×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Wednesday, 30 June 2021

ခေါင်းဆောင်မှုကောင်း၏ ထူးခြားချက်များ

ခေါင်းဆောင်မှုကောင်း၏ ထူးခြားချက်များ

လုပ်ငန်းအဖွဲ့အစည်းမှာဖြစ်စေ၊ နိုင်ငံတွေမှာဖြစ်စေ၊ မိမိပတ်ဝန်းကျင်မှာဖြစ်စေ ခေါင်းဆောင်မှုကောင်းတွေရဲ့ ကောင်းမွန်တဲ့ခေါင်းဆောင်မှုတွေကြောင့် အဖွဲ့အစည်းတွေ၊ နိုင်ငံတွေ၊ မိမိပတ်ဝန်းကျင်တွေ ဖွံ့ဖြိုးတိုးတက်လာကြတာပဲဖြစ်ပါတယ်။

 

ခေါင်းဆောင်မှု (LEADERSHIP) ကို သရုပ်ခွဲကြည့်မယ်ဆိုရင် -
L = Lead = ဦးဆောင်မှုပေးနိုင်ရမယ်
E = Enthusiasm / Energetic = အလုပ်လုပ်ရာမှာ စိတ်အားထက်သန်မှုရှိရမယ်
A = Ability = ခေါင်းဆောင်တစ်ယောက်မှုရှိသင့်ရှိအပ်တဲ့ အရည်အချင်းတွေရှိရမယ်
D = Diligent = ဉာဏ်ရည်ထက်မြတ်သူဖြစ်ရမယ်
E = Empathy = ထောက်ထားညှာတာစိတ်ရှိရမယ်
R = Reliability = အများက မှီခိုအားထားနိုင်သူဖြစ်ရမယ်
S = Social = လူမှုဆက်ဆံရေးကောင်းမွန်ရမယ်
H = Humorous = နှိမ့်ချတဲ့စိတ်ရှိရမယ်
I = Initiative = အလုပ်တွေကို စံနမူနာပြ စတင်လုပ်ဆောင်တတ်မှုရှိစေရမယ်
P = Principle-Centered = စည်းစနစ်ကျနမှုရှိရမယ် . . . . စတဲ့အချက်တွေနဲ့ ပြည့်စုံနေရမှာ ဖြစ်ပါတယ်။

 

ဒီ့အချက်တွေအပြင် ခေါင်းဆောင်ကောင်းတွေရဲ့ ထူးခြားချက်တွေက အဓိကေးနေရာ(၃)ခုဖြစ်တဲ့
(1) Task (အလုပ်)
(2) Team (အသင်းအဖွဲ့)
(3) Individual (တစ်ဦးချင်း)မှာ ခေါင်းဆောင်ကနေ ထူးခြးတဲ့လုပ်ဆောင်မှုတွေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ တန်ဖိုးရှိစေမှုကို ဖော်ညွန်းနေတာဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းက လုပ်ငန်းအပေါ်မှာရော၊ အသင်းအဖွဲ့အပြင် တစ်ဦးချင်းအပေါ်မှာ တူညီတဲ့ အားစိုက်မှုနဲ့ လုပ်ဆောင်ကြရတာဖြစ်ပါတယ်။

ခေါင်းဆောင်ကောင်းတွေရဲ့ Task လို့ခေါ်တဲ့ လုပ်ငန်းပိုင်း၊ Team လို့ခေါ်တဲ့ အသင်းအဖွဲ့ပိုင်းနဲ့ Individual လို့ခေါ်တဲ့ တစ်ဦးချင်းအပေါ်မှာ ညီတူညီမျှ အားစိုက်မှုတွေနဲ့ အလေးထား လုပ်ဆောင်ကြရတာပဲဖြစ်ပါတယ်။

 

(၁) လုပ်ငန်းပိုင်းဆိုင်ရာ
ဒီအပိုင်းမှာ အားစိုက်လုပ်ဆောင်မှု အရည်အသွေး နှစ်ခုရှိရမှာဖြစ်ပါတယ်။

 

(က) မည်သည့်အဖွဲ့အစည်းမှာဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ၊ မိမိပတ်ဝန်းကျင်မှာဖြစ်စေ ခေါင်းဆောင်က အလုပ်တွေကို စံနမူနာပြ လုပ်ဆောင်တတ်မှု (Initiative) ရှိရမှာဖြစ်ပါတယ်။ စံနမူနာပြ လုပ်ဆောင်မှုက ခေါင်းဆောင်ကောင်းတွေရဲ့ အရည်အသွေးပြလုပ်ဆောင်မှုဖြစ်ပြီး ခေါင်းဆောင်လုပ်သူရဲ့ အစကနဦး စတင်လုပ်ဆောင်မှုကြောင့် နောက်လိုက်တွေကိုလည်း ခေါင်းဆောင်သွားတဲ့ Initiative လမ်းကြောင်းအတိုင်း ရွေ့လျားလုပ်ဆောင်မှု ဖြစ်ပါတယ်။

