×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Thursday, 08 October 2020

လုပ်ငန်းခွင်မှာ ကြုံတွေ့နေရတဲ့ဖိအားတွေကို ဘယ်လိုကိုင်တွယ်မလဲ????

လုပ်ငန်းခွင်မှာ ကြုံတွေ့နေရတဲ့ဖိအားတွေကို ဘယ်လိုကိုင်တွယ်မလဲ????

လုပ်ငန်းခွင်မှာ ဖိအားကို ကောင်းကောင်းကိုင်တွယ်နိုင်ခြင်းဟာ သင့်ရဲ့ စွမ်းဆောင်ရည်ကိုပြသနေခြင်းပဲဖြစ်ပါတယ်။ ဖိအားတွေနဲ့ကြုံတွေ့ရတဲ့အခါ စိတ်ညစ်ညူးမနေပဲ ကောင်းမွန်စွာကျော်ဖြတ်နိုင်တဲ့သူတွေဟာ လုပ်ငန်းခွင်မှာအောင်မြင်တတ်ကြပါတယ်။ သင့်ရဲ့စွမ်းဆောင်ရည်ကိုလည်းပြသနေတာမို့ လုပ်ငန်းခွင်မှာ ဖိအားတွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာက အရေးကြီးပါတယ်။ သင့်ရဲ့အထက်လူကြီးကို ဖိအားတွေကို သင်ဘယ်လိုကျော်လွှားနိုင်သလဲဆိုတာပြသပြီးတော့ သင့်ရဲ့စွမ်းရည်ကိုသိနိုင်ပါတယ်။ ဘာတွေလဲဆိုတာကြည့်လိုက်ကြရအောင်။

 

၁) ပြသနာကို အေးဆေးစွာဖြေရှင်းပါ။
လုပ်ငန်းခွင်မှာကြုံတွေ့ရတဲ့ပြသနာတွေဟာ သာမန်ပတ်ဝန်းကျင်မှာကြုံတွေ့ရတဲ့ပြသနာတွေနဲ့ မတူပါဘူး။ တာဝန်တွေ ဝတ္တရားတွေပါဝင်တာမို့ အရမ်းအရေးကြီးပါတယ်။ လုပ်ငန်းခွင်မှာ ပြသနာတွေကြုံတတ်တာက သဘာဝပဲမို့ ရင်ဆိုင်ရတဲ့အခါ ပြသနာကို အေးဆေးတည်ငြိမ်စွာဖြေရှင်းပြီးအခက်အခဲကိုကျော်လွှားလိုက်ပါ။

 

၂) ပြီးမြောက်ရမည့် အလုပ်များအပေါ်တွင် အာရုံစူးစိုက်ထားပါ။
တစ်နေ့တာလုပ်ငန်းခွင်ဟာ စိတ်ဖိစီးမှုများပေမယ့် သင့်ရဲ့ ပုံမှန်တာဝန်တွေကိုပြီးမြောက်အောင်အာရုံစိုက်ပါ။ ယနေ့ပြီးမြောက်ရမည့်အလုပ်များကို တာဝန်ပြီးဆုံးအောင်လုပ်ပါ။

 

၃) လုပ်ဖော်ကိုင်ဖက်များနှင့် တာဝန်ကိုမျှဝေလုပ်ဆောင်ခြင်း။
လုပ်ငန်းခွင်မှာ မိမိသာမက မိမိလုပ်ဖော်ကိုင်ဖက်တွေမှာပါ ဖိအားတွေရှိနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့အလုပ်ချိန်အနည်းငယ်အားတဲ့အခါမှာလည်း သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ကူညီလုပ်ဆောင်ပေးသင့်ပါတယ်။
သင်ဘယ်လောက်ပဲဖိအားတွေများများ သူများတွေကို အကူအညီပေးနိုင်တယ်ဆိုတဲ့အချက်ကလည်း သင်ဟာ လုပ်ငန်းခွင်ဖိအားအပေါ် တည်တည်ငြိမ်ငြိမ် ကျော်လွှားနိုင်တယ်ဆိုတာကိုဖော်ပြနေပါလိမ့်မယ်။

