×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Thursday, 10 December 2020

ဆုံးဖြတ်ချက်တွေချတဲ့အခါ မမှားစေဖို့

ဆုံးဖြတ်ချက်တွေချတဲ့အခါ မမှားစေဖို့

အားလုံးမှာ Dilemma လို့ခေါ်တဲ့ ဆုံးဖြတ်ရခက်တဲ့အခြေအနေတွေကြုံဖူး၊ရှိဖူးကြမှာပါ။ ဆုံးဖြတ်ချက်ချပြီဆို မှန်ရင်ကိုယ့်ဘဝတက်လမ်းအတွက်ချည်းပဲ ဖြစ်ပေမယ့် ဆုံးဖြတ်ချက်မှားခဲ့ရင်လည်းမထင်ထားတဲ့ကံဆိုးခြင်းတွေဆက်တိုက် ကိုယ့်ဆီရောက်လာအောင် ဖန်တီးနိုင်ပါတယ်။ ဒါကြောင့် ဘဝရဲ့အချိုးအကွေ့တွေတိုင်းမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ အရေးကြီးပါတယ်။ ဒီတော့ ဆုံးဖြတ်ချက်တွေချတဲ့အခါသိထားသင့်တဲ့အချက်တွေကို အားလုံးအတွက် ဝေမျှပေးပါရစေ။

 

(၁) စဉ်းစားချင့်ချိန်တွေးခေါ်ပါ။
ပြဿနာ(ဒါမှမဟုတ်)အဖြစ်အပျက်တစ်ခုရဲ့ အရင်းအမြစ်ကိုတွေ့အောင်ရှာပါ။ပြီးရင်တော့ ခွဲခြမ်းစိတ်ဖြာပြီးသုံးသပ်ပါ။ ဒါမှ သင့်အတွက်ဘာတွေကောင်းမွန်လာမလဲ ဘာတွေဆုံးရှုံးနိုင်လဲဆိုတာ သင်တွေးဖို့ လမ်းစရလာမှာပါ။

 

(၂) သင့်ဆုံးဖြတ်ချက်ကြောင့်ဖြစ်လာနိုင်တဲ့အကျိုးသက်ရောက်မှုတွေကို ပုံဖော်ကြည့်ပါ။
ဘယ်အရာကပြဿနာလဲ ဆိုတာကို သင်သိပြီ။ ဆုံးဖြတ်ချက်တစ်ခုလည်းချမိပြီးပြီ ဆိုရင်တော့ အရင်ဆုံး အတွေးထဲမှာ ဖြစ်လာနိုင်တဲ့ အကျိုးသက်ရောက်မှုတွေကို ပုံဖော်ကြည့်ပါ။ တစ်ခုရှိတာက အကောင်း၊အဆိုးမျှအောင် အမြင်နှစ်ဘက်နဲ့ စဉ်းစားဖို့ပါပဲ။ ဒါမှ သင့်ဆုံးဖြတ်ချက်မှန်မမှန် သင်ချင့်ချိန်နိုင်ပြီး လိုအပ်ရင်နောက်ဆုတ်နိုင်မှာဖြစ်ပါတယ်။

 

(၃) SWOT နည်းကို သုံးပြီး ဝေဖန်ပိုင်းခြားပါ။
SWOT ဆိုတာက Strength, Weakness, Opportunity, Threat တို့ ဖြစ်ပါတယ်။ သင့် ဆုံးဖြတ်ချက်ရဲ့အားသာချက်ကဘာလဲ၊ အားနည်းချက်ကရော၊ ဒီဆုံးဖြတ်ချက်ကိုချလိုက်လို့ သင်ရနိုင်တဲ့ အခွင့်အရေးတွေက ဘာတွေဖြစ်မလဲ၊ သင့်ကိုခြိမ်းခြောက်မယ့်အရာတွေကရော ဘာတွေလဲ ဆိုတာကို SWOT analysis နည်းနဲ့ အဖြေရှာနိုင်ပါတယ်။

 

