×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Friday, 11 December 2020

တရုတ်သမ္မတကြီး ရှီကျင်းပင် ကို အမြင့်ရောက်အောင် တွန်းတင်ပေးခဲ့တဲ့ စကားကြီး(၃)ခွန်း

တရုတ်သမ္မတကြီး ရှီကျင်းပင် ကို အမြင့်ရောက်အောင် တွန်းတင်ပေးခဲ့တဲ့ စကားကြီး(၃)ခွန်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံက သူမတူအောင်တိုးတက်ပြီးအင်မတန်အပြိုင်အဆိုင်များတဲ့နိုင်ငံတစ်ခုပါ။ ဒီလို နိုင်ငံကြီးမှာ သမ္မတဖြစ်လာဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒါကြောင့် တရုတ်နိုင်ငံမှာ သမ္မတတစ်ယောက်ဖြစ်ဖို့ ရှီကျင်းပင်ကြိုးစားခဲ့ရတာတွေကလည်း လွယ်မှာမဟုတ်ပါဘူး။ သူ့ကို သမ္မတကြီးတစ်ယောက်ဖြစ်အောင် အသိပညာတွေပေးခဲ့သူက သူ့ဖခင်ပါတဲ့။ ဒါကြောင့် ရှီကျင်းပင်ဖခင်ပြောတဲ့ တန်ဖိုးရှိတဲ့စကား(၃) ခွန်းကို Sayar.com စာဖတ်ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ပါတယ်။

 

ရှီကျင်းပင် အဖေသင်ပေးလိုက်တဲ့ မှတ်သားဖွယ် စကား (၃) ခွန်း
ရှီကျင်းပင်က ငယ်ငယ်က အရမ်း တကိုယ်ကောင်းဆန်တယ်တဲ့။ သားသမီးတွေ အတွက် တစ်ခုခုဝယ်လာရင် သူက အကောင်းဆုံးကို ယူတယ်။ အဲဒါကြောင့် သူကို ဘယ်သူမှ အပေါင်းအသင်း မလုပ်ချင်ကြသလို ကစားဖော် သူငယ်ချင်းလဲ မရှိပါဘူး။ ဒါကိုလည်း သူ့ရဲ့ အမှားလို့ သူမထင်ပါဘူး။

 

တစ်နေ့မှာတာ့ သူ့အဖေက သူကို သင်ခန်းစာ ပေးချင်တာနဲ့ ခေါက်ဆွဲ ၂ ပွဲပြင်ထားတယ်။ တစ်ပွဲမှာ ကြက်ဥ ကို ခေါက်ဆွဲပေါ်မှာ တင်ထားပြီး နောက်တစ်ပွဲမှာ ကြက်ဥပါတာ မတွေ့ရဘူး။ အဖေက သား မင်းကြိုက်တဲ့ ခေါက်ဆွဲပွဲယူစား ဆိုတော့ - သူက ကြက်ဥပါတဲ့ ပွဲကို အရင်ယူ စားတာပေါ့။ အဲဒီအချိန်တွေတုန်းက ကြက်ဥက တရုတ်ပြည်မှာ ဒီလောက်မပေါသေးဘူး။ သူတို့ မိသားစုတွေအတွက် နှစ်သစ်ကူးလို နေ့တွေမှာသာ ကြက်ဥ စားကြရတာကိုး။

 

