ဖတ်ထားသမျှစာတွေ မှတ်မိနေစေမယ့် နည်းလမ်းများ
စာဖတ်တယ်ဆိုတာ ကျောင်းသားတွေမှမဟုတ်ဘူးနော် လုပ်ငန်းခွင်ဝင်နေသူတွေအဖို့လည်း အရေးကြီးတာပဲ။
ရင့်ကျက်တဲ့သူတစ်ယောက် ဖြစ်လာဖို့ဆိုရင်
တကယ်တမ်း ရင့်ကျက်လာဖို့ဆိုတာ အပြောသာလွယ်တာ အလုပ်က တကယ်မလွယ်ပါဘူး။ ပြောရရင် ရင့်ကျက်တဲ့သူနဲ့ မရင့်ကျက်တဲ့သူနဲ့ အပြောအဆို၊ အပြုအမူ၊ အတွေးအခေါ်ကအစ ဆီနဲ့ရေလို အရမ်းကွာခြားတာကို
စာမေးပွဲမှာ အမှတ်ကောင်းကောင်းရအောင် ဘယ်လိုလုပ်မလဲ ???
ကဲ ခုက စာမေးပွဲရာသီလည်း ဖြစ်တယ် ကျောင်းသား ကျောင်းသူလေးတွေလည်း စာမေးပွဲအတွက် စာအုပ်ပုံတွေ ကြားထဲ စိတ်ပင်ပန်းနေလောက်ရောပေါ့။
အလုပ်ပြောင်းတော့မယ်ဆိုရင်
လက်ရှိကနေ နယ်ပယ်အသစ် တစ်ခုထဲကို လုံးလုံးလျားလျား ဝင်ရောက်ပြီး Career change တယ်ဆိုတာ တကယ်ကို လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။
ကိုယ့်လူ … ရာထူးနဲ့ ထိုက်တန်ပြီလား
လုပ်ငန်းခွင်ထဲက လေးစားမှုဆိုတာ ရာထူးနဲ့ တိုက်ရိုက် အချိုးကျတာ မဟုတ်ဘူး။ ရာထူးကြီးတယ် ဆိုတိုင်း “ဒီလူတွေက ငါ့ကို လေးလေးစားစား ဆက်ဆံရမယ်” လို့
လူငယ်တို့ လမ်းမမှားစေဖို့
လောကကြီးက မာယာများပြီး လှည့်စားမှုတွေနဲ့ ပြည့်နေတာ သိကြတယ်မလား။ တစ်ခါတစ်လေ သတ္တိရှိတာနဲ့ မိုက်တာကို ထင်ယောင်ထင်မှားဖြစ်အောင်၊ ရွတာနဲ့ ဖော်ရွေတာ ခေတ်မီတာတွေကို ဇဝေဇဝါဖြစ်အောင်၊
မိတ်ဆွေသူငယ်ချင်းတွေပေါများနေစေဖို့
ဆက်သွယ်ရေးကောင်းမွန်တိုးတက်လာတာနဲ့အမျှ ကမ္ဘာကြီးက ရွာကြီးတစ်ရွာဖြစ်လာပါပြီ။ လူမှုရေးနယ်ပယ်ကျယ်ပြန့်လာပြီး သူငယ်ချင်းမိတ်ဆွေပေါများခြင်းက အရေးပါတဲ့အခန်းကဏ္ဍတစ်ခုဖြစ် လာပါတယ်။ လုပ်ငန်းခွင်ဝင်တဲ့အခါမှာလည်း မိတ်ဆွေပေါများမှုက လုပ်ငန်းလုပ်ဆောင်ရာမှာ အကျိုးများလှပါတယ်။ ဒါကြောင့် မိတ်ဆွေသူငယ်ချင်းပေါများဖို့အတွက် လွယ်ကူပြီးအစွမ်းထက်တဲ့ နည်းလမ်းကောင်းအချို့ကို ဆွေးနွေးကြည့်ရအောင်နော်… ။
၁။ပြုံးပါ
