×

Warning

JUser: :_load: Unable to load user with ID: 81428


Book Review

Friday, 31 January 2020


" မိမိရဲ့ ဘဝကို တိုးတက်အောင်မြင်အောင်လုပ်ချင်တဲ့ လူငယ်တိုင်းဖတ်သင့်တဲ့ စာအုပ် (၈) အုပ်" freepick




 



 



 



 



 



 



 


(၈) မိတ္တဗလဋီကာ (ဦးနု)

 



 

Unicode ဖြင့်တ်ရန်
" မိမိရဲ့ ဘဝကို တိုးတက်အောင်မြင်အောင်လုပ်ချင်တဲ့ လူငယ်တိုင်းဖတ်သင့်တဲ့ စာအုပ် (၈) အုပ်"
လူငယ်တွေ ဘဝတိုးတက်မှုအတွက် များစွာ အထောက်အကူ ဖြစ်စေပြီးတော့ ဆုံးဖြတ်ချက်တွေ မှန်ကန် ခိုင်မာ လာအောင် ဖတ်ရမယ့် စာအုပ်(၁၀) အုပ်ကိုဖော်ပြပေး လိုက်ပါတယ်။


(၁) သစ်စေ့ ခုနှစ် စေ့ရဲ့ လျို့ဝှက်ချက် (ဖြိုးဝေ-မဟာဝိဇ္ဖာ)
ဒီစာအုပ်လေးဟာဆိုရင် B2B Magazine မှာ လည်းအရမ်းကိုနာမည်ကြီးတဲ့ စာအုပ်လေးပါ။ မိသားစုနဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေ၊ အလုပ်ကိစ္စတွေကြောင့်အဆင်မပြေမှုအဲ့ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာကို ကွက်ကွက်ကွင်းကွင်းမြေနိုင်စေမယ့် စာအုပ်ပါ။ လူငယ်တွေ ဖတ်သင့်ပါတယ်။

 


(၂) မေတ္တာရှင်မလေး ပေါ်လီယာနာ (ထင်လင်း)
နောက်တစ်ခုကတော့ မေတ္တာရှင်မလေးပေါ်လီယာနာ ဆိုတဲ့ စာအုပ်လေးပါ။ဒီစာအုပ်လေးကိုဖတ်ခြင်းအားဖြင့် ပေါ်လီယာနာ ဆိုတဲ့ ကောင်မလေးထံကနေ လူ့ဘဝကြီးကို အရမ်းအကောင်း မြင်တတ်တဲ့ စိတ်ကို သင်ယူရမှာဖြစ်ပါတယ်။ လူငယ်တွေ အနေနဲ့ မဖြစ်မနေ ဖတ်သင့်တဲ့ စာအုပ်လေးပါ။ ဘဝမှာအောင်မြင်ချင်တယ် စိတ်ချမ်းမြေ့ချင်တယ်ဆိုရင်တော့ အကောင်းမြင်စိတ် ရှိဖို့လိုအပ်ပါတယ်။ ဒါကြောင့် လူငယ်တွေ အနေနဲ့ ဒီစာအုပ်လေးကိုဖတ်ပြီး ပေါ်လီယာနာ ဆိုတဲ့ ကောင်မလေးဆီ ကနေ အကောင်းမြင်စိတ်တွေ သင်ယူလိုက်ပါ။

 


(၃) နှစ်ဆယ့်တစ်ရာစု သားရွှေဥ (ကျော်ဝင်း)
လူငယ်တစ်ယောက် အနေနဲ့ ဘဝမှာ ထူးချွန်အောင်မြင်ဖို့အတွက် လိုအပ်တဲ့ အတွေးအခေါ်တွေနဲ့ လုပ်ဆောင်ချက်တွေကို ဒီစာအုပ်ထဲမှာဖော်ပြပေးထားပါတယ်။ လိုက်နာ လို့ရတဲ့ အချက်လေးတွေ ပါဝင်တဲ့အတွက် ဖတ်ပြီး ရင် လိုက်လို့ဖို့လွယ်ကူပါတယ်။ ဖော်ပြထားတဲ့ အချက်လေးတွေကို လိုက်လုပ်ရင် လူငယ်တွေ အောင်မြင်တဲ့ လမ်းကြောင်းကို လျောက်လှမ်းဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။

 


(၄) သူစိတ်ဓါတ်ကျတိုင်းဖတ်ဖို့( မိုးရှင်း-I.M.T)
ဒီစာအုပ်လေးထဲမှာ အရမ်းကိုကောင်းမွန်တဲ့ အတွေး အခေါ်တွေကို လွယ်လွယ်ကူကူ၊ ရိုးရိုးရှင်းနဲ့ ဖတ်တဲ့သူတိုင်းနားလည်အောင် ဖော်ပြပေးထားပါတယ်။ လူငယ်တွေအနေနဲ့ မဖြစ်မနေဖတ်သင့်တဲ့ စာအုပ်လေးပါ။

 


