လူ့တန်ဖိုး
လူအယောက် ၅၀လောက် တက်ရောက်နားထောင်ကြတဲ့ ဟောပြောပွဲလေးတစ်ခုမှာဖြစ်ပါတယ်။ စင်မြင့်ထက်ကနေ ဟောပြောသူဟာ ဒေါ်လာ၅၀ ငွေစက္ကူတစ်ရွက်ကို သူ့အင်္ကျီအိတ်ကပ်ထဲက ဆွဲထုတ်လိုက်ပြီး အပေါ်ကို မြှောက်ပြလိုက်တယ်။ ပြီးတော့ စင်အောက်က ပရိသတ်ကို မေးလိုက်တယ်။ အဲ့ဒီပိုက်ဆံကို လိုချင်တဲ့သူရှိရင် လက်ထောင်ပြပါလို့။ လူတွေအားလုံး လက်ထောင်ပြကြတယ်။
သူဟာ ပိုက်ဆံကို လက်ဖဝါးထဲမှာ ဆုပ်ခြေညှစ်လိုက်တယ်။ တွန့်ကြေနေတဲ့ပိုက်ဆံကို အပေါ်ကိုမြှောက်ပြရင်း ဘယ်သူယူချင်သလဲလို့ ထပ်မေးတယ်။ လူတွေအားလုံး လက်ထောင်ပြကြပြန်တယ်။
ဒီအခါ သူက အဲ့ဒီပိုက်ဆံအကြေကို လုံးပြီး ကြမ်းပေါ်ပစ်ချလိုက်တယ်။ သူ့ဖိနပ်တစ်ဖက်နဲ့ ဖိနင်းခြေလိုက်ပြန်တယ်။ အဲ့ဒီ ကြွေမွညစ်ပေသွားတဲ့ပိုက်ဆံကို ကောက်ယူမြှောက်ပြရင်း ထပ်မေးပြန်တယ် ဘယ်သူတွေ လိုချင်လဲလို့။ အားလုံးက လက်ထောင်ကြပြန်တယ်။
ဒီတော့ ဟောပြောသူက ပရိသတ်ကို ဘာကြောင့် ညစ်ပေနွမ်းကြေနေတဲ့ ပိုက်ဆံကို လိုချင်နေကြတာလဲဆိုတာကို ရှင်းပြလိုက်တယ်။ သူက "ပိုက်ဆံဟာ တွန့်ကြေညစ်နွမ်းသွားပေမယ့် သူရဲ့ဒေါ်လာ ၅၀တန်ဖိုးဟာ ယုတ်လျော့မသွားလို့ပါပဲ"လို့ ပြောပြလိုက်တယ်။
ထိုနည်းတူ တန်ဖိုးရှိတဲ့ လူတစ်ယောက်ဟာ ဆင်းရဲလို့ အဝတ်အစားနွမ်းနွမ်းပါးပါး ဝတ်ထားလို့ဆိုပြီး သူ့တန်ဖိုး ယုတ်လျော့မသွားပါဘူး။ လူ့တန်ဖိုးကို ချမ်းသာတာ၊ အဝတ်အစားကောင်းဝတ်နိုင်တာ၊ ငွေကိုရေလိုသုံးနိုင်တာတွေနဲ့ မတိုင်းတာပါဘူး။ သူ့ရဲ့အပြုအမူ၊ အပြောအဆို၊ ရိုးသားဖြောင့်မတ်မှု၊ အကျင့်သီလ စတာတွေနဲ့ တိုင်းတာကြရမှာပါ။
ဗန်းမော်သိန်းဖေ - မျှဝေလိုသောအတွေးများ (2016၊ ဇူလိုင်-၁၁ရက်) မှ ကောက်နှုတ်ချက်