ရှီကျင်းပင်က ကြက်ဥစားရတော့ ပျော်တာပေါ့။ သူရွေးတာမှန်လို့လဲ သူ့ကိုယ်သူ ဂုဏ်ယူနေတာပေါ့။ အဲလိုနဲ့ စားနေရင်း သူ့အဖေ ပန်းကန်ကြည့်လိုက်တော့ ကြက်ဥက ၂ လုံးတောင်ပါဝင်နေတာ တွေ့ခဲ့ရတယ်။ ခေါက်ဆွဲအောက်မှာ ကြက်ဥတွေ မြုပ်ထားခဲ့တာကိုး။ သူလဲ နောင်တရသွားတာပေါ့။ သူ့ အဖေစားနေတဲ့ ပန်းကန်ရွေးမိရင် ကြက်ဥ ၂ လုံးစားရမှာလေ။ သူ့ အဖေက ပြုံးပြီး ဒီမှာ ငါ့သား မင်းသိထားဖို့က မင်းမျက်လုံးနဲ့ မြင်တဲ့ အရာတိုင်းဟာ အမှန်မဟုတ်ဘူး။ မင်းက သူများအပေါ် အခွင့်အရေးယူဖို့ လုပ်တာနဲ့ ဆုံးရှုံးခြင်းတွေပဲ ကြုံရလိမ့်မယ် ငါ့သား ဆိုပြီး ဆုံးမတယ်။

 

အဲလိုနဲ့ နောက်နေ့ကြတော့ သူနဲ့ သူ့အဖေ စားဖို့ ခေါက်ဆွဲ ၂ ပွဲ ပြင်ထား ပြန်တယ်တဲ့။ အဲလိုပဲ ကြိုက်တဲ့ ပွဲရွေးခိုင်းတယ်။ တစ်ပွဲမှာ ကြက်ဥ ကို ခေါက်ဆွဲပေါ်မှာ တင်ထားပြီး နောက်တစ်ပွဲမှာ ကြက်ဥပါတာ မတွေ့ရဘူး။ ဒီတခါတော့ ရှီကျင်းပင်က သား နပ်သွားပြီ ဆိုတဲ့ အထာနဲ့ ကြက်ဥ မပါတဲ့ ပွဲကိုရွေးလိုက်တယ်။ 

အဲလိုနဲ့ ယူပြီး စားဖို့ အောက်မှာ ကြက်ဥ ၂ လုံးရှိမယ် အထင်နဲ့ မွှေရှာတာ။ ဘာကြက်ဥမှ မရှိဘူးတဲ့။ သူ့အဖေကတော့ ခေါက်ဆွဲပေါ်တင်ထားတဲ့ ကြက်ဥတစ်လုံး နဲ့ အရသာ ရှိရှိ စားနေတာကိုး။ အဲဒါနဲ့ သူ့အဖေ မျက်နှာမော့ကြည့်တော့ - ငါ့သား မင်းမှာရှိခဲ့တဲ့ အတွေ့အကြုံတွေကိုလည်း အရမ်းပုံပြီး မယုံနဲ့။ ဘဝမှာ မင်းကို လှည့်စားသွားတာတွေ၊ မာယာတွေ အများကြီး ပြည့်နေတာတွေ ရှိတယ်။ ဒီတော့ ကိုယ်မှာ ရှိထားတဲ့ အတွေ့အကြုံတွေကို ပညာနဲ့ ပေါင်းစပ်ပြီးမှ ရွေးချယ်မှုတွေ လုပ်သင့်တယ် ဆိုပြီး သင်ပေးတယ်။

 