 

၄) ငြင်းခုံမှုများတွင် ပါဝင်မှုမရှိခြင်း။
လုပ်ငန်းခွင်ဟာ လူမျိုးစုံ ရာထူးမျိုးစုံပါဝင်တာမို့ တစ်ယောက်နဲ့တစ်ယောက်ရဲ့ စိတ်သဘောထားတွေလည်း ကွဲပြားနိုင်ပါတယ်။ ဒါကြောင့် ပြသနာတစ်ခုခုဖြစ်လာခဲ့ရင် သူ့အမြင်ကိုယ့်အမြင်ကို ငြင်းခုံနေတာမျိုးမပြုလုပ်သင့်ပါဘူး။ စိတ်တိုစရာတစ်စုံတစ်ခုဖြစ်လာခဲ့ရင်တောင် အသက်ကိုပြင်းပြင်းရှူပြီး သင်လုပ်ရမယ့်အလုပ်ပေါ်မှာပဲ အာရုံစူးစိုက်ထားပါ။

 

၅) လိုအပ်လျှင် အကူအညီရယူခြင်း။
လုပ်ဖော်ကိုင်ဖက်တွေဆီကနေ အကူအညီရယူခြင်းဟာလည်း သင်တို့ကြားထဲမှာရှိတဲ့ ရင်းနှီးကျွမ်းဝင်မှုကိုဖော်ပြနေတာဖြစ်ပါတယ်။ အခက်အခဲကြုံလာတဲ့အခါမှာ တစ်ယောက်တည်းဖြေရှင်းလို့အဆင်မပြေနိုင်ရင် လုပ်ဖော်ကိုင်ဖက်တွေကို အကူအညီတောင်းပြီးဖြေရှင်းတာမျိုးလုပ်သင့်ပါတယ်။

 

၆) ကဖင်းဓာတ်သုံးစွဲခြင်းကို လျှော့ချခြင်း။
ကော်ဖီသောက်ခြင်းကြောင့် ကောင်းကျိုးအနည်းငယ်သာရှိပြီး ဆိုးကျိုးက ပိုများပါတယ်။ ကဖင်းဓာတ်များရင် အလွန်အမင်း စိတ်ဖိဆီးမှုကို ဖြစ်စေပါတယ်။ ဒါကြောင့် အလုပ်ချိန်တစ်လျှောက်လုံးမှာ အလွန်အမင်းကော်ဖီသောက်သုံးခြင်းကို ရှောင်ပါ။

 

၇) ခဏတာအနားယူပါ။
အလုပ်ကိုအချိန်ပြည့်လုပ်ခြင်းဟာ စိတ်ဖိဆီးမှုကို အလွယ်တကူဖြစ်စေနိုင်ပါတယ်။ သင်ဟာ အလုပ်ကို အချိန်ကြာမြင့်စွာလုပ်ရမယ်ဆိုရင် ကြားထဲမှာ ၅မိနစ် ၁၀မိနစ်ခန့် အနားယူပေးသင့်ပါတယ်။

 

၈) အားလပ်ရက်များမှာ ပြည့်ပြည့်ဝဝအနားယူပါ။
တစ်ပတ်တာ လုပ်ဆောင်ချက်များပြီးစီးသွားတဲ့အခါ သင့်ရဲ့အားလပ်ရက်တွေမှာ စိတ်ရော ကိုယ်ပါ အနားယူကာ နောက်တစ်ပတ်အတွက် အသင့်ပြင်ထားသင့်ပါတယ်။

 