 

(ခ) ဇွဲရှိမှု (Perseverance)
ခေါင်းဆောင်ကောင်းတစ်ယောက်က ဇွဲရှိရှိနဲ့ အလုပ်လုပ်တာကြောင့် အရာရာမှာ ခံနိုင်ရည်ရှိမှု အရည်အသွေး ပိုမိုကောင်းမွန်လာစေတာဖြစ်ပါတယ်။ အခြေအနေ အရပ်ရပ်ရဲ့ နေရာတိုင်းမှာ အမှားအယွင်းမရှိအောင် လုပ်ဆောင်မှုဖြစ်ပါတယ်။

 

(၂) အသင်းအဖွဲ့ပိုင်း (Team)
အသင်းအဖွဲ့အစည်းတွေနဲ့ ပေါင်းဆောင်ဆောင်ရွက်မှုရှိစေဖို့ Integrity (ရိုးသားဖြောင့်မတ်ခြင်း) မှာ အရည်အချင်း (၃)ခုနဲ့ ပြည့်စုံနေရာမှာပဲဖြစ်ပါတယ်။ အဲ့ဒါတွေကတော့
(က) ရိုးသားမှု (Honesty)
(ခ) သမာသမတ်ရှိမှု (Fairness)
(ဂ) အပြန်အလှန် ယုံကြည်နိုင်စေမှု (Mutual Trust) တွေပဲဖြစ်ပါတယ်။

 

အဓိကလူတွေနဲ့ဆက်ဆံရာမှာ ခေါင်းဆောင်က ငါခေါင်းဆောင်ပဲ၊ ငါပြောချင်သလိုပြောမယ်၊ လုပ်ချင်သလိုလုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မထားပဲ နှိမ့်ချမှုရှိစေမှု (Humor) ကလည်း အရေးကြီးလှပါတယ်။

 

(၃) တစ်ဦးချင်းလုပ်ဆောင်မှု (Individual)
လူတွေနဲ့ဆက်ဆံရာမှာ အဖွဲ့အစည်းပုံစံမှာ ပုံစံတစ်မျိုးနဲ့ဆက်ဆံရပေမယ့် တစ်ဦးချင်းဆက်ဆံရာမှာတော့ အဓိကအရည်အချင်း(၂)ခုနဲ့ သတိပြု ဆက်ဆံမှသာလျှင် မိမိလိုရာခရီးကို ရောက်နိုင်မှာပဲဖြစ်ပါတယ်။


(က) လိမ္မာပါးနပ်မှု (Tact)
လူတစ်ဦးချင်းနဲ့ဆက်ဆံရာမှာ တစ်ဦးနဲ့တစ်ဦး ကြိုက်နှစ်သက်တာခြင်းမတူညီတဲ့အတွက်ကြောင့် အခြေအနေ၊ နေရာဒေသကိုလိုက်ပြီး လိမ္မာပါးနပ်စွာဆက်ဆံမှသာ အောင်မြင်မှုကို ရရှိနိုင်မှာဖြစ်ပါတယ်။

 

(ခ) မေတ္တာဓာတ်လွှမ်းခြုံနိုင်စေမှု (Compassion)
ခေါင်းဆောင်ကောင်းတစ်ယောက်မှာ အဓိကလိုအပ်ချက်က မိမိရဲ့အသင်းအဖွဲ့၊ တစ်ဦးချင်းအပေါ်မှာ မေတ္တာစိတ်ထားနိုင်မှုပဲဖြစ်ပါတယ်။

ဒီလိုအချက်တွေပြည့်စုံမှသာ ကောင်းမွန်တဲ့ကောင်းဆောင်မှုနဲ့အတူ မိမိအသင်းအဖွဲ့၊ လုပ်ငန်း၊ ပတ်ဝန်းကျင်တို့ကို ပိုမိုဖွံ့ဖြိုးလာအောင် လုပ်ဆောင်နိုင်မှာ အသေအချာပဲဖြစ်ပါတယ်။

 


Original Writer - U Ngwe Thein

 

 

ေခါင္းေဆာင္မႈေကာင္း၏ ထူးျခားခ်က္မ်ား

လုပ္ငန္းအဖြဲ႕အစည္းမွာျဖစ္ေစ၊ ႏိုင္ငံေတြမွာျဖစ္ေစ၊ မိမိပတ္၀န္းက်င္မွာျဖစ္ေစ ေခါင္းေဆာင္မႈေကာင္းေတြရဲ႕ ေကာင္းမြန္တဲ့ေခါင္းေဆာင္မႈေတြေၾကာင့္ အဖြဲ႕အစည္းေတြ၊ ႏိုင္ငံေတြ၊ မိမိပတ္၀န္းက်င္ေတြ ဖံြ႕ၿဖိဳးတိုးတက္လာၾကတာပဲျဖစ္ပါတယ္။