တတိယ နေ့မှာလဲ အရင်နေ့တွေလိုပဲ ခေါက်ဆွဲ ၂ ပွဲ ပြင်ထားတယ်။ အရင်လိုပဲ တစ်ပွဲရဲ့ အပေါ်မှာ ကြက်ဥတင်ထားတယ်။ နောက်တစ်ပွဲမှာ ကြက်ဥ မတွေ့ရဘူး။ ဒီတစ်ကြိမ်မှာတော့ ရှီကျင်းပင်က အဖေ အရင်ရွေးပါ။ အဖေက အိမ်ထောင်ဦးစီး အဖေကို ကျနော်ဦးစားပေးရမယ် ဆိုပြီး သူ့အဖေကို အရင်ရွေးခိုင်းတယ်တဲ့။ သူ့အဖေကလည်း မဆိုင်းမတွ လက်ခံပြီး ကြက်ဥတင်ထားတဲ့ ခေါက်ဆွဲပွဲကို ရွေးလိုက်တယ်။ ရှီကျင်းပင် ထင်လိုက်တာက ကျန်တဲ့ ပွဲမှာ ဘာကြက်ဥမှာ ပါတော့မှာ မဟုတ်ဘူးလိုထင်လိုက်တာပေါ့။ဒါပေမဲ့ စားမလို့ မွှေလိုက်တဲ့ အခါမှာပဲ ကြက်ဥ ၂ လုံးတောင် ခေါက်ဆွဲအောက်မှာ ရှိနေခဲ့တယ်။ သူ့အဖေက ပြုံးပြီး မေတ္တာလွှမ်းတဲ့ မျက်ဝန်းတွေနဲ့ သူ့သားကိုကြည့်ပြီး ငါ့သား မင်းမှတ်ထားရဖို့က မင်းက သူများအပေါ်ကောင်းခဲ့ရင် မင်းအပေါ်မှာလည်း ဒီထက်ပိုကောင်းတဲ့ အရာတွေ ရောက်လာလိမ့်မယ် ဆိုပြီး သင်ပေးတယ်လိုက်တယ်တဲ့..။ ငါ့သား ဒီသင်ခန်းစာတွေကို မြဲမြဲ မှတ်ထားပါ။ ဒီသင်ခန်းစာတွေကို မင်းရဲ့ ကျောင်းဖတ်စာအုပ်တွေထဲ သင်ပေးမှာ မဟုတ်ဘူးဆိုပြီး ဆုံးမ လိုက်တယ်။

 

အဲဒီလို ဖခင်ကောင်းရှိတဲ့ အတွက် ရှီကျင်းပင်ဟာလည်း အခုအချိန်မှာ တရုတ်နိုင်ငံလို လူဦးရေ များပြားပြီး ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတဲ့ နိုင်ငံမှာ ထူးချွန်ထက်မြက်ပြီး သမ္မတ တစ်ယောက် ဖြစ်လာတဲ့အထိ အောင်မြင်ခဲ့တာပေါ့။

ရှီကျင်းပင် အဖေသင်ပေးလိုက်တဲ့ မှတ်သားဖွယ် စကား (၃) ခွန်း ပြန်ကောက်လိုက်ရင်
(၁) မင်းမျက်လုံးနဲ့ မြင်တဲ့ အရာတိုင်းဟာ အမှန်မဟုတ်ဘူး။ မင်းက သူများအပေါ် အခွင့်အရေးယူဖို့ လုပ်တာနဲ့ ဆုံးရှုံးခြင်းတွေပဲ ကြုံရလိမ့်မယ်။
(၂) မင်းမှာရှိခဲ့တဲ့ အတွေ့အကြုံတွေကိုလည်း အရမ်းပုံပြီး မယုံနဲ့။ ဘဝမှာ မင်းကို လှည့်စားသွားတာတွေ ၊
မာယာတွေ အများကြီး ပြည့်နေတာတွေ ရှိတယ်။ ဒီတော့ ကိုယ်မှာ ရှိထားတဲ့ အတွေ့အကြုံတွေကို ပညာနဲ့ ပေါင်းစပ်ပြီးမှ ရွေးချယ်မှုတွေ လုပ်သင့်တယ်။
(၃) မင်းက သူများအပေါ်ကောင်းခဲ့ရင် မင်းအပေါ်မှာလည်း ဒီထက်ပိုကောင်းတဲ့ အရာတွေ ရောက်လာလိမ့်မယ်တဲ့....