လမ်းမှာ ကိုယ်သွားလာနေတဲ့ပတ်ဝန်းကျင်မှာ ကိုယ့်နေအိမ် အလုပ်ခွင်မှာ ခဏခဏပြုံးဖို့မမေ့ပါနဲ့။ ဒါက ကြောင်တောင်တောင် နိုင်တယ် လို့ထင်ရပေမဲ့ အပြုံးတစ်ခုကြောင့် ကိုယ့်အပေါ်ထင်မြင်ချက်တွေက အကောင်းဖက်ကို ပြောင်းလဲစေပါတယ်။ ဒါ့အပြင် စိတ်ခံစားချက်တွေက ဗိုင်းရစ်လို ပျံ့နှံ့လွယ်တာကြောင့် မိမိအပြုံးက သူများတွေဆီကူးစက်သွားစေပါတယ်။ ဒါကြောင့် မိတ်ဆွေပေါများချင်ရင် များများပြုံးရယ်ပေးပါ။ အကောင်းဖက်က တွေးပြောလုပ်ပါ။ လူတိုင်းက ကောင်းတာနဲ့ဆိုးတာ ဘာကိုပိုကြိုက်လဲဆိုရင် ကောင်းတာကို လို့ဖြေတတ်ကြပေမဲ့ လက်တွေ့မှာတော့ အကောင်းဖက်က တွေးဖို့ ပြောဖို့ လုပ်ဖို့ ခဲယဉ်းတတ်ကြတယ်။ ဒါပေမဲ့ လူတိုင်းက အပြုသဘောဆောင်တဲ့သူကိုတွေ့မြင်ရရင်တော့ အထူးလေးစားတန်ဖိုးထားတတ်ကြပါတယ်။ ဒါကြောင့် အပြုသဘောဆောင်တဲ့ အတွေးအမြင်အလုပ်တွေကို ပြောင်းလဲလုပ်ဆောင်ကြည့်ပါ။
၂။ ရိုးသား ပွင့်လင်းပါ
ဘယ်သူနဲ့မဆို ပွင့်ပွင့်လင်းလင်း ပြောဆို ဆက်ဆံခြင်းက အပေါင်းအသင်း ပေါများခြင်းရဲ့လမ်းစဖြစ်ပါတယ်။ လောကမှာ လိမ်လည်လှည့်ဖြားမှုတွေပေါများလာတာနဲ့အမျှ ရိုးသားမှုကို လူတိုင်းက အလိုရှိလာကြတဲ့အတွက် ရိုးသားပါ ပွင့်လင်းပါ။ မသိတဲ့အရာကိုလည်း မသိဘူး လို့ ရိုးရိုးသားသားဝန်ခံ မေးမြန်းပါ။ စူးစမ်းလေ့လာပါ။
၃။ ကျေးဇူးတင်ပါ… တောင်းပန်ပါ
ကျေးဇူးတင်ပါတယ် နဲ့ တောင်းပန်ပါတယ် ဆိုတဲ့စကားက အရမ်းတိုပါတယ်။ ဒါပေမဲ့ ပြောဖို့အလွန့်အလွန်ခဲယဉ်းကြတယ်။ မိတ်ဆွေသူငယ်ချင်းပေါများချင်တဲ့သူတွေအဖို့ သတင်းကောင်းက လူတိုင်းက ကျေးဇူးတင်မှုကို နှစ်သက်ကြပြီး အသေးအဖွဲလေးကအစ တောင်းပန်မှုကို အလိုရှိကြပါတယ်။ ဒါကြောင့်မို့လို့ သတိရတိုင်း မိမိပတ်ဝန်းကျင်က မိမိနဲ့ပတ်သက်ဆက်နွယ်တဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ် လို့ ပြောပေးပါ။ မိမိပါဝင်တဲ့အလုပ်ကိစ္စမဟုတ်ရင်တောင် စိတ်မကောင်းပါဘူး တောင်းပန်ပါတယ် လို့ စိတ်ထဲက အသေအချာပြောပါ။ ဒီနည်းက လွယ်ကူရိုးရှင်းပြီး တော်တော့်ကိုထိရောက်တဲ့ မိတ်ဆွေဖွဲ့နည်းဖြစ်ပါတယ်။
