×
Warning
JUser: :_load: Unable to load user with ID: 81428
Success
Monday, 30 March 2020
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူတစ်ယောက် ဖြစ်အောင်ဘယ်လိုလုပ်မလဲ ?
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူတစ်ယောက် ဖြစ်အောင်ဘယ်လိုလုပ်မလဲ ? Google
လူတစ်ယောက်ရဲ့ဘဝမ​ှာ အောင်မြင်မှုတွေရဖို့ဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည့်မှုရှိဖို့ကအရေးကြီးဆုံးပါပဲ
။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိရင် ဘာလုပ်လုပ် အဆင်မပြေနိုင်သလို၊ ဘယ်အရာမှလဲအထမြောက်မှာ မဟုတ်ပါဘူး။ တချို့လူ တွေကသူတို့လိုချင်တဲ့ဘဝ ကိုရောက်အောင်မလုပ်နိုင်ကြပါဘူး။ ဘာကြောင့်လဲဆို သူတို့ဟာဆုံးရှုံမူ တစ်ခုကြုံ တွေ့ရတဲ့အခါ သူတို့ရဲ့ပန်းတိုင်ကိုစွန့်လွတ် တတ်ကြပါတယ်။ ဒါဟာသူတို့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိခြင်းကြောင့်တာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိကိုယ်ကို ယုံကြည်မှုတိုးလာအောင် ဒီအချက်လေးတွေကိုလိုက်နာကျင့်သုံး ကြည့်ပါ။
() ကြိုတင်ပြင်ဆင်မှုတွေလုပ်ပါ
မိမိကိုယ်ကို ယုံကြည်မှု ကင်းမဲ့ခြင်းကိုကျော်လွားရန် အကောင်းဆုံးနည်းလမ်းမှာ လုံ့လဝိရိယ ရှိရှိဖြင့် ကြိုတင်ပြင်ဆင်ခြင်းပင်ဖြစ်ပါတယ်။ ဥပမာအားဖြင့်ပြောရရင် သင်မိန့်ခွန်း ပြောဖို့ယုံကြည်မှုကင်းမဲ့နေတယ်။ ဒါကြောင့် သင့်ကိုယ်သင် ယုံကြည်မှု ရှိရှိနဲ့မိနိ့ခွန်း ပြောဆိုနိုင်ရန် သင်ပြောရမဲ့ခေါင်းစဉ်ကိုသုတေသန လုပ်ထားမယ်၊ ဒါမှမဟုတ် မှန်ရှေ့တွင် ကြိုတင်လေ့ကျင့်ထားသင်ါပါတယ် ။ သင့်ကိုယ်သင် ယုံကြည်မှုရှိစေရန်လေ့ကျင့်မှု နှင့်ပြင်ဆင်မှု ကအထောက်အကူပြုပါလိမ့်မယ်။
() အသေးစားပြောင်းလဲမှု များကိုလုပ်ပါ
သင့်ရဲ့ပုံမှန် လုပ်နေကျအလေ့အထလေးတွေ ကိုပြောင်းလဲပြီး လုပ်ကြည့်ပါ။ ဥပမာသင်ကနောက်ကျမှ အိပ်ရာဝင်တတ်တဲ့သူဆိုရင် သင့်ရဲ့အလေ့အထကိုပြောင်းပြီး အိပ်ရာဝင်ချိန်ကိုစောစောသတ်မှတ်ခြင်း၊ မနက်တိုင်း ရေတစ်ခွက်သောက်ခြင်း၊ တနေ့ကိုစာအုပ်တစ်အုပ်ဖတ်ခြင်း၊ တီဗီကြည့်ခြင်း စတဲ့အသေးစားအလေ့အထ လေးတွေကိုပြောင်းလဲ သတ်မှတ်သင့်ပါတယ်။ အသေးစားပြောင်းလဲမှု များသည် ကြီးမားသောပြောင်းလဲမှု များကိုဖြစ်ပေါ်စေပါတယ်။ မကောင်းတဲ့အလေ့အကျင့် တွေကနေကောင်းတဲ့အလေ့အကျင့် လေးတွေကိုပြောင်းလဲ ပေးခြင်းကလဲ သင့်ရဲ့ယုံကြည်မှုတွေတိုးလာစေပါလိမ့်မယ်။
() သင့်ရဲ့လက်ရှိအခြေအနေကို လက်ခံပါ
သင့်ရဲ့ ယုံကြည့်မှုစွမ်းရည်ကိုတိုးလာစေရန် နည်းလမ်းတစ်ခုမှာ လက်ရှိအခြေအနေကိုလက်ခံနိုင်ခြင်း ပင်ဖြစ်တယ်။ ဥပမာသင်ကဆုံးရှုံးမှု တစ်ခုနဲ့ကြုံရတဲ့အခါ အဲ့ဒီဆုံးရှုံးမှုအတွက်ဝမ်းနည်း မနေပဲ သင့်ရဲ့လက်ရှိအခြေအနေ ကိုလက်ခံလိုက်ပြီး သင်ပြောင်းလဲနိုင်သောအရာကိုပြောင်းလဲ နိုင်ရနိကြိုးစားပါ။
() ကိုယ့်ကိုယ်ကို သူများနဲ့မနှိုင်းယှဉ်ပါနဲ့
သင့်ကိုသင် သူများနဲ့နိှုင်းယှဉ်ခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေရန်အတွက် အဆိုးဆုံးအရာတစ်ခုပါပဲ ။ ကျွန်တော်တို့ဟာ တစ်ဦးနဲ့ တစ်ဦး မတူညီတဲ့အရည်အချင်းတွေနဲ့မွေးလာတာကြောင့် ကိုယ့်ကိုယ်ကို သူများနဲ့နှိုင်းယှဉ် ပြီးနိမ့်ကျတဲ့အတွေး တွေမဝင်ပါစေနဲ့။ အဲ့ဒီအစားသင်တကယ်လုပ်ဆောင်နိုင်တဲ့အရာတွေ ကိုယုံကြည်မှု ရှိရှိနဲ့လုပ်ဆောင်လိုက်ပါ။
(Zaw gyi)
register
(၁) ကြိုတင်ပြင်ဆင်မှုတွေလုပ်ပါ
(၂) အသေးစားပြောင်းလဲမှု များကိုလုပ်ပါ
(၃) သင့်ရဲ့လက်ရှိအခြေအနေကို လက်ခံပါ
(၄) ကိုယ့်ကိုယ်ကို သူများနဲ့မနှိုင်းယှဉ်ပါနဲ့
https://www.sayar.com.mm/
Read times Last modified on Friday, 03 April 2020 11:29
Rate this articles
(2 votes)