(၅) ဘဝကို အဆုံးအဖြတ်ပေးမယ့် အသက် ၂၀ ကျော်အရွယ် (ချစ်သန်း)
ဒီစာအုပ်လေးကတော့ အမျိုးသမီးတွေအတွက် အဓိက အားပေးပြီးရေးထားတဲ့ စာအုပ်လေးပါ။ အမျိုးသားတွေ အနေနဲ့ လည်းဖတ်လို့ရပါတယ်။ အသက် ၂၀ ကျော် လူငယ်တွေ အနေနဲ့ မဖြစ်မနေဖတ်သင့်တဲ့ စာအုပ်လေးပါ။ လူအများစုက အသကါ၂၀ကျော်အရွယ်မှာ ငယ်သေးတယ်ဆိုပြီး အချိန်ဖြုန်းကြတယ်။ ဒီစာအုပ်မှာက အသက် ၂၀ ကျော် အရွယ်မှာ ဘာတွေ လုပ်ခဲ့လည်း၊ ဘယ်လိုဆုံးဖြတ်ချက်တွေ ချခဲ့လဲ ဆိုတဲ့ အပေါ်မှာ မူတည်ပြီး အသက် ၃၀၊ ၄၀ အရွယ်မှာ ကွာခြားသွားနိုင်တယ် ဆိုတဲ့ အကြောင်းကို ရေးသားထားတာဖြစ်ပါတယ်။ အသက် ၂၀ ကျော်က လူတစ်ယောက်အတွက် အရမ်းကိုအရေးကြီးတဲ့ အချိန်လို့ပြောလို့ပါတယ်။ ဒါကြောင့် လူငယ်တွေ အနေနဲ့ မဖြစ်မနေဖတ်သင့်တဲ့ စာအုပ်လေးပါ။

 


(၆) လျို့ဝှက်တဲ့ သန်းကြွယ် သူဌေး နှင့် အခြားပျော်ရွှင် အားတက်ဖွယ်စာစုလေးများ (နိုင်းနိုင်းစနေ)
ဒီစာအုပ်မှာ လျို့ဝှက်စွာနေထိုင်တတ်တဲ့ သန်းဌေးကြီး တစ်ယောက်အကြောင်းရေးထားတာပါ။ ဒီသန်းကြွယ်သူဌေးကြီးဟာ ကမ္ဘာအရပ်ရပ် က လို အပ်တဲ့ နေရာတွေကို လူမသိ သူမသိလှူဒါန်းနေတဲ့ သူဌေးကြီးလည်းဖြစ်ပါတယ်။ ဒီစာအုပ်ကို ဖတ်ခြင်းအားဖြင့် ဘဝနေနည်း သင်ခန်းစာတွေကိုရရှိနိုင်ပါတယ်။ လူငယ်တွေ အနေနဲ့ ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါပဲ။

 


(၇) သင့် ဘဝအတွက် အသုံးချ စိတ်ပညာ (ဒေါက်တာကျော်စိန်)
စိတ်ပညာဆိုတာ လူတိုင်းအတွက် သိထားသင့်တဲ့အရာပါပဲ။ ဒီစာအုပ်ကို ဖတ်ခြင်းအားဖြင့် ကိုယ့်စိတ်ကို နားလည် လာမယ်.. ကိုယ့်ဘေးမှာရှိတဲ့ လူတွေရဲ့ စိတ်ကိုနားလည်လာပါပြီးတော့ ကျွန်တော် တို့ အမြဲ မျော်လင့်နေတဲ့ ကောင်းမွန်တဲ့ relationship တွေကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ စိတ်ပညာကိုလေ့လာပါ.. လေ့လာခြင်းအားဖြင့် ဘဝမှာပိုပြီးပျော်ရွှင်မှုတွေရရှိနိုင်မှာဖြစ်ပြီး အောင်မြင်မှုအတွက် များစွာ အထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် ဒီစာအုပ်ဟာ မိမိဘဝ တိုးတက်အောင်မြင်ချင်တဲ့ လူငယ်တွေ မဖြစ်မနေဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပါပဲ။

 


(၈) မိတ္တဗလဋီကာ (ဦးနု)
ဒီစာအုပ်လေးကတော့ လူမှုဆက်ဆံရေး အားနည်းတဲ့သူတိုင်းဖတ်သင့်တဲ့ စာအုပ်လေးဖြစ်ပါတယ်။ လူမှုဆက်ဆံရေးကောင်းတဲ့ သူတစ်ယောက်၊ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တာ့ ဒီစာအုပ်ကို မဖြစ်မနေဖတ်သင့်ပါတယ်။
အခုဖော်ပြပေးခဲ့တာကတော့ မိမိရဲ့ ဘဝကို တိုးတက်အောင်မြင်အောင်လုပ်ချင်တဲ့ လူငယ်တိုင်းဖတ်သင့်တဲ့ စာအုပ် (၈) အုပ်ပဲဖြစ်ပါတယ်။

 


Phyo Phyo Aung (Food For Your Brain)

sayar.com.mm

Read times
Rate this articles
(2 votes)