၉) ကြီးမားတဲ့တာဝန်တွေကို လက်ခံပါ။
လူအများစုဟာ တာဝန်ကြီးကြီးမားမားတွေကိုလက်ခံရမှာ ကြောက်ကြပါတယ်။ သင်ဟာ ဒီတာဝန်တွေကို ကျော်လွှားသွားနိုင်ခဲ့တဲ့အခါကျရင် သင်ဟာ အခက်အခဲတွေနဲ့ ဖိအားတွေကို တည်တည်ငြိမ်ငြိမ်နဲ့ဖြေရှင်းနိုင်စွမ်းရှိတဲ့သူတစ်ယောက်ဖြစ်လာမှာအသေအချာပါပဲ။

 

၁၀) စိတ်ဖိဆီးမှုတွေ အလွန်အမင်းပြသခြင်းကိုရှောင်ပါ။
လုပ်ငန်းခွင်မှာ ကြုံတွေ့နေတဲ့စိတ်ဖိဆီးမှုတွေကို သင့်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် သင့်ရဲ့ social media မှာပဲဖြစ်ဖြစ် မျှဝေတာမျိုးတွေမလုပ်သင့်ပါဘူး။ သင့်ရဲ့အခက်အခဲတွေကို ပတ်ဝန်းကျင်ကမြင်တွေ့သွားတဲ့အခါ သင်ဟာ စွမ်းဆောင်ရည်အားနည်းသူတစ်ယောက်အဖြစ်မှတ်ချက်ပေးခံရနိုင်ပါတယ်။

 

ဖိအားတွေကို ကျော်လွှားကာ စွမ်းဆောင်ရည်ပြည့်ဝတဲ့ ဝန်ထမ်းကောင်းတွေ ဖြစ်ကြပါစေနော်။

 

 

လုပ္ငန္းခြင္မွာ ႀကဳံေတြ႕ေနရတဲ့ဖိအားေတြကို ဘယ္လိုကိုင္တြယ္မလဲ????

 

လုပ္ငန္းခြင္မွာ ဖိအားကို ေကာင္းေကာင္းကိုင္တြယ္ႏိုင္ျခင္းဟာ သင့္ရဲ႕ စြမ္းေဆာင္ရည္ကိုျပသေနျခင္းပဲျဖစ္ပါတယ္။ ဖိအားေတြနဲ႔ႀကဳံေတြ႕ရတဲ့အခါ စိတ္ညစ္ညဴးမေနပဲ ေကာင္းမြန္စြာေက်ာ္ျဖတ္ႏိုင္တဲ့သူေတြဟာ လုပ္ငန္းခြင္မွာေအာင္ျမင္တတ္ၾကပါတယ္။ သင့္ရဲ႕စြမ္းေဆာင္ရည္ကိုလည္းျပသေနတာမို႔ လုပ္ငန္းခြင္မွာ ဖိအားေတြကို ဘယ္လိုေက်ာ္ျဖတ္မလဲဆိုတာက အေရးႀကီးပါတယ္။ သင့္ရဲ႕အထက္လူႀကီးကို ဖိအားေတြကို သင္ဘယ္လိုေက်ာ္လႊားႏိုင္သလဲဆိုတာျပသၿပီးေတာ့ သင့္ရဲ႕စြမ္းရည္ကိုသိႏိုင္ပါတယ္။ ဘာေတြလဲဆိုတာၾကည့္လိုက္ၾကရေအာင္။

 

၁) ျပသနာကို ေအးေဆးစြာေျဖရွင္းပါ။
လုပ္ငန္းခြင္မွာႀကဳံေတြ႕ရတဲ့ျပသနာေတြဟာ သာမန္ပတ္ဝန္းက်င္မွာႀကဳံေတြ႕ရတဲ့ျပသနာေတြနဲ႔ မတူပါဘူး။ တာဝန္ေတြ ဝတၱရားေတြပါဝင္တာမို႔ အရမ္းအေရးႀကီးပါတယ္။ လုပ္ငန္းခြင္မွာ ျပသနာေတြႀကဳံတတ္တာက သဘာဝပဲမို႔ ရင္ဆိုင္ရတဲ့အခါ ျပသနာကို ေအးေဆးတည္ၿငိမ္စြာေျဖရွင္းၿပီးအခက္အခဲကိုေက်ာ္လႊားလိုက္ပါ။