 

ေခါင္းေဆာင္မႈ (LEADERSHIP) ကို သရုပ္ခြဲၾကည့္မယ္ဆိုရင္ -
L = Lead = ဦးေဆာင္မႈေပးႏိုင္ရမယ္
E = Enthusiasm / Energetic = အလုပ္လုပ္ရာမွာ စိတ္အားထက္သန္မႈရွိရမယ္
A = Ability = ေခါင္းေဆာင္တစ္ေယာက္မႈရွိသင့္ရွိအပ္တဲ့ အရည္အခ်င္းေတြရွိရမယ္
D = Diligent = ဥာဏ္ရည္ထက္ျမတ္သူျဖစ္ရမယ္
E = Empathy = ေထာက္ထားညွာတာစိတ္ရွိရမယ္
R = Reliability = အမ်ားက မွီခိုအားထားႏိုင္သူျဖစ္ရမယ္
S = Social = လူမႈဆက္ဆံေရးေကာင္းမြန္ရမယ္
H = Humorous = ႏွိမ့္ခ်တဲ့စိတ္ရွိရမယ္
I = Initiative = အလုပ္ေတြကို စံနမူနာျပ စတင္လုပ္ေဆာင္တတ္မႈရွိေစရမယ္
P = Principle-Centered = စည္းစနစ္က်နမႈရွိရမယ္ . . . . စတဲ့အခ်က္ေတြနဲ႔ ျပည့္စံုေနရမွာ ျဖစ္ပါတယ္။

 

ဒီ့အခ်က္ေတြအျပင္ ေခါင္းေဆာင္ေကာင္းေတြရဲ႕ ထူးျခားခ်က္ေတြက အဓိကေးေနရာ(၃)ခုျဖစ္တဲ့
(1) Task (အလုပ္)
(2) Team (အသင္းအဖြဲ႕)
(3) Individual (တစ္ဦးခ်င္း)မွာ ေခါင္းေဆာင္ကေန ထူးျခးတဲ့လုပ္ေဆာင္မႈေတြနဲ႔ လုပ္ငန္းပိုင္းဆိုင္ရာ တန္ဖိုးရွိေစမႈကို ေဖာ္ညြန္းေနတာျဖစ္ပါတယ္။ ေခါင္းေဆာင္ေကာင္းက လုပ္ငန္းအေပၚမွာေရာ၊ အသင္းအဖြဲ႕အျပင္ တစ္ဦးခ်င္းအေပၚမွာ တူညီတဲ့ အားစိုက္မႈနဲ႔ လုပ္ေဆာင္ၾကရတာျဖစ္ပါတယ္။

 

ေခါင္းေဆာင္ေကာင္းေတြရဲ႕ Task လို႔ေခၚတဲ့ လုပ္ငန္းပိုင္း၊ Team လို႔ေခၚတဲ့ အသင္းအဖြဲ႕ပိုင္းနဲ႔ Individual လို႔ေခၚတဲ့ တစ္ဦးခ်င္းအေပၚမွာ ညီတူညီမွ် အားစိုက္မႈေတြနဲ႔ အေလးထား လုပ္ေဆာင္ၾကရတာပဲျဖစ္ပါတယ္။

 

(၁) လုပ္ငန္းပိုင္းဆိုင္ရာ
ဒီအပိုင္းမွာ အားစိုက္လုပ္ေဆာင္မႈ အရည္အေသြး ႏွစ္ခုရွိရမွာျဖစ္ပါတယ္။

 

(က) မည္သည့္အဖြဲ႕အစည္းမွာျဖစ္ေစ၊ လုပ္ငန္းခြင္မွာျဖစ္ေစ၊ မိမိပတ္၀န္းက်င္မွာျဖစ္ေစ ေခါင္းေဆာင္က အလုပ္ေတြကို စံနမူနာျပ လုပ္ေဆာင္တတ္မႈ (Initiative) ရွိရမွာျဖစ္ပါတယ္။ စံနမူနာျပ လုပ္ေဆာင္မႈက ေခါင္းေဆာင္ေကာင္းေတြရဲ႕ အရည္အေသြးျပလုပ္ေဆာင္မႈျဖစ္ၿပီး ေခါင္းေဆာင္လုပ္သူရဲ႕ အစကနဦး စတင္လုပ္ေဆာင္မႈေၾကာင့္ ေနာက္လိုက္ေတြကိုလည္း ေခါင္းေဆာင္သြားတဲ့ Initiative လမ္းေၾကာင္းအတိုင္း ေရြ႕လ်ားလုပ္ေဆာင္မႈ ျဖစ္ပါတယ္။