Credit : Original Uploader

 

 

တ႐ုတ္သမၼတႀကီး ရွီက်င္းပင္ ကို အျမင့္ေရာက္ေအာင္ တြန္းတင္ေပးခဲ့တဲ့ စကားႀကီး(၃)ခြန္း

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံက သူမတူေအာင္တိုးတက္ၿပီးအင္မတန္အၿပိဳင္အဆိုင္မ်ားတဲ့ႏိုင္ငံတစ္ခုပါ။ ဒီလို ႏိုင္ငံႀကီးမွာ သမၼတျဖစ္လာဖို႔ဆိုတာလြယ္တဲ့ကိစၥမဟုတ္ပါဘူး။ ဒါေၾကာင့္ တ႐ုတ္ႏိုင္ငံမွာ သမၼတတစ္ေယာက္ျဖစ္ဖို႔ ရွီက်င္းပင္ႀကိဳးစားခဲ့ရတာေတြကလည္း လြယ္မွာမဟုတ္ပါဘူး။ သူ႔ကို သမၼတႀကီးတစ္ေယာက္ျဖစ္ေအာင္ အသိပညာေတြေပးခဲ့သူက သူ႔ဖခင္ပါတဲ့။ ဒါေၾကာင့္ ရွီက်င္းပင္ဖခင္ေျပာတဲ့ တန္ဖိုးရွိတဲ့စကား(၃) ခြန္းကို Sayar.com စာဖတ္ပရိသတ္ေတြအတြက္ ေဝမွ်ေပးလိုက္ပါတယ္။

 

ရွီက်င္းပင္ အေဖသင္ေပးလိုက္တဲ႔ မွတ္သားဖြယ္ စကား (၃) ခြန္း
ရွီက်င္းပင္က ငယ္ငယ္က အရမ္း တကိုယ္ေကာင္းဆန္တယ္တဲ႔။ သားသမီးေတြ အတြက္ တစ္ခုခုဝယ္လာရင္ သူက အေကာင္းဆံုးကို ယူတယ္။ အဲဒါေၾကာင္႔ သူကို ဘယ္သူမွ အေပါင္းအသင္း မလုပ္ခ်င္ၾကသလို ကစားေဖာ္ သူငယ္ခ်င္းလဲ မရွိပါဘူး။ ဒါကိုလည္း သူ႔ရဲ ႔ အမွားလို႔ သူမထင္ပါဘူး။

 

တစ္ေန႔မွာတာ့႔ သူ႔အေဖက သူကို သင္ခန္းစာ ေပးခ်င္တာနဲ႔ ေခါက္ဆြဲ ၂ ပြဲျပင္ထားတယ္။ တစ္ပြဲမွာ ၾကက္ဥ ကို ေခါက္ဆြဲေပၚမွာ တင္ထားျပီး ေနာက္တစ္ပြဲမွာ ၾကက္ဥပါတာ မေတြ႔ရဘူး။ အေဖက သား မင္းၾကိဳက္တဲ႔ ေခါက္ဆြဲပြဲယူစား ဆိုေတာ႔ - သူက ၾကက္ဥပါတဲ႔ ပြဲကို အရင္ယူ စားတာေပါ႔။ အဲဒီအခ်ိန္ေတြတုန္းက ၾကက္ဥက တရုတ္ျပည္မွာ ဒီေလာက္မေပါေသးဘူး။ သူတို႔ မိသားစုေတြအတြက္ ႏွစ္သစ္ကူးလို ေန႔ေတြမွာသာ ၾကက္ဥ စားၾကရတာကိုး။ 

 

ရွီက်င္းပင္က ၾကက္ဥစားရေတာ႔ ေပ်ာ္တာေပါ႔။ သူေရြးတာမွန္လို႔လဲ သူ႔ကိုယ္သူ ဂုဏ္ယူေနတာေပါ႔။ အဲလိုနဲ႔ စားေနရင္း သူ႔အေဖ ပန္းကန္ၾကည္႔လိုက္ေတာ႔ ၾကက္ဥက ၂ လံုးေတာင္ပါ၀င္ေနတာ ေတြ႕ခဲ့ရတယ္။ ေခါက္ဆြဲေအာက္မွာ ၾကက္ဥေတြ ျမဳပ္ထားခဲ႔တာကိုး။ သူလဲ ေနာင္တရသြားတာေပါ႔။ သူ႔ အေဖစားေနတဲ႔ ပန္းကန္ေရြးမိရင္ ၾကက္ဥ ၂ လံုးစားရမွာေလ။ သူ႔ အေဖက ျပံဳးျပီး ဒီမွာ ငါ႔သား မင္းသိထားဖို႔က မင္းမ်က္လံုးနဲ႔ ျမင္တဲ႔ အရာတိုင္းဟာ အမွန္မဟုတ္ဘူး။ မင္းက သူမ်ားအေပၚ အခြင္႔အေရးယူဖို႔ လုပ္တာနဲ႔ ဆံုးရွံဳးျခင္းေတြပဲ ၾကံဳရလိမ္႔မယ္ ငါ့သား ဆိုျပီး ဆံုးမတယ္။

