုင်ခြင်းဟာ အောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဖောက်သည်တွေကို သတင်းအချက်အလက်တွေ ဝေမျှပေးတဲ့အခါမှာပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာပဲဖြစ်ဖြစ် အောင်မြင်သူတိုင်းဟာ ကျွမ်းကျင်ပိုင်နိုင်စွာနဲ့ ပြောဆိုဆောင်ရွက်တတ်ကြပါတယ်။

၎။ သိမှတ်ခံစားမှုဆိုင်ရာ အရည်အချင်း

စိတ်ခံစားမှုတွေကို သိမှတ်ဆင်ခြင်နိုင်စွမ်း (Emotional Intelligence) ကောင်းခြင်းကလည်း အောင်မြင်သူတွေကို သာမန်လူတွေနဲ့ ကွဲပြားခြားနားသွားစေနိုင်တဲ့ အချက်ဖြစ်ပါတယ်။ အခြားသူတွေအတွက် ဘယ်လိုခံစားပေးတတ်သလဲ၊ ဖောက်သည်တွေနေရာကနေ ကိုယ်ချင်းစာပေးနိုင်လား စတာတွေက အဖွဲ့အစည်းတစ်ခုနဲ့ အလုပ်လုပ်တဲ့နေရာမှာရော၊ ဖောက်သည်တွေနဲ့ ဆက်ဆံရာမှာပါ အကျိုးဖြစ်စေနိုင်တဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ Emotional Intelligence ကို တိုးတက်စေဖို့ အလွယ်ကူဆုံးနဲ့ အမြန်ဆုံးနည်းလမ်းကိတော့ မိမိကိုယ်ကို နှိမ့်ချပြီး တခြားသူနေရာကနေ ၀င်ကြည့်ဖို့ပဲ ဖြစ်ပါတယ်။

၅။ စေ့စေ့ငှငှ တွေးခေါ်ဆင်ခြင်နိုင်သည့် အရည်အချင်း

Critical Thinking (စေ့စေ့ငှငှ တွေးခေါ်ဆင်ခြင်နိုင်စွမ်း)ဟာ အောင်မြင်သူတွေအတွက် ပြဿနာအရပ်ရပ်ကို အကောင်းဆုံးနည်လမ်းတွေနဲ့ ဖြေရှင်းနိုင်အောင် ကူညီပေးပါတယ်။ Critical Thinking ကောင်းသူတစ်ယောက်ဟာ အကြပ်အတည်းအခြေအနေတစ်ခုကို အမြန်ဆုံး သိရှိနားလည်ပြီး ဘယ်လိုဖြေရှင်းရမလဲဆိုတာကို အလွယ်တကူ အဖြေရှာနိုင်သူဖြစ်ပါတယ်။

၆။ အာရုံစူးစိုက်နိုင်သည့် အရည်အချင်း

အောင်မြင်သူတွေကို ရည်မှန်းချက်တွေ အကောင်အထည်ပေါ်လာစေတဲ့အရာကတော့ အာရုံစူးစိုက်နိုင်စွမ်းပဲ ဖြစ်ပါတယ်။ အာရုံစူးစိုက်နိုင်စွမ်းကြောင့် ရည်မှန်းချက်ပန်းတိုင်ဆီသို့ လမ်းကြောင်းပေါ်ကနေ မသွေဖယ်သွားအောင် လမ်းမှားရောက်ပြီး ကျရှုံးမသွားရအောင် အထောက်အကူဖြစ်စေပါတယ်။

၇။ အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် အရည်အချင်း

အဖွဲ့အစည်းလိုက် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းဟာ လုပ်ငန်းခွင်ထဲမှာသာမက နေ့စဉ်ဘ၀မှာလည်း လိုအပ်ပါတယ်။ အလုပ်ရှင် ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလုပ်စီမံကိန်းတစ်ခု လုပ်တာကနေ ဇနီးသည်ဖြစ်သူနဲ့ အဆင်ပြေပြေအတူရှိနေနိုင်ဖို့အထိ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းက အသုံးဝင်ပါတယ်။

၈။ ဟန်ချက်ညီမျှစေသည့် အရည်အချင်း

အောင်မြင်သူတိုင်းဟာ သူတို့ရဲ့အလုပ်နဲ့ဘ၀ကို ဟန်ချက်ညီအောင် ထိန်းသိမ်းနိုင်စွမ်းရှိကြပါတယ်။ အလုပ်တာဝန်တွေနဲ့ ဘ၀ကို သူ့အချိန်နဲ့သူ အဆင်ပြေအောင် ထိန်းညှိနိုင်တာက စိတ်ဖိစီးမှုကို လျော့နည်းစေသလို အောင်မြင်နိုင်ချေကိုလည်း တိုးတက်လာစေပါတယ်။

၉။ ယုံကြည်မှု

အောင်မြင်သူတွေဟာလည်း အချိန်တိုင်း မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိနေတာမဟုတ်ပါဘူး။ မိမိကိုယ်ကို ယုံကြည်မှုရှိလာအောင် လေ့ကျင့်ပျိုးထောင်ကြရပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိလာဖို့အတွက် ခန္ဓာဗေဒ ဘာသာစကားမှန်ကန်အောင်၊ လူမှုဆက်ဆံရေး တိုးတက်အောင် အမြဲတမ်းလေ့ကျင့်နေရပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းက စကားတွေကို ထိရောက်စေပြီး အောင်မြင်မှုအတွက် လမ်းကြောင်းတွေ ပွင့်စေနိုင်ပါတယ်။

၁၀။ စိစစ်လေ့လာနိုင်သည့် အရည်အချင်း

အားလုံးထဲမှာမှ အရေးအကြီးဆုံး ကျွမ်းကျင်မှုကတော့ သတင်းအချက်အလက်တွေကို လေ့လာရယူပြီး စိစစ် အသုံးချနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီအရည်အချင်းဟာ အောင်မြင်သူတွေအတွက် လက်ရှိအခြေအနေအရပ်ရပ်ကို သိရှိနေစေပြီး အလျင်မှီအောင် အပြောင်းအလဲလုပ်ဆောင်နိုင်စွမ်းရှိလာစေပါတယ်။


Source: Gentleman Magazine

Read times Last modified on Thursday, 30 January 2020 15:27
Rate this articles
(1 Vote)