လူ႔တန္ဖိုး
လူအေယာက္ ၅၀ေလာက္ တက္ေရာက္နားေထာင္ၾကတဲ့ ေဟာေျပာပြဲေလးတစ္ခုမွာျဖစ္ပါတယ္။ စင္ျမင့္ထက္ကနေ ေဟာေျပာသူဟာ ေဒၚလာ၅၀ ေငြစကၠဴတစ္ရြက္ကို သူ႔အက်ႌအိတ္ကပ္ထဲက ဆြဲထုတ္လိုက္ၿပီး အေပၚကို ေျမွာက္ျပလိုက္တယ္။ ၿပီးေတာ့ စင္ေအာက္က ပရိသတ္ကို ေမးလိုက္တယ္။ အဲ့ဒီပိုက္ဆံကို လိုခ်င္တဲ့သူရွိရင္ လက္ေထာင္ျပပါလို႔။ လူေတြအားလံုး လက္ေထာင္ျပၾကတယ္။
သူဟာ ပိုက္ဆံကို လက္ဖ၀ါးထဲမွာ ဆုပ္ေျခညွစ္လိုက္တယ္။ တြန္႔ေၾကေနတဲ့ပိုက္ဆံကို အေပၚကိုေျမွာက္ျပရင္း ဘယ္သူယူခ်င္သလဲလို႔ ထပ္ေမးတယ္။ လူေတြအားလံုး လက္ေထာင္ျပၾကျပန္တယ္။
ဒီအခါ သူက အဲ့ဒီပိုက္ဆံအေၾကကို လံုးၿပီး ၾကမ္းေပၚပစ္ခ်လိုက္တယ္။ သူ႔ဖိနပ္တစ္ဖက္နဲ႔ ဖိနင္းေျခလိုက္ျပန္တယ္။ အဲ့ဒီ ေၾကြမြညစ္ေပသြားတဲ့ပိုက္ဆံကို ေကာက္ယူေျမွာက္ျပရင္း ထပ္ေမးျပန္တယ္ ဘယ္သူေတြ လိုခ်င္လဲလို႔။ အားလံုးက လက္ေထာင္ၾကျပန္တယ္။
ဒီေတာ့ ေဟာေျပာသူက ပရိသတ္ကို ဘာေၾကာင့္ ညစ္ေပႏြမ္းေၾကေနတဲ့ ပိုက္ဆံကို လိုခ်င္ေနၾကတာလဲဆိုတာကို ရွင္းျပလိုက္တယ္။သူက "ပိုက္ဆံဟာ တြန္႔ေၾကညစ္ႏြမ္းသြားေပမယ့္ သူရဲ႕ေဒၚလာ ၅၀တန္ဖိုးဟာ ယုတ္ေလ်ာ့မသြားလို႔ပါပဲ"လို႔ ေျပာျပလိုက္တယ္။
ထိုနည္းတူ တန္ဖိုးရွိတဲ့ လူတစ္ေယာက္ဟာ ဆင္းရဲလို႔ အ၀တ္အစားႏြမ္းႏြမ္းပါးပါး ၀တ္ထားလို႔ဆိုၿပီး သူ႔တန္ဖိုး ယုတ္ေလ်ာ့မသြားပါဘူး။လူ႔တန္ဖိုးကို ခ်မ္းသာတာ၊ အ၀တ္အစားေကာင္း၀တ္ႏိုင္တာ၊ ေငြကိုေရလိုသံုးႏိုင္တာေတြနဲ႔ မတိုင္းတာပါဘူး။ သူ႔ရဲ႕အျပဳအမူ၊ အေျပာအဆို၊ ရိုးသားေျဖာင့္မတ္မႈ၊ အက်င့္သီလ စတာေတြနဲ႔ တိုင္းတာၾကရမွာပါ။
ဗန္းေမာ္သိန္းေဖ - မွ်ေ၀လိုေသာအေတြးမ်ား (2016၊ ဇူလိုင္-၁၁ရက္) မွ ေကာက္ႏႈတ္ခ်က္