 

အဲလိုနဲ႔ ေနာက္ေန႔ၾကေတာ႔ သူနဲ႔ သူ႔အေဖ စားဖို႔ ေခါက္ဆြဲ ၂ ပြဲ ျပင္ထား ျပန္တယ္တဲ႔။ အဲလိုပဲ ၾကိဳက္တဲ႔ ပြဲေရြးခိုင္းတယ္။ တစ္ပြဲမွာ ၾကက္ဥ ကို ေခါက္ဆြဲေပၚမွာ တင္ထားျပီး ေနာက္တစ္ပြဲမွာ ၾကက္ဥပါတာ မေတြ႔ရဘူး။ ဒီတခါေတာ႔ ရွီက်င္းပင္က သား နပ္သြားျပီ ဆိုတဲ႔ အထာနဲ႔ ၾကက္ဥ မပါတဲ႔ ပြဲကိုေရြးလိုက္တယ္။ အဲလိုနဲ႔ ယူျပီး စားဖို႔ ေအာက္မွာ ၾကက္ဥ ၂ လံုးရွိမယ္ အထင္နဲ႔ ေမႊရွာတာ။ ဘာၾကက္ဥမွ မရွိဘူးတဲ႔။ 

သူ႔အေဖကေတာ႔ ေခါက္ဆြဲေပၚတင္ထားတဲ႔ ၾကက္ဥတစ္လံုး နဲ႔ အရသာ ရွိရွိ စားေနတာကိုး။ အဲဒါနဲ႔ သူ႔အေဖ မ်က္ႏွာေမာ႔ၾကည္႔ေတာ႔ - ငါ႔သား မင္းမွာရွိခဲ႔တဲ႔ အေတြ႔အၾကံဳေတြကိုလည္း အရမ္းပံုျပီး မယံုနဲ႔။  ဘဝမွာ မင္းကို လွည္႔စားသြားတာေတြ၊ မာယာေတြ အမ်ားၾကီး ျပည္႔ေနတာေတြ ရွိတယ္။ ဒီေတာ႔ ကိုယ္မွာ ရွိထားတဲ႔ အေတြ႔အၾကံဳေတြကို ပညာနဲ႔ ေပါင္းစပ္ျပီးမွ ေရြးခ်ယ္မွဳေတြ လုပ္သင္႔တယ္ ဆိုျပီး သင္ေပးတယ္။

 

တတိယ ေန႔မွာလဲ အရင္ေန႔ေတြလိုပဲ ေခါက္ဆြဲ ၂ ပြဲ ျပင္ထားတယ္။ အရင္လိုပဲ တစ္ပြဲရဲ ႔ အေပၚမွာ ၾကက္ဥတင္ထားတယ္။ ေနာက္တစ္ပြဲမွာ ၾကက္ဥ မေတြ႔ရဘူး။ ဒီတစ္ၾကိမ္မွာေတာ႔ ရွီက်င္းပင္က အေဖ အရင္ေရြးပါ။ အေဖက အိမ္ေထာင္ဦးစီး အေဖကို က်ေနာ္ဦးစားေပးရမယ္ ဆိုျပီး သူ႔အေဖကို အရင္ေရြးခိုင္းတယ္တဲ႔။ သူ႔အေဖကလည္း မဆိုင္းမတြ လက္ခံျပီး ၾကက္ဥတင္ထားတဲ႔ ေခါက္ဆြဲပြဲကို ေရြးလိုက္တယ္။ 