၎။ လူမှုရေးပရဟိတ အလုပ်တွေများများလုပ်ပါ
အခုနောက်ပိုင်းမှာ ပရဟိတ ဆိုတဲ့ဝေါဟာရကို အသုံးများလာပါတယ်။ လူတွေရဲ့စိတ်ထဲမှာတော့ ပရဟိတ ဆိုတဲ့အသုံးအနှုန်းဟာ ဟိုးအရင်ကတည်းက ရင်းနှီးကျွမ်းဝင်ပြီးသားပါ။ ဒါ့ကြောင့် ပရဟိတ လုပ်ခြင်းကိုလည်း နှစ်သက်ကြသလို ပရဟိတ လုပ်တဲ့သူတွေကိုလည်း လူတိုင်းကလေးစားကြပါတယ်။ ပရဟိတလုပ်ခြင်းကြောင့် မိမိပတ်ဝန်းကျင်ကို ကူညီရာရောက်သလို အသိပညာနဲ့ ကျွမ်းကျင်မှုနယ်ပယ် ကျယ်ပြန့်စေမှာပါ။ ဒါ့အပြင် မိတ်ဆွေသူငယ်ချင်းပေါများပြီး အမြင်ကျယ်စေမှာပါ။
၅။ ဆွေးနွေးပွဲ တွေ့ဆုံပွဲတွေများများတက်ရောက်ပါ
ဆွေးနွေးပွဲ တွေ့ဆုံပွဲတွေ ကိုနယ်ပယ်အသီးသီး ပညာရပ်အသီးသီးက ပြုလုပ်ကျင်းပနေကြပါတယ်။ သတင်းအချက်အလက်တွေအဆက်မပြတ် နားထောင်ပြီး ဆွေးနွေးပွဲတွေတက်ရောက်နိုင်အောင် ကြိုစားကြည့်ပါ။ တစ်ဖက်မှာလည်း မိမိကိုယ်တိုင် ပါဝင်ပြီး မေးခွန်းမေးခြင်း ဆွေးနွေးခြင်း ပြုလုပ်နိုင်အောင် ကြိုးစားလေ့လာပြီး ပွဲသွားရောက်တိုင်း အနီးဝန်းကျင်ကသူတွေနဲ့ စကားပြောပြီး မိတ်ဆွေဖွဲ့ပါ။ ဆက်လက်ဆက်သွယ်နိုင်ဖို့ ဖုန်းနံပါတ် အွန်လိုင်းအကောင့်တစ်ခုခု တောင်းခဲ့ဖို့မမေ့ပါနဲ့နော်။ နောက်ထပ်ဆွေးနွေးပွဲတွေကိုလည်း ဖိတ်ခေါ်ပြီးတော့ မိတ်ဆွေအဖြစ်ရင်းနှီးမှုကို ကြာအောင် ထိန်းသိမ်းနိုင်ပါတယ်။
Source: LiveTheDream
ဘာသာစကားလိုက်စားသူတို့အတွက် ဝေါဟာရအသစ်များ လေ့လာနည်း ၁၀ ခု
ဘာသာစကား လေ့လာသူတစ်ဦးအနေနဲ့ သင်ဟာ ဝေါဟာရ အသစ်တွေကို တိုးပွားအောင် အမြဲ ကြိုးစားရပါတယ်။
ကမ္ဘာတစ်လွှားက အထူးဆန်းဆုံး ပညာသင်တဲ့ပုံစံနဲ့ စည်းကမ်းများ
၂၁ ရာစုထဲကို ရောက်လာတာနဲ့အမျှ နိုင်ငံတော်တော်များများရဲ့ ပညာသင်စနစ်နဲ့ နည်းပညာတွေဟာ တိုးတက်ခေတ်မီလာပြီး
လူငယ်များကို သိစေချင်တဲ့အချက်အလက်များ
အောင်မြင်ခြင်းနဲ့ သတ္တိ
အောင်မြင်တဲ့ လုပ်ငန်းရှင်များဟာ ပိုက်ဆံ အရင်ရှိတာမဟုတ်ပါ။ သတ္တိအရင်ရှိတာပါ။