×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Tuesday, 04 December 2018

အကောင်းမြင်တတ်ခြင်းရဲ့ အကျိုးကျေးဇူးများ

အမြဲတမ်း Negative ဖြစ်တဲ့ လူတွေ၊ Stress များတဲ့ လူတွေက ပြဿနာ တစ်ခုခု ကြုံရရင် သေချာ မရင်ဆိုင် နိုင်ကြပါဘူး။ ဒါပေမယ့် ကိုယ်က အကောင်းမြင်စိတ်ထားရှိသူ ဆိုရင်တော့ ဘာတွေပဲ ကြုံလာလာ ပေါ့ပေါ့ပါးပါးပဲ အလွယ်တကူ ဖြေရှင်းနိုင်မှာပါ။

PositiveThinking ဆိုတာ လူတိုင်းပြောကြ၊ လက်ခံကျင့်သုံးချင် ကြပေမယ့် လွယ်ကူတဲ့ ကိစ္စရပ်တော့မဟုတ်ပါဘူး။

ဒါပေမယ့် Positive Thinking ကြောင့်ရရှိလာနိုင်တဲ့ အကျိုးကျေးဇူး တွေကလည်း အများအပြားပါပဲ။

(၁) ကိုယ်ကကောင်းရင်ကိုယ့်အပေါ်လည်း ကောင်းတာတွေပဲ ကြုံမယ်။

ကျွန်တော်တို့ဗုဒ္ဓ ဟောကြားတော်မူခဲ့တဲ့ " ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် "ဆိုတဲ့ စကားအတိုင်းပါ။ ကိုယ့်ဖက်က တစ်ဖက်လူနဲ့ အခြားသော ကိစ္စရပ်တွေ အပေါ် အတတ်နိုင်ဆုံးအကောင်းမြင်စိတ် မွေးရင် ကိုယ့်ဖက်မှာလည်း အေးချမ်းစိတ်ငြိမ် မှု ပြန်ရမှာပါ။

(၂) ဆက်ဆံရေးကောင်းမွန်လာမယ်။

သမီးရည်းစားဆက်ဆံရေးမှာဖြစ်ဖြစ်၊ မိဘ နဲ့သားသမီးကြားမှ ဖြစ်ဖြစ်၊ သူငယ်ချင်း အချင်းချင်းဖြစ်ဖြစ် ကိုယ့်ဖက်က စိတ်ကောင်း ထားရင် သူတို့နဲ့ ဆက်ဆံရေးမှာလည်း အရင်ကထက်ပိုပြီး ပြေလည်ချောမွတ်လာမှာဖြစ်တယ် ။

(၃) ပိုပြီးပျော်ရွှင်လာမယ်။

ပျော်ရွှင်ခြင်းရဲ့အဓိက သော့ချက်က အကောင်းမြင်တတ်ခြင်းပါပဲ။ ကိုယ်ကြုံ နေရတဲ့ အခက်အခဲ တွေကို Positive တွေးတတ်တာ ၊ ဒဏ်ရာ တွေကို သင်ခန်းစာ ယူတတ်တာ မျိုးဟာ အကောင်းမြင်ခြင်းကြောင့် ရရှိလာတဲ့ ပျော်ရွှင်စရာတွေပါပဲ။

(၄) Positiveဖြစ်သူ တွေကို လူတွေက ပိုသဘောကျကြတယ်။

သူများ သဘောကျအောင်တော့ တမင်သက်သက် Positive ဖြစ်စရာမလိုပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ်တိုင်လည်း ပတ်ဝန်းကျင်က ခင်စရာကောင်းတဲ့ ပေါ့ပေါ့ပါးပါး လူပျော် လူနောက် တွေကို အားကျ ၊ သဘောကျကြတာပဲ မဟုတ်လား။

(၅) ကျန်းမာရေးပိုမိုကောင်းမွန်မယ်။

Positive Thinking သမားတွေဟာ သာမန်လူတွေထက် Depression , Anxiety ရနိုင်ခြင်းက ပိုမိုကင်းဝေးပြီးဖျားနာ ရောဂါ ဖြစ်နိုင်ချေလည်း နည်းတယ်လို့ သိပ္ပံပညာရှင်တွေကဆိုပါတယ်။

Read times Last modified on Thursday, 30 January 2020 14:11
Rate this articles
(0 votes)