 

၂) ၿပီးေျမာက္ရမည့္ အလုပ္မ်ားအေပၚတြင္ အာ႐ုံစူးစိုက္ထားပါ။
တစ္ေန႔တာလုပ္ငန္းခြင္ဟာ စိတ္ဖိစီးမႈမ်ားေပမယ့္ သင့္ရဲ႕ ပုံမွန္တာ၀န္ေတြကိုၿပီးေျမာက္ေအာင္အာ႐ုံစိုက္ပါ။ ယေန႔ၿပီးေျမာက္ရမည့္အလုပ္မ်ားကို တာဝန္ၿပီးဆုံးေအာင္လုပ္ပါ။

 

၃) လုပ္ေဖာ္ကိုင္ဖက္မ်ားႏွင့္ တာဝန္ကိုမွ်ေဝလုပ္ေဆာင္ျခင္း။
လုပ္ငန္းခြင္မွာ မိမိသာမက မိမိလုပ္ေဖာ္ကိုင္ဖက္ေတြမွာပါ ဖိအားေတြရွိႏိုင္ပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕အလုပ္ခ်ိန္အနည္းငယ္အားတဲ့အခါမွာလည္း သင့္ရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြကို ကူညီလုပ္ေဆာင္ေပးသင့္ပါတယ္။
သင္ဘယ္ေလာက္ပဲဖိအားေတြမ်ားမ်ား သူမ်ားေတြကို အကူအညီေပးႏိုင္တယ္ဆိုတဲ့အခ်က္ကလည္း သင္ဟာ လုပ္ငန္းခြင္ဖိအားအေပၚ တည္တည္ၿငိမ္ၿငိမ္ ေက်ာ္လႊားႏိုင္တယ္ဆိုတာကိုေဖာ္ျပေနပါလိမ့္မယ္။

 

၄) ျငင္းခုံမႈမ်ားတြင္ ပါဝင္မႈမရွိျခင္း။
လုပ္ငန္းခြင္ဟာ လူမ်ိဳးစုံ ရာထူးမ်ိဳးစုံပါဝင္တာမို႔ တစ္ေယာက္နဲ႔တစ္ေယာက္ရဲ႕ စိတ္သေဘာထားေတြလည္း ကြဲျပားႏိုင္ပါတယ္။ ဒါေၾကာင့္ ျပသနာတစ္ခုခုျဖစ္လာခဲ့ရင္ သူ႔အျမင္ကိုယ့္အျမင္ကို ျငင္းခုံေနတာမ်ိဳးမျပဳလုပ္သင့္ပါဘူး။ စိတ္တိုစရာတစ္စုံတစ္ခုျဖစ္လာခဲ့ရင္ေတာင္ အသက္ကိုျပင္းျပင္းရႉၿပီး သင္လုပ္ရမယ့္အလုပ္ေပၚမွာပဲ အာ႐ုံစူးစိုက္ထားပါ။

 

၅) လိုအပ္လွ်င္ အကူအညီရယူျခင္း။
လုပ္ေဖာ္ကိုင္ဖက္ေတြဆီကေန အကူအညီရယူျခင္းဟာလည္း သင္တို႔ၾကားထဲမွာရွိတဲ့ ရင္းႏွီးကြၽမ္းဝင္မႈကိုေဖာ္ျပေနတာျဖစ္ပါတယ္။ အခက္အခဲႀကဳံလာတဲ့အခါမွာ တစ္ေယာက္တည္းေျဖရွင္းလို႔အဆင္မေျပႏိုင္ရင္ လုပ္ေဖာ္ကိုင္ဖက္ေတြကို အကူအညီေတာင္းၿပီးေျဖရွင္းတာမ်ိဳးလုပ္သင့္ပါတယ္။

 