(၄) Plan A, Plan B ရှိပါစေ။
တစ်ခုတည်းကို ဇောက်ချပြီး ဘာကိုမှမကြည့်ဘဲ ဆောင်ရွက်တာက ကောင်းပေမယ့် အန္တရာယ်များတဲ့လုပ်ရပ်တစ်ခုပါ။ “ Don’t work hard, work smart” ဆိုတဲ့အတိုင်း သင်က Smart Worker တစ်ယောက်ဖြစ်နေပါစေ။ ဒါကြောင့် ကြိုတင်ပြင်ဆင်ထားတဲ့ မဟာဗျူဟာတွေ သင့်မှာ အစဉ်လိုက်ရှိနေဖို့လိုပါတယ်။ ဆုံးဖြတ်ချက်တစ်ခုချပြီး အဆိုပါဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရင်း အခြေအနေမဟန်တဲ့အခါ အန္တရာယ်ကိုကျော်ဖြတ်နိုင်ဖို့ Plan B သင့်မှာရှိနေဖို့လိုပါတယ်။

 

(၅ ) အချိန်ယူပါ။
ဆုံးဖြတ်ချက်တစ်ခုချတဲ့အခါ အချိန်ယူဖို့ကို ဝန်မလေးပါနဲ့။ အချိန်သေချာယူပြီး သေချာစစ်ဆေးပါ။ ဆုံးဖြတ်ချက်တစ်ခုကို အလျင်စလိုချမှတ်လိုက်ရင် ၆၅ % က မှားဖို့ရှိနိုင်ပါတယ်။ သင့်ဘဝကြီးကို ဖုတ်လိုက်ဖုတ်လိုက်နဲ့ မရပ်တည်ချင်ရင်တော့ ဆုံးဖြတ်ချက်ကြီးတွေချတဲ့အခါ အချိန်သေချာယူစဉ်းစားပါ။ ဆုံးဖြတ်ချက်ချပြီးလို့ အကောင်အထည်ဖော်ဖို့ကိုတော့ အချိန်ဆွဲလို့မကောင်းပါဘူး။မြန်မြန်အကောင်အထည်ဖော်ပါ။

 

စာဖတ်သူတွေအနေနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ကြပါစေနော်။

 

 

ဆုံးျဖတ္ခ်က္ေတြခ်တဲ့အခါ မမွားေစဖို႔

အားလုံးမွာ Dilemma လို႔ေခၚတဲ့ ဆုံးျဖတ္ရခက္တဲ့အေျခအေနေတြႀကဳံဖူး၊ရွိဖူးၾကမွာပါ။ ဆုံးျဖတ္ခ်က္ခ်ၿပီဆို မွန္ရင္ကိုယ့္ဘဝတက္လမ္းအတြက္ခ်ည္းပဲ ျဖစ္ေပမယ့္ ဆုံးျဖတ္ခ်က္မွားခဲ့ရင္လည္းမထင္ထားတဲ့ကံဆိုးျခင္းေတြဆက္တိုက္ ကိုယ့္ဆီေရာက္လာေအာင္ ဖန္တီးႏိုင္ပါတယ္။ ဒါေၾကာင့္ ဘဝရဲ႕အခ်ိဳးအေကြ႕ေတြတိုင္းမွာ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ေတြခ်ႏိုင္ဖို႔ အေရးႀကီးပါတယ္။ ဒီေတာ့ ဆုံးျဖတ္ခ်က္ေတြခ်တဲ့အခါသိထားသင့္တဲ့အခ်က္ေတြကို အားလုံးအတြက္ ေဝမွ်ေပးပါရေစ။

 

(၁) စဥ္းစားခ်င့္ခ်ိန္ေတြးေခၚပါ။
ျပႆနာ(ဒါမွမဟုတ္)အျဖစ္အပ်က္တစ္ခုရဲ႕ အရင္းအျမစ္ကိုေတြ႕ေအာင္ရွာပါ။ၿပီးရင္ေတာ့ ခြဲျခမ္းစိတ္ျဖာၿပီးသုံးသပ္ပါ။ ဒါမွ သင့္အတြက္ဘာေတြေကာင္းမြန္လာမလဲ ဘာေတြဆုံးရႈံးႏိုင္လဲဆိုတာ သင္ေတြးဖို႔ လမ္းစရလာမွာပါ။

 