 

(ခ) ဇြဲရွိမႈ (Perseverance)
ေခါင္းေဆာင္ေကာင္းတစ္ေယာက္က ဇြဲရွိရွိနဲ႔ အလုပ္လုပ္တာေၾကာင့္ အရာရာမွာ ခံႏိုင္ရည္ရွိမႈ အရည္အေသြး ပိုမိုေကာင္းမြန္လာေစတာျဖစ္ပါတယ္။ အေျခအေန အရပ္ရပ္ရဲ႕ ေနရာတိုင္းမွာ အမွားအယြင္းမရွိေအာင္ လုပ္ေဆာင္မႈျဖစ္ပါတယ္။

 

(၂) အသင္းအဖြဲ႕ပိုင္း (Team)
အသင္းအဖြဲ႕အစည္းေတြနဲ႔ ေပါင္းေဆာင္ေဆာင္ရြက္မႈရွိေစဖို႔ Integrity (ရိုးသားေျဖာင့္မတ္ျခင္း) မွာ အရည္အခ်င္း (၃)ခုနဲ႔ ျပည့္စံုေနရာမွာပဲျဖစ္ပါတယ္။ အဲ့ဒါေတြကေတာ့
(က) ရိုးသားမႈ (Honesty)
(ခ) သမာသမတ္ရွိမႈ (Fairness)
(ဂ) အျပန္အလွန္ ယံုၾကည္ႏိုင္ေစမႈ (Mutual Trust) ေတြပဲျဖစ္ပါတယ္။

 

အဓိကလူေတြနဲ႔ဆက္ဆံရာမွာ ေခါင္းေဆာင္က ငါေခါင္းေဆာင္ပဲ၊ ငါေျပာခ်င္သလိုေျပာမယ္၊ လုပ္ခ်င္သလိုလုပ္မယ္ဆိုတဲ့ စိတ္ဓာတ္မထားပဲ ႏွိမ့္ခ်မႈရွိေစမႈ (Humor) ကလည္း အေရးႀကီးလွပါတယ္။

 

(၃) တစ္ဦးခ်င္းလုပ္ေဆာင္မႈ (Individual)
လူေတြနဲ႔ဆက္ဆံရာမွာ အဖြဲ႕အစည္းပံုစံမွာ ပံုစံတစ္မ်ိဳးနဲ႔ဆက္ဆံရေပမယ့္ တစ္ဦးခ်င္းဆက္ဆံရာမွာေတာ့ အဓိကအရည္အခ်င္း(၂)ခုနဲ႔ သတိျပဳ ဆက္ဆံမွသာလွ်င္ မိမိလိုရာခရီးကို ေရာက္ႏိုင္မွာပဲျဖစ္ပါတယ္။


(က) လိမၼာပါးနပ္မႈ (Tact)
လူတစ္ဦးခ်င္းနဲ႔ဆက္ဆံရာမွာ တစ္ဦးနဲ႔တစ္ဦး ႀကိဳက္ႏွစ္သက္တာျခင္းမတူညီတဲ့အတြက္ေၾကာင့္ အေျခအေန၊ ေနရာေဒသကိုလုိက္ၿပီး လိမၼာပါးနပ္စြာဆက္ဆံမွသာ ေအာင္ျမင္မႈကို ရရွိႏိုင္မွာျဖစ္ပါတယ္။

 

(ခ) ေမတၱာဓာတ္လႊမ္းၿခံဳႏိုင္ေစမႈ (Compassion)
ေခါင္းေဆာင္ေကာင္းတစ္ေယာက္မွာ အဓိကလိုအပ္ခ်က္က မိမိရဲ႕အသင္းအဖြဲ႕၊ တစ္ဦးခ်င္းအေပၚမွာ ေမတၱာစိတ္ထားႏိုင္မႈပဲျဖစ္ပါတယ္။

ဒီလိုအခ်က္ေတြျပည့္စံုမွသာ ေကာင္းမြန္တဲ့ေကာင္းေဆာင္မႈနဲ႔အတူ မိမိအသင္းအဖြဲ႕၊ လုပ္ငန္း၊ ပတ္၀န္းက်င္တို႔ကို ပိုမိုဖြံ႕ၿဖိဳးလာေအာင္ လုပ္ေဆာင္ႏိုင္မွာ အေသအခ်ာပဲျဖစ္ပါတယ္။

 


Original Writer - U Ngwe Thein

Read times
Rate this articles
(0 votes)