×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Saturday, 27 October 2018

ကိုယ်ပိုင်စိတ်

ကိုယ်ပိုင်စိတ် google.com

လူတိုင်းလူတိုင်း သင့်ကိုမနှစ်သက်နိုင်ပါဘူး...
အချို့ သင့်ကို အားကျပါလိမ့်မည်။ အချို့ သင့်ကိုကြည့်မရ ဖြစ်ပါလိမ့်မည်။


အချို့သင့်ကိုမနာလို ဖြစ်ပါလိမ့်မည်။ အချို့ကျတော့ သင့်ကို အထင်သေးပါလိမ့်မည်။

 

လူ့ဘဝဟာ ဒီအတိုင်းတိုင်းပါပဲ...

သင်ပြုလုပ်သမျှ လူတိုင်းကို မကျေနှပ်စေနိုင်ပါဘူး...

သူများကိုကျေနှပ်စေဖို့ မိမိကိုယ်ပိုင်စိတ် ကိုယ်ပိုင်မူ မပျောက်ဆုံးစေဖို့ အရေးကြီးပါတယ်။

လူတိုင်းလူတိုင်းဟာ ကိုယ်ပိုင်စိတ် ကိုယ်ပိုင်မူ ကိုယ်ပိုင်တန်ဖိုးနဲ့ အသက်ရှင် ရပ်တည်သင့်ပါတယ်။

မျက်စိချင်းတူပေမဲ့ အမြင်ချင်းမတူကြပါဘူး...

ပါးစပ်ချင်းတူပေမဲ့ ပြောပုံချင်း မတူကြပါဘူး...

ဦးနှောက်ချင်းတူပေမဲ့ စဉ်းစားပုံချင်းမတူကြပါဘူး...

လူချင်းတူပေမဲ့ အသက်ရှင်ပုံချင်း မတူကြပါဘူး...

သူများပါးစပ်ဖျားမှာ ပြောနေတဲ့သင်ဟာ သင်အစစ်မဟုတ်ပါဘူး...

သင်သာမှန်ပါစေ၊ သင့်စိတ်သာအမြဲလုံအောင် ကျင့်ကြံနိုင်ပါစေ...

သင့်ကိုယ်ပိုင်စိတ်အပြည့်အဝနဲ့ အသက်ရှင်ဖို့ တိုက်တွန်းလိုက်ပါကြောင်း...

 

Recommended for you - အောင်မြင်ခြင်း၏ လျှို့ဝှက်ချက်

 

Credit; Sayar Aung Ko Latt

Read times Last modified on Wednesday, 29 January 2020 13:45
Rate this articles
(1 Vote)