(၂) သင့္ဆုံးျဖတ္ခ်က္ေၾကာင့္ျဖစ္လာႏိုင္တဲ့အက်ိဳးသက္ေရာက္မႈေတြကို ပုံေဖာ္ၾကည့္ပါ။
ဘယ္အရာကျပႆနာလဲ ဆိုတာကို သင္သိၿပီ။ ဆုံးျဖတ္ခ်က္တစ္ခုလည္းခ်မိၿပီးၿပီ ဆိုရင္ေတာ့ အရင္ဆုံး အေတြးထဲမွာ ျဖစ္လာႏိုင္တဲ့ အက်ိဳးသက္ေရာက္မႈေတြကို ပုံေဖာ္ၾကည့္ပါ။ တစ္ခုရွိတာက အေကာင္း၊အဆိုးမွ်ေအာင္ အျမင္ႏွစ္ဘက္နဲ႔ စဥ္းစားဖို႔ပါပဲ။ ဒါမွ သင့္ဆုံးျဖတ္ခ်က္မွန္မမွန္ သင္ခ်င့္ခ်ိန္ႏိုင္ၿပီး လိုအပ္ရင္ေနာက္ဆုတ္ႏိုင္မွာျဖစ္ပါတယ္။

 

(၃) SWOT နည္းကို သုံးၿပီး ေဝဖန္ပိုင္းျခားပါ။
SWOT ဆိုတာက Strength, Weakness, Opportunity, Threat တို႔ ျဖစ္ပါတယ္။ သင့္ ဆုံးျဖတ္ခ်က္ရဲ႕အားသာခ်က္ကဘာလဲ၊ အားနည္းခ်က္ကေရာ၊ ဒီဆုံးျဖတ္ခ်က္ကိုခ်လိုက္လို႔ သင္ရႏိုင္တဲ့ အခြင့္အေရးေတြက ဘာေတြျဖစ္မလဲ၊ သင့္ကိုၿခိမ္းေျခာက္မယ့္အရာေတြကေရာ ဘာေတြလဲ ဆိုတာကို SWOT analysis နည္းနဲ႔ အေျဖရွာႏိုင္ပါတယ္။

 

(၄) Plan A, Plan B ရွိပါေစ။
တစ္ခုတည္းကို ေဇာက္ခ်ၿပီး ဘာကိုမွမၾကည့္ဘဲ ေဆာင္႐ြက္တာက ေကာင္းေပမယ့္ အႏၲရာယ္မ်ားတဲ့လုပ္ရပ္တစ္ခုပါ။ “ Don’t work hard, work smart” ဆိုတဲ့အတိုင္း သင္က Smart Worker တစ္ေယာက္ျဖစ္ေနပါေစ။ ဒါေၾကာင့္ ႀကိဳတင္ျပင္ဆင္ထားတဲ့ မဟာဗ်ဴဟာေတြ သင့္မွာ အစဥ္လိုက္ရွိေနဖို႔လိုပါတယ္။ ဆုံးျဖတ္ခ်က္တစ္ခုခ်ၿပီး အဆိုပါဆုံးျဖတ္ခ်က္ကို အေကာင္အထည္ေဖာ္ရင္း အေျခအေနမဟန္တဲ့အခါ အႏၲရာယ္ကိုေက်ာ္ျဖတ္ႏိုင္ဖို႔ Plan B သင့္မွာရွိေနဖို႔လိုပါတယ္။

 

(၅ ) အခ်ိန္ယူပါ။
ဆုံးျဖတ္ခ်က္တစ္ခုခ်တဲ့အခါ အခ်ိန္ယူဖို႔ကို ဝန္မေလးပါနဲ႔။ အခ်ိန္ေသခ်ာယူၿပီး ေသခ်ာစစ္ေဆးပါ။ ဆုံးျဖတ္ခ်က္တစ္ခုကို အလ်င္စလိုခ်မွတ္လိုက္ရင္ ၆၅ % က မွားဖို႔ရွိႏိုင္ပါတယ္။ သင့္ဘဝႀကီးကို ဖုတ္လိုက္ဖုတ္လိုက္နဲ႔ မရပ္တည္ခ်င္ရင္ေတာ့ ဆုံးျဖတ္ခ်က္ႀကီးေတြခ်တဲ့အခါ အခ်ိန္ေသခ်ာယူစဥ္းစားပါ။ ဆုံးျဖတ္ခ်က္ခ်ၿပီးလို႔ အေကာင္အထည္ေဖာ္ဖို႔ကိုေတာ့ အခ်ိန္ဆြဲလို႔မေကာင္းပါဘူး။ျမန္ျမန္အေကာင္အထည္ေဖာ္ပါ။

 

စာဖတ္သူေတြအေနနဲ႔ မွန္ကန္တဲ့ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္ႏိုင္ၾကပါေစေနာ္။

 

Read times
Rate this articles
(1 Vote)