၆) ကဖင္းဓာတ္သုံးစြဲျခင္းကို ေလွ်ာ့ခ်ျခင္း။
ေကာ္ဖီေသာက္ျခင္းေၾကာင့္ ေကာင္းက်ိဳးအနည္းငယ္သာရွိၿပီး ဆိုးက်ိဳးက ပိုမ်ားပါတယ္။ ကဖင္းဓာတ္မ်ားရင္ အလြန္အမင္း စိတ္ဖိဆီးမႈကို ျဖစ္ေစပါတယ္။ ဒါေၾကာင့္ အလုပ္ခ်ိန္တစ္ေလွ်ာက္လုံးမွာ အလြန္အမင္းေကာ္ဖီေသာက္သုံးျခင္းကို ေရွာင္ပါ။

 

၇) ခဏတာအနားယူပါ။
အလုပ္ကိုအခ်ိန္ျပည့္လုပ္ျခင္းဟာ စိတ္ဖိဆီးမႈကို အလြယ္တကူျဖစ္ေစႏိုင္ပါတယ္။ သင္ဟာ အလုပ္ကို အခ်ိန္ၾကာျမင့္စြာလုပ္ရမယ္ဆိုရင္ ၾကားထဲမွာ ၅မိနစ္ ၁၀မိနစ္ခန႔္ အနားယူေပးသင့္ပါတယ္။

 

၈) အားလပ္ရက္မ်ားမွာ ျပည့္ျပည့္ဝဝအနားယူပါ။
တစ္ပတ္တာ လုပ္ေဆာင္ခ်က္မ်ားၿပီးစီးသြားတဲ့အခါ သင့္ရဲ႕အားလပ္ရက္ေတြမွာ စိတ္ေရာ ကိုယ္ပါ အနားယူကာ ေနာက္တစ္ပတ္အတြက္ အသင့္ျပင္ထားသင့္ပါတယ္။

 

၉) ႀကီးမားတဲ့တာဝန္ေတြကို လက္ခံပါ။
လူအမ်ားစုဟာ တာဝန္ႀကီးႀကီးမားမားေတြကိုလက္ခံရမွာ ေၾကာက္ၾကပါတယ္။ သင္ဟာ ဒီတာဝန္ေတြကို ေက်ာ္လႊားသြားႏိုင္ခဲ့တဲ့အခါက်ရင္ သင္ဟာ အခက္အခဲေတြနဲ႔ ဖိအားေတြကို တည္တည္ၿငိမ္ၿငိမ္နဲ႔ေျဖရွင္းႏိုင္စြမ္းရွိတဲ့သူတစ္ေယာက္ျဖစ္လာမွာအေသအခ်ာပါပဲ။

 

၁၀) စိတ္ဖိဆီးမႈေတြ အလြန္အမင္းျပသျခင္းကိုေရွာင္ပါ။
လုပ္ငန္းခြင္မွာ ႀကဳံေတြ႕ေနတဲ့စိတ္ဖိဆီးမႈေတြကို သင့္လုပ္ငန္းခြင္မွာပဲျဖစ္ျဖစ္ သင့္ရဲ႕ social media မွာပဲျဖစ္ျဖစ္ မွ်ေဝတာမ်ိဳးေတြမလုပ္သင့္ပါဘူး။ သင့္ရဲ႕အခက္အခဲေတြကို ပတ္ဝန္းက်င္ကျမင္ေတြ႕သြားတဲ့အခါ သင္ဟာ စြမ္းေဆာင္ရည္အားနည္းသူတစ္ေယာက္အျဖစ္မွတ္ခ်က္ေပးခံရႏိုင္ပါတယ္။

 

ဖိအားေတြကို ေက်ာ္လႊားကာ စြမ္းေဆာင္ရည္ျပည့္ဝတဲ့ ဝန္ထမ္းေကာင္းေတြ ျဖစ္ၾကပါေစေနာ္။

Read times
Rate this articles
(0 votes)