ရွီက်င္းပင္ ထင္လိုက္တာက က်န္တဲ႔ ပြဲမွာ ဘာၾကက္ဥမွာ ပါေတာ႔မွာ မဟုတ္ဘူးလိုထင္လိုက္တာေပါ႔။ဒါေပမဲ႔ စားမလို႔ ေမႊလိုက္တဲ႔ အခါမွာပဲ ၾကက္ဥ ၂ လံုးေတာင္ ေခါက္ဆြဲေအာက္မွာ ရွိေနခဲ့တယ္။ သူ႔အေဖက ျပံဳးျပီး ေမတၱာလႊမ္းတဲ႔ မ်က္ဝန္းေတြနဲ႔ သူ႔သားကိုၾကည္႔ျပီး ငါ႔သား မင္းမွတ္ထားရဖို႔က မင္းက သူမ်ားအေပၚေကာင္းခဲ႔ရင္ မင္းအေပၚမွာလည္း ဒီထက္ပိုေကာင္းတဲ႔ အရာေတြ ေရာက္လာလိမ္႔မယ္ ဆိုျပီး သင္ေပးတယ္လိုက္တယ္တဲ႔..။

 

ငါ႔သား ဒီသင္ခန္းစာေတြကို ျမဲျမဲ မွတ္ထားပါ။ ဒီသင္ခန္းစာေတြကို မင္းရဲ႕ ေက်ာင္းဖတ္စာအုပ္ေတြထဲ သင္ေပးမွာ မဟုတ္ဘူးဆိုျပီး ဆံုးမ လိုက္တယ္။ အဲဒီလို ဖခင္ေကာင္းရွိတဲ႔ အတြက္ ရွီက်င္းပင္ဟာလည္း အခုအခ်ိန္မွာ တရုတ္ႏိုင္ငံလို လူဦးေရ မ်ားျပားျပီး ျပိဳင္ဆိုင္မွဳ ျပင္းထန္လြန္းတဲ႔ ႏိုင္ငံမွာ ထူးခ်ြန္ထက္ျမက္ျပီး သမၼတ တစ္ေယာက္ ျဖစ္လာတဲ႔အထိ ေအာင္ျမင္ခဲ႔တာေပါ႔။

 

ရွီက်င္းပင္ အေဖသင္ေပးလိုက္တဲ႔ မွတ္သားဖြယ္ စကား (၃) ခြန္း ျပန္ေကာက္လိုက္ရင္
(၁) မင္းမ်က္လံုးနဲ႔ ျမင္တဲ႔ အရာတိုင္းဟာ အမွန္မဟုတ္ဘူး။ မင္းက သူမ်ားအေပၚ အခြင္႔အေရးယူဖို႔ လုပ္တာနဲ႔ ဆံုးရွံဳးျခင္းေတြပဲ ၾကံဳရလိမ္႔မယ္။
(၂) မင္းမွာရွိခဲ႔တဲ႔ အေတြ႔အၾကံဳေတြကိုလည္း အရမ္းပံုျပီး မယံုနဲ႔။ ဘဝမွာ မင္းကို လွည္႔စားသြားတာေတြ ၊ မာယာေတြ အမ်ားၾကီး ျပည္႔ေနတာေတြ ရွိတယ္။ ဒီေတာ႔ ကိုယ္မွာ ရွိထားတဲ႔ အေတြ႔အၾကံဳေတြကို ပညာနဲ႔ ေပါင္းစပ္ျပီးမွ ေရြးခ်ယ္မွဳေတြ လုပ္သင္႔တယ္။
(၃) မင္းက သူမ်ားအေပၚေကာင္းခဲ႔ရင္ မင္းအေပၚမွာလည္း ဒီထက္ပိုေကာင္းတဲ႔ အရာေတြ ေရာက္လာလိမ္႔မယ္တဲ႔....

Credit : Original Uploader

Read times
Rate this articles
(1 Vote)